ျမန္မာႏိုင္ငံမွာ တစ္ခုတည္း ရွိတဲ့… သန္လ်င္က “တိရစာၦန္ သခ်ိဳင္း”

ျမန္မာႏိုင္ငံမွာ တစ္ခုတည္း ရွိတဲ့... သန္လ်င္က "တိရစာၦန္ သခ်ိဳင္း"
ျမန္မာႏိုင္ငံမွာ တစ္ခုတည္း ရွိတဲ့... သန္လ်င္က "တိရစာၦန္ သခ်ိဳင္း"

ျမန္မာႏိုင္ငံမွာ တစ္ခုတည္း ရွိတဲ့… သန္လ်င္က “တိရစာၦန္ သခ်ိဳင္း”

သန္လ်င္ က်ိဳက္ေခါက္ဘုရားနဲ႔ ထမလုံၾကား လမ္းမႀကီးရဲ႕ ေဘး တစ္ေနရာမွာ ေရာင္စုံ အုတ္ဂူ ေသးေသးေလးေတြ ကို သတိထားမိရင္မိပါ လိမ့္ မယ္။

ဒီ အုတ္ဂူ ေသးေသးေလး ေတြက တျခား မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာ တစ္ခုတည္းရွိတဲ့ တိရစာၦန္သခ်ိဳင္းက အုတ္ဂူကေလး ေတြပါ။ ပ်ဥ္ေထာင္ေက်ာင္း သုႆန္ဆို အဲ့ဒီဘက္က လူတိုင္း သိ ပါ တယ္။

သက္တမ္း ၄.. ၅ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ဒီ တိရစာၦန္သခ်ိဳင္းမွာ လက္ရွိ အုတ္ဂူကေလးေတြ ရာဂဏန္းေလာက္ ရွိ ပါ တယ္။ (ပ်ဥ္ေထာင္ေက်ာင္း သုႆန္ရဲ႕ သက္တမ္းက ၾကာပါၿပီ။

အဲ့ဒီသုႆန္မွာ တိရစာၦန္ကေလးေတြကို စ ျမဳပ္တဲ့ သက္တမ္းက ၄ – ၅ ႏွစ္ ရွိၿပီ လို႔ ဆိုလိုခ်င္ တာပါ) ဒီေနရာမွာ လူသိမ်ားတဲ့ မိုင္းရွာေခြး တပ္ၾကပ္ႀကီး မိုက္ကယ္ရဲ႕ အုတ္ဂူအျပင္…

တျခား ေခြးေလးေတြ၊ ေၾကာင္ေလးေတြရဲ႕ အုတ္ဂူကေလးေတြ အစီအရီ ရွိေနၿပီး… အသက္ ၁ ႏွစ္ ၂ ႏွစ္ အ႐ြယ္က စလို႔ ၁၃ ႏွစ္ ၁၄ ႏွစ္ အသက္အ႐ြယ္ ထိ အသက္အ႐ြယ္စုံ ပါပဲ။

အိမ္ေမြး တိရစာၦန္ကေလး ေတြကို ကိုယ့္သားသမီးနဲ႔ မျခား ခ်စ္တတ္တဲ့ သူေတြ အတြက္ အမွ္ိုက္ပုံထဲ ၊ ျမစ္ထဲ ေခ်ာင္းထဲ ဒီတိုင္း ပစ္ လိုက္ ရမွာထက္ စာရင္ေတာ့…

ဒီေနရာေလးက အထိုက္အေလ်ာက္ေတာ့ ေျဖသာစရာ ေနရာ တစ္ ခု ပါ။ သူတို႔ေလးေတြရဲ႕ ႏွစ္ပတ္လည္ ေန႔ေတြမွာ အုတ္ဂူေလးေတြဆီ ကို ပုံမွန္ လာၿပီး ပန္းေခြ ခ်တတ္တဲ့ မိသားစု ေတြလည္း ရွိတယ္တဲ့။

အုတ္ဂူ ေတြကို လိုက္ၾကည့္လိုက္ရင္… တခ်ိဳ႕ဓာတ္ပုံေလးေတြ က အေရာင္ေတြ လြင့္လို႔ ၊ တခ်ိဳ႕ဆို စာလုံးေလးေတြ နည္းနည္းပ်က္လို႔… အသက္ရွင္တဲ့ အခ်ိန္တုန္း က ေျပးလႊား ခုန္ေပါက္ ေဆာ့ကစားၿပီး

လူေတြရဲ႕ အခ်စ္ေတာ္ ျဖစ္ခဲ့မယ့္ ကေလးေတြက ခုေတာ့… အုတ္ဂူေလးေတြ ေအာက္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အနားယူ ေနၾကပါၿပီ။

မူရင္း ေရးသားသူ အား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မြန်မာနိုင်ငံမှာ တစ်ခုတည်း ရှိတဲ့… သန်လျင်က “တိရစ္ဆာန် သချိုင်း”

သန်လျင် ကျိုက်ခေါက်ဘုရားနဲ့ ထမလုံကြား လမ်းမကြီးရဲ့ ဘေး တစ်နေရာမှာ ရောင်စုံ အုတ်ဂူ သေးသေးလေးတွေ ကို သတိထားမိရင်မိပါ လိမ့် မယ်။

ဒီ အုတ်ဂူ သေးသေးလေး တွေက တခြား မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ တိရစ္ဆာန်သချိုင်းက အုတ်ဂူကလေး တွေပါ။ ပျဉ်ထောင်ကျောင်း သုဿန်ဆို အဲ့ဒီဘက်က လူတိုင်း သိ ပါ တယ်။

သက်တမ်း ၄.. ၅ နှစ် ရှိပြီ ဖြစ်တဲ့ ဒီ တိရစ္ဆာန်သချိုင်းမှာ လက်ရှိ အုတ်ဂူကလေးတွေ ရာဂဏန်းလောက် ရှိ ပါ တယ်။ (ပျဉ်ထောင်ကျောင်း သုဿန်ရဲ့ သက်တမ်းက ကြာပါပြီ။

အဲ့ဒီသုဿန်မှာ တိရစ္ဆာန်ကလေးတွေကို စ မြုပ်တဲ့ သက်တမ်းက ၄ – ၅ နှစ် ရှိပြီ လို့ ဆိုလိုချင် တာပါ) ဒီနေရာမှာ လူသိများတဲ့ မိုင်းရှာခွေး တပ်ကြပ်ကြီး မိုက်ကယ်ရဲ့ အုတ်ဂူအပြင်…

တခြား ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အုတ်ဂူကလေးတွေ အစီအရီ ရှိနေပြီး… အသက် ၁ နှစ် ၂ နှစ် အရွယ်က စလို့ ၁၃ နှစ် ၁၄ နှစ် အသက်အရွယ် ထိ အသက်အရွယ်စုံ ပါပဲ။

အိမ်မွေး တိရစ္ဆာန်ကလေး တွေကို ကိုယ့်သားသမီးနဲ့ မခြား ချစ်တတ်တဲ့ သူတွေ အတွက် အမှိုက်ပုံထဲ ၊ မြစ်ထဲ ချောင်းထဲ ဒီတိုင်း ပစ် လိုက် ရမှာထက် စာရင်တော့…

ဒီနေရာလေးက အထိုက်အလျောက်တော့ ဖြေသာစရာ နေရာ တစ် ခု ပါ။ သူတို့လေးတွေရဲ့ နှစ်ပတ်လည် နေ့တွေမှာ အုတ်ဂူလေးတွေဆီ ကို ပုံမှန် လာပြီး ပန်းခွေ ချတတ်တဲ့ မိသားစု တွေလည်း ရှိတယ်တဲ့။

အုတ်ဂူ တွေကို လိုက်ကြည့်လိုက်ရင်… တချို့ဓာတ်ပုံလေးတွေ က အရောင်တွေ လွင့်လို့ ၊ တချို့ဆို စာလုံးလေးတွေ နည်းနည်းပျက်လို့… အသက်ရှင်တဲ့ အချိန်တုန်း က ပြေးလွှား ခုန်ပေါက် ဆော့ကစားပြီး

လူတွေရဲ့ အချစ်တော် ဖြစ်ခဲ့မယ့် ကလေးတွေက ခုတော့… အုတ်ဂူလေးတွေ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူ နေကြပါပြီ။

မူရင်း ရေးသားသူ အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*