
ေငြေၾကးနဲ႕ပက္သတ္ျပီး မွတ္သားဖြယ္ရာ စကားပံု အခ်ိဳ႕…
ဒီေန႔ေတာ့… ျမန္မာစကားပုံေတြ ထဲက ေငြေရးေၾကးေရး ဆိုင္ရာ မွတ္သားစရာ စကားပုံ အခ်ိဳ႕ ကို ေကာက္ႏုတ္ တင္ျပ လိုက္ ပါ တယ္။
က်ားႀကီး ေျခရာႀကီး
က်ားဟာ အ႐ြယ္ ႀကီးလာတာ နဲ႔ အမွ် ေျခရာ ႀကီးလာ သလိုပဲ… ရာထူး ဂုဏ္သိန္ ႀကီးလာ၊ ဝင္ေငြမ်ားလာတာနဲ႔ အမွ် အကုန္ အက် ပို မ်ားလာ တတ္ တာ ကို ဆို လို တာပါ။
ဝင္ေငြမ်ားတိုင္း အသုံးအျဖဳန္း လိုက္ မမ်ားေအာင္ ဆင္ျခင္ႏိုင္ ဖို႔ သတိေပးထား တဲ့ စကားပုံေလးပါ။
ၾကြက္ေသတစ္ခု အရင္းျပဳ
စီးပြားေရး အကြက္ ျမင္တတ္ၿပီး ႀကိဳးစား အားထုတ္ တတ္တဲ့ သူေတြဟာ… ေငြအရင္းအႏွီး အမ်ားႀကီး မလိုပဲ ႂကြက္ေသေလး တစ္ေကာင္ကို အရင္းျပဳၿပီး တစ္ဆင့္ၿပီး တစ္ဆင့္ ႀကိဳးစားရင္း
ႀကီးပြား ခ်မ္းသာ သြားႏိုင္ေၾကာင္းကို ဆို လို တာပါ။ အရင္းအႏွီး မရွိတဲ့ သူေတြ အတြက္ လုပ္ငန္း ေသးေသးေလး ကေန ျဖည္းျဖည္းခ်င္း စလုပ္ရင္း ေလွကားထစ္ တက္သလို
တစ္ဆင့္ခ်င္း တက္ ႀကိဳးစားၿပီး ႀကီးပြား ခ်မ္းသာ လာႏိုင္ေၾကာင္း အားေပးစကား ေျပာထားတဲ့ စကားပုံေလးပါ။
ငါးစာသာ ျမင္ ငါးမွ်ားခ်ိတ္ မျမင္
ငါးေတြဟာ ငါးစာကိုပဲ ျမင္ၿပီး… ငါးမွ်ားခ်ိတ္ ကို မျမင္တဲ့အခါ အႏၲရာယ္နဲ႔ ေတြ႕ရသလိုပဲ… လူေတြဟာ အက်ိဳးအျမတ္ ကိုပဲ ျမင္ၿပီး ေထာင္ေျခာက္ေတြကို မျမင္တဲ့ အခါ
ေငြေၾကး၊ စည္းစိမ္ ဥစၥာနဲ႔ အသက္ စတာေတြ ဆုံးရႈံး ရတတ္ေၾကာင္း ဆင္ျခင္ႏိုင္ဖို႔ သတိ ေပးထားတဲ့ စကားပုံ ေလးပါ။
စီးတဲ့ေရ ဆည္တဲ့ ကန္သင္း
လယ္ကြင္းထဲ ကို စီးဝင္ လာတဲ့ေရကို လယ္ကြင္းထဲ မွာ တည္ေနေအာင္ ကန္သင္းဆည္ၿပီး ပိတ္ထားဖို႔လိုသလို… ရွာေဖြလို႔ ရလာတဲ့ ေငြေၾကးေတြကို
ကိုယ့္ဆီမွာ ၿမဲေအာင္ အေလအလြင့္ မရွိေအာင္ ထိန္းသိမ္းၿပီး ေခြၽတာသင့္တာကို ေခြၽတာသင့္ေၾကာင္း သတိ ေပးထားတဲ့ စကားပုံ ေလးပါ။
မူးလွ်ိဳးပဲလွ်ိဳး ငၿဖိဳးကြၽန္ျဖစ္
ေငြ တစ္မူးစ တစ္ပဲစ နည္းနည္းခ်င္း သုံးမိရာကေန ေနာက္ဆုံးမွာ ငၿဖိဳးဟာ သူမ်ားရဲ႕ ခိုင္းဘက္ ကြၽန္ ျဖစ္သြား ရသလို… ေငြကို တစ္တိတိ နဲ႔ သုံးျဖဳန္း ေန မိ ရင္
ေနာက္ဆုံးမွာ ဘဝပ်က္တတ္ေၾကာင္း သတိေပးထားတဲ့ စကားပုံေလးပါ။
ေငြေရးေၾကးေရးနဲ႔ ဆိုင္တဲ့ မွတ္သားစရာ အျခား စကားပုံေလးေတြကိုလည္း မွတ္ခ်က္မွာ ေျပာျပေပးသြားပါဦးခင္ဗ်ာ။ အျခား က်န္ေသးတဲ့ စကားပုံေလးေတြကို အလ်င္းသင့္ သလို ထပ္ၿပီး တင္ဆက္ေပးသြား ပါ ဦး မယ္။
အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ ခင္ဗ်ာ။ ေလးစားစြာျဖင့္
ခရက္ဒစ္#ပိုးစုန္းၾကဴး#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
Unicode
ငွေကြေးနဲ့ပက်သတ်ပြီး မှတ်သားဖွယ်ရာ စကားပုံ အချို့…
ဒီနေ့တော့… မြန်မာစကားပုံတွေ ထဲက ငွေရေးကြေးရေး ဆိုင်ရာ မှတ်သားစရာ စကားပုံ အချို့ ကို ကောက်နုတ် တင်ပြ လိုက် ပါ တယ်။
ကျားကြီး ခြေရာကြီး
ကျားဟာ အရွယ် ကြီးလာတာ နဲ့ အမျှ ခြေရာ ကြီးလာ သလိုပဲ… ရာထူး ဂုဏ်သိန် ကြီးလာ၊ ဝင်ငွေများလာတာနဲ့ အမျှ အကုန် အကျ ပို များလာ တတ် တာ ကို ဆို လို တာပါ။
ဝင်ငွေများတိုင်း အသုံးအဖြုန်း လိုက် မများအောင် ဆင်ခြင်နိုင် ဖို့ သတိပေးထား တဲ့ စကားပုံလေးပါ။
ကြွက်သေတစ်ခု အရင်းပြု
စီးပွားရေး အကွက် မြင်တတ်ပြီး ကြိုးစား အားထုတ် တတ်တဲ့ သူတွေဟာ… ငွေအရင်းအနှီး အများကြီး မလိုပဲ ကြွက်သေလေး တစ်ကောင်ကို အရင်းပြုပြီး တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားရင်း
ကြီးပွား ချမ်းသာ သွားနိုင်ကြောင်းကို ဆို လို တာပါ။ အရင်းအနှီး မရှိတဲ့ သူတွေ အတွက် လုပ်ငန်း သေးသေးလေး ကနေ ဖြည်းဖြည်းချင်း စလုပ်ရင်း လှေကားထစ် တက်သလို
တစ်ဆင့်ချင်း တက် ကြိုးစားပြီး ကြီးပွား ချမ်းသာ လာနိုင်ကြောင်း အားပေးစကား ပြောထားတဲ့ စကားပုံလေးပါ။
ငါးစာသာ မြင် ငါးမျှားချိတ် မမြင်
ငါးတွေဟာ ငါးစာကိုပဲ မြင်ပြီး… ငါးမျှားချိတ် ကို မမြင်တဲ့အခါ အန္တရာယ်နဲ့ တွေ့ရသလိုပဲ… လူတွေဟာ အကျိုးအမြတ် ကိုပဲ မြင်ပြီး ထောင်ခြောက်တွေကို မမြင်တဲ့ အခါ
ငွေကြေး၊ စည်းစိမ် ဥစ္စာနဲ့ အသက် စတာတွေ ဆုံးရှုံး ရတတ်ကြောင်း ဆင်ခြင်နိုင်ဖို့ သတိ ပေးထားတဲ့ စကားပုံ လေးပါ။
စီးတဲ့ရေ ဆည်တဲ့ ကန်သင်း
လယ်ကွင်းထဲ ကို စီးဝင် လာတဲ့ရေကို လယ်ကွင်းထဲ မှာ တည်နေအောင် ကန်သင်းဆည်ပြီး ပိတ်ထားဖို့လိုသလို… ရှာဖွေလို့ ရလာတဲ့ ငွေကြေးတွေကို
ကိုယ့်ဆီမှာ မြဲအောင် အလေအလွင့် မရှိအောင် ထိန်းသိမ်းပြီး ချွေတာသင့်တာကို ချွေတာသင့်ကြောင်း သတိ ပေးထားတဲ့ စကားပုံ လေးပါ။
မူးလျှိုးပဲလျှိုး ငဖြိုးကျွန်ဖြစ်
ငွေ တစ်မူးစ တစ်ပဲစ နည်းနည်းချင်း သုံးမိရာကနေ နောက်ဆုံးမှာ ငဖြိုးဟာ သူများရဲ့ ခိုင်းဘက် ကျွန် ဖြစ်သွား ရသလို… ငွေကို တစ်တိတိ နဲ့ သုံးဖြုန်း နေ မိ ရင်
နောက်ဆုံးမှာ ဘဝပျက်တတ်ကြောင်း သတိပေးထားတဲ့ စကားပုံလေးပါ။
ငွေရေးကြေးရေးနဲ့ ဆိုင်တဲ့ မှတ်သားစရာ အခြား စကားပုံလေးတွေကိုလည်း မှတ်ချက်မှာ ပြောပြပေးသွားပါဦးခင်ဗျာ။ အခြား ကျန်သေးတဲ့ စကားပုံလေးတွေကို အလျင်းသင့် သလို ထပ်ပြီး တင်ဆက်ပေးသွား ပါ ဦး မယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။ လေးစားစွာဖြင့်
ခရက်ဒစ်#ပိုးစုန်းကြူး#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Leave a Reply