းေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္းၾကီး မေပၚခင္ေခတ္က… ရန္ကုန္ၿမိဳ႕က ႀကံေတာသင္းခ်ိဳင္း ႏွင့္ နာေရးကားမ်ားသမိုင္း…

းေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္းၾကီး မေပၚခင္ေခတ္က... ရန္ကုန္ၿမိဳ႕က ႀကံေတာသင္းခ်ိဳင္း ႏွင့္ နာေရးကားမ်ားသမိုင္း...
းေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္းၾကီး မေပၚခင္ေခတ္က... ရန္ကုန္ၿမိဳ႕က ႀကံေတာသင္းခ်ိဳင္း ႏွင့္ နာေရးကားမ်ားသမိုင္း...

းေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္းၾကီး မေပၚခင္ေခတ္က… ရန္ကုန္ၿမိဳ႕က ႀကံေတာသင္းခ်ိဳင္း ႏွင့္ နာေရးကားမ်ားသမိုင္း…

အဂၤလိပ္ကိုလိုနီေခတ္ထဲ က အသုံးျပဳခဲ့တဲ့ ႀကံေတာ သင္းခ်ိဳင္းဟာ… ဧက ၅၀ က်ယ္ဝန္းၿပီး ျမန္မာႏိုင္ငံ က်က္သေရေဆာင္ ရန္ကုန္တကၠသိုလ္နဲ႔ မိုင္ဝက္ပဲေဝးတယ္။ ႀကံေတာသင္းခ်ိဳင္းမွာ

ဗုဒၶဘာသာ၊ ခရစ္ယန္၊ ဟိႏၵဴ၊ မူဆလင္ ဘာသာဝင္ အသီးသီးအတြက္… သင္းခ်ိဳင္းေျမေနရာမ်ား သတ္မွတ္ေပးထားခဲ့တယ္။ ႀကံေတာသင္းခ်ိဳင္းမွာ ဟိႏၵဴသင္းခ်ိဳင္းေျမေနရာ ၄ ဧကရွိတယ္။ ခရစ္ယန္သင္းခ်ိဳင္းေျမက နာနတ္ေတာလမ္းဘက္က်လို႔

နာနတ္ေတာ ခရစ္ယန္ သင္းခ်ိဳင္းလို႔ ေခၚခဲ့ၾကတယ္။ ၁၉၉၁ မွာ ဗဟန္းအဝိုင္းနဲ႔ တိရိစာၦန္႐ုံအနားက ခရစ္ယန္သင္းခ်ိဳင္း (St.John Cantonment အဂၤလိပ္ စစ္သင္းခ်ိဳင္း) နဲ႔ ၁၉၉၄ မွာ တာေမြ သင္းခ်ိဳင္းကို ႀကံေတာသင္းခ်ိဳင္းဆီ ေ႐ႊ႕ေျပာင္းခဲ့ၾကတယ္။

ႀကံေတာသင္းခ်ိဳင္း ၁၉၉၆ – ၉၇ မဖ်က္သိမ္းခင္ အထိ ရန္ကုန္ၿမိဳ႕မွာ အႀကီးဆုံး သင္းခ်ိဳင္းျဖစ္တယ္။ ႀကံေတာသင္းခ်ိဳင္းမွာ ျမႇဳပ္ႏွံထားတဲ့ ႐ုပ္ႂကြင္းပိုင္ရွင္မိသားစုေတြကို ရန္ကုန္ၿမိဳ႕စြန္ ေရေဝးသင္းခ်ိဳင္းနဲ႔ ထိန္ပင္သင္းခ်ိဳင္းဆီ ေ႐ႊ႕ေျပာင္းႏိုင္ဖို႔ ၿမိဳ႕ေတာ္စည္ပင္က

တလႀကိဳတင္ ႏို႔တစ္ေပးၿပီး သင္းခ်ိဳင္းသစ္ဆီ ေ႐ႊ႕ေျပာင္းခဲ့ၾကတယ္။ ၉ မိုင္ တ႐ုတ္ သင္းခ်ိဳင္း ဖ်က္သိမ္းေတာ့ ကြၽန္ေတာ္သူငယ္ခ်င္းတေယာက္ ၉ မိုင္ တ႐ုတ္သင္းခ်ိဳင္းမွာ ျမႇဳပ္ထားတာ တလမျပည့္ေသးတဲ့ သူ႔အေဖအေလာင္း ျပန္ေဖၚၿပီး

လႈိင္သာယာ ထိန္ပင္သုႆန္ကို ဟိုင္းလက္စ္ အမိုးျဖဳတ္ကားနဲ႔သယ္ၿပီး ျပန္ျမႇဳပ္ႏွံဖူးတယ္။ ဘုရင့္ေနာင္တံတားမွာ ကားတန္းစီေနတုန္း ဟိုင္းလက္စ္ေနာက္မွာ ေသခ်ာပတ္ၿပီး သယ္လာတဲ့ သူ႔အေဖ႐ုပ္အေလာင္းကို ေဘး ဘတ္စ္ကားေပၚက ခရီးသည္ေတြျမင္ၿပီး

ထိတ္လန႔္တၾကား ဝိုင္းေအာ္ၾကတယ္လို႔ အဲ့သူငယ္ခ်င္းက ေျပာျပဖူးတယ္။ သူနဲ႔ အတူပါလာတဲ့ မိန္းကေလးအုပ္စု ဘယ္သူမွ သူတို႔အဖိုး အေလာင္းနား မကပ္ရဲၾကဖူးတဲ့။ ထိန္ပင္မွာ အေလာင္းျပန္ျမႇဳပ္တာ သစ္ပင္အကြယ္ ခပ္လွမ္းလွမ္းကေန ဝိုင္းၾကည့္ေနၾကတယ္တဲ့။

ႀကံေတာသင္းခ်ိဳင္း မဖ်က္ခင္ သင္းခ်ိဳင္းနဲ႔ မ်က္ႏွာျခင္းဆိုင္ ဟံသာဝတီလမ္းမေပၚမွာ အေခါင္းအမ်ိဳးမ်ိဳး အေရာင္းဆိုင္ရွိတယ္။ အသုဘ နာေရးနဲ႔သက္ဆိုင္တဲ့ ပစၥည္းအေရာင္းဆိုင္မ်ား ရွိတယ္။ နာေရးယပ္ေတာင္ အမ်ိဳးမ်ိး ေအာ္ဒါလက္ခံတဲ့ဆိုင္မ်ား ရွိခဲ့တယ္။

နာေရးကား အမ်ိဳးမ်ိဳးရွိၿပီး “ဦးပန္ခ်ာ” နဲ႔ “ဦးဧေမာင္” နာေရးကား အငွားလုပ္ငန္းက ရန္ကုန္တၿမိဳ႕လုံး မသိသူ မရွိဘူး။ အဂၤလန္ အေမရိကန္လုပ္ ဇိမ္ခံကားႀကီးေပၚမွာ အေလာင္းထည့္ မွန္ခန္းကို ကြၽန္းသစ္ အေကာင္းစားနဲ႔ တည္ေဆာက္ထားၿပီး

ျမန္မာ့႐ိုးရာ ပန္းပြတ္၊ ပန္းခက္၊ ပန္းႏြယ္ အမ်ိဳးမ်ိဳးနဲ႔ နာေရးအသုဘကားကို မြန္းမံျပင္ဆင္ထားၾကတယ္။ နာေရးကား အေကာင္းစား အမ်ားစုက… အဲ့ဒီေခတ္ သံ႐ုံးေလလံကားမ်ား ျဖစ္တယ္။ နာေရးကား အငွားပိုင္ရွင္ “ဦးပန္ခ်ာ” သားနဲ႔ သူငယ္ခ်င္းမ်ားဟာ…

ညပိုင္းမွာ နာေရးကား အေလာင္းထည့္မွန္ခန္းနဲ႔ သစ္သားပန္းခက္ ပန္းႏြယ္မ်ားကို ျဖဳတ္ခ်ၿပီး ဇိမ္ခံကား အေကာင္းစားႀကီးနဲ႔ ညကလပ္မ်ား သြားလည္ေလ့ ရွိတယ္လို႔ ရန္ကုန္ၿမိဳ႕မွာ ေကာလဟလ အေတာ္ ျပန႔္ခဲ့ေသးတယ္။

၂၀၀၁ ခုႏွစ္ ဇန္နဝါရီလမွာ အခမဲ့ နာေရးကူညီမႈအသင္းႀကီးကို စာေရးဆရာ ဒါ႐ိုက္တာဦးသုခ ဦးေဆာင္ၿပီး ေဒၚသန္းျမင့္ေအာင္ ႐ုပ္ရွင္မင္းသားေက်ာ္သူ တို႔လို လူသိထင္ရွား ပရဟိတသမားမ်ားနဲ႔ တည္ေထာင္ဖြဲ႕စည္းခဲ့တယ္။ လူမ်ိဳးဘာသာမေ႐ြး နာေရးကိစၥကို

အဖိုးအခ တစုံတရာ ကုန္က်စရာ မလိုပဲ အသင္းႀကီးမွ ကူညီေဆာင္႐ြက္ေပးေနတယ္။ အသင္းတည္ေထာင္ၿပီးခ်ိန္မွ နာေရးႏွစ္သိန္းေက်ာ္ ကူညီေပးခဲ့ၿပီးျဖစ္တယ္။ ၂၀၂၁ မတ္လမွ စၿပီး လူမႈဝန္ထမ္းဦးစီး႒ာနမွ အခမဲ့ နာေရးကူညီမႈအသင္းႀကီး၏ နာေရး ကူညီမႈမ်ားကို

ဆက္လက္ တာဝန္ယူထားပါတယ္။ ကမာၻမွာ အသုဘအခမ္းအနားကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ငါးေသာင္းခန႔္က ျပဳလုပ္ခဲ့ၾကတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းတေသာင္းခန္႔က သင္းခ်ိဳင္းကို အစၥေရးႏိုင္ငံ Qafzeh ေဒသမွာ ရွာေဖြေတြ႕ရွိခဲ့တယ္။ ယဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းမွာ

ကမာၻ႔ေရွးအက်ဆုံး သင္းခ်ိဳင္းေျမကို နယ္သာလန္ႏိုင္ငံမွာ ရွာေတြ႕ခဲ့တယ္။ ေသဆုံးသူ အသက္ရွိစဥ္ သုံးစြဲခဲ့တဲ့ ပစၥည္းကရိယာမ်ားကို တိရိစၦာန္အ႐ိုးနဲ႔အတူ ေျမျမႇဳပ္သၿဂႋဳလ္ခဲ့တာပါ။

ခရက္ဒစ္#လြင္ဦး (ရန္ကင္း)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းကြီး မပေါ်ခင်ခေတ်က… ရန်ကုန်မြို့က ကြံတောသင်းချိုင်း နှင့် နာရေးကားများသမိုင်း…

အင်္ဂလိပ်ကိုလိုနီခေတ်ထဲ က အသုံးပြုခဲ့တဲ့ ကြံတော သင်းချိုင်းဟာ… ဧက ၅၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ ကျက်သရေဆောင် ရန်ကုန်တက္ကသိုလ်နဲ့ မိုင်ဝက်ပဲဝေးတယ်။ ကြံတောသင်းချိုင်းမှာ

ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ ဟိန္ဒူ၊ မူဆလင် ဘာသာဝင် အသီးသီးအတွက်… သင်းချိုင်းမြေနေရာများ သတ်မှတ်ပေးထားခဲ့တယ်။ ကြံတောသင်းချိုင်းမှာ ဟိန္ဒူသင်းချိုင်းမြေနေရာ ၄ ဧကရှိတယ်။ ခရစ်ယန်သင်းချိုင်းမြေက နာနတ်တောလမ်းဘက်ကျလို့

နာနတ်တော ခရစ်ယန် သင်းချိုင်းလို့ ခေါ်ခဲ့ကြတယ်။ ၁၉၉၁ မှာ ဗဟန်းအဝိုင်းနဲ့ တိရိစ္ဆာန်ရုံအနားက ခရစ်ယန်သင်းချိုင်း (St.John Cantonment အင်္ဂလိပ် စစ်သင်းချိုင်း) နဲ့ ၁၉၉၄ မှာ တာမွေ သင်းချိုင်းကို ကြံတောသင်းချိုင်းဆီ ရွှေ့ပြောင်းခဲ့ကြတယ်။

ကြံတောသင်းချိုင်း ၁၉၉၆ – ၉၇ မဖျက်သိမ်းခင် အထိ ရန်ကုန်မြို့မှာ အကြီးဆုံး သင်းချိုင်းဖြစ်တယ်။ ကြံတောသင်းချိုင်းမှာ မြှုပ်နှံထားတဲ့ ရုပ်ကြွင်းပိုင်ရှင်မိသားစုတွေကို ရန်ကုန်မြို့စွန် ရေဝေးသင်းချိုင်းနဲ့ ထိန်ပင်သင်းချိုင်းဆီ ရွှေ့ပြောင်းနိုင်ဖို့ မြို့တော်စည်ပင်က

တလကြိုတင် နို့တစ်ပေးပြီး သင်းချိုင်းသစ်ဆီ ရွှေ့ပြောင်းခဲ့ကြတယ်။ ၉ မိုင် တရုတ် သင်းချိုင်း ဖျက်သိမ်းတော့ ကျွန်တော်သူငယ်ချင်းတယောက် ၉ မိုင် တရုတ်သင်းချိုင်းမှာ မြှုပ်ထားတာ တလမပြည့်သေးတဲ့ သူ့အဖေအလောင်း ပြန်ဖေါ်ပြီး

လှိုင်သာယာ ထိန်ပင်သုဿန်ကို ဟိုင်းလက်စ် အမိုးဖြုတ်ကားနဲ့သယ်ပြီး ပြန်မြှုပ်နှံဖူးတယ်။ ဘုရင့်နောင်တံတားမှာ ကားတန်းစီနေတုန်း ဟိုင်းလက်စ်နောက်မှာ သေချာပတ်ပြီး သယ်လာတဲ့ သူ့အဖေရုပ်အလောင်းကို ဘေး ဘတ်စ်ကားပေါ်က ခရီးသည်တွေမြင်ပြီး

ထိတ်လန့်တကြား ဝိုင်းအော်ကြတယ်လို့ အဲ့သူငယ်ချင်းက ပြောပြဖူးတယ်။ သူနဲ့ အတူပါလာတဲ့ မိန်းကလေးအုပ်စု ဘယ်သူမှ သူတို့အဖိုး အလောင်းနား မကပ်ရဲကြဖူးတဲ့။ ထိန်ပင်မှာ အလောင်းပြန်မြှုပ်တာ သစ်ပင်အကွယ် ခပ်လှမ်းလှမ်းကနေ ဝိုင်းကြည့်နေကြတယ်တဲ့။

ကြံတောသင်းချိုင်း မဖျက်ခင် သင်းချိုင်းနဲ့ မျက်နှာခြင်းဆိုင် ဟံသာဝတီလမ်းမပေါ်မှာ အခေါင်းအမျိုးမျိုး အရောင်းဆိုင်ရှိတယ်။ အသုဘ နာရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းအရောင်းဆိုင်များ ရှိတယ်။ နာရေးယပ်တောင် အမျိုးမျိး အော်ဒါလက်ခံတဲ့ဆိုင်များ ရှိခဲ့တယ်။

နာရေးကား အမျိုးမျိုးရှိပြီး “ဦးပန်ချာ” နဲ့ “ဦးဧမောင်” နာရေးကား အငှားလုပ်ငန်းက ရန်ကုန်တမြို့လုံး မသိသူ မရှိဘူး။ အင်္ဂလန် အမေရိကန်လုပ် ဇိမ်ခံကားကြီးပေါ်မှာ အလောင်းထည့် မှန်ခန်းကို ကျွန်းသစ် အကောင်းစားနဲ့ တည်ဆောက်ထားပြီး

မြန်မာ့ရိုးရာ ပန်းပွတ်၊ ပန်းခက်၊ ပန်းနွယ် အမျိုးမျိုးနဲ့ နာရေးအသုဘကားကို မွန်းမံပြင်ဆင်ထားကြတယ်။ နာရေးကား အကောင်းစား အများစုက… အဲ့ဒီခေတ် သံရုံးလေလံကားများ ဖြစ်တယ်။ နာရေးကား အငှားပိုင်ရှင် “ဦးပန်ချာ” သားနဲ့ သူငယ်ချင်းများဟာ…

ညပိုင်းမှာ နာရေးကား အလောင်းထည့်မှန်ခန်းနဲ့ သစ်သားပန်းခက် ပန်းနွယ်များကို ဖြုတ်ချပြီး ဇိမ်ခံကား အကောင်းစားကြီးနဲ့ ညကလပ်များ သွားလည်လေ့ ရှိတယ်လို့ ရန်ကုန်မြို့မှာ ကောလဟလ အတော် ပြန့်ခဲ့သေးတယ်။

၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာ အခမဲ့ နာရေးကူညီမှုအသင်းကြီးကို စာရေးဆရာ ဒါရိုက်တာဦးသုခ ဦးဆောင်ပြီး ဒေါ်သန်းမြင့်အောင် ရုပ်ရှင်မင်းသားကျော်သူ တို့လို လူသိထင်ရှား ပရဟိတသမားများနဲ့ တည်ထောင်ဖွဲ့စည်းခဲ့တယ်။ လူမျိုးဘာသာမရွေး နာရေးကိစ္စကို

အဖိုးအခ တစုံတရာ ကုန်ကျစရာ မလိုပဲ အသင်းကြီးမှ ကူညီဆောင်ရွက်ပေးနေတယ်။ အသင်းတည်ထောင်ပြီးချိန်မှ နာရေးနှစ်သိန်းကျော် ကူညီပေးခဲ့ပြီးဖြစ်တယ်။ ၂၀၂၁ မတ်လမှ စပြီး လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ အခမဲ့ နာရေးကူညီမှုအသင်းကြီး၏ နာရေး ကူညီမှုများကို

ဆက်လက် တာဝန်ယူထားပါတယ်။ ကမ္ဘာမှာ အသုဘအခမ်းအနားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းခန့်က ပြုလုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတသောင်းခန့်က သင်းချိုင်းကို အစ္စရေးနိုင်ငံ Qafzeh ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ

ကမ္ဘာ့ရှေးအကျဆုံး သင်းချိုင်းမြေကို နယ်သာလန်နိုင်ငံမှာ ရှာတွေ့ခဲ့တယ်။ သေဆုံးသူ အသက်ရှိစဉ် သုံးစွဲခဲ့တဲ့ ပစ္စည်းကရိယာများကို တိရိစ္ဆာန်အရိုးနဲ့အတူ မြေမြှုပ်သင်္ဂြိုလ်ခဲ့တာပါ။

ခရက်ဒစ်#လွင်ဦး (ရန်ကင်း)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*