ေျမ၀ယ္မယ္ဆို… ေျမအမ်ိဳးအစားအလိုက္ စစ္ေဆးရမည့္ စာ႐ြက္စာတမ္း ပုံစံမ်ား

ေျမ၀ယ္မယ္ဆို... ေျမအမ်ိဳးအစားအလိုက္ စစ္ေဆးရမည့္ စာ႐ြက္စာတမ္း ပုံစံမ်ား
ေျမ၀ယ္မယ္ဆို... ေျမအမ်ိဳးအစားအလိုက္ စစ္ေဆးရမည့္ စာ႐ြက္စာတမ္း ပုံစံမ်ား

ေျမ၀ယ္မယ္ဆို… ေျမအမ်ိဳးအစားအလိုက္ စစ္ေဆးရမည့္ စာ႐ြက္စာတမ္း ပုံစံမ်ား

အိမ္ၿခံေျမ၊တိုက္ခန္း ဝယ္ယူမယ္ဆို ရင္ အိမ္ၿခံေျမ၊ တိုက္ခန္းအမ်ိဳးအစား အလိုက္ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြက အျပည့္အဝမတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ အိမ္ၿခံေျမ၊ တိုက္ခန္း ဝယ္ယူတဲ့အခါ

ပိုင္ဆိုင္မႈအေထာက္အထား စာ႐ြက္စာတမ္း အျပည့္အစုံကို တိုက္ဆိုင္စစ္ေဆးသင့္ပါတယ္။ ဒါေၾကာင့္ အိမ္ၿခံေျမ ဝယ္ယူသူေတြအေနနဲ႔ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကို သိရွိထားဖို႔ လိုအပ္တယ္။

ဂရန္ေျမ

ဂရန္ေျမဝယ္မယ္ဆိုရင္ ဂရန္အမည္ ေပါက္”မွန္ မမွန္၊ စစ္ မစစ္” ကိုသက္ဆိုင္ရာ ႐ုံးမွာ သြားေရာက္ စစ္ေဆးရမွာ ျဖစ္ပါတယ္။ ဂရန္ေျမနဲ႔ ပတ္သက္လို႔ စစ္ေဆးရမယ့္ စာ႐ြက္စာတမ္းက နည္းပါတယ္။ ဂရန္အမည္ေပါက္ မွန္ မမွန္ကိုသာ ႐ုံးမွာ သြားေရာက္ စစ္ေဆးဖို႔ပဲ လိုအပ္ပါတယ္။

ပါမစ္ေျမ

ပါမစ္ေျမဆိုတာကေတာ့… ၿမိဳ႕သစ္ဘက္ေတြမွာ ခ်ထားေပးတဲ့ ေျမအမ်ိဳးအစား ျဖစ္ပါတယ္။ ပါမစ္ေျမကို ဝယ္ယူမယ္ဆိုရင္… ခ်ထားေပးတဲ့ပါမစ္ မွန္ မမွန္၊ အဆိုပါ ပါမစ္ကို အင္ထရီျပင္ထားဖို႔ လိုအပ္ပါ တယ္။

အင္ထရီဆိုတာက ေျမေနရာ အကြက္ခ်ၿပီး ထုတ္ေပးလိုက္တဲ့ ပါမစ္ကို ျပန္လည္ စစ္ေဆးၿပီး ေနထိုင္ခြင့္ျပဳတဲ့ အမွတ္တံဆိပ္ ျဖစ္ပါတယ္။ အင္ထရီဝင္ၿပီးသား ပါမစ္ဆိုရင္ ေနာက္ေက်ာဘက္မွာ ေလးေထာင့္တံဆိပ္တုံးေလးနဲ႔ ျပန္လည္စိစစ္ၿပီးျဖစ္ေၾကာင္း ပါရွိရမွာ ျဖစ္ပါတယ္။

အင္ထရီ မဝင္ရေသးတဲ့ ေျမကြက္ေတြက… ေဈး ကြက္အတြင္းမွာ ေဈးႏႈန္းကြဲလြဲမႈ ရွိတယ္။ ေဈးႏႈန္းမကြာဘူးဆိုရင္ေတာင္ ရာတန္အကြက္ေတြမွာ ေဈး ငါးသိန္း၊ ၁၀ သိန္း ကြာတယ္။ ေထာင္တန္ အကြက္ေတြမွာဆိုရင္… အင္ထရီ မဝင္ရေသးလို႔ ပြဲပ်က္တာေတြေတာင္ ရွိတယ္။

ပါမစ္ေျမမွာ စာ႐ြက္စာတမ္းလည္း မွန္ကန္မႈရွိၿပီး အင္ထရီလည္း ဝင္ထားမယ္ဆိုရင္ အမည္ေပါက္ပိုင္ရွင္ရဲ႕ မွတ္ပုံတင္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ ပါရွိရပါမယ္။ အဆိုပါ မိတၱဴေတြကိုလည္း မူရင္းနဲ႔ တိုက္ဆိုင္ စစ္ေဆးသင့္ပါတယ္။

လယ္ေျမ

လယ္ေျမ ဝယ္ယူမယ္ဆိုရင္ေတာ့… လယ္ေျမအတြက္ အစိုးရကို အခြန္ေပးထားတဲ့ စလစ္၊ လယ္ယာေျမမွတ္ပုံတင္ စာအုပ္၊ စလစ္ up to date ျဖစ္ မျဖစ္ စစ္ေဆးရပါမယ္။ စလစ္ up to date ဆိုတာကေတာ့…

အစိုးရကို အခြန္ေငြေပးသြင္းထားတဲ့ႏွစ္က အနီးဆုံးႏွစ္ ျဖစ္ရပါမယ္။ လယ္ယာေျမမွာ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းဆိုတာ… “လယ္ယာေျမ လက္ဝယ္ရွိသူတိုင္း” ရဲ႕လက္ထဲမွာ မရွိႏိုင္ပါဘူး။ လယ္ယာေျမကို စိုက္ပ်ိဳးလုပ္ကိုင္တဲ့အေပၚ အခြန္စည္းၾကပ္ခံထားရတဲ့ ေျမခြန္ေျပစာသည္သာ

ပိုင္ဆိုင္မႈ ျဖစ္ပါတယ္။ အမွန္တကယ္ လယ္ယာေျမကို လုပ္ကိုင္ေနၿပီး အခြန္စည္းၾကပ္မႈကိုလည္း ထမ္းေဆာင္ထားမယ္ဆိုရင္… လယ္ယာေျမ လက္ရွိ ရွိသူအေနနဲ႔ အဂၤ ါရပ္ ညီၫြတ္ၿပီလို႔ ဆိုႏိုင္ပါ တယ္။

လယ္ယာေျမ လုပ္ကိုင္သူေတြကို ေျမစာရင္းဌာနက အခြန္စည္းၾကပ္မႈ မွတ္ပုံတင္စာရင္းနဲ႔ ေျမပုံမွာ မွတ္သားထား ေလ့ရွိပါတယ္။ တခ်ိဳ႕လယ္ယာေျမေတြက အခြန္ေျပစာအျပင္ ေျမစာရင္းပုံစံ ၁၀၅ ကိုလည္း ေရးကူး ရယူထားရွိႏိုင္ပါတယ္။

ေျမစာရင္းပုံစံ ၁၀၅ ဆိုတာက… ေျမစာရင္းဌာနက မွတ္ပုံတင္စာရင္း၊ ေျမပုံ စသည္တို႔မွာ မွတ္သား ထားတဲ့အတိုင္း မွတ္တမ္းထိန္းသိမ္းတဲ့ ေျမစာရင္းဌာနက ပုံစံတူ ေရးကူးေပးတဲ့ပုံစံ တစ္ခု ျဖစ္ပါတယ္။

ေျမစာရင္းပုံစံ ၁၀၅ မွာ ေျမကြက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို တစုတစည္း သိရွိႏိုင္ပါတယ္။ ပုံစံ ၁၀၅ မွာ ေဖာ္ျပခ်က္အရ ေျမကြက္တည္ရွိတဲ့ ၿမိဳ႕၊ ရပ္ကြက္၊ ေက်း႐ြာ၊ ကြင္း၊ ဧရိယာ၊ ေျမအမ်ိဳးအစား စတာေတြကို အလြယ္တကူ သိရွိႏိုင္ပါတယ္။

လယ္ယာေျမကို စလစ္တစ္ခုတည္းနဲ႔ အေရာင္းအဝယ္ လုပ္တာေတြ ရွိတယ္။ အဲဒါေတြက ေရရွည္မွာ အဆင္မေျပပါဘူး။ ယခုအခ်ိန္မွာ လယ္ယာေျမကို အရပ္သေဘာေရာင္းဝယ္ေနၾကၿပီး

စာခ်ဳပ္စာ တမ္းမွတ္ပုံတင္႐ုံးမွာ လယ္ယာေျမဥပေဒသစ္အရ မွတ္ပုံတင္ၿပီးမွသာ တရားဝင္ ေဆာင္႐ြက္လို႔ရမွာ ျဖစ္တယ္။

လန ၃၉ ေျမ

လန ၃၉ ဆိုတာက… လယ္ယာေျမမွတစ္ဆင့္ အျခားေျမအျဖစ္ ေျပာင္းလဲအသုံးျပဳခြင့္ ျပဳထားတဲ့ ေျမအမ်ိဳးအစားျဖစ္ပါတယ္။ လန ၃၉ ေျမ ဝယ္ယူမယ္ဆိုရင္ လယ္ယာေျမကေန အျခားေျမ ေျပာင္းလဲ အသုံးျပဳခြင့္ ျပဳထားတဲ့ လန ၃၉ စာ႐ြက္ ရွိရပါမယ္။

ဒါမွသာ လယ္ယာေျမကို အိမ္ ယာေျမ၊ စက္မႈထုတ္ကုန္ တစ္ခုခုေျပာင္းလဲ အသုံးျပဳမယ္ဆိုရင္… လန ၃၉ ခ်ထားေပးတဲ့ စာ႐ြက္ရွိမွ အဆင္ေျပမွာ ျဖစ္ပါတယ္။

တိုက္ခန္း ဝယ္မယ္ဆိုရင္

တိုက္ခန္း အေရာင္းအဝယ္ ျပဳလုပ္တဲ့အခါမွာ… ဆက္စပ္စာခ်ဳပ္ တစ္ခုရွိ႐ုံနဲ႔ ပိုင္ဆိုင္မႈအေထာက္အထား ျပည့္စုံၿပီလို႔ မထင္မွတ္သင့္ပါဘူး။ တိုက္ခန္းအေရာင္း အဝယ္ျပဳလုပ္တဲ့ေနရာမွာ

မရွိမျဖစ္ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကေတာ့… ဆက္စပ္ စာခ်ဳပ္၊ BCC (လူေနထိုင္ခြင့္)၊ ေျမရွင္လက္မွတ္၊ ေရမီတာ၊ မီးမီတာ စာ႐ြက္စာတမ္းေတြ လိုအပ္ပါတယ္။ အဲသည္ စာ႐ြက္စာတမ္းေတြ ပါရွိရင္ေတာ့ ပိုင္ဆိုင္မႈ ေသခ်ာပါတယ္။

ဘိုးဘြားပိုင္ေျမ

ဘိုးဘြားပိုင္ေျမ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့… သက္ဆိုင္ရာ ေျမပိုင္ဆိုင္မႈ မွတ္တမ္းမွာ ပိုင္ရွင္အျဖစ္ မွတ္တမ္းရွိၿပီး ျဖစ္ရမွာ ျဖစ္ပါတယ္။

ခရက္ဒစ္#ေဒၚလတ္လတ္ျမင့္ (အိမ္ၿခံေျမ သင္တန္း)#📱09-5104041 (Viber)၊📱09-796111456 (Viber)

ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မြေဝယ်မယ်ဆို… မြေအမျိုးအစားအလိုက် စစ်ဆေးရမည့် စာရွက်စာတမ်း ပုံစံများ

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။ ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေ ဝယ်ယူသူတွေအနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်။

ဂရန်မြေ

ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်”မှန် မမှန်၊ စစ် မစစ်” ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာတမ်းက နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ ရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့… မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့ မြေအမျိုးအစား ဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူမယ်ဆိုရင်… ချထားပေးတဲ့ပါမစ် မှန် မမှန်၊ အဆိုပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။

အင်ထရီဆိုတာက မြေနေရာ အကွက်ချပြီး ထုတ်ပေးလိုက်တဲ့ ပါမစ်ကို ပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ်ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။

အင်ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက… ဈေး ကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှု ရှိတယ်။ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာတန်အကွက်တွေမှာ ဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်။ ထောင်တန် အကွက်တွေမှာဆိုရင်… အင်ထရီ မဝင်ရသေးလို့ ပွဲပျက်တာတွေတောင် ရှိတယ်။

ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး အင်ထရီလည်း ဝင်ထားမယ်ဆိုရင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။ အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့… လယ်မြေအတွက် အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ စလစ် up to date ဖြစ် မဖြစ် စစ်ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့…

အစိုးရကို အခွန်ငွေပေးသွင်းထားတဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းဆိုတာ… “လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း” ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန်စည်းကြပ်ခံထားရတဲ့ မြေခွန်ပြေစာသည်သာ

ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ အမှန်တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီး အခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်… လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ် ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။

လယ်ယာမြေ လုပ်ကိုင်သူတွေကို မြေစာရင်းဌာနက အခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာ မှတ်သားထား လေ့ရှိပါတယ်။ တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင် မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူး ရယူထားရှိနိုင်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ ဆိုတာက… မြေစာရင်းဌာနက မှတ်ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာနက ပုံစံတူ ရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ မြေကွက်တည်ရှိတဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊ မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။

လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ် လုပ်တာတွေ ရှိတယ်။ အဲဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး။ ယခုအချိန်မှာ လယ်ယာမြေကို အရပ်သဘောရောင်းဝယ်နေကြပြီး

စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေသစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

လန ၃၉ ဆိုတာက… လယ်ယာမြေမှတစ်ဆင့် အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ ပြောင်းလဲ အသုံးပြုခွင့် ပြုထားတဲ့ လန ၃၉ စာရွက် ရှိရပါမယ်။

ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်းလဲ အသုံးပြုမယ်ဆိုရင်… လန ၃၉ ချထားပေးတဲ့ စာရွက်ရှိမှ အဆင်ပြေမှာ ဖြစ်ပါတယ်။

တိုက်ခန်း ဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ… ဆက်စပ်စာချုပ် တစ်ခုရှိရုံနဲ့ ပိုင်ဆိုင်မှုအထောက်အထား ပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာမှာ

မရှိမဖြစ် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့… ဆက်စပ် စာချုပ်၊ BCC (လူနေထိုင်ခွင့်)၊ မြေရှင်လက်မှတ်၊ ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။ အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့… သက်ဆိုင်ရာ မြေပိုင်ဆိုင်မှု မှတ်တမ်းမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ်ပါတယ်။

ခရက်ဒစ်#ဒေါ်လတ်လတ်မြင့် (အိမ်ခြံမြေ သင်တန်း)#📱09-5104041 (Viber)၊📱09-796111456 (Viber)

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*