သင့္ရဲ႕တစ္လတာ၀င္ေငြ ဘယ္ေလာက္ရွိရွိ… ဒီဝင္ေငြကို (၅)မ်ိဳး ခြဲၿပီး အခ်ိဳးက်သုံးစြဲဖို႔ လိုပါတယ္

သင့္ရဲ႕တစ္လတာ၀င္ေငြ ဘယ္ေလာက္ရွိရွိ... ဒီဝင္ေငြကို (၅)မ်ိဳး ခြဲၿပီး အခ်ိဳးက်သုံးစြဲဖို႔ လိုပါတယ္
သင့္ရဲ႕တစ္လတာ၀င္ေငြ ဘယ္ေလာက္ရွိရွိ... ဒီဝင္ေငြကို (၅)မ်ိဳး ခြဲၿပီး အခ်ိဳးက်သုံးစြဲဖို႔ လိုပါတယ္

သင့္ရဲ႕တစ္လတာ၀င္ေငြ ဘယ္ေလာက္ရွိရွိ… ဒီဝင္ေငြကို (၅)မ်ိဳး ခြဲၿပီး အခ်ိဳးက်သုံးစြဲဖို႔ လိုပါတယ္

ဒီေန႔မွာေတာ့ ေဟာင္ေကာင္ က နာမည္ေက်ာ္ ဘီလ်ံနာ သူေဌးႀကီး လီကာရွင္းရဲ႕ ေငြေၾကးဆိုင္ရာ အႀကဳံ ျပဳခ်က္ေလးတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။ ဒီေငြသုံးစြဲမႈနည္းလမ္းဟာ လီကာရွင္းကိုဘီလ်ံနာ သူေဌးႀကီး အျဖစ္ကို

ေရာက္ေစခဲ့တဲ့ အမူအက်င့္နည္းလမ္းလဲျဖစ္ပါတယ္။ ဒါအျပင္ ဒီနည္းလမ္းဟာ ယခု မွ လုပ္ငန္းခြင္ စဝင္တဲ့ လူငယ္မ်ားအတြက္ အဓိက ရည္႐ြယ္တာလဲျဖစ္ပါတယ္။ သူေဌးႀကီး လီကာရွင္းက လူငယ္ေတြ အေနနဲ႔ မိမိ မွာ ရရွိတဲ့ ဝင္ေငြေတြ ကို

အပိုင္း ၅ ပိုင္းခြဲၿပီး သုံးစြဲ ဖို႔ တိုက္တြန္းထားပါတယ္။ ဥပမာ သင္က တစ္လကို ေဒၚလာ ၂၀၀၀ ဝင္ေငြ ရွိတယ္ဆိုပါစို႔။ ဒီဝင္ေငြကို ပထမ ေဒၚလာ ၆၀၀၊ ဒုတိယ ေဒၚလာ ၄၀၀ ၊ တတိယ ေဒၚလာ ၃၀၀၊ စတုတၱ ေဒၚလာ ၂၀၀ နဲ႔ ေနာက္ဆုံး

ေဒၚလာ ၅၀၀ အျဖစ္ ခြဲျခား လိုက္ပါလို႔ဆိုပါတယ္။ လြယ္ကူေအာင္ ရာခိုင္ႏႈန္းနဲ႔ ဆိုရရင္ေတာ့ မိမိဝင္ေငြကို ပထမ တစ္စု အျဖစ္ ၃၀%၊ ဒုတိယ ကို ၂၀%၊ တတိယ ကို ၁၅ %၊ စတုတၱ အစုကို ၁၀% နဲ႔ ေနာက္ဆုံးအစု အျဖစ္ ၂၅% ပိုင္းျခား သတ္မွတ္ လိုက္ ဖို႔ ျဖစ္ပါတယ္။ သုံးစြဲရမယ့္နည္းလမ္းကေတာ့…

(၁) ပထမအစု

ပထမအစုကိုေတာ့ Living Expenses အျဖစ္ သုံးစြဲ ပါလို႔ဆိုပါတယ္။ တစ္နည္းအားျဖင့္ေတာ့ စား ဝတ္ ေနေရး အတြက္ စားရိတ္ေတြအားလုံးကို မိမိဝင္ေငြရဲ႕ ၃၀% နဲ႔ တင္ လုံေလာက္ေအာင္သုံး စြဲဖို႔ျဖစ္ပါတယ္။ ငယ္႐ြယ္ေနစဥ္မွာ က်န္းမာသန္စြမ္းေနတုန္း

အပင္ပန္း ခံႏိုင္တုန္းျဖစ္တဲ့ အတြက္… ေစ်းသက္သာတဲ့ အိမ္ယာေတြ မွာ စုငွားၿပီးေနတာ၊ ေခြၽတာစားေသာက္တာေတြကို လုပ္ေဆာင္လို႔ ရတဲ့ အတြက္ ဒီအားသာခ်က္ကို ယူ ၿပီး အသုံးခ်ပါလို႔ ဆိုလိုတာျဖစ္ပါတယ္။

(၂) ဒုတိယ အစု

ဒုတိယ အစုျဖစ္တဲ့… ဝင္ေငြရဲ႕ ၂၀% ကိုေတာ့ မိမိရဲ႕ Network ကို ခ်ဲ႕ထြင္ရာမွာ သုံးပါ လို႔ ဆိုပါတယ္။ Network ကို ခ်ဲ႕ထြင္ရာမွာ… သူငယ္ခ်င္းေတြဆီကို ပုံမွန္ ဖုန္းဆက္ စကားေျပာတာ၊ ကိုယ့္ထက္ ပိုၿပီး အသိပညာ အေတြ႕အႀကဳံ ရွိတဲ့သူေတြကို ညစာ ဖိတ္ေကြၽးတာ၊

ကိုယ့္ထက္ပိုၿပီး ခ်မ္းသာတဲ့… ဝင္ေငြရွိသူ ေတြနဲ႔ ေတြ႕ဆုံ တာမ်ိဳးေတြ အတြက္ ရည္႐ြယ္တာျဖစ္ပါတယ္။ ကိုယ့္မိတ္ေဆြ ေတြနဲ႔ အဆက္အသြယ္ မျပတ္ ပဲ ရင္းႏွီးမႈေတြ တိုးလာတဲ့အခါ

အကူအညီေကာင္းေတြကို ရႏိုင္မွာျဖစ္ၿပီး ကိုယ္ထက္ တစ္ဆင့္ျမင့္ေနသူေတြနဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ အခါ ကိုယ္လဲ သူတို႔လို အေတြးအေခၚ အမူအက်င့္ေတြကို ရရွိလာမွာ ျဖစ္ပါတယ္။

(၃) တတိယ အစု

ဝင္ေငြရဲ႕ ၁၅% ကိုေတာ့… သင္ယူေလ့လာေရး Learning အတြက္ ပုံမွန္သုံးဖို႔ အႀကဳံျပဳထားတာပါပဲ။ ကိုယ့္တိုးတက္မႈအတြက္ စာအုပ္ေတြဝယ္ယူတာ၊ သင္တန္းေတြ တက္တာ၊ အတတ္ပညာေတြ ေလ့လာတာ… စတာေတြအတြက္ မျဖစ္မေနသုံးဖို႔ လိုအပ္ပါတယ္။

(၄) စတုတၱအစု

ဝင္ေငြရဲ႕ ၁၀% ကိုေတာ့… မိမိကိုယ့္ကို ဆုခ်တဲ့အေနနဲ႔ သုံးဖို႔ ပါပဲ။ အားလပ္ရက္ အပန္းေျဖခရီးေတြ ထြက္တာ၊ ပိုၿပီး အေတြ႕အႀကဳံ နဲ႔ အျမင္ေတြ က်ယ္ျပန႔္လာေအာင္ အျခားႏိုင္ငံ ေတြကို

ေလ့လာတာ စတဲ့… အေျခအေနေတြ အတြက္သုံး ဖို႔ အႀကဳံျပဳတာျဖစ္ပါတယ္။ သူေဌးႀကီးက တစ္ႏွစ္ကို ႏိုင္ငံျခားခရီးစဥ္တစ္ခုေလာက္ သြားသင့္ပါတယ္လို႔လဲ ဆိုပါတယ္။

(၅) ေနာက္ဆုံး အစု

ဝင္ေငြရဲ႕ ၂၅% ကေတာ့… အေရးႀကီး တဲ့ အထဲမွာ ပါဝင္ပါတယ္။ ဒါကေတာ့… small business ေလးတစ္ခုခု သို႔မဟုတ္ Investment တစ္ခုခု စတင္ႏိုင္ဖို႔အတြက္ စုေဆာင္းရျခင္းျဖစ္ပါတယ္။ ဒီအစု ရွိေနမွသာ

ခ်မ္းသာႂကြယ္ဝတဲ့ ဘဝတစ္ခုကို ရႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအစု ရဲ႕ ေအာင္ျမင္ႏိုင္ေျခ ဟာ အေရွ႕က အစု ေလး စု လုံး ကိုေကာင္းမြန္စြာေဆာင္႐ြက္ႏိုင္မွာသာ ေအာင္ျမင္ႏိုင္ေျခ ျမင့္မား မွာ ျဖစ္ၿပီးခ်မ္းသာ ႂကြယ္ဝမယ္ လို႔ ဆိုပါတယ္။

ကြၽန္ေတာ့္ အႀကံျပဳခ်က္…

သူေဌးႀကီးလီကာရွင္းရဲ႕ အႀကံျပဳခ်က္ဟာ… သိပ္ကိုေကာင္းမြန္ပါတယ္။ ဒါေပမယ့္ သူ႔ႏိုင္ငံ အေျခအေနနဲ႔ ျမန္မာႏိုင္ငံ အေျခအေန ကြာျခားမႈေတြ ရွိတာေၾကာင့္ အႀကံျပဳထားတဲ့ ဝင္ေငြရာခိုင္ႏႈန္းေတြကို ေတာ့… အတိအက်မဟုတ္ပဲ

အဆင္ေျပမယ့္ ရာခိုင္ႏႈန္းတစ္ခုကို ျပင္ဆင္ခ်ိန္ဆ ဖို႔ လိုအပ္ပါတယ္။ ဥပမာ လစာ သုံးသိန္း ဝင္ေငြ ရေနသူတစ္ဦးအတြက္ living expenses ၃၀% ဆိုရင္ ကိုးေသာင္း က်ပ္သာ သုံးစြဲႏိုင္မွာ ျဖစ္လို႔ ေလာက္ငွမႈ ရွိ မရွိ အေျခအေနေတြ ႀကဳံႏိုင္ပါေသးတယ္။

ဘယ္လိုပဲျဖစ္ပါေစ… မိမိဝင္ေငြကိုေတာ့ သူေဌးႀကီး လီကာရွင္းေျပာတဲ့ အပိုင္း ၅ ပိုင္းအျဖစ္ မျဖစ္မေန ခြဲျခားၿပီး အသုံးခ်ေဆာင္႐ြက္ႏိုင္ဖို႔ လိုအပ္ပါေၾကာင္း။ လုံေလာက္တဲ့ အသိပညာဟာ ျပင္းထန္တဲ့ အခက္အခဲေတြကို လြယ္ကူစြာ ေက်ာ္ျဖတ္ေစႏိုင္ပါတယ္။

ခရက္ဒစ္#Kaung Hein Soe – Strategic#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သင့်ရဲ့တစ်လတာဝင်ငွေ ဘယ်လောက်ရှိရှိ… ဒီဝင်ငွေကို (၅)မျိုး ခွဲပြီး အချိုးကျသုံးစွဲဖို့ လိုပါတယ်

ဒီနေ့မှာတော့ ဟောင်ကောင် က နာမည်ကျော် ဘီလျံနာ သူဌေးကြီး လီကာရှင်းရဲ့ ငွေကြေးဆိုင်ရာ အကြုံ ပြုချက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီငွေသုံးစွဲမှုနည်းလမ်းဟာ လီကာရှင်းကိုဘီလျံနာ သူဌေးကြီး အဖြစ်ကို

ရောက်စေခဲ့တဲ့ အမူအကျင့်နည်းလမ်းလဲဖြစ်ပါတယ်။ ဒါအပြင် ဒီနည်းလမ်းဟာ ယခု မှ လုပ်ငန်းခွင် စဝင်တဲ့ လူငယ်များအတွက် အဓိက ရည်ရွယ်တာလဲဖြစ်ပါတယ်။ သူဌေးကြီး လီကာရှင်းက လူငယ်တွေ အနေနဲ့ မိမိ မှာ ရရှိတဲ့ ဝင်ငွေတွေ ကို

အပိုင်း ၅ ပိုင်းခွဲပြီး သုံးစွဲ ဖို့ တိုက်တွန်းထားပါတယ်။ ဥပမာ သင်က တစ်လကို ဒေါ်လာ ၂၀၀၀ ဝင်ငွေ ရှိတယ်ဆိုပါစို့။ ဒီဝင်ငွေကို ပထမ ဒေါ်လာ ၆၀၀၊ ဒုတိယ ဒေါ်လာ ၄၀၀ ၊ တတိယ ဒေါ်လာ ၃၀၀၊ စတုတ္တ ဒေါ်လာ ၂၀၀ နဲ့ နောက်ဆုံး

ဒေါ်လာ ၅၀၀ အဖြစ် ခွဲခြား လိုက်ပါလို့ဆိုပါတယ်။ လွယ်ကူအောင် ရာခိုင်နှုန်းနဲ့ ဆိုရရင်တော့ မိမိဝင်ငွေကို ပထမ တစ်စု အဖြစ် ၃၀%၊ ဒုတိယ ကို ၂၀%၊ တတိယ ကို ၁၅ %၊ စတုတ္တ အစုကို ၁၀% နဲ့ နောက်ဆုံးအစု အဖြစ် ၂၅% ပိုင်းခြား သတ်မှတ် လိုက် ဖို့ ဖြစ်ပါတယ်။ သုံးစွဲရမယ့်နည်းလမ်းကတော့…

(၁) ပထမအစု

ပထမအစုကိုတော့ Living Expenses အဖြစ် သုံးစွဲ ပါလို့ဆိုပါတယ်။ တစ်နည်းအားဖြင့်တော့ စား ဝတ် နေရေး အတွက် စားရိတ်တွေအားလုံးကို မိမိဝင်ငွေရဲ့ ၃၀% နဲ့ တင် လုံလောက်အောင်သုံး စွဲဖို့ဖြစ်ပါတယ်။ ငယ်ရွယ်နေစဉ်မှာ ကျန်းမာသန်စွမ်းနေတုန်း

အပင်ပန်း ခံနိုင်တုန်းဖြစ်တဲ့ အတွက်… ဈေးသက်သာတဲ့ အိမ်ယာတွေ မှာ စုငှားပြီးနေတာ၊ ချွေတာစားသောက်တာတွေကို လုပ်ဆောင်လို့ ရတဲ့ အတွက် ဒီအားသာချက်ကို ယူ ပြီး အသုံးချပါလို့ ဆိုလိုတာဖြစ်ပါတယ်။

(၂) ဒုတိယ အစု

ဒုတိယ အစုဖြစ်တဲ့… ဝင်ငွေရဲ့ ၂၀% ကိုတော့ မိမိရဲ့ Network ကို ချဲ့ထွင်ရာမှာ သုံးပါ လို့ ဆိုပါတယ်။ Network ကို ချဲ့ထွင်ရာမှာ… သူငယ်ချင်းတွေဆီကို ပုံမှန် ဖုန်းဆက် စကားပြောတာ၊ ကိုယ့်ထက် ပိုပြီး အသိပညာ အတွေ့အကြုံ ရှိတဲ့သူတွေကို ညစာ ဖိတ်ကျွေးတာ၊

ကိုယ့်ထက်ပိုပြီး ချမ်းသာတဲ့… ဝင်ငွေရှိသူ တွေနဲ့ တွေ့ဆုံ တာမျိုးတွေ အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေ တွေနဲ့ အဆက်အသွယ် မပြတ် ပဲ ရင်းနှီးမှုတွေ တိုးလာတဲ့အခါ

အကူအညီကောင်းတွေကို ရနိုင်မှာဖြစ်ပြီး ကိုယ်ထက် တစ်ဆင့်မြင့်နေသူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အခါ ကိုယ်လဲ သူတို့လို အတွေးအခေါ် အမူအကျင့်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။

(၃) တတိယ အစု

ဝင်ငွေရဲ့ ၁၅% ကိုတော့… သင်ယူလေ့လာရေး Learning အတွက် ပုံမှန်သုံးဖို့ အကြုံပြုထားတာပါပဲ။ ကိုယ့်တိုးတက်မှုအတွက် စာအုပ်တွေဝယ်ယူတာ၊ သင်တန်းတွေ တက်တာ၊ အတတ်ပညာတွေ လေ့လာတာ… စတာတွေအတွက် မဖြစ်မနေသုံးဖို့ လိုအပ်ပါတယ်။

(၄) စတုတ္တအစု

ဝင်ငွေရဲ့ ၁၀% ကိုတော့… မိမိကိုယ့်ကို ဆုချတဲ့အနေနဲ့ သုံးဖို့ ပါပဲ။ အားလပ်ရက် အပန်းဖြေခရီးတွေ ထွက်တာ၊ ပိုပြီး အတွေ့အကြုံ နဲ့ အမြင်တွေ ကျယ်ပြန့်လာအောင် အခြားနိုင်ငံ တွေကို

လေ့လာတာ စတဲ့… အခြေအနေတွေ အတွက်သုံး ဖို့ အကြုံပြုတာဖြစ်ပါတယ်။ သူဌေးကြီးက တစ်နှစ်ကို နိုင်ငံခြားခရီးစဉ်တစ်ခုလောက် သွားသင့်ပါတယ်လို့လဲ ဆိုပါတယ်။

(၅) နောက်ဆုံး အစု

ဝင်ငွေရဲ့ ၂၅% ကတော့… အရေးကြီး တဲ့ အထဲမှာ ပါဝင်ပါတယ်။ ဒါကတော့… small business လေးတစ်ခုခု သို့မဟုတ် Investment တစ်ခုခု စတင်နိုင်ဖို့အတွက် စုဆောင်းရခြင်းဖြစ်ပါတယ်။ ဒီအစု ရှိနေမှသာ

ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစု ရဲ့ အောင်မြင်နိုင်ခြေ ဟာ အရှေ့က အစု လေး စု လုံး ကိုကောင်းမွန်စွာဆောင်ရွက်နိုင်မှာသာ အောင်မြင်နိုင်ခြေ မြင့်မား မှာ ဖြစ်ပြီးချမ်းသာ ကြွယ်ဝမယ် လို့ ဆိုပါတယ်။

ကျွန်တော့် အကြံပြုချက်…

သူဌေးကြီးလီကာရှင်းရဲ့ အကြံပြုချက်ဟာ… သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံ အခြေအနေနဲ့ မြန်မာနိုင်ငံ အခြေအနေ ကွာခြားမှုတွေ ရှိတာကြောင့် အကြံပြုထားတဲ့ ဝင်ငွေရာခိုင်နှုန်းတွေကို တော့… အတိအကျမဟုတ်ပဲ

အဆင်ပြေမယ့် ရာခိုင်နှုန်းတစ်ခုကို ပြင်ဆင်ချိန်ဆ ဖို့ လိုအပ်ပါတယ်။ ဥပမာ လစာ သုံးသိန်း ဝင်ငွေ ရနေသူတစ်ဦးအတွက် living expenses ၃၀% ဆိုရင် ကိုးသောင်း ကျပ်သာ သုံးစွဲနိုင်မှာ ဖြစ်လို့ လောက်ငှမှု ရှိ မရှိ အခြေအနေတွေ ကြုံနိုင်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ပါစေ… မိမိဝင်ငွေကိုတော့ သူဌေးကြီး လီကာရှင်းပြောတဲ့ အပိုင်း ၅ ပိုင်းအဖြစ် မဖြစ်မနေ ခွဲခြားပြီး အသုံးချဆောင်ရွက်နိုင်ဖို့ လိုအပ်ပါကြောင်း။ လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

ခရက်ဒစ်#Kaung Hein Soe – Strategic#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*