ေခါင္းေဆာင္ဆိုတာ… ဒီလိုက်င့္ၾကံႏိုင္ဖို႕ လိုတယ္…

ေခါင္းေဆာင္ဆိုတာ... ဒီလိုက်င့္ၾကံႏိုင္ဖို႕ လိုတယ္...
ေခါင္းေဆာင္ဆိုတာ... ဒီလိုက်င့္ၾကံႏိုင္ဖို႕ လိုတယ္...

ေခါင္းေဆာင္ဆိုတာ… ဒီလိုက်င့္ၾကံႏိုင္ဖို႕ လိုတယ္…

ေခါင္းေဆာင္ဆိုတာ ေနရာတိုင္းမွာ အကုန္သိ အကုန္ တတ္ရမယ္ဆိုတဲ့ အယူအဆဟာ… လႊဲမွားေနပါတယ္။ တကယ္ေတာ့… ေခါင္းေဆာင္ဆိုတာ ေနရာအလိုက္ တတ္ကြၽမ္းသူေတြကို စနစ္တက် ေပါင္းစည္းၿပီး

သူ႔ေနရာနဲ႔သူ အသုံးခ်တတ္ဖို႔ပဲ လိုပါတယ္။ တတ္ကြၽမ္းသူေတြကို ရွာေဖြ ေ႐ြးထုတ္ႏိုင္စြမ္း ရွိရမွာျဖစ္သလို… မတတ္ကြၽမ္းေသးသူေတြကို တတ္ကြၽမ္းလာေအာင္ ေလ့က်င့္ေပးႏိုင္စြမ္း ရွိဖို႔လဲ လိုအပ္ပါတယ္။

သုံးမရတဲ့ ငယ္သားဆိုတာ မရွိဘူး… ငယ္သားကို လူမွန္ေနရာမွန္ အသုံးမခ်တတ္တဲ့ ေခါင္းေဆာင္ပဲ ရွိပါတယ္။ ေခါင္းေဆာင္တစ္ေယာက္အတြက္ ရွက္စရာအေကာင္းဆုံး စကားက ကိုယ့္လက္ေအာက္ကလူေတြ သုံးလို႔မရပါဘူးလို႔ ဖြင့္ဟေျပာဆိုျခင္း ျဖစ္ပါတယ္။

အဲ့ဒီလို ေျပာတဲ့သူေတြကို ကြၽန္ေတာ္ အထင္လုံးဝမႀကီးပါဘူး။ သုံးမရတဲ့သူကို သုံးလို႔ ရတဲ့အထိ ေလ့က်င့္ေပးဖို႔က ေခါင္းေဆာင္ရဲ႕တာဝန္ ျဖစ္ပါတယ္။ သုံးမရတဲ့သူေတြ ရွိတာ ေခါင္းေဆာင္ ညံ့လို႔ပါ။

လက္ေအာက္က သူေတြဟာ ကိုယ့္ေလာက္ မတတ္ဘူး… ကိုယ့္လို အျမင္မရွိဘူးလို႔လဲ လုံးဝမေျပာသင့္ပါဘူး။ လက္ေအာက္က လူေတြရဲ႕အျမင္ဟာ ကိုယ္နဲ႔ ရႈေထာင့္ မတူတာပဲ ျဖစ္မယ္လို႔ ခံယူရပါမယ္။ လက္ေအာက္က သူေတြရဲ႕ အေတြးအျမင္ေတြကို

ထုတ္ေဖာ္ခြင့္ ေပးရပါမယ္။ ”မင္းက ဘယ္ေလာက္ သိလို႔လဲ” ဆိုတဲ့ စကားကို ေျပာတဲ့ ေခါင္းေဆာင္ဟာ… မၾကာခင္ က်ဆုံးေတာ့မဲ့ ေခါင္းေဆာင္ ျဖစ္ပါတယ္။ ”သေဘာေကာင္းတယ္လို႔ အေျပာခံရရင္ အဲ့ဒီသူဟာ… ေခါင္းေဆာင္ေကာင္းမဟုတ္ဘူး” လို႔ ေျပာၾကတာကိုလည္း

ဘယ္လိုစဥ္းစဥ္းစား လက္မခံႏိုင္ပါဘူး။ ဥပမာေပးရရင္ မိသားစုအတြင္းမွာဆို အမိန္႔ေတြနဲ႔ အလုပ္လုပ္ေနတာ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေမတၱာတရားေတြနဲ႔ ေနထိုင္ၾကတာ ျဖစ္ပါတယ္။

တစ္ေယာက္ မႀကိဳက္တာကို တစ္ေယာက္က မလုပ္တာ/ တစ္ေယာက္ျဖစ္ေစခ်င္တာ ကို တစ္ေယာက္က လုပ္ေပးတာေတြဟာ ေၾကာက္လို႔ မဟုတ္ပါဘူး။ ေမတၱာတရားနဲ႔ အလိုက္တသိ လုပ္ေပးၾကတာျဖစ္ပါတယ္။

အဖြဲ႕အစည္းအတြင္းမွာလည္း ဒီလို နားလည္မႈေတြ ေမတၱာတရားေတြ ရွိေနရင္ ေခါင္းေဆာင္ဟာ… ငယ္သားေတြအေပၚ သေဘာမေကာင္းႏိုင္စရာ အေၾကာင္း မရွိပါဘူး။

ငယ္သားေတြရဲ႕ ယုံၾကည္ကိုးစားမႈကို ရထားရင္ ေခါင္းေဆာင္တေယာက္ဟာ… သေဘာေကာင္းေကာင္းနဲ႔ အလုပ္ လုပ္လို႔ရပါတယ္။ တစ္ခု သတိျပဳရမွာကေတာ့… ယုံၾကည္မႈတိုင္းဟာ အျပန္အလွန္သေဘာ ရွိတယ္ ဆိုတာပါပဲ။

ကိုယ္က သူ႔ကိုယုံမွ… သူကလဲ ကိုယ့္ကို ယုံပါလိမ့္မယ္။ လူေတြ အမ်ားႀကီး စိတ္ခ်မ္းသာေအာင္ လုပ္ေပးႏိုင္ရင္ ေလာကနိဗၺာန္ပါပဲ။ ကိုယ့္ေၾကာင့္ လူေတြ အမ်ားႀကီး စိတ္ညစ္ရမယ္ဆိုရင္ေတာ့…

ဘုရားတရားေတြ ဘယ္ေလာက္လုပ္လုပ္… ေလာကငရဲမွာ သင္ဟာ က်ေနပါလိမ့္မယ္။ ကမာၻေပၚမွာ အေၾကာက္တရား လႊမ္းမိုးေနတဲ့ ဘယ္အဖြဲ႕အစည္းမွ ေအာင္ျမင္မႈ မရတာကို သတိျပဳရပါမယ္။

ဒါေၾကာင့္ ေခါင္းေဆာင္ဆိုတာ တစ္ျခားအခ်က္ေတြအျပင္ လူစီမံခန္႔ခြဲမႈ ကြၽမ္းက်င္ၿပီး သေဘာေကာင္းဖို႔ အေရးႀကီးပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ခေါင်းဆောင်ဆိုတာ… ဒီလိုကျင့်ကြံနိုင်ဖို့ လိုတယ်…

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန် တတ်ရမယ်ဆိုတဲ့ အယူအဆဟာ… လွှဲမှားနေပါတယ်။ တကယ်တော့… ခေါင်းဆောင်ဆိုတာ နေရာအလိုက် တတ်ကျွမ်းသူတွေကို စနစ်တကျ ပေါင်းစည်းပြီး

သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ပဲ လိုပါတယ်။ တတ်ကျွမ်းသူတွေကို ရှာဖွေ ရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို… မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်စွမ်း ရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ ငယ်သားဆိုတာ မရှိဘူး… ငယ်သားကို လူမှန်နေရာမှန် အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။ ခေါင်းဆောင်တစ်ယောက်အတွက် ရှက်စရာအကောင်းဆုံး စကားက ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်း ဖြစ်ပါတယ်။

အဲ့ဒီလို ပြောတဲ့သူတွေကို ကျွန်တော် အထင်လုံးဝမကြီးပါဘူး။ သုံးမရတဲ့သူကို သုံးလို့ ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန် ဖြစ်ပါတယ်။ သုံးမရတဲ့သူတွေ ရှိတာ ခေါင်းဆောင် ညံ့လို့ပါ။

လက်အောက်က သူတွေဟာ ကိုယ့်လောက် မတတ်ဘူး… ကိုယ့်လို အမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။ လက်အောက်က လူတွေရဲ့အမြင်ဟာ ကိုယ်နဲ့ ရှုထောင့် မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။ လက်အောက်က သူတွေရဲ့ အတွေးအမြင်တွေကို

ထုတ်ဖော်ခွင့် ပေးရပါမယ်။ ”မင်းက ဘယ်လောက် သိလို့လဲ” ဆိုတဲ့ စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ… မကြာခင် ကျဆုံးတော့မဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ”သဘောကောင်းတယ်လို့ အပြောခံရရင် အဲ့ဒီသူဟာ… ခေါင်းဆောင်ကောင်းမဟုတ်ဘူး” လို့ ပြောကြတာကိုလည်း

ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။ ဥပမာပေးရရင် မိသားစုအတွင်းမှာဆို အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက် မကြိုက်တာကို တစ်ယောက်က မလုပ်တာ/ တစ်ယောက်ဖြစ်စေချင်တာ ကို တစ်ယောက်က လုပ်ပေးတာတွေဟာ ကြောက်လို့ မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း ဒီလို နားလည်မှုတွေ မေတ္တာတရားတွေ ရှိနေရင် ခေါင်းဆောင်ဟာ… ငယ်သားတွေအပေါ် သဘောမကောင်းနိုင်စရာ အကြောင်း မရှိပါဘူး။

ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင် ခေါင်းဆောင်တယောက်ဟာ… သဘောကောင်းကောင်းနဲ့ အလုပ် လုပ်လို့ရပါတယ်။ တစ်ခု သတိပြုရမှာကတော့… ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘော ရှိတယ် ဆိုတာပါပဲ။

ကိုယ်က သူ့ကိုယုံမှ… သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။ လူတွေ အများကြီး စိတ်ချမ်းသာအောင် လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။ ကိုယ့်ကြောင့် လူတွေ အများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့…

ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်… လောကငရဲမှာ သင်ဟာ ကျနေပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အကြောက်တရား လွှမ်းမိုးနေတဲ့ ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှု မရတာကို သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ တစ်ခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှု ကျွမ်းကျင်ပြီး သဘောကောင်းဖို့ အရေးကြီးပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*