သားရွင္မိဘမ်ား သိထားသင့္တဲ့…အသက္အရြယ္အလိုက္ သားေယာက်္ားေလးကို ဘယ္သူလႊမ္းမိုးသလဲ…?

သားရွင္မိဘမ်ား သိထားသင့္တဲ့...အသက္အရြယ္အလိုက္ သားေယာက်္ားေလးကို ဘယ္သူလႊမ္းမိုးသလဲ...?
သားရွင္မိဘမ်ား သိထားသင့္တဲ့...အသက္အရြယ္အလိုက္ သားေယာက်္ားေလးကို ဘယ္သူလႊမ္းမိုးသလဲ...?

သားရွင္မိဘမ်ား သိထားသင့္တဲ့…အသက္အရြယ္အလိုက္ သားေယာက်္ားေလးကို ဘယ္သူလႊမ္းမိုးသလဲ…?

သားေယာက္်ားေလးမ်ားကို ျပဳစုပ်ိဳးေထာင္ျခင္းက ထင္သေလာက္မလြယ္ပါ။ သုေတသနမ်ားအရ သားေလးမ်ားက သမီးေလးမ်ားထက္ ေက်ာင္းေျပးဖို႔၊ စာေမးပြဲက်ဖို႔၊ ေဆးလိပ္ အရက္ႏွင့္

မူးယစ္ေဆးဝါး စမ္းသုံးၾကည့္ဖို႔၊ မေတာ္တဆ ထိခိုက္ ဒဏ္ရာ ရဖို႔၊ စိတ္ဓာတ္က် ေရာဂါ ရဖို႔ ျဖစ္ႏိုင္ေခ် ပိုမ်ားသည္ဟု ဆိုသည္။ သားေယာက္်ားေလးမ်ား၏ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈကို စိတ္ပညာရွင္ အခ်ိဳ႕က အဆင့္ ၃ ဆင့္ ခြဲၾကသည္။

(၁) ေမြးကင္းစမွ ၆ ႏွစ္… သားကို ဘယ္သူ လႊမ္းမိုးသလဲ…

သားသည္ မိခင္ကို အဓိက တြယ္တာသည္။ ဤ အဆင့္တြင္ မိခင္ဆီမွ အေရးႀကီးဆုံး၊ အလိုအပ္ဆုံး အရာသည္ ခ်စ္ျခင္းေမတၱာႏွင့္ ေႏြးေထြးလုံၿခဳံမႈျဖစ္သည္။ မိခင္၏ ဂ႐ုစိုက္မႈ၊ ျပဳစုေစာင့္ေရွာက္မႈမ်ားက

သားငယ္ေလး တစ္ေယာက္ကို စိတ္က်န္းမာ ေပ်ာ္႐ႊင္သည့္ ေကာင္ေလး တစ္ေယာက္အျဖစ္ ေျပာင္းလဲေစႏိုင္သည္။ မိခင္၏ အေျပာအဆို၊ အျပဳအမူမ်ားက သားေလး၏ အေျပာအဆို၊ အျပဳအမူမ်ားကို လႊမ္းမိုးႏိုင္စြမ္းရွိသည္။ မိခင္ဆီမွ ဆက္ခံႏိုင္ေသာ အရည္အေသြးက ယဥ္ေက်း ပ်ဴငွာ ေဖာ္ေ႐ြျခင္း ျဖစ္သည္။

(၂) ၆ ႏွစ္မွ ၁၄ ႏွစ္… သားကို ဘယ္သူ လႊမ္းမိုးသလဲ…

သားငယ္ေလးက ေကာင္ေလးတစ္ေယာက္ျဖစ္လာဖို႔ စတင္ သင္ယူခ်င္သည္။ မိခင္ကို တြယ္တာဆဲ ျဖစ္ေသာ္လည္း ဖခင္ကို ပို၍ စိတ္ဝင္စားလာသည္။ ဖခင္၏ စကားလုံး၊ ကိုယ္ေနဟန္ထား၊ ဝတ္စားဆင္ယင္မႈတို႔ကို

မသိမသာ ေလ့လာသည္။ ဤ အဆင့္တြင္ ေကာင္ေလး၏ အရည္အခ်င္းတစ္မ်ိဳးမ်ိဳးကို ေျမေတာင္ စေျမႇာက္ေပးႏိုင္ဖို႔ အေရုးႀကီးဆုံးက ဖခင္ ျဖစ္သလို… ကိုယ္ခ်င္းစာ ၾကင္နာတတ္ၿပီး အၾကမ္းဖက္မႈ မလိုလားတတ္ေစရန္လည္း

ဖခင္က စံနမူနာ ျပႏိုင္သည္။ ထိုအခ်ိန္ ကို ေနာက္က်မွ ျပန္မရႏိုင္၍ စီးပြား အတြက္ အလုပ္မ်ားလြန္းသူ ေဖေဖမ်ား ပို ဂ႐ုစိုက္ပါ။

(၃) ၁၄ ႏွစ္ မွ ၁၈ ႏွစ္… သားကို ဘယ္သူ လႊမ္းမိုးသလဲ…

ဖခင္၏ အေျပာအဆို၊ အျပဳအမူ တို႔ထက္ ပတ္ဝန္းက်င္မွ အမ်ိဳးသားတို႔၏ အျပဳအမူႏွင့္ လုပ္ေဆာင္ခ်က္မ်ားကို ေကာင္ေလးက စတင္ သင္ယူခ်င္သည္။ ဥပမာ…

အတန္းႀကီးမွ ကစားေဖာ္မ်ား၊ စကားေျပာေဖာ္မ်ား၊ တစ္လမ္းတည္းသား ဂစ္တာတီးေဖာ္ အစ္ကိုႀကီးမ်ား၊ ေက်ာင္းဆရာ၊ က်ဴရွင္ဆရာမ်ားကို အထင္ႀကီးလြယ္သည္၊ မိသားစုထက္ ပို ယုံစားလြယ္သည္။

ဤအဆင့္တြင္ မိခင္ေရာ ဖခင္ပါ လိမၼာ ပါးနပ္ဖို႔ လိုသည္။ အျမင္မတူလွ်င္ မဆန္႔က်င္ပါႏွင့္၊ တူလာေအာင္ စည္း႐ုံးပါ။ မတင္းၾကပ္ပါႏွင့္၊ ေျပလည္ဖို႔ ညႇိႏႈိင္းပါ။ မိမိသားႏွင့္ ေပါင္းသင္း ဆက္ဆံႏိုင္ေခ်ရွိသူမ်ားကို ႀကိဳတင္ေလ့လာစူးစမ္းပါ။

တားျမစ္ဖို႔ လိုလွ်င္ အခ်ိန္မီပါေစ။ မိမိသားကို လမ္းမွန္သို႔ လက္တြဲေခၚမည့္သူကို အသိအမွတ္ျပဳပါ။ လိုအပ္လွ်င္ သား ေလးစားေသာ သား၏ ဦးေလး၊ ဘႀကီး၊ အဖိုးတို႔၏ အကူအညီကို ရယူပါ။

သားပိုင္ရွင္မ်ားက ကေလး၏ အသက္အပိုင္းအျခားအရ သတိမူစရာမ်ား သတိမူႏိုင္ရန္၊ က်န္းမာေပ်ာ္႐ႊင္ ထူးခြၽန္ထက္ျမက္ေသာ သားေယာက္်ားေလးမ်ား ပ်ိဳးေထာင္ႏိုင္ရန္ ရည္႐ြယ္ေရးပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သားရှင်မိဘများ သိထားသင့်တဲ့…အသက်အရွယ်အလိုက် သားယောကျ်ားလေးကို ဘယ်သူလွှမ်းမိုးသလဲ…?

သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊ စာမေးပွဲကျဖို့၊ ဆေးလိပ် အရက်နှင့်

မူးယစ်ဆေးဝါး စမ်းသုံးကြည့်ဖို့၊ မတော်တဆ ထိခိုက် ဒဏ်ရာ ရဖို့၊ စိတ်ဓာတ်ကျ ရောဂါ ရဖို့ ဖြစ်နိုင်ချေ ပိုများသည်ဟု ဆိုသည်။ သားယောက်ျားလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို စိတ်ပညာရှင် အချို့က အဆင့် ၃ ဆင့် ခွဲကြသည်။

(၁) မွေးကင်းစမှ ၆ နှစ်… သားကို ဘယ်သူ လွှမ်းမိုးသလဲ…

သားသည် မိခင်ကို အဓိက တွယ်တာသည်။ ဤ အဆင့်တွင် မိခင်ဆီမှ အရေးကြီးဆုံး၊ အလိုအပ်ဆုံး အရာသည် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးလုံခြုံမှုဖြစ်သည်။ မိခင်၏ ဂရုစိုက်မှု၊ ပြုစုစောင့်ရှောက်မှုများက

သားငယ်လေး တစ်ယောက်ကို စိတ်ကျန်းမာ ပျော်ရွှင်သည့် ကောင်လေး တစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သည်။ မိခင်၏ အပြောအဆို၊ အပြုအမူများက သားလေး၏ အပြောအဆို၊ အပြုအမူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ မိခင်ဆီမှ ဆက်ခံနိုင်သော အရည်အသွေးက ယဉ်ကျေး ပျူငှာ ဖော်ရွေခြင်း ဖြစ်သည်။

(၂) ၆ နှစ်မှ ၁၄ နှစ်… သားကို ဘယ်သူ လွှမ်းမိုးသလဲ…

သားငယ်လေးက ကောင်လေးတစ်ယောက်ဖြစ်လာဖို့ စတင် သင်ယူချင်သည်။ မိခင်ကို တွယ်တာဆဲ ဖြစ်သော်လည်း ဖခင်ကို ပို၍ စိတ်ဝင်စားလာသည်။ ဖခင်၏ စကားလုံး၊ ကိုယ်နေဟန်ထား၊ ဝတ်စားဆင်ယင်မှုတို့ကို

မသိမသာ လေ့လာသည်။ ဤ အဆင့်တွင် ကောင်လေး၏ အရည်အချင်းတစ်မျိုးမျိုးကို မြေတောင် စမြှောက်ပေးနိုင်ဖို့ အရေုးကြီးဆုံးက ဖခင် ဖြစ်သလို… ကိုယ်ချင်းစာ ကြင်နာတတ်ပြီး အကြမ်းဖက်မှု မလိုလားတတ်စေရန်လည်း

ဖခင်က စံနမူနာ ပြနိုင်သည်။ ထိုအချိန် ကို နောက်ကျမှ ပြန်မရနိုင်၍ စီးပွား အတွက် အလုပ်များလွန်းသူ ဖေဖေများ ပို ဂရုစိုက်ပါ။

(၃) ၁၄ နှစ် မှ ၁၈ နှစ်… သားကို ဘယ်သူ လွှမ်းမိုးသလဲ…

ဖခင်၏ အပြောအဆို၊ အပြုအမူ တို့ထက် ပတ်ဝန်းကျင်မှ အမျိုးသားတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို ကောင်လေးက စတင် သင်ယူချင်သည်။ ဥပမာ…

အတန်းကြီးမှ ကစားဖော်များ၊ စကားပြောဖော်များ၊ တစ်လမ်းတည်းသား ဂစ်တာတီးဖော် အစ်ကိုကြီးများ၊ ကျောင်းဆရာ၊ ကျူရှင်ဆရာများကို အထင်ကြီးလွယ်သည်၊ မိသားစုထက် ပို ယုံစားလွယ်သည်။

ဤအဆင့်တွင် မိခင်ရော ဖခင်ပါ လိမ္မာ ပါးနပ်ဖို့ လိုသည်။ အမြင်မတူလျှင် မဆန့်ကျင်ပါနှင့်၊ တူလာအောင် စည်းရုံးပါ။ မတင်းကြပ်ပါနှင့်၊ ပြေလည်ဖို့ ညှိနှိုင်းပါ။ မိမိသားနှင့် ပေါင်းသင်း ဆက်ဆံနိုင်ချေရှိသူများကို ကြိုတင်လေ့လာစူးစမ်းပါ။

တားမြစ်ဖို့ လိုလျှင် အချိန်မီပါစေ။ မိမိသားကို လမ်းမှန်သို့ လက်တွဲခေါ်မည့်သူကို အသိအမှတ်ပြုပါ။ လိုအပ်လျှင် သား လေးစားသော သား၏ ဦးလေး၊ ဘကြီး၊ အဖိုးတို့၏ အကူအညီကို ရယူပါ။

သားပိုင်ရှင်များက ကလေး၏ အသက်အပိုင်းအခြားအရ သတိမူစရာများ သတိမူနိုင်ရန်၊ ကျန်းမာပျော်ရွှင် ထူးချွန်ထက်မြက်သော သားယောက်ျားလေးများ ပျိုးထောင်နိုင်ရန် ရည်ရွယ်ရေးပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*