ထမင္းစားၾကတဲ့အခါ ေဆာင္ရန္/ ေရွာင္ရန္ အခ်က္ေလးေတြပါ…

ထမင္းစားၾကတဲ့အခါ ေဆာင္ရန္/ ေရွာင္ရန္ အခ်က္ေလးေတြပါ...
ထမင္းစားၾကတဲ့အခါ ေဆာင္ရန္/ ေရွာင္ရန္ အခ်က္ေလးေတြပါ...

ထမင္းစားၾကတဲ့အခါ ေဆာင္ရန္/ ေရွာင္ရန္ အခ်က္ေလးေတြပါ…

ထမင္းစား ၾကတဲ့အခါ ေဆာင္သင့္ ေရွာင္သင့္တဲ့ အျပဳအမူေတြကို ေလ့လာ သိရွိႏိုင္ေအာင္ စုစည္း တင္ျပထားပါတယ္။ အစာစားရင္ သတိယွဥ္ပါ။

လူတစ္ေယာက္ အစာစားပုံ အထူးသျဖင့္ ထမင္းစားပုံကို ၾကည့္ၿပီး ဒီလူရဲ႕ စ႐ိုက္သဘာဝကို ခန႔္မွန္းႏိုင္သလိုပဲ သူ႔ရဲ႕ ကံဇာတာ အဆိုးအေကာင္းကလည္း ထမင္းစားေသာက္ပုံကေန ထင္ဟပ္ ေပၚလြင္ေစပါတယ္။ ဥပမာ…

ထမင္းစားတဲ့အခါ ဟင္းဖတ္ေတြကို ထမင္း နဲ႔ ေရာမစားဘဲ ထမင္းေအာက္ ျမႇဳပ္ထည့္ၿပီးမွ စားတတ္ရင္ ဒီလူဟာ လွ်ိဳ႕ဝွက္တတ္သူလို႔ ယူဆႏိုင္ပါတယ္။တခ်ိဳ႕ကေတာ့ ထမင္းကို ပလုတ္ပေလာင္း စားရင္းကေန စကားေတြ ေဖာင္ဖြဲ႕ ေလွ်ာက္ေျပာေနတတ္ၾကပါတယ္။

ပါးစပ္ထဲမွာ ထမင္းအျပည့္နဲ႔ မပီမျပင္ ေျပာေနသူေတြကို ေရွးလူႀကီးေတြက ဆင္းရဲ တာရွည္တတ္တယ္ ဆိုၿပီး ဆုံးမေလ့ ရွိပါတယ္။ ထမင္းစားရင္ ထမင္းမွာသာ အာ႐ုံျပဳဖို႔၊ ဟင္းအရသာကို ေသခ်ာခံစားၿပီး စားဖို႔ ၊

အ႐ိုးမ်ားတဲ့ ဟင္းေတြဆိုရင္ သတိထား စားတတ္ဖို႔ ဆိုဆုံးမတာလည္း ျဖစ္ႏိုင္ပါတယ္။ ပညာရပ္ရႈေထာင့္က ေျပာရရင္ လူ႔ဘဝမွာ အေရးပါ အခရာ က်တဲ့ အသက္ဓာတ္ ကို ေပးအပ္ေသာ ထမင္းကို အေလးအနက္ထား စားတတ္ဖို႔ မွာၾကားတာလည္း ျဖစ္ႏိုင္ပါတယ္။

အဲသလို ထမင္းစားရင္း စကားေဖာင္ဖြဲ႕ ေလွ်ာက္ေျပာေနတတ္သူေတြဟာ သူ႔တို႔ရဲ႕ အတိတ္ဘဝ ကံဇာတာေတြ၊ လက္ရွိ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ေအာင္ျမင္ခ်မ္းသာေနၾကရင္ေတာင္ သူေဌးက သူေဌးလို မေနတတ္တဲ့

ေနရာတကာ ဝင္ပါ အပင္ပန္းခံတတ္တဲ့ ဆင္းရဲဇာတာမ်ိဳး ပါလာၾကသူေတြ ျဖစ္ေနတတ္ပါတယ္။ တကယ္ဆို ေန႔စဥ္ ရွင္သန္႐ုန္းကန္မႈအတြက္ အသက္ဓာတ္ အင္အားကို ေပးစြမ္းေသာ ထမင္းဟင္းႏွစ္နပ္ကို သုံးေဆာင္ၾကရာမွာ ေအးေအးေဆးေဆး အာ႐ုံအျပည့္နဲ႔သာ စားသုံးသင့္ပါတယ္။

ထမင္းစားေနပါတယ္ဆိုပါမွ လက္ေရာ၊ ပါးစပ္ပါ မအားရေအာင္ ေျပာဆို ရႈပ္ယွက္ခတ္ေနမယ္ဆိုရင္ ဘယ္လိုမွ မသင့္ေတာ္ပါဘူး။အလုပ္နဲ႔ လက္ မျပတ္ေအာင္ ပင္ပန္းရသူလို႔ ကိုယ့္ဖာသာ နိမိတ္ဖတ္သလို ျဖစ္ေနပါၿပီ။ေနာက္တစ္မ်ိဳး ရွိပါေသးတယ္။

ထမင္းစားေနရင္ ဖင္အၿငိမ္မေနဘဲ ဟိုထ ဒီထ၊ ဟိုဘက္ဝိုင္း ေျပာင္းထိုင္၊ ဒီဘက္ ေ႐ႊ႕ထိုင္နဲ႔ ေနရာမ်ိဳးစုံ ေျပာင္းစားတတ္သူပါ။ကိုယ့္ပန္းကန္ ကိုယ္ကိုင္ၿပီး တစ္ေနရာတည္းမွာကို အၿငိမ္ မေနႏိုင္ဘဲ ေလွ်ာက္သြားရင္း စားေသာက္တတ္သူေတြဟာ

ဘဝမွာလည္း အတည္တက်နဲ႔ ေနထိုင္ လုပ္ကိုင္ စားေသာက္ခြင့္ နည္းပါးသူေတြ ျဖစ္လာတတ္ပါတယ္။ ဆင္ျခင္ၾကဖို႔ လိုပါတယ္။ ၿပီးေတာ့ ဟင္း ကို ေခ်းမ်ား (ဂ်ီးမ်ား) တတ္သူေတြပါ။ ဟိုဟာလည္း မႀကိဳက္၊ ဒီဟာလည္း သေဘာမက်နဲ႔

ဟင္း မ်ိဳးစုံ တစ္ခုမွ စိတ္တိုင္း မက်ႏိုင္တဲ့ (တနည္းအားျဖင့္) ဇီဇာေၾကာင္တဲ့ သူေတြဟာ စိတ္အေျပာင္းအလဲ ျမန္ဆန္သူေတြ၊ စိတ္ မမွန္သူေတြ ျဖစ္ေနတတ္ပါတယ္။ ဒီအက်င့္ကလည္း ေကာင္းက်ိဳး မေပးပါဘူး။ လိုရင္းကို ေျပာရရင္ေတာ့

တေနရာတည္း အိေျႏၵရရ ထိုင္၊ တခါတည္း အဝစားဖို႔နဲ႔ စားေသာက္တဲ့အခါ ကိုယ္ စားတဲ့ ထမင္းနဲ႔ ဟင္းေပၚမွာ အာ႐ုံစိုက္ သုံးေဆာင္ၾကဖို႔ပါပဲ။ေရွးလူႀကီးမ်ားရဲ႕ အဆုံးအမနဲ႔အတူ မဂၤလာ ရွိေသာ အေနအထိုင္ အျပဳအမူေတြကို က်င့္ယူႏိုင္ၾကပါေစဗ်ာ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ထမင်းစားကြတဲ့အခါ ဆောင်ရန်/ ရှောင်ရန် အချက်လေးတွေပါ…

ထမင်းစား ကြတဲ့အခါ ဆောင်သင့် ရှောင်သင့်တဲ့ အပြုအမူတွေကို လေ့လာ သိရှိနိုင်အောင် စုစည်း တင်ပြထားပါတယ်။ အစာစားရင် သတိယှဉ်ပါ။

လူတစ်ယောက် အစာစားပုံ အထူးသဖြင့် ထမင်းစားပုံကို ကြည့်ပြီး ဒီလူရဲ့ စရိုက်သဘာဝကို ခန့်မှန်းနိုင်သလိုပဲ သူ့ရဲ့ ကံဇာတာ အဆိုးအကောင်းကလည်း ထမင်းစားသောက်ပုံကနေ ထင်ဟပ် ပေါ်လွင်စေပါတယ်။ ဥပမာ…

ထမင်းစားတဲ့အခါ ဟင်းဖတ်တွေကို ထမင်း နဲ့ ရောမစားဘဲ ထမင်းအောက် မြှုပ်ထည့်ပြီးမှ စားတတ်ရင် ဒီလူဟာ လျှို့ဝှက်တတ်သူလို့ ယူဆနိုင်ပါတယ်။တချို့ကတော့ ထမင်းကို ပလုတ်ပလောင်း စားရင်းကနေ စကားတွေ ဖောင်ဖွဲ့ လျှောက်ပြောနေတတ်ကြပါတယ်။

ပါးစပ်ထဲမှာ ထမင်းအပြည့်နဲ့ မပီမပြင် ပြောနေသူတွေကို ရှေးလူကြီးတွေက ဆင်းရဲ တာရှည်တတ်တယ် ဆိုပြီး ဆုံးမလေ့ ရှိပါတယ်။ ထမင်းစားရင် ထမင်းမှာသာ အာရုံပြုဖို့၊ ဟင်းအရသာကို သေချာခံစားပြီး စားဖို့ ၊

အရိုးများတဲ့ ဟင်းတွေဆိုရင် သတိထား စားတတ်ဖို့ ဆိုဆုံးမတာလည်း ဖြစ်နိုင်ပါတယ်။ ပညာရပ်ရှုထောင့်က ပြောရရင် လူ့ဘဝမှာ အရေးပါ အခရာ ကျတဲ့ အသက်ဓာတ် ကို ပေးအပ်သော ထမင်းကို အလေးအနက်ထား စားတတ်ဖို့ မှာကြားတာလည်း ဖြစ်နိုင်ပါတယ်။

အဲသလို ထမင်းစားရင်း စကားဖောင်ဖွဲ့ လျှောက်ပြောနေတတ်သူတွေဟာ သူ့တို့ရဲ့ အတိတ်ဘဝ ကံဇာတာတွေ၊ လက်ရှိ ကြိုးစားအားထုတ်မှုတွေကြောင့် အောင်မြင်ချမ်းသာနေကြရင်တောင် သူဌေးက သူဌေးလို မနေတတ်တဲ့

နေရာတကာ ဝင်ပါ အပင်ပန်းခံတတ်တဲ့ ဆင်းရဲဇာတာမျိုး ပါလာကြသူတွေ ဖြစ်နေတတ်ပါတယ်။ တကယ်ဆို နေ့စဉ် ရှင်သန်ရုန်းကန်မှုအတွက် အသက်ဓာတ် အင်အားကို ပေးစွမ်းသော ထမင်းဟင်းနှစ်နပ်ကို သုံးဆောင်ကြရာမှာ အေးအေးဆေးဆေး အာရုံအပြည့်နဲ့သာ စားသုံးသင့်ပါတယ်။

ထမင်းစားနေပါတယ်ဆိုပါမှ လက်ရော၊ ပါးစပ်ပါ မအားရအောင် ပြောဆို ရှုပ်ယှက်ခတ်နေမယ်ဆိုရင် ဘယ်လိုမှ မသင့်တော်ပါဘူး။အလုပ်နဲ့ လက် မပြတ်အောင် ပင်ပန်းရသူလို့ ကိုယ့်ဖာသာ နိမိတ်ဖတ်သလို ဖြစ်နေပါပြီ။နောက်တစ်မျိုး ရှိပါသေးတယ်။

ထမင်းစားနေရင် ဖင်အငြိမ်မနေဘဲ ဟိုထ ဒီထ၊ ဟိုဘက်ဝိုင်း ပြောင်းထိုင်၊ ဒီဘက် ရွှေ့ထိုင်နဲ့ နေရာမျိုးစုံ ပြောင်းစားတတ်သူပါ။ကိုယ့်ပန်းကန် ကိုယ်ကိုင်ပြီး တစ်နေရာတည်းမှာကို အငြိမ် မနေနိုင်ဘဲ လျှောက်သွားရင်း စားသောက်တတ်သူတွေဟာ

ဘဝမှာလည်း အတည်တကျနဲ့ နေထိုင် လုပ်ကိုင် စားသောက်ခွင့် နည်းပါးသူတွေ ဖြစ်လာတတ်ပါတယ်။ ဆင်ခြင်ကြဖို့ လိုပါတယ်။ ပြီးတော့ ဟင်း ကို ချေးများ (ဂျီးများ) တတ်သူတွေပါ။ ဟိုဟာလည်း မကြိုက်၊ ဒီဟာလည်း သဘောမကျနဲ့

ဟင်း မျိုးစုံ တစ်ခုမှ စိတ်တိုင်း မကျနိုင်တဲ့ (တနည်းအားဖြင့်) ဇီဇာကြောင်တဲ့ သူတွေဟာ စိတ်အပြောင်းအလဲ မြန်ဆန်သူတွေ၊ စိတ် မမှန်သူတွေ ဖြစ်နေတတ်ပါတယ်။ ဒီအကျင့်ကလည်း ကောင်းကျိုး မပေးပါဘူး။ လိုရင်းကို ပြောရရင်တော့

တနေရာတည်း အိန္ဒြေရရ ထိုင်၊ တခါတည်း အဝစားဖို့နဲ့ စားသောက်တဲ့အခါ ကိုယ် စားတဲ့ ထမင်းနဲ့ ဟင်းပေါ်မှာ အာရုံစိုက် သုံးဆောင်ကြဖို့ပါပဲ။ရှေးလူကြီးများရဲ့ အဆုံးအမနဲ့အတူ မင်္ဂလာ ရှိသော အနေအထိုင် အပြုအမူတွေကို ကျင့်ယူနိုင်ကြပါစေဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*