သင့္ကို ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္ဖို႕တြန္းပို႔ႏိုင္မယ့္ အခ်က္.. (၅)ခ်က္

သင့္ကို ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္ဖို႕တြန္းပို႔ႏိုင္မယ့္ အခ်က္.. (၅)ခ်က္
သင့္ကို ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္ဖို႕တြန္းပို႔ႏိုင္မယ့္ အခ်က္.. (၅)ခ်က္

သင့္ကို ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္ဖို႕တြန္းပို႔ႏိုင္မယ့္ အခ်က္.. (၅)ခ်က္

လူတစ္ေယာက္မွာ အေရးႀကီးဆုံးအခ်က္က… ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိသင့္တဲ့ အခ်က္လို႔ ထင္ပါတယ္။လူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိမေနဘူးဆိုရင္..

ကိုယ္လုပ္တဲ့ အလုပ္ေတြမွာလည္း မယုံၾကည္တတ္တဲ့စိတ္က ႀကီးစိုးေန တဲ့အခါ.. အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္တတ္ပါတယ္။ ယုံၾကည္မႈက မျဖစ္ႏိုင္ဘူးလို႔ ထင္တဲ့အရာေတြကို ျဖစ္လာေအာင္

လုပ္ေဆာင္ေပးမွာပဲ ျဖစ္ပါတယ္ေနာ္။ ဒါေလးေတြကို ဂ႐ုစိုက္လိုက္႐ုံနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ျမင့္မားသူ တစ္ေယာက္ ျဖစ္လာေစမွာပါ။

(၁) ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္ ကို ဂ႐ုစိုက္ပါ…

လူတစ္ေယာက္မွာ ႐ုပ္ရည္သြင္ျပင္က ပထမလို႔ ေျပာလို႔ရ ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕ဆုံၾကတဲ့အခါ… ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္ကို ၾကည့္ၿပီး ဆုံးျဖတ္ တတ္ၾကပါတယ္။ ဒါေၾကာင့္..

ကိုယ့္ရဲ႕ ဝတ္စားဆင္ယင္ပုံ၊ အျပင္အဆင္ေတြက လူတစ္ေယာက္ရဲ႕ ယုံၾကည္မႈကို တိုးေစပါတယ္။ မျပင္မဆင္ပဲေနတဲ့အခါ.. ကိုယ့္ကိုယ္ကို ယုံၾကည္မႈ မရွိတတ္တာက လူတိုင္း ျဖစ္တတ္ ပါတယ္ေနာ္။

ဒါေၾကာင့္ အျပင္သြားတဲ့အခါေတြမွာ သပ္သပ္ရပ္ရပ္ ဝတ္စားဆင္ယင္ျခင္းက သင့္ကို ယုံၾကည္မႈ ပိုရွိ ေစပါတယ္။

(၂) အမူအရာတစ္ခ်ိဳ႕ကို ေျပာင္းလဲသင့္ရင္ ေျပာင္းလဲပါ…

လူတိုင္းမွာ ေျပာင္းလဲသင့္တဲ့ အမူအရာတစ္ခ်ိဳ႕ ရွိလို႔ ေနပါ တယ္။ ကိုယ့္ကိုယ္ကို မႏွစ္သက္တဲ့ အမူအရာ၊ ကိုယ့္ကိုယ္ ယုံၾကည္မႈ မရွိဘူးလို႔ ထင္ရေစတဲ့ အမူအရာ တစ္ခ်ိဳ႕ကို ေျပာင္းလဲလိုက္ပါ။ ဥပမာ…

လက္သည္း ကိုက္တတ္တဲ့ အက်င့္၊ စကားေျပာတဲ့အခါ ေျပာရဲဆိုရဲ မရွိတဲ့ အက်င့္… စသျဖင့္ ယုံၾကည္မႈမဲ့ ေစတဲ့ အမူအက်င့္တစ္ခ်ိဳ႕ကို ေျပာင္းလဲ သင့္ပါတယ္။ ဒါေတြက သင့္ကို ယုံၾကည္မႈ ျမင့္မားသူအျဖစ္ မျမင္ရေစပါဘူး။

(၃) အားနာတတ္တဲ့အက်င့္ကို ေဖ်ာက္ပါ…

အားနာတတ္တယ္ဆိုတာ တကယ္တမ္းမွာေတာ့… တျဖည္း ျဖည္းနဲ႔ ယုံၾကည္မႈ ေလ်ာ့နည္းလာ ေစတာပါပဲ။ တစ္ဖက္သား အေပၚ အားနာလြန္း အားႀကီးတဲ့အခါ အသုံးခ်ခံျဖစ္ သြားေစတတ္ပါတယ္။ ဒါေၾကာင့္..

ကိုယ့္အတြက္ အဆင္မေျပတဲ့ ကိစၥ၊ ကိုယ္ မလုပ္ေပးႏိုင္တဲ့ ကိစၥေတြကို ရဲရဲဝံ့ဝံ့ ျငင္းဆိုပါ။ ဒါက.. သင့္ကို ယုံၾကည္မႈ ပိုရွိလာၿပီး ေနထိုင္ရတာ ပို အဆင္ေျပလာပါလိမ့္မယ္။

(၄) ကိုယ့္ကိုယ္ကို challenge လုပ္ပါ…

လူေတြဟာ တစ္ျခားသူေတြကို လိုက္ၿပိဳင္ဆိုင္တာေတြ လုပ္တတ္ပါတယ္။ တကယ္တမ္းမွာေတာ့… ဒါဟာ တကယ့္ကို မွားယြင္းျခင္း တစ္မ်ိဳး ပါပဲ။ သူမ်ားေတြကို ၿပိဳင္ဆိုင္ေနတာထက္…

ကိုယ့္ကိုယ္ကို ၿပိဳင္ဆိုင္တာကမွ အေကာင္းဆုံးေသာ နည္းလမ္း ျဖစ္ပါတယ္။ အရင္ႏွစ္ကနဲ႔ ဒီႏွစ္မွာကိုယ္ဘာေတြ ေျပာင္းလဲသြားခဲ့တယ္၊ ကိုယ္ ဘာေတြကို ျဖစ္ေအာင္ လုပ္ဖို႔ လိုအပ္တယ္ စသျဖင့္..

ကိုယ့္ကိုယ္ကို ၿပိဳင္ပါ။ ဒါက.. သင့္ကို ပို ေကာင္းမြန္တဲ့သူတစ္ေယာက္ ျဖစ္လာၿပီး ကိုယ့္ရဲ႕လုပ္ ေဆာင္ႏိုင္စြမ္းေတြ အတြက္ ယုံၾကည္မႈလည္း တိုးလာမွာ ျဖစ္ပါတယ္။

(၅) ကိုယ့္ကိုယ္ကို အဆိုးျမင္တတ္တဲ့ စိတ္ကို ျပင္ပါ…

လူေတြမွာ ကိုယ့္ကိုယ္ကို အဆိုးျမင္တတ္တဲ့ စိတ္က တကယ့္ကို ဆိုးဝါး ပါတယ္။ ဒါဟာ.. ယုံၾကည္မႈ ေပ်ာက္ဆုံးဖို႔ အဓိကလမ္းစပဲ ျဖစ္ပါတယ္။ ငါက ႐ုပ္ဆိုးတယ္၊ ငါက အျဖစ္ မရွိဘူး၊ ငါက မေတာ္ဘူး စသျဖင့္..

ကိုယ့္ကိုယ္ကို အားငယ္ စိတ္ပ်က္ေနတတ္ ပါတယ္။ ကိုယ့္ကိုယ္ကိုေတာင္ ယုံ ၾကည္မႈ မရွိရင္… တစ္ျခားသူက ကိုယ့္ကို ယုံၾကည္လာဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီလိုစိတ္ေတြ ကို ေဖ်ာက္ပစ္ပါ။

ကိုယ့္ကိုယ္ကို အေကာင္းဆုံးလို႔ မွတ္ယူထားျခင္းက… သင့္ကို ယုံၾကည္မႈ ျမင့္မားတဲ့သူတစ္ေယာက္အျဖစ္ကို ေရာက္ရွိေစပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သင့်ကို အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့တွန်းပို့နိုင်မယ့် အချက်.. (၅)ချက်

လူတစ်ယောက်မှာ အရေးကြီးဆုံးအချက်က… ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသင့်တဲ့ အချက်လို့ ထင်ပါတယ်။လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမနေဘူးဆိုရင်..

ကိုယ်လုပ်တဲ့ အလုပ်တွေမှာလည်း မယုံကြည်တတ်တဲ့စိတ်က ကြီးစိုးနေ တဲ့အခါ.. အလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။ ယုံကြည်မှုက မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို ဖြစ်လာအောင်

လုပ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်နော်။ ဒါလေးတွေကို ဂရုစိုက်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားသူ တစ်ယောက် ဖြစ်လာစေမှာပါ။

(၁) ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင် ကို ဂရုစိုက်ပါ…

လူတစ်ယောက်မှာ ရုပ်ရည်သွင်ပြင်က ပထမလို့ ပြောလို့ရ ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြတဲ့အခါ… ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ် တတ်ကြပါတယ်။ ဒါကြောင့်..

ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံ၊ အပြင်အဆင်တွေက လူတစ်ယောက်ရဲ့ ယုံကြည်မှုကို တိုးစေပါတယ်။ မပြင်မဆင်ပဲနေတဲ့အခါ.. ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတတ်တာက လူတိုင်း ဖြစ်တတ် ပါတယ်နော်။

ဒါကြောင့် အပြင်သွားတဲ့အခါတွေမှာ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ခြင်းက သင့်ကို ယုံကြည်မှု ပိုရှိ စေပါတယ်။

(၂) အမူအရာတစ်ချို့ကို ပြောင်းလဲသင့်ရင် ပြောင်းလဲပါ…

လူတိုင်းမှာ ပြောင်းလဲသင့်တဲ့ အမူအရာတစ်ချို့ ရှိလို့ နေပါ တယ်။ ကိုယ့်ကိုယ်ကို မနှစ်သက်တဲ့ အမူအရာ၊ ကိုယ့်ကိုယ် ယုံကြည်မှု မရှိဘူးလို့ ထင်ရစေတဲ့ အမူအရာ တစ်ချို့ကို ပြောင်းလဲလိုက်ပါ။ ဥပမာ…

လက်သည်း ကိုက်တတ်တဲ့ အကျင့်၊ စကားပြောတဲ့အခါ ပြောရဲဆိုရဲ မရှိတဲ့ အကျင့်… စသဖြင့် ယုံကြည်မှုမဲ့ စေတဲ့ အမူအကျင့်တစ်ချို့ကို ပြောင်းလဲ သင့်ပါတယ်။ ဒါတွေက သင့်ကို ယုံကြည်မှု မြင့်မားသူအဖြစ် မမြင်ရစေပါဘူး။

(၃) အားနာတတ်တဲ့အကျင့်ကို ဖျောက်ပါ…

အားနာတတ်တယ်ဆိုတာ တကယ်တမ်းမှာတော့… တဖြည်း ဖြည်းနဲ့ ယုံကြည်မှု လျော့နည်းလာ စေတာပါပဲ။ တစ်ဖက်သား အပေါ် အားနာလွန်း အားကြီးတဲ့အခါ အသုံးချခံဖြစ် သွားစေတတ်ပါတယ်။ ဒါကြောင့်..

ကိုယ့်အတွက် အဆင်မပြေတဲ့ ကိစ္စ၊ ကိုယ် မလုပ်ပေးနိုင်တဲ့ ကိစ္စတွေကို ရဲရဲဝံ့ဝံ့ ငြင်းဆိုပါ။ ဒါက.. သင့်ကို ယုံကြည်မှု ပိုရှိလာပြီး နေထိုင်ရတာ ပို အဆင်ပြေလာပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကို challenge လုပ်ပါ…

လူတွေဟာ တစ်ခြားသူတွေကို လိုက်ပြိုင်ဆိုင်တာတွေ လုပ်တတ်ပါတယ်။ တကယ်တမ်းမှာတော့… ဒါဟာ တကယ့်ကို မှားယွင်းခြင်း တစ်မျိုး ပါပဲ။ သူများတွေကို ပြိုင်ဆိုင်နေတာထက်…

ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်တာကမှ အကောင်းဆုံးသော နည်းလမ်း ဖြစ်ပါတယ်။ အရင်နှစ်ကနဲ့ ဒီနှစ်မှာကိုယ်ဘာတွေ ပြောင်းလဲသွားခဲ့တယ်၊ ကိုယ် ဘာတွေကို ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ် စသဖြင့်..

ကိုယ့်ကိုယ်ကို ပြိုင်ပါ။ ဒါက.. သင့်ကို ပို ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်လာပြီး ကိုယ့်ရဲ့လုပ် ဆောင်နိုင်စွမ်းတွေ အတွက် ယုံကြည်မှုလည်း တိုးလာမှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့ စိတ်ကို ပြင်ပါ…

လူတွေမှာ ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့ စိတ်က တကယ့်ကို ဆိုးဝါး ပါတယ်။ ဒါဟာ.. ယုံကြည်မှု ပျောက်ဆုံးဖို့ အဓိကလမ်းစပဲ ဖြစ်ပါတယ်။ ငါက ရုပ်ဆိုးတယ်၊ ငါက အဖြစ် မရှိဘူး၊ ငါက မတော်ဘူး စသဖြင့်..

ကိုယ့်ကိုယ်ကို အားငယ် စိတ်ပျက်နေတတ် ပါတယ်။ ကိုယ့်ကိုယ်ကိုတောင် ယုံ ကြည်မှု မရှိရင်… တစ်ခြားသူက ကိုယ့်ကို ယုံကြည်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီလိုစိတ်တွေ ကို ဖျောက်ပစ်ပါ။

ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့ မှတ်ယူထားခြင်းက… သင့်ကို ယုံကြည်မှု မြင့်မားတဲ့သူတစ်ယောက်အဖြစ်ကို ရောက်ရှိစေပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*