လူဆိုတာ အားလြန္းေနရင္ ပ်က္စီးတတ္တယ္…

လူဆိုတာ အားလြန္းေနရင္ ပ်က္စီးတတ္တယ္...
လူဆိုတာ အားလြန္းေနရင္ ပ်က္စီးတတ္တယ္...

လူဆိုတာ အားလြန္းေနရင္ ပ်က္စီးတတ္တယ္…

နားနားေနေန ရွိပါေစဆိုေပမဲ့… အားလြန္းရင္ေတာ့ ပ်က္စီးတတ္တယ္။ နားေနလြန္းရင္ ဒုကၡျဖစ္တတ္တယ္။ လူရဲ႕ သေဘာ သဘာဝအရ… အားရင္းအားရင္းနဲ႔ တြန္းအား ကင္းမဲ့သြားပါတယ္။ အက်င့္ဆိုးေတြ စြဲကပ္ လာတယ္။

ဖုန္းပြတ္တယ္။ ဂိမ္းပစ္တယ္။ facebook မွာ ေရွာက္ဖြတယ္။ ဆိုင္တာ မဆိုင္တာ ဝင္ဆဲလိုက္ေသးတယ္။ အပ်င္းထူလာတယ္၊ စားခ်ိန္ေသာက္ခ်ိန္ ပ်က္လာတယ္။ တိုးတက္မႈ မရွာေဖြခ်င္ေတာ့ဘူး၊

သာမာန္ ေနထိုင္မႈဘဝ ဖ်က္ဆီးပစ္လိုက္တယ္။ ဇိမ္က်က် ေနထိုင္တယ္။ နားနားေနေန ရွိတယ္။ အခ်ိန္ပိုေတြ မ်ားတယ္။ လုပ္စရာ မယ္မယ္ရရ မရွိဘူး၊ အၿမဲတမ္း အားေနတတ္တယ္။ ေတာင္ေတြးေျမာက္ေတြး ေတြးတယ္။

ေတြးရင္း… ေတြးရင္းနဲ႔ စိမ္ မခ်မ္းသာေတာ့ဘူး၊ စိတ္လႈပ္ရွား ခံစားမႈေတြ မ်ားလာတယ္။ ေမေက်မခ်မ္းေတြ ျဖစ္လာတယ္။ လူဆိုတာ.. အားလြန္းေနရင္ ျပႆနာမရွိရင္ ျပႆနာရွာတယ္။ စကားေျပာေဖာ္ ရွာခ်င္လာတယ္။

ေတာင္ေျပာ ေျမာက္ေျပာ ေျပာလာတယ္။ သူမ်ားအေၾကာင္း၊ ကိုယ့္အေၾကာင္း၊ ေကာင္းတာေတြ၊ မေကာင္းတာေတြ… ေျပာရင္း ေျပာရင္းနဲ႔ ခံစားမႈေတြ ဝင္လာတယ္။ အျမင္ေတြ ေျပာင္းလာတယ္။

သေဘာထား ငယ္လာတယ္။ အျမင္ က်ဥ္းလာတယ္။ တစ္ျဖည္းျဖည္းခ်င္း… လူေတြနဲ႔ ေဝးလာတယ္။ တိုးတက္ခ်င္စိတ္ ေပ်ာက္ဆုံးသြားတယ္။ စဥ္းစားဉာဏ္ေတြ ထိုင္းမိုင္းသြားတယ္။

ထိုးေဖါက္ခ်င္စိတ္ ကင္းေဝးသြားတယ္။ စိန္ေခၚမႈေတြ၊ အခက္အခဲေတြ လုံးဝ မရင္ဆိုင္ခ်င္ေတာ့ဘူး၊ တျဖည္းျဖည္းနဲ႔ အပယ္ခံဘဝ ျဖစ္သြားတယ္။

ဒါေၾကာင့္မို႔လို႔… လူရယ္လို႔ ျဖစ္လာရင္ နားနားေနေန သိပ္မေနရဘူး။ ျပင္ပေလာကမွာ ဒုကၡႀကဳံရင္ႀကဳံပါေစ၊ အိမ္တြင္းေအာင္းၿပီး ခံစားခ်က္ မ်ားေနတာမ်ိဳး မျဖစ္ပါေစႏွဲ႔၊

အျပင္မွာ ပင္ပမ္းၿပီး ေသရင္ ေသပါေစ… အိမ္မွာ ပ်င္းရိၿပီး ေသတာမ်ိဳး မျဖစ္ေစပါနဲ႕။ ေယာက္်ားျဖစ္ရင္ ကိုယ့္တာဝန္ ကိုယ္ ယူရဲရမယ္။ မိန္းမျဖစ္ရင္၊ ကိုယ့္ကိုယ္ကို အားကိုးႏိုင္ေအာင္ ႀကိဳးစားႏိုင္ရမယ္။

ေယာ့က္်ားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္၊ အားလြန္းတာမ်ိဳး မျဖစ္သင့္ဘူး။ ဘဝကို ႀကိဳးစားရင္းနဲ႔ပဲ ခရီးသြားခ်င္တယ္။ အက်ိဳးျပဳတာ တစ္ခုခု လုပ္ၿပီး အႏွစ္သာရ ျပည့္ဝခ်င္တယ္။

အားလုံး ေအာင္ျမင္ေပ်ာ္႐ႊင္ႏိုင္ပါေစ# မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

လူဆိုတာ အားလွန်းနေရင် ပျက်စီးတတ်တယ်…

နားနားနေနေ ရှိပါစေဆိုပေမဲ့… အားလွန်းရင်တော့ ပျက်စီးတတ်တယ်။ နားနေလွန်းရင် ဒုက္ခဖြစ်တတ်တယ်။ လူရဲ့ သဘော သဘာဝအရ… အားရင်းအားရင်းနဲ့ တွန်းအား ကင်းမဲ့သွားပါတယ်။ အကျင့်ဆိုးတွေ စွဲကပ် လာတယ်။

ဖုန်းပွတ်တယ်။ ဂိမ်းပစ်တယ်။ facebook မှာ ရှောက်ဖွတယ်။ ဆိုင်တာ မဆိုင်တာ ဝင်ဆဲလိုက်သေးတယ်။ အပျင်းထူလာတယ်၊ စားချိန်သောက်ချိန် ပျက်လာတယ်။ တိုးတက်မှု မရှာဖွေချင်တော့ဘူး၊

သာမာန် နေထိုင်မှုဘဝ ဖျက်ဆီးပစ်လိုက်တယ်။ ဇိမ်ကျကျ နေထိုင်တယ်။ နားနားနေနေ ရှိတယ်။ အချိန်ပိုတွေ များတယ်။ လုပ်စရာ မယ်မယ်ရရ မရှိဘူး၊ အမြဲတမ်း အားနေတတ်တယ်။ တောင်တွေးမြောက်တွေး တွေးတယ်။

တွေးရင်း… တွေးရင်းနဲ့ စိမ် မချမ်းသာတော့ဘူး၊ စိတ်လှုပ်ရှား ခံစားမှုတွေ များလာတယ်။ မေကျေမချမ်းတွေ ဖြစ်လာတယ်။ လူဆိုတာ.. အားလွန်းနေရင် ပြဿနာမရှိရင် ပြဿနာရှာတယ်။ စကားပြောဖော် ရှာချင်လာတယ်။

တောင်ပြော မြောက်ပြော ပြောလာတယ်။ သူများအကြောင်း၊ ကိုယ့်အကြောင်း၊ ကောင်းတာတွေ၊ မကောင်းတာတွေ… ပြောရင်း ပြောရင်းနဲ့ ခံစားမှုတွေ ဝင်လာတယ်။ အမြင်တွေ ပြောင်းလာတယ်။

သဘောထား ငယ်လာတယ်။ အမြင် ကျဉ်းလာတယ်။ တစ်ဖြည်းဖြည်းချင်း… လူတွေနဲ့ ဝေးလာတယ်။ တိုးတက်ချင်စိတ် ပျောက်ဆုံးသွားတယ်။ စဉ်းစားဉာဏ်တွေ ထိုင်းမိုင်းသွားတယ်။

ထိုးဖေါက်ချင်စိတ် ကင်းဝေးသွားတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ လုံးဝ မရင်ဆိုင်ချင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အပယ်ခံဘဝ ဖြစ်သွားတယ်။

ဒါကြောင့်မို့လို့… လူရယ်လို့ ဖြစ်လာရင် နားနားနေနေ သိပ်မနေရဘူး။ ပြင်ပလောကမှာ ဒုက္ခကြုံရင်ကြုံပါစေ၊ အိမ်တွင်းအောင်းပြီး ခံစားချက် များနေတာမျိုး မဖြစ်ပါစေနှဲ့၊

အပြင်မှာ ပင်ပမ်းပြီး သေရင် သေပါစေ… အိမ်မှာ ပျင်းရိပြီး သေတာမျိုး မဖြစ်စေပါနဲ့။ ယောက်ျားဖြစ်ရင် ကိုယ့်တာဝန် ကိုယ် ယူရဲရမယ်။ မိန်းမဖြစ်ရင်၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားနိုင်ရမယ်။

ယော့က်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အားလွန်းတာမျိုး မဖြစ်သင့်ဘူး။ ဘဝကို ကြိုးစားရင်းနဲ့ပဲ ခရီးသွားချင်တယ်။ အကျိုးပြုတာ တစ်ခုခု လုပ်ပြီး အနှစ်သာရ ပြည့်ဝချင်တယ်။

အားလုံး အောင်မြင်ပျော်ရွှင်နိုင်ပါစေ# မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*