Unicode
လတ်တလော… နေအိမ် တိုက်ခန်းတွေမှာ အကြမ်းဖက် လုယက်မှုတွေကို ဘယ်လိုကာကွယ်မလဲ…?
တိုက်ခန်း အထပ်မြင့် မှာ နေတဲ့ မိတ်ဆွေတွေ ဂရုစိုက်သင့်တာက… သူခိုး ဂျပိုး ၊ အကြမ်းဖက်သမား ၊ အလစ်သုတ်တွေက အိမ် တအိမ်ကို တစ်ခုခု လုပ်တော့မယ် ဆိုရင်… ကြိုတင် လေ့လာထား တတ် ကြပါတယ်။
ဥပမာ … ထို အိမ်မှာ လူ ဘယ်နှစ်ယောက် ပဲ ရှိတယ်။ တစ်ယောက်ထဲ ရှိတယ်… စသဖြင့် လေ့လာထား တတ် ကြ ပါ တယ်။
လူ အတော် များများ က အိမ်တံခါး ခေါက်ရင် ၊ ဘဲလ်တီးရင် ဘယ်သူမှ လက်ရှိ မဖွင့်ပေးကြတော့ပါ။ (ခံရပေါင်း များလို့)
ဒါကြောင့်… အကြမ်းဖက် သမား ၊ အလစ်သုတ် သမား တွေက လုပ်ကြံရမယ့် အိမ်သား တစ်ယောက်ယောက် လှေကားပေါ် တတ်သွား ခဲ့ ရင် သူတို့လည်း မယောင် မလည် နဲ့
တပါတည်း လိုက် တက် သွား ကြ ပြီး အခန်း တံခါးသော့လည်း ဖွင့်ရော… လုယက်မယ့် သူက အခန်းထဲ သူပါ တိုးဝင် လိုက်ပြီး… အနုကြမ်း စီးကြ ပါ တော့ တယ်။
ဒါကြောင့်… မိမိက လှေကားခွင်က တံခါး ကို ဖွင့်ရင် ဖြစ်စေ၊ မိမိ အိမ်တံခါးကို ဖွင့်သည် ဖြစ်စေ၊ မိမိအိမ် လှေကား မှာ အခြားသူ ရှိနေလား ဆိုတာ သေချာ ဂရုစိုက်ပါ။
အကယ်၍ မသင်္ကာစရာ လူရှိနေရင် ဖြစ်စေ ၊ မိမိနဲ့ လှေကားမှာ အခြား တစ်ဦးဦး ရှိနေခဲ့ရင်… ခေတ္တခဏ စောင့်ကြည့်ပြီးမှ လှေကားပေါ် တက်တာ ဖြစ်ဖြစ်၊ မိမိအိမ် တံခါးဖွင့်တာ ဖြစ်ဖြစ် ပြုလုပ် သင့်ပါတယ်။
မိမိ အိမ်ထဲ ရောက်ခဲ့ ရင်လည်း… အိမ်တံခါး ကို ပထမဆုံး အရင် ပိတ်ဖို့ မမေ့ပါနဲ့ ခင်ဗျ။ ဒီရက်အတွင်း အဲဒီလို အကွက်တွေ သုံးသွားတာလည်း ကြား မိ ပါတယ်။
မြန်မာပြည်သား အားလုံး အန္တရယ်အပေါင်း ဘေးအပေါင်း ကင်း ဝေး ကြ ပါစေ။ ( ခရက်ဒစ်#မူရင်း )
Be the first to comment
Leave a Reply
Your email address will not be published.
*