စိတ္ထားေလးေတြ မေကာင္းသေ႐ြ႕ အက်ိဳးေပးလဲ ညံ့တတ္ပါတယ္…

စိတ္ထားေလးေတြ မေကာင္းသေ႐ြ႕ အက်ိဳးေပးလဲ ညံ့တတ္ပါတယ္...
စိတ္ထားေလးေတြ မေကာင္းသေ႐ြ႕ အက်ိဳးေပးလဲ ညံ့တတ္ပါတယ္...

စိတ္ထားေလးေတြ မေကာင္းသေ႐ြ႕ အက်ိဳးေပးလဲ ညံ့တတ္ပါတယ္…

“ဟာ! _ ဟင္!” ရန္ကုန္ မွ မႏၲေလး သို႔ သြားေသာ ရထားေပၚတြင္ ျဖစ္သည္။ ရထားေပၚမွာ ပါလာတဲ့ ခရီးသည္ တစ္ဦးရဲ႕ လက္ထဲမွာ ေဟာင္းႏြမ္းေနတဲ့ ၂၀၀ တန္ အစုတ္ ေလး တစ္႐ြက္။

သူက လာသမွ် ေဈးသည္ေတြကို အဲဒီ ပိုက္ဆံ ေလးနဲ႔ လိုက္ ဝယ္ ေနတယ္။ ဒါေပမယ့္… ေဈးသည္ ေတာ္ေတာ္ မ်ားမ်ားက ” ဒီ ပိုက္ဆံေလး ျပန္လဲေပး ပါဦး ” ဆိုၿပီး လဲ ခိုင္း တယ္။

ဒီေတာ့… သူ စဥ္းစားေနတယ္.. “အင္း… ဒီအတိုင္း ဝယ္ေနလို႔ကေတာ့ အဆင္ေျပမွာ မဟုတ္ဘူး။ ငါ ေနာက္ ဘူတာကို ေရာက္ရင္… ရထား ထြက္ခါနီးမွ ပဲ ဝယ္မယ္။ ဒီလိုဆိုရင္…

သူတို႔ ျပန္လဲခိုင္းလို႔ ရမွာ မဟုတ္ေတာ့ ဘူး” သူ႔ အႀကံနဲ႔ သူကေတာ့ ဟုတ္လို႔ေပါ့။ ေနာက္လာမဲ့ ဘူတာ မွာလည္း ေဈးသည္ တစ္ေယာက္… သူကေတာ့ ေရာင္းလို႔ မကုန္တဲ့ ထမင္းသိုး ေတြကို

ရထား ထြက္ခါနီးမွ အေျပးအလႊား လိုက္ေရာင္းတာ။ ဘူတာကိုလဲ ေရာက္ ရထား ျပန္ထြက္ခါနီး ဥၾသလဲ ဆြဲေရာ… ရထား ဘီးေတြကလဲ တစ္လိမ့္ခ်င္း လိမ့္စျပဳလို႔ ဒီေတာ့မွ…

ေဈးသည္က …” ထမင္းေတြ ရမယ္ ထမင္းေတြ ရမယ္ ပူပူေႏြးေႏြးေလးေနာ္… တစ္ထုပ္မွ ၂၀၀ ပဲ၊ ယူၾကဦးမလား…? ” ႏွစ္ရာတန္ အစုတ္ ကိုင္ထား တဲ့ ခရီးသည္ကလဲ…

“လာဦးဗ်ိဳ႕ … တစ္ထုပ္ေလာက္ေပးပါ” “ဟုတ္ကဲ့… ေရာ့ေရာ့… ပိုက္ဆံ ခ်ေပးလိုက္ေလ” “ေအး ေအး” ခရီးသည္ကလဲ ပိုက္ဆံ အစုတ္ေလး ထြက္သြားၿပီး ထမင္း ထုပ္ေလး ရလာေတာ့… သူ႔ကိုသူ ဟုတ္လွၿပီေပါ့။

ေဈးသည္ကလဲ ထမင္းသိုး တစ္ထုပ္က ပိုက္ဆံ ႏွစ္ရာ ေပးတယ္ဆိုေတာ့… ဝမ္းသာ လို႔ေလ…။ ရထားေပၚက ပစ္ခ် လိုက္လို႔ ေလထဲ ဝဲေနတဲ့ ပိုက္ဆံေလး ကို အမိအရ ဖမ္းၿပီးေတာ့မွ …

“ဟင္! ” ခရီးသည္ကလဲ ေဈးသည္ကို လွမ္းၾကည့္… သနားပါတယ္ ဆိုတဲ့ သေဘာေပါ့… ၿပီးေတာ့မွ ထမင္း စားမယ္ ဆိုၿပီး အိတ္ဖြင့္ လိုက္ေတာ့မွ… “ဟာ! ”

မိတ္ေဆြတို႔ေရ… ဒီ(ဟင္ နဲ႔ ဟာ) ကို အႏွစ္ခ်ဳပ္ရင္… ” အစုတ္ေပးရင္… အပုပ္ရတယ္ ” ” အပုပ္ေပးရင္… အစုတ္ရတယ္ ” ဆိုတဲ့ သေဘာပါ။

စိတ္ထားေလးေတြ မေကာင္းသေ႐ြ႕ အက်ိဳးေပးလဲ ညံ့တတ္တယ္ ဆိုတာ သတိရေစခ်င္ လို႔ပါ။ လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္းရွင္းၾကပါေစ။

မူရင္း ေရးသား သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်ပါတယ်…

“ဟာ! _ ဟင်!” ရန်ကုန် မှ မန္တလေး သို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။ ရထားပေါ်မှာ ပါလာတဲ့ ခရီးသည် တစ်ဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀ တန် အစုတ် လေး တစ်ရွက်။

သူက လာသမျှ ဈေးသည်တွေကို အဲဒီ ပိုက်ဆံ လေးနဲ့ လိုက် ဝယ် နေတယ်။ ဒါပေမယ့်… ဈေးသည် တော်တော် များများက ” ဒီ ပိုက်ဆံလေး ပြန်လဲပေး ပါဦး ” ဆိုပြီး လဲ ခိုင်း တယ်။

ဒီတော့… သူ စဉ်းစားနေတယ်.. “အင်း… ဒီအတိုင်း ဝယ်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ငါ နောက် ဘူတာကို ရောက်ရင်… ရထား ထွက်ခါနီးမှ ပဲ ဝယ်မယ်။ ဒီလိုဆိုရင်…

သူတို့ ပြန်လဲခိုင်းလို့ ရမှာ မဟုတ်တော့ ဘူး” သူ့ အကြံနဲ့ သူကတော့ ဟုတ်လို့ပေါ့။ နောက်လာမဲ့ ဘူတာ မှာလည်း ဈေးသည် တစ်ယောက်… သူကတော့ ရောင်းလို့ မကုန်တဲ့ ထမင်းသိုး တွေကို

ရထား ထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။ ဘူတာကိုလဲ ရောက် ရထား ပြန်ထွက်ခါနီး ဥသြလဲ ဆွဲရော… ရထား ဘီးတွေကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ…

ဈေးသည်က …” ထမင်းတွေ ရမယ် ထမင်းတွေ ရမယ် ပူပူနွေးနွေးလေးနော်… တစ်ထုပ်မှ ၂၀၀ ပဲ၊ ယူကြဦးမလား…? ” နှစ်ရာတန် အစုတ် ကိုင်ထား တဲ့ ခရီးသည်ကလဲ…

“လာဦးဗျို့ … တစ်ထုပ်လောက်ပေးပါ” “ဟုတ်ကဲ့… ရော့ရော့… ပိုက်ဆံ ချပေးလိုက်လေ” “အေး အေး” ခရီးသည်ကလဲ ပိုက်ဆံ အစုတ်လေး ထွက်သွားပြီး ထမင်း ထုပ်လေး ရလာတော့… သူ့ကိုသူ ဟုတ်လှပြီပေါ့။

ဈေးသည်ကလဲ ထမင်းသိုး တစ်ထုပ်က ပိုက်ဆံ နှစ်ရာ ပေးတယ်ဆိုတော့… ဝမ်းသာ လို့လေ…။ ရထားပေါ်က ပစ်ချ လိုက်လို့ လေထဲ ဝဲနေတဲ့ ပိုက်ဆံလေး ကို အမိအရ ဖမ်းပြီးတော့မှ …

“ဟင်! ” ခရီးသည်ကလဲ ဈေးသည်ကို လှမ်းကြည့်… သနားပါတယ် ဆိုတဲ့ သဘောပေါ့… ပြီးတော့မှ ထမင်း စားမယ် ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ… “ဟာ! ”

မိတ်ဆွေတို့ရေ… ဒီ(ဟင် နဲ့ ဟာ) ကို အနှစ်ချုပ်ရင်… ” အစုတ်ပေးရင်… အပုပ်ရတယ် ” ” အပုပ်ပေးရင်… အစုတ်ရတယ် ” ဆိုတဲ့ သဘောပါ။

စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်တယ် ဆိုတာ သတိရစေချင် လို့ပါ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

မူရင်း ရေးသား သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*