အပင္ကို အိုးျဖင့္ စိုက္မည့္သူမ်ားအတြက္ ေျမေရာစပ္နည္း…

အပင္ကို အိုးျဖင့္ စိုက္မည့္သူမ်ားအတြက္ ေျမေရာစပ္နည္း...
အပင္ကို အိုးျဖင့္ စိုက္မည့္သူမ်ားအတြက္ ေျမေရာစပ္နည္း...

အပင္ကို အိုးျဖင့္ စိုက္မည့္သူမ်ားအတြက္ ေျမေရာစပ္နည္း…

အပင္ကို အိုးျဖင့္ စိုက္မည့္မိတ္ေဆြမ်ားအတြက္ မစိုက္ခင္ မျဖစ္မေန သိသင့္တဲ့ ေျမေရာစပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ေျမေဆြးဆိုတာ… သစ္႐ြက္တို႔ ေျမနဲ႔ အတူ ေဆြးေျမ့ေရာေႏွာသြားေသာေျမဟု ေယဘူယ် ေခၚရင္ ရပါတယ္။ အာ့လို ေျမေဆြး မရပါက သစ္႐ြက္မ်ား ဖုံးလႊမ္းခံရေသာေျမကို

အေပၚယံ သုံးလက္မထုေလာက္ လႊာ၍ ကီလို ၁၀၀ေလာက္ ယူပါ။ (ဘိလပ္ေျမ အိတ္တစ္လုံး ကီလို ၅၀ ရွိပါသည္)

၂။ ဆန္ေဆးရည္ ပထမေဆးေသာ ေရကို ဗူး (သို႔) ေျမအိုးတြင္ ထည့္၍ အနည္းဆုံး သုံးရက္ ထားပါ။ ၇ လီတာမွ ၁၀လီတာ။

၃။ ထန္းလ်က္ အမည္း (အရက္ခ်က္ရာတြင္သုံး ) အမည္း မရပါက ေရသာ ထန္းလ်က္၂၅က်ပ္သားေလာက္ ကို ႏွစ္လီတာေလာက္ ရေအာင္ေရစပ္၍ ႀကိဳပါ။ ဗူးထဲ ထည့္၍ သုံးရက္ေလာက္ သိမ္းထားပါ။ ေျမ ကီလို ၁၀၀ေလာက္ အသုံးျပဳရပါသည္။

၄။ ႏြားေခ်း ၊ လင္းႏို႔ေခ်း ၊ ၾကက္ေခ်း ၊ ခိုေခ်း သင့္ရာ တိရိစာၦန္ေခ်းကို ေျခထားပါ။ ႏွစ္ျပည္မွ ေလးျပည့္ အထိ ထည့္သုံးႏိုင္ပါသည္။ အလြယ္မရ မထည့္နဲ႔ေပါ့။ ေဟာင္း/ သစ္ ႏွစ္မ်ိဳးလုံး သုံးလို႔ ရပါသည္။

ထို႔ျပင္ ျပာ ႏို႔ဆီဗူး ၃ဗူး မွ ၅ ဗူး ၊ ထုံး ႏို႔ဆီဗူး ၂ မွ ၄ ဗူး ၾကက္ဥ ၊ ဘဲဥခြံမ်ား ညႇက္စြာေထာင္းထားပါ။၂၀ မွ ၄၀ ၿခံ သစ္သီး အမွည့္လြန္မ်ားလည္း ေျခ၍ ထည့္ႏိုင္ပါသည္ ။

ဥပမာ… သေဘၤသီ ၊ ပန္းသီး၊ နာနတ္သီး၊ ငွက္ေပ်ာ္သီး ေစသာ အမွည့္လြန္သစ္သီး/ ပုပ္ စသည္မ်ား သင့္သလို ထည့္ႏိုင္ပါသည္။ မရက မထည့္႐ုံသာ။ ေဆြးေျမ့ေနေသာ မည္သည့္ သစ္႐ြက္ေျမေဆြးမဆို ရပါတယ္။

၂ ျပည္ မြ ၅ ျပည္ထိ ထည့္ႏိုင္ပါသည္။ ထိုစီမံထားေသာ အရာတို႔ကို ႏွံ႔ေအာင္ သမ၍ ငွက္ေပ်ာ႐ြက္ဆိုလွ်င္ ပိုေကာင္း အုပ္ေပးထားပါ။ မည့္သည့္ အ႐ြက္ႏွင့္မဆို တစ္ပတ္ ဆယ္ရက္ခန႔္ အုပ္ေပးပါ။

ဆယ္ရက္ျပည့္လွ်င္ စိုက္ပ်ိဳးရန္ ေျမ ရပါၿပီ။ ထိုသမ၍ ႏွပ္ထားေသာေျမအား ျပန္လည္ ေရာေမႊသမ၍ လိုသလို စိုက္ပ်ိဳးႏိုင္ပါသည္။ ေအာင္ျမင္ျဖစ္ထြန္းၾကပါေစ

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အပင်ကို အိုးဖြင့် စိုက်မည့်သူများအတွက် မြေရောစပ်နည်း…

အပင်ကို အိုးဖြင့် စိုက်မည့်မိတ်ဆွေများအတွက် မစိုက်ခင် မဖြစ်မနေ သိသင့်တဲ့ မြေရောစပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

၁။ မြေဆွေးဆိုတာ… သစ်ရွက်တို့ မြေနဲ့ အတူ ဆွေးမြေ့ရောနှောသွားသောမြေဟု ယေဘူယျ ခေါ်ရင် ရပါတယ်။ အာ့လို မြေဆွေး မရပါက သစ်ရွက်များ ဖုံးလွှမ်းခံရသောမြေကို

အပေါ်ယံ သုံးလက်မထုလောက် လွှာ၍ ကီလို ၁၀၀လောက် ယူပါ။ (ဘိလပ်မြေ အိတ်တစ်လုံး ကီလို ၅၀ ရှိပါသည်)

၂။ ဆန်ဆေးရည် ပထမဆေးသော ရေကို ဗူး (သို့) မြေအိုးတွင် ထည့်၍ အနည်းဆုံး သုံးရက် ထားပါ။ ၇ လီတာမှ ၁၀လီတာ။

၃။ ထန်းလျက် အမည်း (အရက်ချက်ရာတွင်သုံး ) အမည်း မရပါက ရေသာ ထန်းလျက်၂၅ကျပ်သားလောက် ကို နှစ်လီတာလောက် ရအောင်ရေစပ်၍ ကြိုပါ။ ဗူးထဲ ထည့်၍ သုံးရက်လောက် သိမ်းထားပါ။ မြေ ကီလို ၁၀၀လောက် အသုံးပြုရပါသည်။

၄။ နွားချေး ၊ လင်းနို့ချေး ၊ ကြက်ချေး ၊ ခိုချေး သင့်ရာ တိရိစ္ဆာန်ချေးကို ခြေထားပါ။ နှစ်ပြည်မှ လေးပြည့် အထိ ထည့်သုံးနိုင်ပါသည်။ အလွယ်မရ မထည့်နဲ့ပေါ့။ ဟောင်း/ သစ် နှစ်မျိုးလုံး သုံးလို့ ရပါသည်။

ထို့ပြင် ပြာ နို့ဆီဗူး ၃ဗူး မှ ၅ ဗူး ၊ ထုံး နို့ဆီဗူး ၂ မှ ၄ ဗူး ကြက်ဥ ၊ ဘဲဥခွံများ ညှက်စွာထောင်းထားပါ။၂၀ မှ ၄၀ ခြံ သစ်သီး အမှည့်လွန်များလည်း ခြေ၍ ထည့်နိုင်ပါသည် ။

ဥပမာ… သင်္ဘေသီ ၊ ပန်းသီး၊ နာနတ်သီး၊ ငှက်ပျော်သီး စေသာ အမှည့်လွန်သစ်သီး/ ပုပ် စသည်များ သင့်သလို ထည့်နိုင်ပါသည်။ မရက မထည့်ရုံသာ။ ဆွေးမြေ့နေသော မည်သည့် သစ်ရွက်မြေဆွေးမဆို ရပါတယ်။

၂ ပြည် မွ ၅ ပြည်ထိ ထည့်နိုင်ပါသည်။ ထိုစီမံထားသော အရာတို့ကို နှံ့အောင် သမ၍ ငှက်ပျောရွက်ဆိုလျှင် ပိုကောင်း အုပ်ပေးထားပါ။ မည့်သည့် အရွက်နှင့်မဆို တစ်ပတ် ဆယ်ရက်ခန့် အုပ်ပေးပါ။

ဆယ်ရက်ပြည့်လျှင် စိုက်ပျိုးရန် မြေ ရပါပြီ။ ထိုသမ၍ နှပ်ထားသောမြေအား ပြန်လည် ရောမွှေသမ၍ လိုသလို စိုက်ပျိုးနိုင်ပါသည်။ အောင်မြင်ဖြစ်ထွန်းကြပါစေ

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*