ေခတ္ပ်က္ၾကီးထဲမွာ ဘယ္လို ရွင္သန္ေနထိုင္ၾကမလဲ…?

ေခတ္ပ်က္ၾကီးထဲမွာ ဘယ္လို ရွင္သန္ေနထိုင္ၾကမလဲ...?
ေခတ္ပ်က္ၾကီးထဲမွာ ဘယ္လို ရွင္သန္ေနထိုင္ၾကမလဲ...?

ေခတ္ပ်က္ၾကီးထဲမွာ ဘယ္လို ရွင္သန္ေနထိုင္ၾကမလဲ…?

ေခတ္ႀကီးကေတာ့ လုံးဝပ်က္သြားပါၿပီ… ဘာမွ မတတ္ႏိုင္ပါဘူး။ က်ေနာ္တို႔ တတ္ႏိုင္တာ ေခတ္ပ်က္ႀကီးထဲမွာ ဘယ္လို ရွင္သန္ေနထိုင္မလဲ ဆိုတာပါပဲ။ ဒီအခ်ိန္က်မွေတာ့… ျဖစ္သမွ်အေၾကာင္း

အေကာင္းသာ မွတ္ပါ။ ဒီႏိုင္ငံမွ ာလူလာျဖစ္လို႔ဆိုၿပီး ကိုယ္ မတတ္ႏိုင္တာအတြက္ ေတြးပူမေနပါနဲ႔။ အခု သင့္အနားမွာ မိသားစုဝင္ေတြ ရွိေနေသးရင္… လတ္တေလာ နည္းနည္းပါးပါး လက္ထဲမွာ စားဖို႔ ေသာက္ဖို႔ ေငြအနည္းငယ္ေလာက္

ရွိေနရင္ကို သင့္အေျခေန ေကာင္းေနပါေသးတယ္။ လာမယ့္ေဘး ေျပးေတြ႕ရမွာပါပဲ… ေရွာင္လႊဲလို႔မွ မရတာ။ အခုေျပာျပေပးမွာက… ေခတ္ပ်က္ႀကီးထဲ ဘယ္လို ရွင္သန္ေနထိုင္မလဲ ဆိုတာပါ။

ပိုက္ဆံ

ေငြကို မလိုအပ္ပဲ သုံးမိတာမ်ိဳးမျဖစ္ေအာင္ သတိျပဳပါ။ သင့္ရဲ႕ဝင္ေငြကို စားေသာက္ကုန္နဲ႔ က်န္းမာေရးအတြက္သာ အဓိက အသုံးျပဳပါ။ စားေသာက္ဆိုင္ ထိုင္စားတာမ်ိး ေရွာင္ပါ။

အိမ္မွာပဲ ေခြၽေခြၽတာတာ ခ်က္ျပဳတ္ စားေသာက္ပါ။ အဝတ္စားသစ္ေတြ႕တိုင္း မဝယ္ပါနဲ႔ေတာ့။ ဖုန္းအသစ္ လဲခ်င္ေနတဲ့စိတ္ကို ေဖ်ာက္ပါ။

ေငြကို အေရးတႀကီး လိုအပ္တာမဟုတ္တဲ့ အပို ကိစၥ ေတြ ၊ ပကာသန ကိစၥေတြ အတြက္ မသုံးမိေအာင္ သတိျပဳပါ။

က်န္းမာေရး

က်န္းမာေနဖို႔က အဓိကပါပဲ။ ဒီအေျခေနမွာ က်န္းမာေရး တစ္ခုခုျဖစ္ရင္ မလြယ္ပါဘူး။ ကိုယ္ေရွ႕ဆက္ရမယ့္ ဘဝက အမ်ားႀကီး က်န္ပါေသးတယ္။ အစားေသာက္ ကို သင့္တင့္ယုံ စားပါ။

ကိုယ္လက္ေလ့က်င့္ခန္း ပုံမွန္ လုပ္ပါ။ ကိုယ္နဲ႔ မတည့္တဲ့ အစားစာေတြ စားေသာက္ခ်င္တဲ့ စိတ္ကို ေဖ်ာက္ပါ။ က်န္မာေရးကို အထူး ဂ႐ုစိုက္ပါ။

အခ်ိန္

အခ်ိန္က တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးေနတာပါ။ ငါတို႔တိုင္းျပည္ပ်က္ၿပီ၊ အနာဂတ္က ေဝဝါးေနၿပီ ဆိုၿပီး လက္မႈိင္ခ် စိတ္ဓာတ္က်တာမ်ိဳး မျဖစ္ဖို႔ သတိထားပါ။

စိတ္ဓာတ္က်ေနရင္… လူက ပုံမွန္ လုပ္ေနၾက ဘဝတိုးတက္ေစမယ့္ အရာေတြ မလုပ္မိေတာ့ဘူး။ စာ မဖတ္ေတာ့ဘူး။ ေနခ်င္သလို ေနတယ္။ အားလပ္ခ်ိန္ FB ေပၚပဲ ေရာက္ေနတာမ်ိဳး။

အိပ္ပဲ အိပ္ေနၿပီး အခ်ိန္ျဖဳန္းေနတာမ်ိဳး မလုပ္ပဲ ဘဝတိုးတက္ေစမယ့္ အရာေတြ ေလ့လာပါ။ ဥပမာ… ဘာသာစကား တစ္ခုခု သင္တာမ်ိဳး။ ပညာရပ္ တစ္ခုခုကို ေလ့လာ ေနတာမ်ိဳး။

သင္တန္း တစ္ခုခုကို တက္ၿပီး အားလပ္ခ်ိန္ မရွိေအာင္ကို ဘဝသစ္အတြက္ ႀကိဳးစားထားပါ။ အဓိက ကေတာ့ ပိုက္ဆံကို ေခြၽတာ။ က်န္းမာေရး ဂ႐ုစိုက္။ စိတ္ဓာတ္က်ၿပီး အခ်ိန္ မျဖဳန္းမိေစနဲ႔။

လိုင္းဖြင့္လိုက္တာနဲ႔ ကုန္ေစ်းႏႈန္း ဘယ္ေလာက္ တက္တဲ့အေၾကာင္းေတြ။ $ေစ်း တက္တာေတြ။ ဓာတ္ဆီ လုဝယ္ေနရတာေတြ။ ဘယ္ေနရာမွာ လုတယ္၊ ခိုးတယ္၊ သတ္ျဖတ္တယ္ ဆိုတာေတြ။

ဘယ္ေနရာမွာ တိုက္ပြဲျဖစ္တယ္၊ ဘယ္ေနရာမွာ ႐ြာလုံးကြၽတ္ မီးရႈိ႕ခံရတယ္ စသျဖင့္ စိတ္ဓာတ္က်ဖြယ္ သတင္းေတြပဲ စဥ္ဆက္မျပတ္ ေတြ႕ရပါလိမ့္မယ္။

ဒါဆို… သင္လည္း ျမန္မာႏိုင္ငံႀကီး ပ်က္စီးေနတဲ့ သတင္းေတြၾကားၿပီး စိတ္ ပင္ပန္းလာလိမ့္မယ္။ ကိုယ့္အေျခေန ျပန္ၾကည့္ေတာ့လည္း အားရစရာမရွိ… ႐ုန္းကန္ေနရေတာ့ တင္းထားေပမယ့္ စိတ္ဓာတ္ေတြက က်သြားမွာပဲ။

ဒီေတာ့ ဖုန္းကို လက္ထဲက ခ်ၿပီး အားလုံးကို ခဏ ေမ့ထားလိုက္။ စာအုပ္ဖတ္တာမ်ိဳး၊ အပင္စိုက္တာမ်ိဳး ထလုပ္ၾကည့္။ ဒါမွမဟုတ္ စိတ္ၿငိမ္ေအာင္ တရားထိုင္၊ ပုတီးစိပ္ လုပ္ၾကည့္။

ဒီအေျခေနကို ငါမရရေအာင္ ေက်ာ္ျဖတ္မယ္လို႔ ေတြးထား။ မုန္တိုင္းဆိုတာ အၿမဲ မလာပါဘူး။ မိုးထဲေလထဲ ဘဝပ်က္ေနၾကတဲ့ အခိုက္တန္႔ႀကီးကို ေက်ာ္ျဖတ္ၿပီးရင္

သာယာတဲ့ ေလျပည္ေလးေတြလည္း ၾကဳံရဦးမွာပါ။ အဲ့ဒီအခါက်ရင္သာ… ကိုယ္က အဆင္သင့္ျဖစ္ေနေအာင္ ႀကိဳးစားထားပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ခေတ်ပျက်ကြီးထဲမှာ ဘယ်လို ရှင်သန်နေထိုင်ကြမလဲ…?

ခေတ်ကြီးကတော့ လုံးဝပျက်သွားပါပြီ… ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့ တတ်နိုင်တာ ခေတ်ပျက်ကြီးထဲမှာ ဘယ်လို ရှင်သန်နေထိုင်မလဲ ဆိုတာပါပဲ။ ဒီအချိန်ကျမှတော့… ဖြစ်သမျှအကြောင်း

အကောင်းသာ မှတ်ပါ။ ဒီနိုင်ငံမှ ာလူလာဖြစ်လို့ဆိုပြီး ကိုယ် မတတ်နိုင်တာအတွက် တွေးပူမနေပါနဲ့။ အခု သင့်အနားမှာ မိသားစုဝင်တွေ ရှိနေသေးရင်… လတ်တလော နည်းနည်းပါးပါး လက်ထဲမှာ စားဖို့ သောက်ဖို့ ငွေအနည်းငယ်လောက်

ရှိနေရင်ကို သင့်အခြေနေ ကောင်းနေပါသေးတယ်။ လာမယ့်ဘေး ပြေးတွေ့ရမှာပါပဲ… ရှောင်လွှဲလို့မှ မရတာ။ အခုပြောပြပေးမှာက… ခေတ်ပျက်ကြီးထဲ ဘယ်လို ရှင်သန်နေထိုင်မလဲ ဆိုတာပါ။

ပိုက်ဆံ

ငွေကို မလိုအပ်ပဲ သုံးမိတာမျိုးမဖြစ်အောင် သတိပြုပါ။ သင့်ရဲ့ဝင်ငွေကို စားသောက်ကုန်နဲ့ ကျန်းမာရေးအတွက်သာ အဓိက အသုံးပြုပါ။ စားသောက်ဆိုင် ထိုင်စားတာမျိး ရှောင်ပါ။

အိမ်မှာပဲ ချွေချွေတာတာ ချက်ပြုတ် စားသောက်ပါ။ အဝတ်စားသစ်တွေ့တိုင်း မဝယ်ပါနဲ့တော့။ ဖုန်းအသစ် လဲချင်နေတဲ့စိတ်ကို ဖျောက်ပါ။

ငွေကို အရေးတကြီး လိုအပ်တာမဟုတ်တဲ့ အပို ကိစ္စ တွေ ၊ ပကာသန ကိစ္စတွေ အတွက် မသုံးမိအောင် သတိပြုပါ။

ကျန်းမာရေး

ကျန်းမာနေဖို့က အဓိကပါပဲ။ ဒီအခြေနေမှာ ကျန်းမာရေး တစ်ခုခုဖြစ်ရင် မလွယ်ပါဘူး။ ကိုယ်ရှေ့ဆက်ရမယ့် ဘဝက အများကြီး ကျန်ပါသေးတယ်။ အစားသောက် ကို သင့်တင့်ယုံ စားပါ။

ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ကိုယ်နဲ့ မတည့်တဲ့ အစားစာတွေ စားသောက်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ ကျန်မာရေးကို အထူး ဂရုစိုက်ပါ။

အချိန်

အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေတာပါ။ ငါတို့တိုင်းပြည်ပျက်ပြီ၊ အနာဂတ်က ဝေဝါးနေပြီ ဆိုပြီး လက်မှိုင်ချ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဖို့ သတိထားပါ။

စိတ်ဓာတ်ကျနေရင်… လူက ပုံမှန် လုပ်နေကြ ဘဝတိုးတက်စေမယ့် အရာတွေ မလုပ်မိတော့ဘူး။ စာ မဖတ်တော့ဘူး။ နေချင်သလို နေတယ်။ အားလပ်ချိန် FB ပေါ်ပဲ ရောက်နေတာမျိုး။

အိပ်ပဲ အိပ်နေပြီး အချိန်ဖြုန်းနေတာမျိုး မလုပ်ပဲ ဘဝတိုးတက်စေမယ့် အရာတွေ လေ့လာပါ။ ဥပမာ… ဘာသာစကား တစ်ခုခု သင်တာမျိုး။ ပညာရပ် တစ်ခုခုကို လေ့လာ နေတာမျိုး။

သင်တန်း တစ်ခုခုကို တက်ပြီး အားလပ်ချိန် မရှိအောင်ကို ဘဝသစ်အတွက် ကြိုးစားထားပါ။ အဓိက ကတော့ ပိုက်ဆံကို ချွေတာ။ ကျန်းမာရေး ဂရုစိုက်။ စိတ်ဓာတ်ကျပြီး အချိန် မဖြုန်းမိစေနဲ့။

လိုင်းဖွင့်လိုက်တာနဲ့ ကုန်ဈေးနှုန်း ဘယ်လောက် တက်တဲ့အကြောင်းတွေ။ $ဈေး တက်တာတွေ။ ဓာတ်ဆီ လုဝယ်နေရတာတွေ။ ဘယ်နေရာမှာ လုတယ်၊ ခိုးတယ်၊ သတ်ဖြတ်တယ် ဆိုတာတွေ။

ဘယ်နေရာမှာ တိုက်ပွဲဖြစ်တယ်၊ ဘယ်နေရာမှာ ရွာလုံးကျွတ် မီးရှို့ခံရတယ် စသဖြင့် စိတ်ဓာတ်ကျဖွယ် သတင်းတွေပဲ စဉ်ဆက်မပြတ် တွေ့ရပါလိမ့်မယ်။

ဒါဆို… သင်လည်း မြန်မာနိုင်ငံကြီး ပျက်စီးနေတဲ့ သတင်းတွေကြားပြီး စိတ် ပင်ပန်းလာလိမ့်မယ်။ ကိုယ့်အခြေနေ ပြန်ကြည့်တော့လည်း အားရစရာမရှိ… ရုန်းကန်နေရတော့ တင်းထားပေမယ့် စိတ်ဓာတ်တွေက ကျသွားမှာပဲ။

ဒီတော့ ဖုန်းကို လက်ထဲက ချပြီး အားလုံးကို ခဏ မေ့ထားလိုက်။ စာအုပ်ဖတ်တာမျိုး၊ အပင်စိုက်တာမျိုး ထလုပ်ကြည့်။ ဒါမှမဟုတ် စိတ်ငြိမ်အောင် တရားထိုင်၊ ပုတီးစိပ် လုပ်ကြည့်။

ဒီအခြေနေကို ငါမရရအောင် ကျော်ဖြတ်မယ်လို့ တွေးထား။ မုန်တိုင်းဆိုတာ အမြဲ မလာပါဘူး။ မိုးထဲလေထဲ ဘဝပျက်နေကြတဲ့ အခိုက်တန့်ကြီးကို ကျော်ဖြတ်ပြီးရင်

သာယာတဲ့ လေပြည်လေးတွေလည်း ကြုံရဦးမှာပါ။ အဲ့ဒီအခါကျရင်သာ… ကိုယ်က အဆင်သင့်ဖြစ်နေအောင် ကြိုးစားထားပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*