ေလ့လာမွတ္သားထားေသာ အသုံးဝင္ေဆးျမီးတိုမ်ား…

ေလ့လာမွတ္သားထားေသာ အသုံးဝင္ေဆးျမီးတိုမ်ား...
ေလ့လာမွတ္သားထားေသာ အသုံးဝင္ေဆးျမီးတိုမ်ား...

ေလ့လာမွတ္သားထားေသာ အသုံးဝင္ေဆးျမီးတိုမ်ား…

(၁) ေခၽြးထြက္မ်ား…ေခၽြးထြက္မ်ားလွ်င္ အငန္ အစပ္ ေလ်ာ့စားပါ။ မ်က္ႏွာ ေခၽြးထြက္မ်ားလွ်င္ မိတ္ကပ္ မလိမ္းပါႏွင့္… သနပ္ခါးအျမစ္ကို သံပုရာရည္နဲ႔ ေရာေသြးလိမ္းပါ။ ေန႔ မလိမ္းျဖစ္လ်င္ ညဖက္လိမ္း အိပ္ပါ ။

မ်က္နာသစ္လွ်င္ မ်က္ႏွာသစ္ေဆးတြင္ ဆားအနည္းငယ္ေရာထည့္ၿပီး သစ္ပါ။ ရွားေစာင္းလက္ပတ္ အႏွစ္နဲ႔ မ်က္ႏွာကို ပြတ္လိမ္းေပးပါ။

(၂) တင္းတိတ္… အရက္ ဘီယာ ေလွာ္စာမ်ား မတည့္ပါ။ ထန္းရည္ မတည့္သည့္အျပင္ ထန္းလ်က္နဲ႔ေတာင္ မတည့္ပါ။ ထန္းလ်က္က သံဓာတ္မ်ားလို႔ တင္းတိတ္ကို ပိုမည္းေစတယ္ ။

တင္းတိတ္ထြက္လၽွင္ ရွားေစာင္းလက္ပတ္အႏွစ္ကို ပ်ားရည္နဲ႔ေရာေခါက္ မ်က္ႏွာမွာ လိမ္းထား… ခဏၾကာ မ်က္ႏွာသစ္ၿပီး သနပ္ခါးကို သံပုရာရည္နဲ႔ ေရာ ေသြးလိမ္းပါ။

(၃) ရင္က်ပ္ျဖစ္ေနၿပီး ဇက္ေတာင့္ မူးေဝလွ်င္

မုန္ညင္းဆီထဲ ကြမ္းရြက္ေခ်ထည့္ၿပီး မီးနဲ႔ခ်က္ပါ – ရင္ဘတ္နဲ႔ ဇက္မွာလိမ္းပါ။ စပါးလင္ အျမစ္ကိုေထာင္း အရည္ညႇစ္ ၁ ဇြန္း တိုက္ေပးပါ ။အခ်ဳိမုန္႔ အခ်ဳိရည္မ်ား မစားရ မေသာက္ရပါ။

(၄) ပါးစပ္ (အာခံတြင္း) နံျခင္း

ေလးညႇင္းပြင့္ဝါးေပးပါ။ တမာရြက္နဲ႔ ဆားျပဳတ္ရည္ ငုံေပးပါ။ ည အိပ္ခါနီး မန္က်ည္းမွည့္ေဖ်ာ္ရည္ထဲ ဆားခါး ၁ဇြန္း ထည့္ေဖ်ာ္ေသာက္ပါက အပုပ္ ကင္းစင္ေစပါတယ္။

ဂုံခါးအမူန္႔ကို ထမင္းစားၿပီးတိုင္း အနည္းငယ္ လ်က္ေပးပါက ခံတြင္းပုပ္အနံ႔ သက္သာေစတယ္။ ေရွာက္ရည္နဲ႔ ပ်ားရည္ ေရာစပ္ေဖ်ာ္ၿပီး လ်က္ေပးပါက ခံတြင္းနံ႔ေကာင္းေစသည္။

ဆီးျဖဴသီးကိုဝါးၿပီးငုံထားပါက ခံတြင္းအနံ႔ေကာင္းေစသည္။ မက္ေလခ်ဥ္လ်က္ဆား လ်က္ေပးပါက ခံတြင္းပုပ္ေစာ္နံျခင္း သက္သာေစသည္။ လိေမၼာ္သီးအခြံကို လ်က္ဆားျဖင့္တို႔၍ စားပါက ခံတြင္းပုပ္ေရာဂါ သက္သာေစသည္။

(၅) အသက္ ၆၀ ေက်ာ္ ဆီး ဝမ္းမထိန္းႏိုင္လွ်င္

ေထာပတ္ထမင္း ခ်က္စားပါ (သို႔ )ထမင္းပူပူကိုေထာပတ္နဲ႔နယ္ ငါးေၾကာ္ (သို႔) အသားေၾကာ္နဲ႔ စားပါ။ ေကာက္ညႇင္းငခ်ိတ္ေပါင္းကုိ ႏွမ္းဆီရြဲရြဲနဲ႔ နယ္စားရင္လည္း ခ်ဳပ္ေစတယ္လို႔ ဆရာႀကီးမ်ားက ဓာတ္စာ ေပးပါတယ္။

ဟင္းရည္ေသာက္ျခင္း ေရစိမ္း ေရေအး ေသာက္ျခင္းကို ေရွာင္ပါ လုံးဝ မေသာက္ပါနဲ႔… ေရေႏြးၾကမ္း အဖန္ရည္ေသာက္ပါ။ ျမင္းခြာ ႏြယ္ပင္ကို ထန္းလ်က္နဲ႔ က်ဳိေသာက္ရင္လည္း ဝမ္းထိန္းပါတယ္။

(၆) အသားအရမ္းယားျခင္း

ၾကက္သြႏ္ု မီးဖုတ္စားပါ ဥေသးဆို ၂ လုံး – ဥ ၁ လုံးဆိုရင္ ၇ ခု သို႔မဟုတ္ ၉ ဥ စားပါ။ တမာရြက္ျပဳတ္ရည္နဲ႔ ေရခ်ဳိးပါ။ ကရမက္နဲ႔ဆားေသြးလိမ္းပါ။

ယားယံျခင္းက ေလကင္း (နရသုခိ) မွတ္ရာ ေလစာေရွာင္ပါ – ဥပမာ ..မၽွစ္၊ မွ်စ္ခ်ဥ္၊ ကုလားပဲ၊ မိူ၊ ကိုက္လန္၊ ပန္းေဂၚဖီ၊ ေၾကာင္လွ်ာသီး၊ ၾကက္ဟင္းခါးသီး၊

ဝက္သား၊ ပင္လယ္စာ၊ အုန္းထမင္း၊ ဒံေပါက္၊ လက္ဖက္ခ်ဥ္စပ္၊ ေရခဲေရ၊ ေရခဲရိုက္ အစားအစာမ်ား ေကာက္ညႇင္း၊ ေကာက္ညႇင္းနဲ႔ လုပ္ေသာမုန္႔မ်ား ေရွာင္ပါ။

ေနေရာင္ျခည္မရေသာေနရာတြင္ေနလၽွင္ ပိုယားတတ္ပါသည္။ ေနမထြက္လွ်င္ အင္ဖက္ မီးလူံ ဟု ေရွးလူႀကီးမ်ားက ေျပာပါသည္။

(၇) မ်က္စိနာ မ်က္လုံးဖူးေရာင္ျခင္း

က်ားမႏိုင္ ႏြယ္ျမစ္ ေသြးလူးပါ – မန္က်ည္းပင္အေခါက္ ကိုေသြးလိမ္းပါ – ရွားေစာင္းလက္ပပ္ ကပ္ေပးရင္လည္း ရပါတယ္။ မ်က္စိဆရာဝန္ မျပႏိုင္ေသးရင္ ဆားရည္ၾကည္ခပ္ေပးပါ။ေရွးကလူႀကီးမ်ားက မ်က္စိ နီရဲေနလၽွင္ မိခင္ႏို႔ရည္ကုိ ခပ္ေပးေလ့ရွိပါတယ္။

(၈) အသားအေရအျမဲပူၿပီး ပိန္ေနသူ

ရွားေစာင္းလက္ပပ္အႏွစ္ကို သၾကားနဲ႔ေခါက္စားပါ – ေရထဲမွာ ဆားခါး ၃ ဇြန္းထည့္ေဖ်ာ္ၿပီး ေရခ်ဳိးပါ။ ဆန္ေဆးရည္ ၁ ဖန္ခြက္ကို နံနက္ေရမခ်ဳိးမီ ေန႔စဥ္ေသာက္ေပးရင္ ကိုယ္အပူၿငိမ္းပါတယ္။

(၉) အစာအိမ္အနာျဖစ္ဘူးၿပီး လက္ရွိအခ်ိန္မွာ အစာမစားႏိုင္ အစာအိမ္ေရာင္နာျဖစ္

အစာအိမ္ေရာင္ရင္ ထမင္းနဲ႔ မာတဲ့အစာေတြခဏရပ္ၿပီး ဆန္ျပဳတ္ေသာက္ပါ။ ဆန္ လက္တစ္ဆုပ္ + ပဲရာဇာ ေခၚ ပဲနီေလး လက္တစ္ဆုပ္စာ + ၾကက္သြန္နီဥ ၁ လုံးပါ ထည့္ျပဳတ္ပါ။အေၾကာအေလွာ္၊ အႂကြပ္ေၾကာ္၊ အပူအစပ္၊ လက္လုပ္ခ်ဥ္၊ ေကာ္ဖီမစ္၊ ေခါက္ဆြဲေျခာက္မ်ားမစားရပါ။

ည အိပ္ရာဝင္နဲ႔ မနက္ အိပ္ရာႏိုးႏိုးခ်င္း ပ်ားရည္ ၁ ဇြန္း ေရေအးနဲ႔ေသာက္ပါ။ ပ်ားရည္က အစာအိမ္နာကိုက်က္ပါတယ္။ ဖီးၾကမ္းငွက္ေပ်ာသီးကို ေနစဥ္စားေပးလွ်င္ အစာအိမ္ေရာင္ေရာဂါကို သက္သာေစပါတယ္။ ဖီးၾကမ္းငွက္ေပ်ာသီး၂ လုံးကို မီးဖုတ္ၿပီး ေန႔စဥ္စားေပးလွ်င္

အစာအိမ္အနာ က်က္သည္ဟု ဆိုပါသည္။စိတ္တိုလွ်င္ အစာေခ်ရည္ထြက္ၿပီး အစာအိမ္ကို ျပန္ေလာင္တတ္သျဖင့္ စိတ္တို ေဒါသထြက္ရမည့္ကိစၥမ်ားကို ေရွာင္ရွားပါ။ စိတ္ပူပန္ ေသာကမ်ားလွ်င္လည္း အစာအိမ္ေရာဂါ ပိုဆိုးတတ္ပါသည္။

(၁၀) ၅ လ ကေလးငယ္ ႏွာေစး ေခ်ာင္းဆိုး ကိုယ္ပူ ခၽြဲသံၾကားရလွ်င္

ကြမ္းရြက္နဲ႔ ခ်င္း ပါးပါးလွီး ေရေႏြးစိမ္ထား ေရက်က္ေအးလုပ္ထား ျဖည္းျဖည္းခ်င္း တိုက္ေပးပါ။ ေျခဖဝါးကို ဆားေရဖတ္တိုက္ေပးပါ။ကြမ္းရြက္ မီးကင္ၿပီး ရင္ဘတ္နဲ႔ေၾကာ ကပ္ေပးပါ။

ကြမ္းရြက္မီးကင္ၿပီးအရည္ညႇစ္ အုန္းဆီနဲ႔ေရာ ကေလး ငယ္ထိပ္လိမ္းေပးပါ ။ရႏိုင္လွ်င္ တိုင္းရင္းေဆးအမွတ္ ၄၇ သူငယ္နာ ၇ ပါးေဆးဝါေလးအမူန္႔ ျဖင့္ ကေလးငယ္ထိပ္ ႏွာေခါင္းထိပ္ ရင္ဘတ္တို႔တြင္ လိမ္းေပးပါ။

(၁၁) အမ်ဳိးသား ဆီးသြားသည့္အခါ ေအာင့္ျခင္း

ေရေႏြးက်ဳိၿပီး အေအးခံ ေျမ ေသာက္ေရအိုးတြင္ထည့္ထားၿပီး မ်ားမ်ားေသာက္ေပးပါ။ ၾကက္သြန္နီဥေထာင္း အရည္ ၁ ဇြန္းကို သၾကား တစ္ဝက္စပ္ေသာက္ရင္ ဆီးက်ဥ္ သက္သာေစပါတယ္ ။

ၾကက္သြန္နီဥကို ပါးပါးလွီးၿပီး ဆီးခုံမွာကပ္ေပးပါ ဆီးသြးရင္ နာတာ သက္သာေစပါတယ္ ။ (တနည္း ) ဆန္ေဆရည္ ၁ ဖန္ခြက္မွာ သံပုရာသီး ၁ ျခမ္း အရည္ညႇစ္ထည့္ ၿပီးေသာက္ပါ။ အိုးရွိရင္ ေလာက္ေသရြက္ ျပဳတ္ရည္ မတ္ခြက္ ၂ လုံး ၁၄ ရက္ေသာက္ပါ။

(၁၂) သြားကိုက္ သက္သာေစမည့္နည္း

ခေရပြင့္အစိုကိုႀကိတ္ သြားအေခါင္းေပါက္အတြင္းသိပ္ေပးပါ ။ပု႑ရိတ္အရြက္ျပဳတ္ၿပီး ငုံေပးပါ။ ၾကက္သြန္နီဥ အလည္မွ အူတိုင္ကို ထုတ္ယူ၍ သြားပိုးေပါက္တြင္ ဖိၿပီးကိုက္ထားပါ ။

ေလညႇင္းဆီ. ငရုပ္ေကာင္းဆီမ်ား ဂြမ္းနဲ႔တို႔ၿပီးသြားေပါက္တြင္ သိပ္ထားလွ်င္လည္းရသည္။ သြားႏွဲ႔ၿပီးသြားကိုက္လွ်င္ • ထေနာင္းေခါက္ တမာေခါက္ သရက္ပင္က်ီးေပါင္း ျပဳတ္ ငုံေပးလွ်င္ ႏွဲ႔ေသာသြား ျပန္ခိုင္ပါတယ္။

(၁၃) ႏွာေခါင္းပိတ္ ထိပ္ကပ္ႏွာ

ႏွာေခါင္းပိတ္ ထိပ္ကပ္နာ ေရရွဴပါ – မ်က္ႏွာသစ္ၿပီးေနာက္ ေရကို လက္ခုပ္နဲ႔ ရွဴသြင္းပါ။ ႏွာေခါင္းပိတ္ရင္ ပြင့္တဲ့အေပါက္ကေန ငယ္ထိပ္ေပါက္ေအာင္ ရွဴသြင္းပါ အက်င့္ရရင္ ရွဴသြင္းတတ္လာပါလိမ့္မည္။

ခ်င္းတက္ပါးပါးလွီး ေရေႏြးမတ္ခြက္ ၁ လုံးမွာစိမ္ထားပါ ေရေႏြးၾကမ္းေသာက္သလိုတေနကုန္ ေသာက္ေနပါ။ မိူင္းရွဴေဆးရွဴေပးပါ။ တိုင္းရင္းေဆး အမွတ္ ၄၃ အကင္း ၁၀ ပါးေဆးမူန္႔ဝယ္ မီးခဲေပၚျဖဴး ရွဴေပးပါ။

ထိပ္ကပ္နာ (ႏွပ္ပုပ္ေစာ္နံ႔လွ်င္ )အဆင့္ဆိုရင္ေတာ့ မရိုးပင္ေခၚ ငျဖဴႀကီးပင္အရြက္ေတြကို အေျခာက္လွန္း မီးရွဳိ႕ရွဴေပးရင္ေတာ့ ေပ်ာက္ႏိုင္တယ္လို႔ အာယုေဗဒ ေဆးက်မ္းမွာ ပါပါတယ္။

(၁၄) တခုခုနဲ႔ထိမိၿပီး ေျခက်င္းဝတ္နာ…

ရဲယိုရြက္ကုိမီးကင္ ႏွမ္းဆီသုတ္ ေရာင္တဲ့ေနရာမွာကပ္ၿပီး ပတ္တီးစည္းထားပါ။ ၆ နာရီၾကာသည္အထိ ေန႔စဥ္စည္းပါ။(တနည္း )- သစ္ၾကံ့ပိုးအမူန္႔နဲ႔ ၾကက္ဥအကာေရာ ေရေႏြးအနည္းငယ္ျဖင့္ေခါက္ၿပီး ေဖ်ာ္ထားသည္ကို ေျခက်င္းဝတ္မွာလိမ္းၿပီး ဝါဂြမ္းျဖင့္အုပ္ပါ။ ၿပီးလွ်င္ ပတ္တီးျဖင့္စည္းပါ။ ၆နာရီၾကာ ျဖည္ေပးလၽွင္ အေရာင္က်သြားလိမ့္မည္။

(၁၅) အသက္အရြယ္ႀကီးသူ ေျခေထာက္၂ ဖက္နဲ႔ေျခသလုံးပူၿပီးကိုက္ခဲလွ်င္

ကိုက္ခဲေညာင္းညာျဖစ္လွ်င္ မုန္ညင္းဆီ ၅ က်ပ္သားမွာ ခ်င္းတက္အနည္းငယ္ ထုေထာင္းထည့္ၿပီး မီးျဖင့္ခ်က္ထားပါ။ ေညာင္းကိုက္ေသာေနရာကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးပါ။မုန္ညႇင္းဆီတြင္ ေလးညႇင္းဆီ. ငရုပ္ေကာင္းဆီ. ပရုပ္ မင္ေသာ္ စသည္မ်ား ထည့္ခ်က္ၿပီး လိမ္းလွ်င္လည္းရပါသည္။

အေၾကာတက္ ေညာင္းကိုက္မ်ားလွ်င္ ဝမ္းမွန္ေအာင္ ဂရုစိုက္ပါ – ည အိပ္ရာဝင္ခါနီး မန္က်ည္းမွည့္ေဖ်ာ္ရည္ ေသာက္ေပးပါ ။ ဆားခါးကိုေလွာ္ၿပီး ဟင္းစားဇြန္း ၁ ဇြန္းကို ေရွာက္ရည္ ၃ ဇြန္း ပ်ားရည္ ၁ ဇြန္း စပ္ေသာက္ပါကလည္း ဝမ္းမွန္ အေျကာေလ်ာ့ေစပါတယ္။

(၁၆) ၄၀ ေက်ာ္ ေန႔ေရာညပါ ေျခဖ်ားထုံက်ဥ္ျခင္း

တုံက်ဥ္ ေလငန္းျဖစ္ခ်င္ေနလၽွင္ ဆင္တုန္းမႏြယ္ပါတဲ့ ျမန္မာေဆး တမ်ဳိးမ်ဳိးကို ဝယ္စားပါ ( သို႔မဟုတ္ ) ပရေဆးဆိုင္မွ အမူန္႔ႀကိတ္ၿပီးသား ဆင္တုန္းမႏြယ္ကို ပ်ားရည္နဲ႔ေရာေမႊထားပါ။

ဖန္ပုလင္းတြင္ထည့္ အေပၚမွ ႏွမ္းဆီထည့္ၿပီးအုပ္ထားပါ .နံနက္. ည ေကာ္ဖီဇြန္းေသးေလးနဲ႔ ၁ ဇြန္းစားေပးပါ။ ပုလင္းကိုတစ္ပတ္ တခါ ေနေရာင္ျပေပးပါ။ ဆင္တုန္းမႏြယ္က အေၾကာေလေလွ်ာက္ေဆးျဖစ္ပါတယ္။

(၁၇) အသက္ ၄၀ ေက်ာ္ အမ်ဳိးသမီး ဓမၼတာေသြး ရက္ၾကာရွည္လာျခင္း

ပရေဆးဆိုင္မွာ ပန္းလည္းပြင့္ေျခာက္ ဝယ္ၿပီး ျပဳတ္ေသာက္ရင္ရက္ရွည္ေသြးဆင္းျခင္းရပ္ပါတယ္။ ေရေႏြးၾကမ္းအဖန္ရည္ မတ္ခြက္ ၁ လုံးမွာ သၾကား ၃ ဇြန္းထည့္ေဖ်ာ္ ေသာက္ပါ။.

မနက္ ေရမခ်ဳိးမီ. ဆန္ေဆးရည္ အၾကည္ ၁ ခြက္ေသာက္ပါ။ မီးကြင္းဂမုန္းကို အသုတ္ျပဳလုပ္စားပါ ။ဧကရာဇ္ရြက္ အပြင့္ တရုတ္စကားပြင့္မ်ား အသုတ္ျပဳလုပ္ၿပီး စားပါက ေသြးေအးၿပီးေသြးပူဆင္း ေဝဒနာမ်ား သက္သာေစႏိုင္သည္ ။

(၁၈) အမ်ဳိးသမီးမ်ား ေသြးဆုံးခါနီး ရင္သားမ်ားနာျခင္း

ဥသွ်စ္သီးကင္း အေျခာက္လွန္း အမူန္႔ျကိတ္ ပ်ားရည္နဲ႔ေရာစား ။(တနည္း )ရဲယိုသီး မွည့္ကို ပ်ားရည္နဲ႔ ေခါက္ တစ္ေန႔ ၁ လုံးစားပါ။ ရွားေစာင္းလက္ပတ္အႏွစ္ကို ညအိပ္ရာဝင္ ရင္သားနာသည့္ေနရာကပ္ေပးပါက သက္သာသည္ဟု ဆိုပါသည္။

(၁၉) သည္းေျခမွာ ေက်ာက္တည္ျခင္း

သည္းေျခေက်ာက္တည္လွ်င္ အုန္းသီးစိမ္း ( အုန္းသီးအႏု) ထိပ္မွဖြင့္ၿပီး ေက်ာက္ခ်ဥ္ ေရြးေစ့ခန္႔ ထည့္ၿပီး အခ်ိန္ခဏ ေစာင့္ပါ။ ၿပီးလွ်င္… ပိုက္ျဖင့္ စုပ္ေသာက္ပါ။ ေန႔စဥ္ ၁၄ ရက္ ဆက္ေသာက္ပါ။

အဝါေရာင္ ေကာက္ရိုးေျခာက္ကိုျပဳတ္ေသာက္ (တနည္း ) အဝါေရာင္ေကာက္ရိုးေျခာက္ကို လက္ဖက္ေျခာက္ခပ္ေသာက္သလို ေသာက္လွ်င္လည္း သည္းေျခေက်ာက္က်ေစပါတယ္။

(တနည္း )ေပပင္မွ ေပရြက္ကိုျပဳတ္ ေန႔စဥ္ မွတ္ခြက္ ၁ လုံးစာေသာက္ပါကလည္း သည္းေျခေက်ာက္က်ေစပါတယ္။

(၂၀) အရက္ေၾကာင့္ အသည္းက အျပင္ကေျခာက္ၿပီး အသည္းအထဲက မေျခာက္ေသး အသည္းထဲမွေရလည္းေတြ႕ရသည္ဟု စစ္ေဆးခ်က္အတြက္ ..

အသည္းအထူးကု ညႊန္ၾကားခ်က္ကို လိုက္နာပါ ။ျမန္မာေဆးနည္းသံုးစြဲလိုလွ်င္… သေဘာၤရြက္ အစိမ္းေရာင္ရင့္ရင့္ကိုယူပါ ေရစင္စင္ေဆးပါ ေထာင္းၿပီး အရည္ညႇစ္ယူပါ။ ဟင္းစားဇြန္း ၂ ဇြန္း နံနက္ ည ေသာက္ပါ. ။

သေဘာၤရြက္ကို အဖို အမ မခြဲျခားပါ အာနိသင္ အတူတူပါ – အဂၤလိပ္ေဆး ေသာက္ေနလ်င္ ၃ နာရီျခား သေဘာၤရြက္ရည္ကို ေသာက္ပါ ။ အသည္း မေျခာက္ေသးလွ်င္ ပိုထိေရာက္ေအာင္ မက္လင္ခ်ဥ္သီးကို အခ်ဥ္ရည္ ခ်က္တိုက္ပါ။

(၂၁) ငါးအရိုးစူးျခင္း

အရုိးစူးလွ်င္ ဖီးၾကမ္းငွက္ေပ်ာသီးအမွည့္ ၁ လုံးကို ၃ ကိုက္နဲ႔မ်ဳိခ်ပါ ။ မက်သည့္အခါ အန္ေအာင္လုပ္ပါ။ ဆား နႏြင္း ေရ မတ္ခြက္ ၁လုံးနဲ႔ေဖ်ာ္ ကုန္ေအာင္ေသာက္ ခဏျကာ အန္လာလိမ့္မည္။ လက္ထိုးၿပီး အန္ထုတ္ပါ အရိုးႀကီးရင္ ပါလာလိမ့္မည္ ။

တခါတရံမွာ အရိုးကမရွိေတာ့ပဲ နာေနတဲ့ ဒါဏ္ေၾကာင့္ စိတ္က စူးေနတယ္ ထင္တာလဲ ရွိတယ္ ။ သတိထားပါ – လည္ပင္းနာလွ်င္ နလင္ေက်ာ္ေသြးလိမ္းပါ ။

(၂၂) ကေလးငယ္ စကားေျပာထစ္ျခင္း

ျမင္းခြာရြက္ကို ေရစိမ္ထား – မနက္အိပ္ရာထ သြားမတိုက္မီ ဝါးစားေပးလွ်င္ စကားထစ္ သက္သာပါတယ္။ တနည္း… ဝါးျဖင့္ ျပဳလုပ္ထားသာ ပုေလြကို မူတ္ေပးလွ်င္ စကားထစ္သက္သာပါတယ္။

တနည္း – သံပုရာသီးကို မီးဖုတ္ ျပာခ် ထိုျပာျဖင့္ လွ်ာပြတ္ေပးလၽွင္ စကားထစ္ သက္သာေစသည္။
တနည္း – ဗာဒံသီး အတြင္းမွ အဆံ ကိုစားေပးလွ်င္ စကားထစ္သက္သာပါတယ္။ေၾကးဖလားျဖင့္ ေရကိုေသာက္ေပးလွ်င္လည္း စကားထစ္သက္သာပါတယ္။

(၂၃) ႏွာေခါင္းတြင္းဝက္ျခံေပါက္ျခင္း

မတ္ခြက္ ၁လုံးထဲ ေရေႏြးပူပူနဲ႔ဆား ၂ဇြန္းထည့္ အုပ္ထား – ဖြင့္ၿပီး အေငြ႕ကို ရွဴသြင္းပါက ႏွာေခါင္းတြင္းမွ အနာ က်က္သြားပါလိမ့္မည္ – ကြမ္းရြက္. ခ်င္း. ထန္းလ်က္ျပဳတ္ရည္ပူပူ ၃ ရက္ဆက္ ေသာက္ေပးပါ။

(၂၄) အရြယ္မတိုင္ခင္ ဆံပင္ကၽြတ္ ထိပ္ေျပာင္ျခင္း

ဆံပင္ျပန္ေပါက္ေအာင္ ပရႏၷဝါရြက္ကို ေထာပတ္ ႏွမ္းဆီ ပ်ားရည္ ၃ မ်ဳိးနဲ႔ ေရာ ယိုထိုးစားပါ။ မနက္ ည ဟင္းစားဇြန္း ၁ ဇြန္းစားပါ။ေန႔စဥ္ ဝမ္းႏုတ္ေဆး တမ်ဳိးမ်ဳိးစားပါ။ ေရေခါင္းေလာင္းခ်ဳိးပါ။လက္ေတြ႕ ျပန္ေပါက္သူရွိပါသည္။ဦးေခါင္းတြင္ေထာလပတ္ရြက္ အရည္ညႇစ္ၿပီး ပြတ္ေပးလၽွင္လည္း ျပန္ေပါက္ႏုိင္သည္။

(၂၅) ညဘက္အိပ္ေပ်ာ္ေအာင္

ည အိပ္ရာဝင္ခါနီး ဒူးအထက္မွ ေအာက္ေရေလာင္းေျခေဆးေပးလွ်င္ အပူသက္ၿပီး ည အိပ္ေပ်ာ္ပါတယ္။ ႏြားႏို႔ပူပူ တစ္ခြက္မွာ နႏြင္းမူန္႔ ေကာ္ဖီဇြန္းငယ္ ၁ဇြန္းထည့္ေဖ်ာ္ေသာက္ပါ ။မိမိယုံျကည္ရာဘာသာႏွင့္ စိတ္ကိုေလ်ာ့ တရားမွတ္ ပုတီးစိပ္ပါ။

(၂၆) အသားမာ

ဖီးၾကမ္းငွက္ေပ်ာသီးအခြံကို မလြင့္ပစ္ပဲ အသားမာနဲ႔အေတာ္ျဖတ္ၿပီး အသားဖက္က ကပ္ပါ။ ပလာစတာနဲ႔ကပ္ပါ။ေရခ်ဳိးရင္ အသစ္လဲပါ။ ရက္ၾကာကပ္ရင္ အသားမာကၽြတ္ထြက္သြားပါလိမ့္မည္။

(၂၇) ေျခဖေႏွာင့္ကြဲျခင္း

ေထာပတ္စစ္စစ္နဲ႔ ပ်ားရည္ ေရာစပ္လိမ္းပါ။ တမာရြက္ ျပဳတ္ရည္နဲ႔ ဖေႏွာင့္ကို စိမ္ေပးပါ။ တမာရြက္ကိုျပာခ် အုန္းဆီနဲ႔ေရာလိမ္းေပးပါ။

တိုင္းရင္းသမားေတာ္ ဆရာၾကည္လြင့္ျမင့္ ( မုျဒာ )

အားလုံးအဆင္ေျပပါေစ…#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လေ့လာမှတ်သားထားသော အသုံးဝင်ဆေးမြီးတိုများ…

(၁) ချွေးထွက်များ…ချွေးထွက်များလျှင် အငန် အစပ် လျော့စားပါ။ မျက်နှာ ချွေးထွက်များလျှင် မိတ်ကပ် မလိမ်းပါနှင့်… သနပ်ခါးအမြစ်ကို သံပုရာရည်နဲ့ ရောသွေးလိမ်းပါ။ နေ့ မလိမ်းဖြစ်လျင် ညဖက်လိမ်း အိပ်ပါ ။

မျက်နာသစ်လျှင် မျက်နှာသစ်ဆေးတွင် ဆားအနည်းငယ်ရောထည့်ပြီး သစ်ပါ။ ရှားစောင်းလက်ပတ် အနှစ်နဲ့ မျက်နှာကို ပွတ်လိမ်းပေးပါ။

(၂) တင်းတိတ်… အရက် ဘီယာ လှော်စာများ မတည့်ပါ။ ထန်းရည် မတည့်သည့်အပြင် ထန်းလျက်နဲ့တောင် မတည့်ပါ။ ထန်းလျက်က သံဓာတ်များလို့ တင်းတိတ်ကို ပိုမည်းစေတယ် ။

တင်းတိတ်ထွက်လျှင် ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်နဲ့ရောခေါက် မျက်နှာမှာ လိမ်းထား… ခဏကြာ မျက်နှာသစ်ပြီး သနပ်ခါးကို သံပုရာရည်နဲ့ ရော သွေးလိမ်းပါ။

(၃) ရင်ကျပ်ဖြစ်နေပြီး ဇက်တောင့် မူးဝေလျှင်

မုန်ညင်းဆီထဲ ကွမ်းရွက်ချေထည့်ပြီး မီးနဲ့ချက်ပါ – ရင်ဘတ်နဲ့ ဇက်မှာလိမ်းပါ။ စပါးလင် အမြစ်ကိုထောင်း အရည်ညှစ် ၁ ဇွန်း တိုက်ပေးပါ ။အချိုမုန့် အချိုရည်များ မစားရ မသောက်ရပါ။

(၄) ပါးစပ် (အာခံတွင်း) နံခြင်း

လေးညှင်းပွင့်ဝါးပေးပါ။ တမာရွက်နဲ့ ဆားပြုတ်ရည် ငုံပေးပါ။ ည အိပ်ခါနီး မန်ကျည်းမှည့်ဖျော်ရည်ထဲ ဆားခါး ၁ဇွန်း ထည့်ဖျော်သောက်ပါက အပုပ် ကင်းစင်စေပါတယ်။

ဂုံခါးအမူန့်ကို ထမင်းစားပြီးတိုင်း အနည်းငယ် လျက်ပေးပါက ခံတွင်းပုပ်အနံ့ သက်သာစေတယ်။ ရှောက်ရည်နဲ့ ပျားရည် ရောစပ်ဖျော်ပြီး လျက်ပေးပါက ခံတွင်းနံ့ကောင်းစေသည်။

ဆီးဖြူသီးကိုဝါးပြီးငုံထားပါက ခံတွင်းအနံ့ကောင်းစေသည်။ မက်လေချဉ်လျက်ဆား လျက်ပေးပါက ခံတွင်းပုပ်စော်နံခြင်း သက်သာစေသည်။ လိမ္မော်သီးအခွံကို လျက်ဆားဖြင့်တို့၍ စားပါက ခံတွင်းပုပ်ရောဂါ သက်သာစေသည်။

(၅) အသက် ၆၀ ကျော် ဆီး ဝမ်းမထိန်းနိုင်လျှင်

ထောပတ်ထမင်း ချက်စားပါ (သို့ )ထမင်းပူပူကိုထောပတ်နဲ့နယ် ငါးကြော် (သို့) အသားကြော်နဲ့ စားပါ။ ကောက်ညှင်းငချိတ်ပေါင်းကို နှမ်းဆီရွဲရွဲနဲ့ နယ်စားရင်လည်း ချုပ်စေတယ်လို့ ဆရာကြီးများက ဓာတ်စာ ပေးပါတယ်။

ဟင်းရည်သောက်ခြင်း ရေစိမ်း ရေအေး သောက်ခြင်းကို ရှောင်ပါ လုံးဝ မသောက်ပါနဲ့… ရေနွေးကြမ်း အဖန်ရည်သောက်ပါ။ မြင်းခွာ နွယ်ပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း ဝမ်းထိန်းပါတယ်။

(၆) အသားအရမ်းယားခြင်း

ကြက်သွန်ု မီးဖုတ်စားပါ ဥသေးဆို ၂ လုံး – ဥ ၁ လုံးဆိုရင် ၇ ခု သို့မဟုတ် ၉ ဥ စားပါ။ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပါ။ ကရမက်နဲ့ဆားသွေးလိမ်းပါ။

ယားယံခြင်းက လေကင်း (နရသုခိ) မှတ်ရာ လေစာရှောင်ပါ – ဥပမာ ..မျှစ်၊ မျှစ်ချဉ်၊ ကုလားပဲ၊ မိူ၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊

ဝက်သား၊ ပင်လယ်စာ၊ အုန်းထမင်း၊ ဒံပေါက်၊ လက်ဖက်ချဉ်စပ်၊ ရေခဲရေ၊ ရေခဲရိုက် အစားအစာများ ကောက်ညှင်း၊ ကောက်ညှင်းနဲ့ လုပ်သောမုန့်များ ရှောင်ပါ။

နေရောင်ခြည်မရသောနေရာတွင်နေလျှင် ပိုယားတတ်ပါသည်။ နေမထွက်လျှင် အင်ဖက် မီးလူံ ဟု ရှေးလူကြီးများက ပြောပါသည်။

(၇) မျက်စိနာ မျက်လုံးဖူးရောင်ခြင်း

ကျားမနိုင် နွယ်မြစ် သွေးလူးပါ – မန်ကျည်းပင်အခေါက် ကိုသွေးလိမ်းပါ – ရှားစောင်းလက်ပပ် ကပ်ပေးရင်လည်း ရပါတယ်။ မျက်စိဆရာဝန် မပြနိုင်သေးရင် ဆားရည်ကြည်ခပ်ပေးပါ။ရှေးကလူကြီးများက မျက်စိ နီရဲနေလျှင် မိခင်နို့ရည်ကို ခပ်ပေးလေ့ရှိပါတယ်။

(၈) အသားအရေအမြဲပူပြီး ပိန်နေသူ

ရှားစောင်းလက်ပပ်အနှစ်ကို သကြားနဲ့ခေါက်စားပါ – ရေထဲမှာ ဆားခါး ၃ ဇွန်းထည့်ဖျော်ပြီး ရေချိုးပါ။ ဆန်ဆေးရည် ၁ ဖန်ခွက်ကို နံနက်ရေမချိုးမီ နေ့စဉ်သောက်ပေးရင် ကိုယ်အပူငြိမ်းပါတယ်။

(၉) အစာအိမ်အနာဖြစ်ဘူးပြီး လက်ရှိအချိန်မှာ အစာမစားနိုင် အစာအိမ်ရောင်နာဖြစ်

အစာအိမ်ရောင်ရင် ထမင်းနဲ့ မာတဲ့အစာတွေခဏရပ်ပြီး ဆန်ပြုတ်သောက်ပါ။ ဆန် လက်တစ်ဆုပ် + ပဲရာဇာ ခေါ် ပဲနီလေး လက်တစ်ဆုပ်စာ + ကြက်သွန်နီဥ ၁ လုံးပါ ထည့်ပြုတ်ပါ။အကြောအလှော်၊ အကြွပ်ကြော်၊ အပူအစပ်၊ လက်လုပ်ချဉ်၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်များမစားရပါ။

ည အိပ်ရာဝင်နဲ့ မနက် အိပ်ရာနိုးနိုးချင်း ပျားရည် ၁ ဇွန်း ရေအေးနဲ့သောက်ပါ။ ပျားရည်က အစာအိမ်နာကိုကျက်ပါတယ်။ ဖီးကြမ်းငှက်ပျောသီးကို နေစဉ်စားပေးလျှင် အစာအိမ်ရောင်ရောဂါကို သက်သာစေပါတယ်။ ဖီးကြမ်းငှက်ပျောသီး၂ လုံးကို မီးဖုတ်ပြီး နေ့စဉ်စားပေးလျှင်

အစာအိမ်အနာ ကျက်သည်ဟု ဆိုပါသည်။စိတ်တိုလျှင် အစာချေရည်ထွက်ပြီး အစာအိမ်ကို ပြန်လောင်တတ်သဖြင့် စိတ်တို ဒေါသထွက်ရမည့်ကိစ္စများကို ရှောင်ရှားပါ။ စိတ်ပူပန် သောကများလျှင်လည်း အစာအိမ်ရောဂါ ပိုဆိုးတတ်ပါသည်။

(၁၀) ၅ လ ကလေးငယ် နှာစေး ချောင်းဆိုး ကိုယ်ပူ ချွဲသံကြားရလျှင်

ကွမ်းရွက်နဲ့ ချင်း ပါးပါးလှီး ရေနွေးစိမ်ထား ရေကျက်အေးလုပ်ထား ဖြည်းဖြည်းချင်း တိုက်ပေးပါ။ ခြေဖဝါးကို ဆားရေဖတ်တိုက်ပေးပါ။ကွမ်းရွက် မီးကင်ပြီး ရင်ဘတ်နဲ့ကြော ကပ်ပေးပါ။

ကွမ်းရွက်မီးကင်ပြီးအရည်ညှစ် အုန်းဆီနဲ့ရော ကလေး ငယ်ထိပ်လိမ်းပေးပါ ။ရနိုင်လျှင် တိုင်းရင်းဆေးအမှတ် ၄၇ သူငယ်နာ ၇ ပါးဆေးဝါလေးအမူန့် ဖြင့် ကလေးငယ်ထိပ် နှာခေါင်းထိပ် ရင်ဘတ်တို့တွင် လိမ်းပေးပါ။

(၁၁) အမျိုးသား ဆီးသွားသည့်အခါ အောင့်ခြင်း

ရေနွေးကျိုပြီး အအေးခံ မြေ သောက်ရေအိုးတွင်ထည့်ထားပြီး များများသောက်ပေးပါ။ ကြက်သွန်နီဥထောင်း အရည် ၁ ဇွန်းကို သကြား တစ်ဝက်စပ်သောက်ရင် ဆီးကျဉ် သက်သာစေပါတယ် ။

ကြက်သွန်နီဥကို ပါးပါးလှီးပြီး ဆီးခုံမှာကပ်ပေးပါ ဆီးသွးရင် နာတာ သက်သာစေပါတယ် ။ (တနည်း ) ဆန်ဆေရည် ၁ ဖန်ခွက်မှာ သံပုရာသီး ၁ ခြမ်း အရည်ညှစ်ထည့် ပြီးသောက်ပါ။ အိုးရှိရင် လောက်သေရွက် ပြုတ်ရည် မတ်ခွက် ၂ လုံး ၁၄ ရက်သောက်ပါ။

(၁၂) သွားကိုက် သက်သာစေမည့်နည်း

ခရေပွင့်အစိုကိုကြိတ် သွားအခေါင်းပေါက်အတွင်းသိပ်ပေးပါ ။ပုဏ္ဍရိတ်အရွက်ပြုတ်ပြီး ငုံပေးပါ။ ကြက်သွန်နီဥ အလည်မှ အူတိုင်ကို ထုတ်ယူ၍ သွားပိုးပေါက်တွင် ဖိပြီးကိုက်ထားပါ ။

လေညှင်းဆီ. ငရုပ်ကောင်းဆီများ ဂွမ်းနဲ့တို့ပြီးသွားပေါက်တွင် သိပ်ထားလျှင်လည်းရသည်။ သွားနှဲ့ပြီးသွားကိုက်လျှင် • ထနောင်းခေါက် တမာခေါက် သရက်ပင်ကျီးပေါင်း ပြုတ် ငုံပေးလျှင် နှဲ့သောသွား ပြန်ခိုင်ပါတယ်။

(၁၃) နှာခေါင်းပိတ် ထိပ်ကပ်နှာ

နှာခေါင်းပိတ် ထိပ်ကပ်နာ ရေရှူပါ – မျက်နှာသစ်ပြီးနောက် ရေကို လက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မည်။

ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက် ၁ လုံးမှာစိမ်ထားပါ ရေနွေးကြမ်းသောက်သလိုတနေကုန် သောက်နေပါ။ မိူင်းရှူဆေးရှူပေးပါ။ တိုင်းရင်းဆေး အမှတ် ၄၃ အကင်း ၁၀ ပါးဆေးမူန့်ဝယ် မီးခဲပေါ်ဖြူး ရှူပေးပါ။

ထိပ်ကပ်နာ (နှပ်ပုပ်စော်နံ့လျှင် )အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင်အရွက်တွေကို အခြောက်လှန်း မီးရှို့ရှူပေးရင်တော့ ပျောက်နိုင်တယ်လို့ အာယုဗေဒ ဆေးကျမ်းမှာ ပါပါတယ်။

(၁၄) တခုခုနဲ့ထိမိပြီး ခြေကျင်းဝတ်နာ…

ရဲယိုရွက်ကိုမီးကင် နှမ်းဆီသုတ် ရောင်တဲ့နေရာမှာကပ်ပြီး ပတ်တီးစည်းထားပါ။ ၆ နာရီကြာသည်အထိ နေ့စဉ်စည်းပါ။(တနည်း )- သစ်ကြံ့ပိုးအမူန့်နဲ့ ကြက်ဥအကာရော ရေနွေးအနည်းငယ်ဖြင့်ခေါက်ပြီး ဖျော်ထားသည်ကို ခြေကျင်းဝတ်မှာလိမ်းပြီး ဝါဂွမ်းဖြင့်အုပ်ပါ။ ပြီးလျှင် ပတ်တီးဖြင့်စည်းပါ။ ၆နာရီကြာ ဖြည်ပေးလျှင် အရောင်ကျသွားလိမ့်မည်။

(၁၅) အသက်အရွယ်ကြီးသူ ခြေထောက်၂ ဖက်နဲ့ခြေသလုံးပူပြီးကိုက်ခဲလျှင်

ကိုက်ခဲညောင်းညာဖြစ်လျှင် မုန်ညင်းဆီ ၅ ကျပ်သားမှာ ချင်းတက်အနည်းငယ် ထုထောင်းထည့်ပြီး မီးဖြင့်ချက်ထားပါ။ ညောင်းကိုက်သောနေရာကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။မုန်ညှင်းဆီတွင် လေးညှင်းဆီ. ငရုပ်ကောင်းဆီ. ပရုပ် မင်သော် စသည်များ ထည့်ချက်ပြီး လိမ်းလျှင်လည်းရပါသည်။

အကြောတက် ညောင်းကိုက်များလျှင် ဝမ်းမှန်အောင် ဂရုစိုက်ပါ – ည အိပ်ရာဝင်ခါနီး မန်ကျည်းမှည့်ဖျော်ရည် သောက်ပေးပါ ။ ဆားခါးကိုလှော်ပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရှောက်ရည် ၃ ဇွန်း ပျားရည် ၁ ဇွန်း စပ်သောက်ပါကလည်း ဝမ်းမှန် အကြောလျော့စေပါတယ်။

(၁၆) ၄၀ ကျော် နေ့ရောညပါ ခြေဖျားထုံကျဉ်ခြင်း

တုံကျဉ် လေငန်းဖြစ်ချင်နေလျှင် ဆင်တုန်းမနွယ်ပါတဲ့ မြန်မာဆေး တမျိုးမျိုးကို ဝယ်စားပါ ( သို့မဟုတ် ) ပရဆေးဆိုင်မှ အမူန့်ကြိတ်ပြီးသား ဆင်တုန်းမနွယ်ကို ပျားရည်နဲ့ရောမွှေထားပါ။

ဖန်ပုလင်းတွင်ထည့် အပေါ်မှ နှမ်းဆီထည့်ပြီးအုပ်ထားပါ .နံနက်. ည ကော်ဖီဇွန်းသေးလေးနဲ့ ၁ ဇွန်းစားပေးပါ။ ပုလင်းကိုတစ်ပတ် တခါ နေရောင်ပြပေးပါ။ ဆင်တုန်းမနွယ်က အကြောလေလျှောက်ဆေးဖြစ်ပါတယ်။

(၁၇) အသက် ၄၀ ကျော် အမျိုးသမီး ဓမ္မတာသွေး ရက်ကြာရှည်လာခြင်း

ပရဆေးဆိုင်မှာ ပန်းလည်းပွင့်ခြောက် ဝယ်ပြီး ပြုတ်သောက်ရင်ရက်ရှည်သွေးဆင်းခြင်းရပ်ပါတယ်။ ရေနွေးကြမ်းအဖန်ရည် မတ်ခွက် ၁ လုံးမှာ သကြား ၃ ဇွန်းထည့်ဖျော် သောက်ပါ။.

မနက် ရေမချိုးမီ. ဆန်ဆေးရည် အကြည် ၁ ခွက်သောက်ပါ။ မီးကွင်းဂမုန်းကို အသုတ်ပြုလုပ်စားပါ ။ဧကရာဇ်ရွက် အပွင့် တရုတ်စကားပွင့်များ အသုတ်ပြုလုပ်ပြီး စားပါက သွေးအေးပြီးသွေးပူဆင်း ဝေဒနာများ သက်သာစေနိုင်သည် ။

(၁၈) အမျိုးသမီးများ သွေးဆုံးခါနီး ရင်သားများနာခြင်း

ဥသျှစ်သီးကင်း အခြောက်လှန်း အမူန့်ကြိတ် ပျားရည်နဲ့ရောစား ။(တနည်း )ရဲယိုသီး မှည့်ကို ပျားရည်နဲ့ ခေါက် တစ်နေ့ ၁ လုံးစားပါ။ ရှားစောင်းလက်ပတ်အနှစ်ကို ညအိပ်ရာဝင် ရင်သားနာသည့်နေရာကပ်ပေးပါက သက်သာသည်ဟု ဆိုပါသည်။

(၁၉) သည်းခြေမှာ ကျောက်တည်ခြင်း

သည်းခြေကျောက်တည်လျှင် အုန်းသီးစိမ်း ( အုန်းသီးအနု) ထိပ်မှဖွင့်ပြီး ကျောက်ချဉ် ရွေးစေ့ခန့် ထည့်ပြီး အချိန်ခဏ စောင့်ပါ။ ပြီးလျှင်… ပိုက်ဖြင့် စုပ်သောက်ပါ။ နေ့စဉ် ၁၄ ရက် ဆက်သောက်ပါ။

အဝါရောင် ကောက်ရိုးခြောက်ကိုပြုတ်သောက် (တနည်း ) အဝါရောင်ကောက်ရိုးခြောက်ကို လက်ဖက်ခြောက်ခပ်သောက်သလို သောက်လျှင်လည်း သည်းခြေကျောက်ကျစေပါတယ်။

(တနည်း )ပေပင်မှ ပေရွက်ကိုပြုတ် နေ့စဉ် မှတ်ခွက် ၁ လုံးစာသောက်ပါကလည်း သည်းခြေကျောက်ကျစေပါတယ်။

(၂၀) အရက်ကြောင့် အသည်းက အပြင်ကခြောက်ပြီး အသည်းအထဲက မခြောက်သေး အသည်းထဲမှရေလည်းတွေ့ရသည်ဟု စစ်ဆေးချက်အတွက် ..

အသည်းအထူးကု ညွှန်ကြားချက်ကို လိုက်နာပါ ။မြန်မာဆေးနည်းသုံးစွဲလိုလျှင်… သဘောၤရွက် အစိမ်းရောင်ရင့်ရင့်ကိုယူပါ ရေစင်စင်ဆေးပါ ထောင်းပြီး အရည်ညှစ်ယူပါ။ ဟင်းစားဇွန်း ၂ ဇွန်း နံနက် ည သောက်ပါ. ။

သဘောၤရွက်ကို အဖို အမ မခွဲခြားပါ အာနိသင် အတူတူပါ – အင်္ဂလိပ်ဆေး သောက်နေလျင် ၃ နာရီခြား သဘောၤရွက်ရည်ကို သောက်ပါ ။ အသည်း မခြောက်သေးလျှင် ပိုထိရောက်အောင် မက်လင်ချဉ်သီးကို အချဉ်ရည် ချက်တိုက်ပါ။

(၂၁) ငါးအရိုးစူးခြင်း

အရိုးစူးလျှင် ဖီးကြမ်းငှက်ပျောသီးအမှည့် ၁ လုံးကို ၃ ကိုက်နဲ့မျိုချပါ ။ မကျသည့်အခါ အန်အောင်လုပ်ပါ။ ဆား နနွင်း ရေ မတ်ခွက် ၁လုံးနဲ့ဖျော် ကုန်အောင်သောက် ခဏကြာ အန်လာလိမ့်မည်။ လက်ထိုးပြီး အန်ထုတ်ပါ အရိုးကြီးရင် ပါလာလိမ့်မည် ။

တခါတရံမှာ အရိုးကမရှိတော့ပဲ နာနေတဲ့ ဒါဏ်ကြောင့် စိတ်က စူးနေတယ် ထင်တာလဲ ရှိတယ် ။ သတိထားပါ – လည်ပင်းနာလျှင် နလင်ကျော်သွေးလိမ်းပါ ။

(၂၂) ကလေးငယ် စကားပြောထစ်ခြင်း

မြင်းခွာရွက်ကို ရေစိမ်ထား – မနက်အိပ်ရာထ သွားမတိုက်မီ ဝါးစားပေးလျှင် စကားထစ် သက်သာပါတယ်။ တနည်း… ဝါးဖြင့် ပြုလုပ်ထားသာ ပုလွေကို မူတ်ပေးလျှင် စကားထစ်သက်သာပါတယ်။

တနည်း – သံပုရာသီးကို မီးဖုတ် ပြာချ ထိုပြာဖြင့် လျှာပွတ်ပေးလျှင် စကားထစ် သက်သာစေသည်။
တနည်း – ဗာဒံသီး အတွင်းမှ အဆံ ကိုစားပေးလျှင် စကားထစ်သက်သာပါတယ်။ကြေးဖလားဖြင့် ရေကိုသောက်ပေးလျှင်လည်း စကားထစ်သက်သာပါတယ်။

(၂၃) နှာခေါင်းတွင်းဝက်ခြံပေါက်ခြင်း

မတ်ခွက် ၁လုံးထဲ ရေနွေးပူပူနဲ့ဆား ၂ဇွန်းထည့် အုပ်ထား – ဖွင့်ပြီး အငွေ့ကို ရှူသွင်းပါက နှာခေါင်းတွင်းမှ အနာ ကျက်သွားပါလိမ့်မည် – ကွမ်းရွက်. ချင်း. ထန်းလျက်ပြုတ်ရည်ပူပူ ၃ ရက်ဆက် သောက်ပေးပါ။

(၂၄) အရွယ်မတိုင်ခင် ဆံပင်ကျွတ် ထိပ်ပြောင်ခြင်း

ဆံပင်ပြန်ပေါက်အောင် ပရန္နဝါရွက်ကို ထောပတ် နှမ်းဆီ ပျားရည် ၃ မျိုးနဲ့ ရော ယိုထိုးစားပါ။ မနက် ည ဟင်းစားဇွန်း ၁ ဇွန်းစားပါ။နေ့စဉ် ဝမ်းနုတ်ဆေး တမျိုးမျိုးစားပါ။ ရေခေါင်းလောင်းချိုးပါ။လက်တွေ့ ပြန်ပေါက်သူရှိပါသည်။ဦးခေါင်းတွင်ထောလပတ်ရွက် အရည်ညှစ်ပြီး ပွတ်ပေးလျှင်လည်း ပြန်ပေါက်နိုင်သည်။

(၂၅) ညဘက်အိပ်ပျော်အောင်

ည အိပ်ရာဝင်ခါနီး ဒူးအထက်မှ အောက်ရေလောင်းခြေဆေးပေးလျှင် အပူသက်ပြီး ည အိပ်ပျော်ပါတယ်။ နွားနို့ပူပူ တစ်ခွက်မှာ နနွင်းမူန့် ကော်ဖီဇွန်းငယ် ၁ဇွန်းထည့်ဖျော်သောက်ပါ ။မိမိယုံကြည်ရာဘာသာနှင့် စိတ်ကိုလျော့ တရားမှတ် ပုတီးစိပ်ပါ။

(၂၆) အသားမာ

ဖီးကြမ်းငှက်ပျောသီးအခွံကို မလွင့်ပစ်ပဲ အသားမာနဲ့အတော်ဖြတ်ပြီး အသားဖက်က ကပ်ပါ။ ပလာစတာနဲ့ကပ်ပါ။ရေချိုးရင် အသစ်လဲပါ။ ရက်ကြာကပ်ရင် အသားမာကျွတ်ထွက်သွားပါလိမ့်မည်။

(၂၇) ခြေဖနှောင့်ကွဲခြင်း

ထောပတ်စစ်စစ်နဲ့ ပျားရည် ရောစပ်လိမ်းပါ။ တမာရွက် ပြုတ်ရည်နဲ့ ဖနှောင့်ကို စိမ်ပေးပါ။ တမာရွက်ကိုပြာချ အုန်းဆီနဲ့ရောလိမ်းပေးပါ။

တိုင်းရင်းသမားတော် ဆရာကြည်လွင့်မြင့် ( မုဒြာ )

အားလုံးအဆင်ပြေပါစေ…#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*