ဖုန္းကို အက်ိဳမရိွ အေပ်ာ္သုံးသူမ်ားအတြက္ အင္တာေနရွင္နယ္ မြဲေဆး…

ဖုန္းကို အက်ိဳမရိွ အေပ်ာ္သုံးသူမ်ားအတြက္ အင္တာေနရွင္နယ္ မြဲေဆး...
ဖုန္းကို အက်ိဳမရိွ အေပ်ာ္သုံးသူမ်ားအတြက္ အင္တာေနရွင္နယ္ မြဲေဆး...

ဖုန္းကို အက်ိဳမရိွ အေပ်ာ္သုံးသူမ်ားအတြက္ အင္တာေနရွင္နယ္ မြဲေဆး…

စီးပြားေရး ေျပလည္ေသာ အိမ္တစ္အိမ္ေပၚသို႔ ဖြတ္ႏွစ္ေကာင္ တက္လာၾကသည္။ေနာက္ေဖးေပါက္က တက္လာေသာဖြတ္မ်ားသည္။ မီးဖိုခန္းကို ျဖတ္ေသာအခါ ဖုန္းၾကည့္ရင္း ဟင္း႐ြက္သင္ေနေသာ အိမ္ရွင္မကို ေတြ႕ရသည္။

ဆက္၍သြားေသာ္ အိပ္ခန္းထဲ၌ တက္ပလက္တစ္လုံးျဖင့္ ဂိမ္းေဆာ့ေနၾကေသာ ကေလးႏွစ္ေယာက္ကို ေတြ႕ရျပန္သည္။ ဧည့္ခန္းသို႔ ေရာက္ခ်ိန္၌ကား ဖုန္းထဲက ဇာတ္ကားမ်ားကို ေဒါင္းလုပ္ဆြဲေနသည့္ အိမ္ေထာင္ဦးစီးကို ျမင္ၾကရ၏။

ဖြတ္ႏွစ္ေကာင္ တီးတိုး တိုင္ပင္ၾကသည္။ “ေဟ့ … ငါတို႔ မတက္လည္း သူတို႔ မြဲမွာ ေသခ်ာေနၿပီ …ျပန္ၾကစို႔” “ေအး …. ဒါဆိုရင္ လုံေလာက္ေနၿပီ….” ဖြတ္ႏွစ္ေကာင္သည္ အိမ္ေပၚမွ ျပန္ဆင္းသြားၾကေလ၏။

တခ်ိန္ကဘျမန္မာျပည္တြင္ရွိေသာ ဆက္သြယ္ေရးေအာ္ပေရတာမ်ားထံမွ ဖုန္းကတ္ ဝယ္သုံးေနၾကေသာ အေရအတြက္ကို ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ ေရတြက္ၾကည့္လွ်င္ သန္း (၃၀) ေလာက္ ရွိသည္။

ဖုန္းကတ္ တစ္ကတ္သည္ တစ္ေန႔လွ်င္ တစ္က်ပ္ဖိုး သုံးပါက တတိုင္းျပည္လုံး၏ ဖုန္းဖိုး အသုံးျပဳေငြသည္ သန္း (၃၀) ျဖစ္သည္။ တစ္ဆယ္ဖိုး သုံးလွ်င္ သန္း (၃၀၀)။ တစ္ရာဖိုး သုံးေတာ့ သန္း (၃၀၀၀) ေပါ့။ ပွ်မ္းမွ်အားျဖင့္ ထိုေငြေလာက္ေတာ့ သုံးၾကပါသည္။

ဒါ (၁) ရက္စာသာ ျဖစ္သည္။ ဆယ္ရက္စာ တြက္လွ်င္ သန္းေပါင္း (၃၀၀၀၀)။ တစ္လဆိုလွ်င္ သန္းေပါင္း (၉၀၀၀၀) ျဖစ္ပါသည္။ အစိုးရကို ဖုန္းေအာ္ပေရတာမ်ားက လစဥ္ေပးေဆာင္ရေသာ အခြန္ ၅ – ရာခိုင္ႏႈန္း၏ ပမာဏကပင္ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ မ်ားပါသည္။

အရင္တုန္းက ဖုန္းကဒ္ေတြ မရွိေသး။ ရွိလာေတာ့လည္း ေစ်းက အရမ္းႀကီးေတာ့ လူတိုင္း ဖုန္း မဝယ္ႏိုင္။ ထို႔ေၾကာင့္ ဖုန္းဖိုးေငြလည္း မကုန္။ အခ်ိန္လည္း မကုန္။ မ်က္စိလည္း မထိခိုက္။ လူလည္း က်န္းမာ။

ထိုေသာအခါက လူတိုင္းလိုလိုသည္ လုပ္စရာ အလုပ္ေတြကို အျပည့္အဝ လုပ္ႏိုင္ၾကသည္။ အလုပ္အေၾကာင္း စဥ္းစားၾကသည္။ ေတြးၾကသည္။ လုပ္လည္း လုပ္ၾကသည္။ အလုပ္ေပၚမွာ အာ႐ုံစိုက္ေတာ့ အလုပ္ေတြ အခ်ိန္မီ ၿပီးစီးၾကသည္။

အလုပ္ကို ပိုကြၽမ္းက်င္လာၾကသည္ ေေကာင္းေကာင္းအနားယူရန္လည္း အခ်ိန္ ရွိၾကေလသည္။ဖုန္းကို အခ်ိန္ေပးဖို႔ မလိုေသာေၾကာင့္မိသားစုကို အခ်ိန္ေပးႏိုင္ၾကသည္။ မိတ္ေဆြ အေပါင္းအသင္းမ်ားႏွင့္ စကားစျမည္ ပို၍ ေျပာႏိုင္ၾကသည္။ ေျပာၾကသည္။

ဘုရားသြားလွ်င္ပင္ ရတနာသုံးပါးကို အထူးအာ႐ုံျပဳႏိုင္ၾကသည္။ ဘုရားမ်က္ႏွာေတာ္ကို ၾကည့္၍ ၾကည္ညိဳႏိုင္ၾကသည္။ ကုသိုလ္ ယူႏိုင္ၾကသည္။ ယုတ္စြအဆုံး ဘုရားက ေစ်းတန္းႏွင့္ အႏုလက္ရာမ်ားကို ပိုမို၍ စိတ္ဝင္တစား ေလ့လာႏိုင္ခဲ့ၾကပါသည္။

ယခုအခါမွာေတာ့ ေျပာင္းျပန္ ျဖစ္သြားေလၿပီ

အလုပ္က လစ္သည္ႏွင့္ လက္က ဖုန္းကို တန္းဆြဲေတာ့သည္။ မလစ္လည္း အလုပ္လုပ္ေနရင္း ဖုန္းဆီသို႔ စိတ္က ေရာက္ေနသည္။တခါတရံ လုပ္စရာေတြ ရွိေနသည့္ၾကားက အလုပ္ကိုပစ္ၿပီး ဖုန္းနဲ႔ ႏွစ္ပါးသြားေတာ့သည္။

အလုပ္လုပ္ခ်ိန္ေတြ ေလ်ာ့လာသည္။ မိသားစုလည္း မၾကည့္အား။ မိတ္ေဆြေတြနဲ႔လည္း အခ်ိန္ မေပးအား။ ဘုရားေရာက္တာေတာင္ ဓာတ္ပုံ႐ိုက္၊ ဆယ္ဖီဆြဲ၊ post တင္ဖို႔သာ အေရးထားၿပီး ဘုရားကိုေတာ့ မကန္ေတာ့ဘဲ ျပန္ဆင္းလာၾကတာေတြ မ်ားလာေတာ့၏။

သဘာဝတရား၏ အလွတရားစစ္စစ္မ်ားကိုလည္း ခံစားျခင္း မရွိၾကေတာ့။ စာေပ၏ အရသာကိုလည္း ဖတ္ရႈ ရယူႏိုင္ျခင္း မရွိၾကေတာ့။ပင္မအလုပ္၊ ပင္မတာဝန္ကို ေက်ပြန္သည္ထက္ ေက်ပြန္ေအာင္၊

ကြၽမ္းက်င္သည္ထက္ ကြၽမ္းက်င္ေအာင္ လုပ္ရန္ထက္၊ ဖုန္း အပလီေကးရွင္းမ်ားအားလုံးကို ကြၽမ္းက်င္ေအာင္လုပ္ဖို႔၊ ခ်က္တင္ ဝင္ဖို႔၊ ဂိမ္းမ်ိဳးစုံ ကစားတတ္ဖို႔ အားသန္လာေနၾကသည္။

ဖုန္းက လက္ထဲ ရွိေနေတာ့ ကိစၥ ရွိရွိ မရွိရွိ၊ အေရးႀကီးႀကီး မႀကီးႀကီး ဘာမွ အေရးမပါေသာ ကိစၥအေသးအဖြဲကိုလည္း တျခားသူမ်ားထံသို႔ ဇိုးခနဲ ဇတ္ခနဲ အလြယ္တကူ ဆက္တတ္လာသည္။

ဖုန္းမရွိရင္ ဘဝပဲ ေသသြားမလို ျဖစ္လာၾကသည္။ လက္ကိုင္ဖုန္းေတြ မေပၚေသးခင္က၊ မသုံးႏိုင္ေသးခင္က ေနထိုင္ခဲ့ၾကပုံေတြကို ေမ့သြားၾကသည္။

မိမိ ကေလးကို မုန္႔ တစ္ေထာင္ဖိုး မၾကာမၾကာ ေကြၽးရန္ ဝန္ေလးေသာ္လည္း တစ္ေထာင္တန္ ေငြျဖည့္ကတ္ ခဏခဏ ဝယ္ရန္အတြက္ေတာ့ လက္မတြန္႔ေခ်။

အထူး သိသာေသာ ဆုံးရႈံးမႈမွာ

“လူတို႔၏ ကိုယ္တိုင္အားထုတ္မႈမ်ား ဆုတ္ယုတ္သြားျခင္း” ျဖစ္သည္။ ယခင္အခါက အေၾကာင္းတရပ္ကို သိရန္၊ ကြၽမ္းက်င္ရန္ မည္သူမဆို အပတ္တကုတ္ စဥ္းစားရသည္။ ႀကိဳးစားၾကရသည္။ ရွာေဖြၾကရသည္။ စမ္းသပ္ၾကရသည္။

ဖုန္းေတြ ရွိလာေတာ့ ဖုန္းထဲက အလြယ္တကူ ရွာလိုက္သည္။ ဖုန္းကေန အလြယ္ ေမးလိုက္သည္။ ကိစၥေသးေသးေလးကိုပင္ ကိုယ္တိုင္ ရွာေဖြလုပ္ကိုင္ဆန္းစစ္ၿပီး သိရန္ မႀကိဳးစားခ်င္ၾကေတာ့ေပ။ မစဥ္းစားခ်င္ၾကေတာ့ေပ။

သူတို႔ကေတာ့ ကိုယ့္ကိုယ္ကို ယခင္ထက္ ပိုၿပီး သိလာသည္ဟု ထင္ေနၾကသည္။ တကယ္က မဟုတ္။ဘာႏွင့္တူသလဲ ဆိုလွ်င္ – ပုစာၦ၏ အေျဖကိုေတာ့ ရထားသည္။ သို႔ေသာ္ ဤအေျဖရေအာင္ ဘယ္လို ဘယ္ပုံ ေျဖရွင္းရသည္ဟူေသာ တြက္နည္းကို မသိသည့္ စာသင္သားႏွင့္ တူလာၾကပါသည္။

ေနရာတိုင္းမွာ အရည္အေသြးေတြ က်ဆင္းလာသည္

႐ုပ္ခြန္အား၊ စိတ္ခြန္အားေတြ ေလ်ာ့ပါးလာသည္။ ဖုန္း၊ ေဖ့စ္ဘုတ္၊ ဗိုင္ဘာ၊ မက္ဆင္ဂ်ာစသည္မ်ားကို တီထြင္ေပးခဲ့ၾကသူမ်ားက ေကာင္းျမတ္ေသာ ရည္႐ြယ္ခ်က္မ်ားျဖင့္ လူသားတို႔ကို အက်ိဳးျပဳရန္ ဖန္တီး ထုတ္လုပ္ခဲ့ၾကသည္။

ထို႔ေၾကာင့္ ဖုန္း သုံးျခင္း၏ ေကာင္းက်ိဳးေတြ အေျမာက္အမ်ား ရွိပါသည္။ သို႔ေသာ္ ယင္းတို႔ကို အမွန္တကယ္ ရယူခံစားသုံးစြဲႏိုင္သည့္ အေရအတြက္က အလြန္ နည္းပါးပါသည္။

“ဖုန္းသုံးရင္ ဘယ္လိုအက်ိဳးရွိတာ” ဟူေသာ ဆင္ေျခကို ေပးၾကေသာ္လည္း စင္စစ္ကေတာ့ အက်ိဳးယုတ္တာက ပို၍ သာလြန္ မ်ားျပားေနၾကသည္မွာ ျငင္းလို႔မရပါ။ အက်ိဳးရွိတာက ပို၍ မ်ားေၾကာင္း လက္ဆုပ္လက္ကိုင္ သက္ေသ မျပႏိုင္ၾကပါ။

ပညာရွာသည္ဟု အေၾကာင္းျပသူ တစ္ေယာက္အေနႏွင့္ ဖုန္းေပၚကေန ပညာရွာသည့္အခ်ိန္ထက္ မိမိစိတ္ အာသာေျပေအာင္ သုံးေနသည့္အခ်ိန္က ပို၍မ်ားေၾကာင္း လြယ္ကူစြာ ဆန္းစစ္ၾကည့္ႏိုင္ပါသည္။

ယေန႔ေခတ္ လူငယ္ႏွင့္ လူလတ္မ်ားသည္ သာမန္လူတစ္ေယာက္ သိသင့္သိထိုက္ေသာ အေျခခံ အေထြေထြဗဟုသုတေလးမ်ားကိုပင္ မသိၾကေပ။ ထိုကဲ့သို႔ ဗဟုသုတ အလြန္ေခါင္းပါးျခင္းက ဖုန္းကိုထိေရာက္စြာ သုံးေနျခင္းမဟုတ္ေၾကာင္း ထင္ရွားေစသည္။

တကယ္က ဖုန္းထဲမွာ ဗဟုသုတအမ်ားႀကီး ရွိသည္။ ေငြ ႏွင့္ အခ်ိန္ ဆုံးရႈံးျခင္းအျပင္ ေနာက္ဆက္တြဲ ေပၚေပါက္လာသည့္ ဆုံးရႈံးမႈမ်ားကိုလည္း မသိမဟုတ္။ သိၾကပါသည္။ ျမင္ၾကပါသည္။ သို႔ေသာ္ မျပင္ႏိုင္ၾကပါ။

“အျမည္း” အျဖစ္သာ သုံးေဆာင္ရမည့္ အစားအစာကို “အဝစား” ေနၾကသူမ်ားႏွင့္ တူသည္။ Like A virgin သီခ်င္းျဖင့္ ကမာၻေက်ာ္ခဲ့သည္ အဆိုေတာ္ မက္ေဒါနားက မိမိ သားသမီးမ်ားကို ငယ္စဥ္ကတည္းက ဖုန္းေပးကိုင္လိုက္မိသည့္အတြက္

မိမိႏွင့္ သားသမီးမ်ားၾကားတြင္ ဆက္ဆံေရး ႀကဲသြားခဲ့ရသည္။ ထို႔အတြက္ ေနာင္တ ရမိသည္ဟု ဆိုပါသည္။ ယခု အငယ္ဆုံးသားေလးကိုေတာ့ ဖုန္းႏွင့္ အဆက္ျဖတ္ထားမည္ဟုလည္း ေျပာသည္။ ဖုန္းသည္ ခ်စ္ျခင္းေမတၱာတရားမ်ားကို ပို၍ ေႏြးေထြးနီးကပ္မလာေစဘဲ

ေအးစက္ေဝးကြာသြားေစသည္မွာ လက္ေတြ႕ ျမင္ေတြ႕ေနရသည္။ ဖုန္းသည္ မိမိဘဝ တိုးတက္ျမင့္မားေစရန္ ထိေရာက္စြာ အေထာက္အကူ ျပဳႏိုင္ေသာ အရာတစ္ခု ျဖစ္လာရမည့္အစား မိမိဘဝ ေအာင္ျမင္ေရးကိုပင္ ႀကီးစြာေသာ အဟန္႔အတားျပဳေနသည့္ အျဖစ္ ေျပာင္းလဲလာသည္။

ဖုန္းထဲ၌ ျမင္ေတြ႕ေနရေသာ အေၾကာင္းအရာမ်ား၊ ႐ုပ္ပုံလႊာမ်ားသည္ လူ႔စိတ္အေပၚ လႊမ္းမိုးလြန္းေသာေၾကာင့္လည္း ဖုန္းသည္ လူသားတို႔၏ အေရးပါေသာ ဘဝအစိတ္အပိုင္းႀကီးတစ္ခုသဖြယ္ ျဖစ္လာေနသည္။

ဖုန္းမကိုင္ရေသာေၾကာင့္ မိမိကိုယ္မိမိ သတ္ေသသူပင္ ေပၚေပါက္လာခဲ့သည္။ စင္စစ္အားျဖင့္ လက္ထဲက ဖုန္းသည္ မိမိ အလိုရွိသည့္အခ်ိန္တြင္ မိမိေစခိုင္းသည့္အတိုင္း အလုပ္လုပ္ရမည့္ မိမိ၏ “အခိုင္းခံပစၥည္း” ျဖစ္ရမည္။

သို႔ေသာ္ လက္ေတြ႕တြင္မူ မိမိကသာ သူ၏ လႊမ္းမိုးခ်ဳပ္ကိုင္ျခင္း ခံလိုက္ရသျဖင့္၊ “ဖုန္း၏ေက်းကြၽန္” ဘဝသို႔ သက္ဆင္းသြားၾကရေလသည္။ ထိုအျဖစ္မ်ိဳး မ်ားစြာ ရွိသည္။

ဖုန္း၏ မာယာ ေက်ာ့ကြင္း၌ အမိခံလိုက္ရသျဖင့္ ေက်ာင္းသားက စာကို စိတ္မဝင္စား၊ ဆရာက စာသင္ခန္းကို စိတ္မဝင္စား၊ ဝန္ထမ္းက အလုပ္စားပြဲကို စိတ္မဝင္စား၊ ေစ်းသည္က ေစ်းဝယ္ကို စိတ္မဝင္စား၊ ကုန္သည္က အေရာင္းအဝယ္ကို စိတ္မဝင္စား သံဃာက သာသနာေရးကို စိတ္မဝင္စား …။

ဤသို႔ အက်ိဳးယုတ္မွန္း သိပါလ်က္ သိသိႀကီးႏွင့္ အဘယ္ေၾကာင့္ သုံးေနၾကပါသနည္း

ထိုစကား၏ အေျဖ ရွိသည္။ ကြၽဲသည္ ၫြန္၌သာ ေပ်ာ္သည္။ လူသည္လည္း မေကာင္းစိတ္မွာသာ ေမြ႕သည္။ လူေတြ ဒါေလာက္ ေပ်ာ္ေမြ႕ႏွစ္သက္ မက္ေမာခုံမင္ေနၿပီဆိုမွေတာ့… ဖုန္းသုံးျခင္းသည္ မေကာင္းေသာ စိတ္အာ႐ုံမ်ား ေမြးဖြားေပးရာ ေနရာ ျဖစ္ေနသည္မွာ ေသခ်ာလွေပ၏။

တေယာက္လွ်င္ ေငြတစ္ရာႏႈန္းျဖင့္ တစ္လလွ်င္ သန္းေပါင္း (ကိုးေသာင္း) ကို ဖုန္းအတြက္ မသုံးဘဲ မိမိအတြက္၊ မိမိ မိသားစုအတြက္ သုံးလွ်င္ အလြန္ အက်ိဳးျဖစ္ထြန္းေပမည္။

နည္းနည္းေနာေနာမွ မဟုတ္တာေလ။ တိုင္းသူျပည္သားတို႔ ပင္ပန္းဆင္းရဲႀကီးစြာ ရွာေဖြထားရသည့္ ႀကီးမားလွေသာ ထို ေငြေၾကးပမာဏသည္ ဟိုတုန္းကေတာ့ ပညာေရး၊ လူမႈေရး၊ စီးပြားေရး၊ ဘာသာေရး က႑မ်ားသို႔ အရွိန္အဟုန္ျဖင့္ စီးဆင္းခဲ့သည္။

ယခုေတာ့ ထိုက႑ေတြအတြက္ အျပည့္အဝ မသုံးႏိုင္ေတာ့ဘဲ ဖုန္းေငြျဖည့္ကတ္ ဝယ္ရန္သာ ဦးစားေပးလာၾကသည္။ ထိုေငြမ်ားသည္ မက္လုံးအမ်ိဳးမ်ိဳးျဖင့္ ဆြယ္ေနေသာ ဖုန္း ေအာ္ပေရတာမ်ားထံသို႔သာ စီးဆင္းသြားေလသည္။

စီးပြားေရးသမားမ်ားကလည္း ဖုန္း ဟဲန္းဆက္မ်ားကို တစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ိုးရေအာင္ ထုတ္သည္။ ေဖ့စဘုတ္၊ မက္ဆင္ဂ်ာ၊ ဗိုင္ဗာ၊ ဘီးေတာ့၊ ဝီခ်က္၊ ဗြီေက စသည့္ အပလီေကးရွင္း အမ်ိဳးမ်ိဳးကို တီထြင္သည္။

ဂိမ္းေပါင္းစုံကို ေၾကညာ၍ သုံးခိုင္းသည္။လူေတြကလည္း ထိုအရာမ်ားေနာက္သို႔ ေပ်ာ္႐ႊင္စြာ စီးေမ်ာလိုက္ပါေနၾကေလ၏။ ဖုန္းၾကည့္ၿပီးေနာက္ အယူအဆမွား၊ အေတြးမွားေတြ ျဖစ္ကာ အျပဳအမူေတြ၊ အေျပာအဆို၊ အေနအထိုင္ေတြလည္း မွားလာၾကသည္။

ဤႏိုင္ငံတြင္ ဖုန္းေတြကို ေဖာေဖာသီသီ သုံးႏိုင္လာၾကသည့္ အခ်ိန္ေနာက္ပိုင္းကစ၍ လူငယ္တို႔က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ား၊ သက္ငယ္မုဒိန္းမႈမ်ား၊ လူမႈေရး အိမ္ေထာင္ေရး ေငြေရးေၾကးေရး အရႈပ္အေထြးမ်ား သိသိသာသာ မ်ားလာသည္မွာ ျငင္းမရပါေခ်။

မ်က္ေမွာက္ကာလတြင္ ယင္းျပႆနာမ်ားကို ဖြံ႕ၿဖိဳးၿပီးေသာ ကမာၻ႔ႏိုင္ငံႀကီးမ်ားပင္ ရင္ဆိုင္ႀကဳံေတြ႕ေနရသျဖင့္ တိုင္းျပည္၏ အနာဂတ္အက်ိဳးစီးပြားအတြက္ ဥပေဒမ်ားထုတ္ျပန္ကာ အျပင္းအထန္ ပိတ္ပင္တားျမစ္ေနရၿပီ ျဖစ္ပါသည္။

ကင္ဆာဆဲလ္မ်ား ျပန္႔ပြားသည့္ပမာ တစ္စထက္တစ္စ က်ယ္ျပန္႔စြာ ေနရာယူလာေနေသာ ဖုန္းျပႆနာသည္ ေပါ့ေသးေသး မဟုတ္။ ကမာၻ႔မြဲေဆးႀကီး တစ္ဖုံ ျဖစ္ရန္ အလားအလာေကာင္းေနေခ်ၿပီတည္း။

ဒီႏႈန္းအတိုင္း ဆက္၍ သုံးေနၾကမည္ ဆိုပါစို႔။ ေက်ာင္းသားကလည္း ဖုန္းေလးနဲ႔… ဆရာ ဆရာမကလည္း ဖုန္းေလးနဲ႔ … ေက်ာင္းအုပ္ႀကီးကလည္း ဖုန္းေလးနဲ႔ ဝန္ထမ္းကလည္း ဖုန္းေလးနဲ႔ ….

အရာရွိကလည္း ဖုန္းေလးနဲ႔ … ေစ်းသည္ကလည္း ဖုန္းေလးနဲ႔ … ပြဲစားကလည္း ဖုန္းေလးနဲ႔ … ကုန္သည္ႀကီးလည္း ဖုန္းေလးနဲ႔ ဝန္ႀကီး ဝန္ကေလးကလည္း ဖုန္းေလးနဲ႔ … တက္ညီလက္ညီ မြဲေဆးေဖာ္ၾကမည္ ဆိုလွ်င္ …

တ႐ုတ္ကို အေနာက္ႏိုင္ငံေတြက ဖ်က္ဆီးခဲ့သည့္ သမိုင္းထဲက ဘိန္းစစ္ပြဲဆိုတာ တိုင္းျပည္ပ်က္စီးဖို႔ အခ်ိန္အေတာ္ၾကာပါသည္။

ဒီျပည္ကေတာ့ (အခ်ိဳ႕ေသာ ဥေရာပႏိုင္ငံမ်ားကဲ့သို႔ အလြန္တင္းၾကပ္သည့္ စည္းမ်ဥ္းမ်ားျဖင့္ ပိတ္ပင္တားဆီးထိန္းသိမ္းမႈ မျပဳလွ်င္) ဖုန္းေၾကာင့္ အဘက္ဘက္က လ်င္ျမန္စြာ ယိုယြင္းပ်က္စီးမည္ကား ေျမႀကီးလက္ခတ္မလြဲႏိုင္ပါေခ်။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဖုန်းကို အကျိုမရှိ အပျော်သုံးသူများအတွက် အင်တာနေရှင်နယ် မွဲဆေး…

စီးပွားရေး ပြေလည်သော အိမ်တစ်အိမ်ပေါ်သို့ ဖွတ်နှစ်ကောင် တက်လာကြသည်။နောက်ဖေးပေါက်က တက်လာသောဖွတ်များသည်။ မီးဖိုခန်းကို ဖြတ်သောအခါ ဖုန်းကြည့်ရင်း ဟင်းရွက်သင်နေသော အိမ်ရှင်မကို တွေ့ရသည်။

ဆက်၍သွားသော် အိပ်ခန်းထဲ၌ တက်ပလက်တစ်လုံးဖြင့် ဂိမ်းဆော့နေကြသော ကလေးနှစ်ယောက်ကို တွေ့ရပြန်သည်။ ဧည့်ခန်းသို့ ရောက်ချိန်၌ကား ဖုန်းထဲက ဇာတ်ကားများကို ဒေါင်းလုပ်ဆွဲနေသည့် အိမ်ထောင်ဦးစီးကို မြင်ကြရ၏။

ဖွတ်နှစ်ကောင် တီးတိုး တိုင်ပင်ကြသည်။ “ဟေ့ … ငါတို့ မတက်လည်း သူတို့ မွဲမှာ သေချာနေပြီ …ပြန်ကြစို့” “အေး …. ဒါဆိုရင် လုံလောက်နေပြီ….” ဖွတ်နှစ်ကောင်သည် အိမ်ပေါ်မှ ပြန်ဆင်းသွားကြလေ၏။

တချိန်ကဘမြန်မာပြည်တွင်ရှိသော ဆက်သွယ်ရေးအော်ပရေတာများထံမှ ဖုန်းကတ် ဝယ်သုံးနေကြသော အရေအတွက်ကို လျှော့လျှော့ပေါ့ပေါ့ ရေတွက်ကြည့်လျှင် သန်း (၃၀) လောက် ရှိသည်။

ဖုန်းကတ် တစ်ကတ်သည် တစ်နေ့လျှင် တစ်ကျပ်ဖိုး သုံးပါက တတိုင်းပြည်လုံး၏ ဖုန်းဖိုး အသုံးပြုငွေသည် သန်း (၃၀) ဖြစ်သည်။ တစ်ဆယ်ဖိုး သုံးလျှင် သန်း (၃၀၀)။ တစ်ရာဖိုး သုံးတော့ သန်း (၃၀၀၀) ပေါ့။ ပျှမ်းမျှအားဖြင့် ထိုငွေလောက်တော့ သုံးကြပါသည်။

ဒါ (၁) ရက်စာသာ ဖြစ်သည်။ ဆယ်ရက်စာ တွက်လျှင် သန်းပေါင်း (၃၀၀၀၀)။ တစ်လဆိုလျှင် သန်းပေါင်း (၉၀၀၀၀) ဖြစ်ပါသည်။ အစိုးရကို ဖုန်းအော်ပရေတာများက လစဉ်ပေးဆောင်ရသော အခွန် ၅ – ရာခိုင်နှုန်း၏ ပမာဏကပင် ကြောက်မက်ဖွယ်ကောင်းအောင် များပါသည်။

အရင်တုန်းက ဖုန်းကဒ်တွေ မရှိသေး။ ရှိလာတော့လည်း ဈေးက အရမ်းကြီးတော့ လူတိုင်း ဖုန်း မဝယ်နိုင်။ ထို့ကြောင့် ဖုန်းဖိုးငွေလည်း မကုန်။ အချိန်လည်း မကုန်။ မျက်စိလည်း မထိခိုက်။ လူလည်း ကျန်းမာ။

ထိုသောအခါက လူတိုင်းလိုလိုသည် လုပ်စရာ အလုပ်တွေကို အပြည့်အဝ လုပ်နိုင်ကြသည်။ အလုပ်အကြောင်း စဉ်းစားကြသည်။ တွေးကြသည်။ လုပ်လည်း လုပ်ကြသည်။ အလုပ်ပေါ်မှာ အာရုံစိုက်တော့ အလုပ်တွေ အချိန်မီ ပြီးစီးကြသည်။

အလုပ်ကို ပိုကျွမ်းကျင်လာကြသည် ေကောင်းကောင်းအနားယူရန်လည်း အချိန် ရှိကြလေသည်။ဖုန်းကို အချိန်ပေးဖို့ မလိုသောကြောင့်မိသားစုကို အချိန်ပေးနိုင်ကြသည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားစမြည် ပို၍ ပြောနိုင်ကြသည်။ ပြောကြသည်။

ဘုရားသွားလျှင်ပင် ရတနာသုံးပါးကို အထူးအာရုံပြုနိုင်ကြသည်။ ဘုရားမျက်နှာတော်ကို ကြည့်၍ ကြည်ညိုနိုင်ကြသည်။ ကုသိုလ် ယူနိုင်ကြသည်။ ယုတ်စွအဆုံး ဘုရားက ဈေးတန်းနှင့် အနုလက်ရာများကို ပိုမို၍ စိတ်ဝင်တစား လေ့လာနိုင်ခဲ့ကြပါသည်။

ယခုအခါမှာတော့ ပြောင်းပြန် ဖြစ်သွားလေပြီ

အလုပ်က လစ်သည်နှင့် လက်က ဖုန်းကို တန်းဆွဲတော့သည်။ မလစ်လည်း အလုပ်လုပ်နေရင်း ဖုန်းဆီသို့ စိတ်က ရောက်နေသည်။တခါတရံ လုပ်စရာတွေ ရှိနေသည့်ကြားက အလုပ်ကိုပစ်ပြီး ဖုန်းနဲ့ နှစ်ပါးသွားတော့သည်။

အလုပ်လုပ်ချိန်တွေ လျော့လာသည်။ မိသားစုလည်း မကြည့်အား။ မိတ်ဆွေတွေနဲ့လည်း အချိန် မပေးအား။ ဘုရားရောက်တာတောင် ဓာတ်ပုံရိုက်၊ ဆယ်ဖီဆွဲ၊ post တင်ဖို့သာ အရေးထားပြီး ဘုရားကိုတော့ မကန်တော့ဘဲ ပြန်ဆင်းလာကြတာတွေ များလာတော့၏။

သဘာဝတရား၏ အလှတရားစစ်စစ်များကိုလည်း ခံစားခြင်း မရှိကြတော့။ စာပေ၏ အရသာကိုလည်း ဖတ်ရှု ရယူနိုင်ခြင်း မရှိကြတော့။ပင်မအလုပ်၊ ပင်မတာဝန်ကို ကျေပွန်သည်ထက် ကျေပွန်အောင်၊

ကျွမ်းကျင်သည်ထက် ကျွမ်းကျင်အောင် လုပ်ရန်ထက်၊ ဖုန်း အပလီကေးရှင်းများအားလုံးကို ကျွမ်းကျင်အောင်လုပ်ဖို့၊ ချက်တင် ဝင်ဖို့၊ ဂိမ်းမျိုးစုံ ကစားတတ်ဖို့ အားသန်လာနေကြသည်။

ဖုန်းက လက်ထဲ ရှိနေတော့ ကိစ္စ ရှိရှိ မရှိရှိ၊ အရေးကြီးကြီး မကြီးကြီး ဘာမှ အရေးမပါသော ကိစ္စအသေးအဖွဲကိုလည်း တခြားသူများထံသို့ ဇိုးခနဲ ဇတ်ခနဲ အလွယ်တကူ ဆက်တတ်လာသည်။

ဖုန်းမရှိရင် ဘဝပဲ သေသွားမလို ဖြစ်လာကြသည်။ လက်ကိုင်ဖုန်းတွေ မပေါ်သေးခင်က၊ မသုံးနိုင်သေးခင်က နေထိုင်ခဲ့ကြပုံတွေကို မေ့သွားကြသည်။

မိမိ ကလေးကို မုန့် တစ်ထောင်ဖိုး မကြာမကြာ ကျွေးရန် ဝန်လေးသော်လည်း တစ်ထောင်တန် ငွေဖြည့်ကတ် ခဏခဏ ဝယ်ရန်အတွက်တော့ လက်မတွန့်ချေ။

အထူး သိသာသော ဆုံးရှုံးမှုမှာ

“လူတို့၏ ကိုယ်တိုင်အားထုတ်မှုများ ဆုတ်ယုတ်သွားခြင်း” ဖြစ်သည်။ ယခင်အခါက အကြောင်းတရပ်ကို သိရန်၊ ကျွမ်းကျင်ရန် မည်သူမဆို အပတ်တကုတ် စဉ်းစားရသည်။ ကြိုးစားကြရသည်။ ရှာဖွေကြရသည်။ စမ်းသပ်ကြရသည်။

ဖုန်းတွေ ရှိလာတော့ ဖုန်းထဲက အလွယ်တကူ ရှာလိုက်သည်။ ဖုန်းကနေ အလွယ် မေးလိုက်သည်။ ကိစ္စသေးသေးလေးကိုပင် ကိုယ်တိုင် ရှာဖွေလုပ်ကိုင်ဆန်းစစ်ပြီး သိရန် မကြိုးစားချင်ကြတော့ပေ။ မစဉ်းစားချင်ကြတော့ပေ။

သူတို့ကတော့ ကိုယ့်ကိုယ်ကို ယခင်ထက် ပိုပြီး သိလာသည်ဟု ထင်နေကြသည်။ တကယ်က မဟုတ်။ဘာနှင့်တူသလဲ ဆိုလျှင် – ပုစ္ဆာ၏ အဖြေကိုတော့ ရထားသည်။ သို့သော် ဤအဖြေရအောင် ဘယ်လို ဘယ်ပုံ ဖြေရှင်းရသည်ဟူသော တွက်နည်းကို မသိသည့် စာသင်သားနှင့် တူလာကြပါသည်။

နေရာတိုင်းမှာ အရည်အသွေးတွေ ကျဆင်းလာသည်

ရုပ်ခွန်အား၊ စိတ်ခွန်အားတွေ လျော့ပါးလာသည်။ ဖုန်း၊ ဖေ့စ်ဘုတ်၊ ဗိုင်ဘာ၊ မက်ဆင်ဂျာစသည်များကို တီထွင်ပေးခဲ့ကြသူများက ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် လူသားတို့ကို အကျိုးပြုရန် ဖန်တီး ထုတ်လုပ်ခဲ့ကြသည်။

ထို့ကြောင့် ဖုန်း သုံးခြင်း၏ ကောင်းကျိုးတွေ အမြောက်အများ ရှိပါသည်။ သို့သော် ယင်းတို့ကို အမှန်တကယ် ရယူခံစားသုံးစွဲနိုင်သည့် အရေအတွက်က အလွန် နည်းပါးပါသည်။

“ဖုန်းသုံးရင် ဘယ်လိုအကျိုးရှိတာ” ဟူသော ဆင်ခြေကို ပေးကြသော်လည်း စင်စစ်ကတော့ အကျိုးယုတ်တာက ပို၍ သာလွန် များပြားနေကြသည်မှာ ငြင်းလို့မရပါ။ အကျိုးရှိတာက ပို၍ များကြောင်း လက်ဆုပ်လက်ကိုင် သက်သေ မပြနိုင်ကြပါ။

ပညာရှာသည်ဟု အကြောင်းပြသူ တစ်ယောက်အနေနှင့် ဖုန်းပေါ်ကနေ ပညာရှာသည့်အချိန်ထက် မိမိစိတ် အာသာပြေအောင် သုံးနေသည့်အချိန်က ပို၍များကြောင်း လွယ်ကူစွာ ဆန်းစစ်ကြည့်နိုင်ပါသည်။

ယနေ့ခေတ် လူငယ်နှင့် လူလတ်များသည် သာမန်လူတစ်ယောက် သိသင့်သိထိုက်သော အခြေခံ အထွေထွေဗဟုသုတလေးများကိုပင် မသိကြပေ။ ထိုကဲ့သို့ ဗဟုသုတ အလွန်ခေါင်းပါးခြင်းက ဖုန်းကိုထိရောက်စွာ သုံးနေခြင်းမဟုတ်ကြောင်း ထင်ရှားစေသည်။

တကယ်က ဖုန်းထဲမှာ ဗဟုသုတအများကြီး ရှိသည်။ ငွေ နှင့် အချိန် ဆုံးရှုံးခြင်းအပြင် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှုများကိုလည်း မသိမဟုတ်။ သိကြပါသည်။ မြင်ကြပါသည်။ သို့သော် မပြင်နိုင်ကြပါ။

“အမြည်း” အဖြစ်သာ သုံးဆောင်ရမည့် အစားအစာကို “အဝစား” နေကြသူများနှင့် တူသည်။ Like A virgin သီချင်းဖြင့် ကမ္ဘာကျော်ခဲ့သည် အဆိုတော် မက်ဒေါနားက မိမိ သားသမီးများကို ငယ်စဉ်ကတည်းက ဖုန်းပေးကိုင်လိုက်မိသည့်အတွက်

မိမိနှင့် သားသမီးများကြားတွင် ဆက်ဆံရေး ကြဲသွားခဲ့ရသည်။ ထို့အတွက် နောင်တ ရမိသည်ဟု ဆိုပါသည်။ ယခု အငယ်ဆုံးသားလေးကိုတော့ ဖုန်းနှင့် အဆက်ဖြတ်ထားမည်ဟုလည်း ပြောသည်။ ဖုန်းသည် ချစ်ခြင်းမေတ္တာတရားများကို ပို၍ နွေးထွေးနီးကပ်မလာစေဘဲ

အေးစက်ဝေးကွာသွားစေသည်မှာ လက်တွေ့ မြင်တွေ့နေရသည်။ ဖုန်းသည် မိမိဘဝ တိုးတက်မြင့်မားစေရန် ထိရောက်စွာ အထောက်အကူ ပြုနိုင်သော အရာတစ်ခု ဖြစ်လာရမည့်အစား မိမိဘဝ အောင်မြင်ရေးကိုပင် ကြီးစွာသော အဟန့်အတားပြုနေသည့် အဖြစ် ပြောင်းလဲလာသည်။

ဖုန်းထဲ၌ မြင်တွေ့နေရသော အကြောင်းအရာများ၊ ရုပ်ပုံလွှာများသည် လူ့စိတ်အပေါ် လွှမ်းမိုးလွန်းသောကြောင့်လည်း ဖုန်းသည် လူသားတို့၏ အရေးပါသော ဘဝအစိတ်အပိုင်းကြီးတစ်ခုသဖွယ် ဖြစ်လာနေသည်။

ဖုန်းမကိုင်ရသောကြောင့် မိမိကိုယ်မိမိ သတ်သေသူပင် ပေါ်ပေါက်လာခဲ့သည်။ စင်စစ်အားဖြင့် လက်ထဲက ဖုန်းသည် မိမိ အလိုရှိသည့်အချိန်တွင် မိမိစေခိုင်းသည့်အတိုင်း အလုပ်လုပ်ရမည့် မိမိ၏ “အခိုင်းခံပစ္စည်း” ဖြစ်ရမည်။

သို့သော် လက်တွေ့တွင်မူ မိမိကသာ သူ၏ လွှမ်းမိုးချုပ်ကိုင်ခြင်း ခံလိုက်ရသဖြင့်၊ “ဖုန်း၏ကျေးကျွန်” ဘဝသို့ သက်ဆင်းသွားကြရလေသည်။ ထိုအဖြစ်မျိုး များစွာ ရှိသည်။

ဖုန်း၏ မာယာ ကျော့ကွင်း၌ အမိခံလိုက်ရသဖြင့် ကျောင်းသားက စာကို စိတ်မဝင်စား၊ ဆရာက စာသင်ခန်းကို စိတ်မဝင်စား၊ ဝန်ထမ်းက အလုပ်စားပွဲကို စိတ်မဝင်စား၊ ဈေးသည်က ဈေးဝယ်ကို စိတ်မဝင်စား၊ ကုန်သည်က အရောင်းအဝယ်ကို စိတ်မဝင်စား သံဃာက သာသနာရေးကို စိတ်မဝင်စား …။

ဤသို့ အကျိုးယုတ်မှန်း သိပါလျက် သိသိကြီးနှင့် အဘယ်ကြောင့် သုံးနေကြပါသနည်း

ထိုစကား၏ အဖြေ ရှိသည်။ ကျွဲသည် ညွန်၌သာ ပျော်သည်။ လူသည်လည်း မကောင်းစိတ်မှာသာ မွေ့သည်။ လူတွေ ဒါလောက် ပျော်မွေ့နှစ်သက် မက်မောခုံမင်နေပြီဆိုမှတော့… ဖုန်းသုံးခြင်းသည် မကောင်းသော စိတ်အာရုံများ မွေးဖွားပေးရာ နေရာ ဖြစ်နေသည်မှာ သေချာလှပေ၏။

တယောက်လျှင် ငွေတစ်ရာနှုန်းဖြင့် တစ်လလျှင် သန်းပေါင်း (ကိုးသောင်း) ကို ဖုန်းအတွက် မသုံးဘဲ မိမိအတွက်၊ မိမိ မိသားစုအတွက် သုံးလျှင် အလွန် အကျိုးဖြစ်ထွန်းပေမည်။

နည်းနည်းနောနောမှ မဟုတ်တာလေ။ တိုင်းသူပြည်သားတို့ ပင်ပန်းဆင်းရဲကြီးစွာ ရှာဖွေထားရသည့် ကြီးမားလှသော ထို ငွေကြေးပမာဏသည် ဟိုတုန်းကတော့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ကဏ္ဍများသို့ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့သည်။

ယခုတော့ ထိုကဏ္ဍတွေအတွက် အပြည့်အဝ မသုံးနိုင်တော့ဘဲ ဖုန်းငွေဖြည့်ကတ် ဝယ်ရန်သာ ဦးစားပေးလာကြသည်။ ထိုငွေများသည် မက်လုံးအမျိုးမျိုးဖြင့် ဆွယ်နေသော ဖုန်း အော်ပရေတာများထံသို့သာ စီးဆင်းသွားလေသည်။

စီးပွားရေးသမားများကလည်း ဖုန်း ဟဲန်းဆက်များကို တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ထုတ်သည်။ ဖေ့စဘုတ်၊ မက်ဆင်ဂျာ၊ ဗိုင်ဗာ၊ ဘီးတော့၊ ဝီချက်၊ ဗွီကေ စသည့် အပလီကေးရှင်း အမျိုးမျိုးကို တီထွင်သည်။

ဂိမ်းပေါင်းစုံကို ကြေညာ၍ သုံးခိုင်းသည်။လူတွေကလည်း ထိုအရာများနောက်သို့ ပျော်ရွှင်စွာ စီးမျောလိုက်ပါနေကြလေ၏။ ဖုန်းကြည့်ပြီးနောက် အယူအဆမှား၊ အတွေးမှားတွေ ဖြစ်ကာ အပြုအမူတွေ၊ အပြောအဆို၊ အနေအထိုင်တွေလည်း မှားလာကြသည်။

ဤနိုင်ငံတွင် ဖုန်းတွေကို ဖောဖောသီသီ သုံးနိုင်လာကြသည့် အချိန်နောက်ပိုင်းကစ၍ လူငယ်တို့ကျူးလွန်သော ရာဇဝတ်မှုများ၊ သက်ငယ်မုဒိန်းမှုများ၊ လူမှုရေး အိမ်ထောင်ရေး ငွေရေးကြေးရေး အရှုပ်အထွေးများ သိသိသာသာ များလာသည်မှာ ငြင်းမရပါချေ။

မျက်မှောက်ကာလတွင် ယင်းပြဿနာများကို ဖွံ့ဖြိုးပြီးသော ကမ္ဘာ့နိုင်ငံကြီးများပင် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် တိုင်းပြည်၏ အနာဂတ်အကျိုးစီးပွားအတွက် ဥပဒေများထုတ်ပြန်ကာ အပြင်းအထန် ပိတ်ပင်တားမြစ်နေရပြီ ဖြစ်ပါသည်။

ကင်ဆာဆဲလ်များ ပြန့်ပွားသည့်ပမာ တစ်စထက်တစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသော ဖုန်းပြဿနာသည် ပေါ့သေးသေး မဟုတ်။ ကမ္ဘာ့မွဲဆေးကြီး တစ်ဖုံ ဖြစ်ရန် အလားအလာကောင်းနေချေပြီတည်း။

ဒီနှုန်းအတိုင်း ဆက်၍ သုံးနေကြမည် ဆိုပါစို့။ ကျောင်းသားကလည်း ဖုန်းလေးနဲ့… ဆရာ ဆရာမကလည်း ဖုန်းလေးနဲ့ … ကျောင်းအုပ်ကြီးကလည်း ဖုန်းလေးနဲ့ ဝန်ထမ်းကလည်း ဖုန်းလေးနဲ့ ….

အရာရှိကလည်း ဖုန်းလေးနဲ့ … ဈေးသည်ကလည်း ဖုန်းလေးနဲ့ … ပွဲစားကလည်း ဖုန်းလေးနဲ့ … ကုန်သည်ကြီးလည်း ဖုန်းလေးနဲ့ ဝန်ကြီး ဝန်ကလေးကလည်း ဖုန်းလေးနဲ့ … တက်ညီလက်ညီ မွဲဆေးဖော်ကြမည် ဆိုလျှင် …

တရုတ်ကို အနောက်နိုင်ငံတွေက ဖျက်ဆီးခဲ့သည့် သမိုင်းထဲက ဘိန်းစစ်ပွဲဆိုတာ တိုင်းပြည်ပျက်စီးဖို့ အချိန်အတော်ကြာပါသည်။

ဒီပြည်ကတော့ (အချို့သော ဥရောပနိုင်ငံများကဲ့သို့ အလွန်တင်းကြပ်သည့် စည်းမျဉ်းများဖြင့် ပိတ်ပင်တားဆီးထိန်းသိမ်းမှု မပြုလျှင်) ဖုန်းကြောင့် အဘက်ဘက်က လျင်မြန်စွာ ယိုယွင်းပျက်စီးမည်ကား မြေကြီးလက်ခတ်မလွဲနိုင်ပါချေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*