ႏွလုံးသားႏွစ္ခု အေဝးေရာက္ေစမယ့္ စကားေတြကို မေျပာၾကပါနဲ႔…

ႏွလုံးသားႏွစ္ခု အေဝးေရာက္ေစမယ့္ စကားေတြကို မေျပာၾကပါနဲ႔...
ႏွလုံးသားႏွစ္ခု အေဝးေရာက္ေစမယ့္ စကားေတြကို မေျပာၾကပါနဲ႔...

ႏွလုံးသားႏွစ္ခု အေဝးေရာက္ေစမယ့္ စကားေတြကို မေျပာၾကပါနဲ႔…

တခါက ရဟန္းပ်ိဳတစုဟာ ဂဂၤါျမစ္ကမ္းနေဘးမွာ ေရခ်ိဳးေနၾကရင္း… တေယာက္နဲ႔ တေယာက္ အျငင္းအခုံ ျပဳလုပ္ရာ ကေန ေဒါသနဲ႔ ေအာ္ဟစ္ေန ၾကပါတယ္။

ေခါင္းေဆာင္ရဟန္းက… အဆိုပါ ရဟန္းေတြ ကို “အသင္တို႔ ဘာလို႔ ေဒါသ ျဖစ္တဲ့အခါမွာ တေယာက္နဲ႔ တေယာက္ ေအာ္ဟစ္ေန ၾကတာလို႔ ထင္လဲ” လို႔ ေမးလိုက္ပါတယ္။

ရဟန္းပ်ိဳေတြ ဟာ တခါဏမွ် စဥ္းစားၿပီး သူတို႔ထဲ က တဦးမွ “တပည့္ေတာ္တို႔ စိတ္လြတ္သြားလို႔ ေအာ္ဟစ္ၾကတာပါ ဘုရား”

“ဒါေပမယ့္ ကိုယ့္ အနားမွာပဲ ရွိေနတဲ့သူကို ဘာလို႔ ေအာ္ဟစ္ ေျပာဆိုရတာလဲ။ အသင္တို႔ ေျပာလိုတာကို ေအးေဆး သက္သာစြာ ေျပာလို႔ ရတာပဲေလ” လို႔ ရဟန္းေခါင္းေဆာင္ က ထပ္ေမးလိုက္တယ္။

ရဟန္းပ်ိဳေတြက အေျဖအမ်ိဳးမ်ိဳး ေပးၾကေပမယ့္… တေယာက္ အေျဖကို က်န္တဲ့ သူေတြက မေက်နပ္တာနဲ႔ပဲ ေနာက္ဆုံးေတာ့ ရဟန္းေခါင္းေဆာင္က အခုလို ေျပာတယ္။

“လူႏွစ္ေယာက္ ဟာ တေယာက္နဲ႔ တေယာက္ စိတ္ဆိုးၾကၿပီ ဆိုရင္… သူတို႔ရဲ႕ ႏွလုံးသားေတြဟာ ေဝးကြာသြား ၾကတယ္။ ဒါေၾကာင့္ ေဝးကြာသြားတဲ့ အကြာအေဝး အေလ်ာက္ တဦး ေျပာစကားကို တဦး ၾကားရဖို႔ အတြက္

တေယာက္နဲ႔ တေယာက္ ေအာ္ဟစ္ၾကျခင္း ျဖစ္တယ္။ သူတို႔ ပိုစိတ္ဆိုးေလေလ သူတို႔ရဲ႕ ႏွလုံးသားေတြက ပိုေဝးကြာေလေလ ျဖစ္ၿပီး သူတို႔ ပိုမို က်ယ္ေလာင္စြာ ေအာ္ဟစ္ ေျပာဆိုၾကမွာ ျဖစ္တယ္။

ေနာက္… ဥပမာတခုနဲ႔ ေျပာရရင္ လူႏွစ္ဦး ခ်စ္ႀကိဳက္သြားတယ္ ဆိုပါဆို႔… သူတို႔ႏွစ္ဦးဟာ ေအာ္ဟစ္ ေျပာဆိုျခင္း မျပဳပဲ တိုးတိတ္ ညႇင္သာစြာပဲ ေျပာဆိုၾကတယ္။ သူတို႔ ႏွလုံးေတြက အနီးဆုံးမွာ ရွိေနၾက တယ္ေလ။

သူတို႔ ႏွလုံးသားၾကားမွာ ရွိတဲ့ အကြာအေဝးက မရွိသေလာက္ ကို နည္းပါးတယ္။ တနည္းအားျဖင့္… သူတို႔ ပိုခ်စ္လာေလေလ… သူတို႔ ႏွလုံးသားေတြ ပိုမို နီးကပ္ လာေလေလ ျဖစ္ၿပီး ေနာက္ဆုံး သူတို႔ စကားေတာင္ ေျပာဖို႔ မလိုေတာ့ပဲ…

မ်က္လုံးက အၾကည့္ခ်င္းနဲ႔ တင္ကို စကားေျပာလို႔ ရၾကပါတယ္။ ဒါေၾကာင့္ အသင္တို႔ အျငင္းအခုံ လုပ္ၾကတဲ့ အခ်ိန္မွာ အသင္တို႔ရဲ႕ ႏွလုံးသားေတြကို အေဝး မေရာက္ပါေစနဲ႔။

ႏွလုံးသား ႏွစ္ခု အေဝး ေရာက္ေစမယ့္ စကားေတြကို မေျပာၾကပါနဲ႔။ ဒါမွမဟုတ္ရင္ လူႏွစ္ေယာက္ရဲ႕ ႏွလုံးသားဟာ ေဝးကြာလြန္း သြားၿပီး ျပန္လည္ နီးကပ္ဖို႔ လမ္းစကို အသင္တို႔ ရွာမေတြ႕ပဲ ျဖစ္လိမ့္မယ္”

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နှလုံးသားနှစ်ခု အဝေးရောက်စေမယ့် စကားတွေကို မပြောကြပါနဲ့…

တခါက ရဟန်းပျိုတစုဟာ ဂင်္ဂါမြစ်ကမ်းနဘေးမှာ ရေချိုးနေကြရင်း… တယောက်နဲ့ တယောက် အငြင်းအခုံ ပြုလုပ်ရာ ကနေ ဒေါသနဲ့ အော်ဟစ်နေ ကြပါတယ်။

ခေါင်းဆောင်ရဟန်းက… အဆိုပါ ရဟန်းတွေ ကို “အသင်တို့ ဘာလို့ ဒေါသ ဖြစ်တဲ့အခါမှာ တယောက်နဲ့ တယောက် အော်ဟစ်နေ ကြတာလို့ ထင်လဲ” လို့ မေးလိုက်ပါတယ်။

ရဟန်းပျိုတွေ ဟာ တခါဏမျှ စဉ်းစားပြီး သူတို့ထဲ က တဦးမှ “တပည့်တော်တို့ စိတ်လွတ်သွားလို့ အော်ဟစ်ကြတာပါ ဘုရား”

“ဒါပေမယ့် ကိုယ့် အနားမှာပဲ ရှိနေတဲ့သူကို ဘာလို့ အော်ဟစ် ပြောဆိုရတာလဲ။ အသင်တို့ ပြောလိုတာကို အေးဆေး သက်သာစွာ ပြောလို့ ရတာပဲလေ” လို့ ရဟန်းခေါင်းဆောင် က ထပ်မေးလိုက်တယ်။

ရဟန်းပျိုတွေက အဖြေအမျိုးမျိုး ပေးကြပေမယ့်… တယောက် အဖြေကို ကျန်တဲ့ သူတွေက မကျေနပ်တာနဲ့ပဲ နောက်ဆုံးတော့ ရဟန်းခေါင်းဆောင်က အခုလို ပြောတယ်။

“လူနှစ်ယောက် ဟာ တယောက်နဲ့ တယောက် စိတ်ဆိုးကြပြီ ဆိုရင်… သူတို့ရဲ့ နှလုံးသားတွေဟာ ဝေးကွာသွား ကြတယ်။ ဒါကြောင့် ဝေးကွာသွားတဲ့ အကွာအဝေး အလျောက် တဦး ပြောစကားကို တဦး ကြားရဖို့ အတွက်

တယောက်နဲ့ တယောက် အော်ဟစ်ကြခြင်း ဖြစ်တယ်။ သူတို့ ပိုစိတ်ဆိုးလေလေ သူတို့ရဲ့ နှလုံးသားတွေက ပိုဝေးကွာလေလေ ဖြစ်ပြီး သူတို့ ပိုမို ကျယ်လောင်စွာ အော်ဟစ် ပြောဆိုကြမှာ ဖြစ်တယ်။

နောက်… ဥပမာတခုနဲ့ ပြောရရင် လူနှစ်ဦး ချစ်ကြိုက်သွားတယ် ဆိုပါဆို့… သူတို့နှစ်ဦးဟာ အော်ဟစ် ပြောဆိုခြင်း မပြုပဲ တိုးတိတ် ညှင်သာစွာပဲ ပြောဆိုကြတယ်။ သူတို့ နှလုံးတွေက အနီးဆုံးမှာ ရှိနေကြ တယ်လေ။

သူတို့ နှလုံးသားကြားမှာ ရှိတဲ့ အကွာအဝေးက မရှိသလောက် ကို နည်းပါးတယ်။ တနည်းအားဖြင့်… သူတို့ ပိုချစ်လာလေလေ… သူတို့ နှလုံးသားတွေ ပိုမို နီးကပ် လာလေလေ ဖြစ်ပြီး နောက်ဆုံး သူတို့ စကားတောင် ပြောဖို့ မလိုတော့ပဲ…

မျက်လုံးက အကြည့်ချင်းနဲ့ တင်ကို စကားပြောလို့ ရကြပါတယ်။ ဒါကြောင့် အသင်တို့ အငြင်းအခုံ လုပ်ကြတဲ့ အချိန်မှာ အသင်တို့ရဲ့ နှလုံးသားတွေကို အဝေး မရောက်ပါစေနဲ့။

နှလုံးသား နှစ်ခု အဝေး ရောက်စေမယ့် စကားတွေကို မပြောကြပါနဲ့။ ဒါမှမဟုတ်ရင် လူနှစ်ယောက်ရဲ့ နှလုံးသားဟာ ဝေးကွာလွန်း သွားပြီး ပြန်လည် နီးကပ်ဖို့ လမ်းစကို အသင်တို့ ရှာမတွေ့ပဲ ဖြစ်လိမ့်မယ်”

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*