အရိုးဆက္ပင္… အသားဆက္ပင္… အေၾကာဆက္ပင္အေၾကာင္း(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)

အရိုးဆက္ပင္... အသားဆက္ပင္... အေၾကာဆက္ပင္အေၾကာင္း(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)
အရိုးဆက္ပင္... အသားဆက္ပင္... အေၾကာဆက္ပင္အေၾကာင္း(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)

အရိုးဆက္ပင္… အသားဆက္ပင္… အေၾကာဆက္ပင္အေၾကာင္း(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)

ကၽြန္းရြက္ႏွင့္ အေတာ္တူတာ ဖက္ခါးပင္ႏွင့္ အသီးပါ တူတယ္။ အရိုး က်ိဳးရင္ ေဆး႐ုံသြားစရာေတာင္ မလိုဘူးတဲ့။ တစ္ခါက ကၽြဲႀကီးတစ္ေကာင္ ေတာင္ေပၚက ျပဳတ္ၾကၿပီး အရိုးေတြ အကုန္ က်ိဳးေက်ေနတာကို

အဲဒီအပင္က အရြက္ေတြနဲ႔ အုပ္ထားခဲ့တာ… ေနာက္ေန႔ၾကေတာ့ အေကာင္းပကတိအတိုင္း သူ႔ ဘာ သာ အိမ္ျပန္လာသတဲ့ လြန္သားပဲ။

“ၾကာဖက္ႀကီး ” ၾကဖက္ႀကီး

အသားေတြ ဟက္ပက္ရွနာခဲ့ရင္ေတာင္ အရြက္ကိုေထာင္းၿပီး အုံထားရင္ ခဏေလးႏွင့္ အသားေတြ ျပန္ဆက္သြားသတဲ့။ တစ္ခါက… သားခုတ္ထစ္ထားတဲ့ ၾကက္သားေတြကို အဲဒီအရြက္ႏွင့္ ထုတ္ပိုးေပးလိုက္တာ… အိမ္ေရာက္ေတာ့ ၾကက္က အေကာင္လိုက္ႀကီး ျပန္ျဖစ္ေနသတဲ့။ လြန္သားပဲ။

အေၾကာေတြဆို အလြန္သန္မာသတဲ့။ ကမၻာက ကုလို႔ မေပ်ာက္တဲ့ ပိုလီယိုေတာင္ အဲဒီအပင္ၾကား သြားထိုင္ေနရင္ ေပ်ာက္သတဲ့။ တစ္ခါက ေျခေထာက္မသန္တဲ့ ေကာင္ေလးတစ္ေယာက္

အဲဒီအပင္ေတြၾကားမွာ အေလးသြားတာ ထလာေတာ့ ေျခေထာက္ေတြက အေကာင္းအတိုင္း ျဖစ္ေနသတဲ့ လြန္သားပဲ။ ဘာပဲျဖစ္ျဖစ္ နားေထာင္လို႔ေတာ့ အေကာင္းသား… သို႔ႏွင့္ အင္တာနက္မွာ ရွာဖတ္တယ္။

အထက္က ပုံျပင္ေတြက ဟုတ္လိုနိုးနိုးရယ္… အထူးသျဖင့္ အေၾကာအားတိုးေဆးအျဖစ္ သုံးသတဲ့။ အျမစ္ကို ႏြားနို႔ႏွင့္ စိမ္ေသာက္ရင္ ထန္းစ လွီးထားသလိုပဲဆိုလား ဘာျဖစ္တယ္ဆိုလား။ အသားဆက္ အရိုးဆက္ အေၾကာဆက္ကေတာ့…

တကယ္ ေကာင္းပုံေပၚတယ္။ ရပ္ထဲ ရြာထဲမွာေတာ့ လူေျပာ သူေျပာ အေတာ္ မ်ားတယ္။ ထားပါ… အေရးၾကဳံတဲ့အခါ သုံးလို႔ ရတာေပါ့။ ထို႔ထက္ ဘယ္လိုေၾကာင့္ပဲ သစ္ပင္ကိုခ်စ္ခ်စ္ ကိုယ့္အတြက္ အသုံးက်လို႔ ေဆးဝါးျဖစ္လို႔

ဘယ္လိုပဲ ခ်စ္ခ်စ္ သစ္ပင္ေလးေတြကို ခ်စ္တတ္ရင္ ေဆးပင္တဲ့ဟဲ့ ဆိုၿပီး… သစ္ပင္ေလး တစ္ပင္ေလာက္မ်ား စိုက္ျဖစ္ခဲ့ရင္ လက္ေညာင္းခံရက်ိဳးနပ္သပ။ ဘုန္းႀကီး ဦးနာဂသိန္ရဲ့ ပုံျပေဆး အဘိဓာန္ထဲ ရွာၾကည့္တယ္… ဗဟုသုတအျဖစ္ အဲဒီထဲက ကူးေပးလိုက္ပါတယ္

ၾကဖက္ႀကီးပင္၏ ပုံသဏၭာန္… ပင္ေထာင္ငယ္ အပင္မ်ိဳးျဖစ္၏။ အရြက္ အင္ရြက္ထက္ပင္ ႀကီး၏။ ေခြးသြားစိပ္ ရွိ၏။ အကိုင္းမ်ား စိမ္း၏။ အပြင့္သည္ ျဖဴ၏။ အျမစ္သည္ ဥကဲ့သို႔ ျဖစ္၏။ အျမစ္ကို အေရာင္ဆိုးရန္ အသုံးျပဳ ရ၏။ ေဆးလည္း အသုံးျပဳ ရ၏။

ဂုဏ္ႏွင့္ စြမ္းရည္… အျမစ္သည္ ခ်ဳပ္၏။ အနာကို အသားႏု တက္ေစ၏။ နာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ကင္းေစ၏။ ေသြးယိုစီးျခင္းကို တားျမစ္တတ္၏။ကိုယ္၌ နာက်င္ ကိုက္ခဲျခင္း ျဖစ္ခဲ့ေသာ္ အျမစ္ကို ေသြး၍ ပူေအာင္ ျပဳၿပီးလၽွင္ လိမ္းေပးရ၏

အခ်ိဳ႕အရပ္ေဒသတို႔၌ အရြက္ႏုကို ဟင္းခ်ိဳခ်က္ စားၾက၏။ အျမစ္ကို ေသြးလိမ္းလၽွင္ ေပြးေပ်ာက္၏။ ၎၏သတၳဳရည္ကို အနာျမဳံမ်ား၌ အုံေပးလၽွင္ အနာက်က္၍ အသားႏုကို တက္ေစ၏။

ေရာဂါအလိုက္ အသုံးျပဳနည္း…

ေပြးနာ… ၎အျမစ္ကို ေရႏွင့္ ေသြးလူးေသာ္ ေပြးနာမ်ား ေပ်ာက္ကင္း၏။ အေၾကာေရာင္ေရာဂါ

၎အျမစ္ကို ေရႏွင့္ေသြး၍ မီးႏွင့္ အတန္ငယ္ ပူေအာင္ ေႏႊး၍ အေၾကာတေလ်ာက္ ေရာင္ရမ္းရာ၌ လိမ္းက်ံေပးလၽွင္ အေၾကာေရာင္ေရာဂါ ေပ်ာက္ကင္း၏

အနာ အသားႏု တက္ေဆး… ၎၏အျမစ္ကို ေရႏွင့္ ညက္ညက္ပါေအာင္ ႀကိတ္၍ အဝတ္စေပၚတြင္ ထိုႀကိတ္ၿပီးေဆးကို သုတ္လိမ္း၍ ဖေရာင္းခ်က္ ကပ္သကဲ့သို႔ အနာေပၚ၌ကပ္ေပးပါက အနာသည္ အသားႏု လၽွင္စြာ တက္၏

အကိုက္အခဲေပ်ာက္ေဆး… ခႏၶာကိုတြင္ မည့္သည့္ ေနရာမဆို ကိုက္ခဲ နာက်င္ခဲ့ေသာ္ ၎အျမစ္ကို ေသြး၍ မီးႏွင့္ ေႏြးေႏြးျဖစ္ေအာင္ ကင္ၿပီး သုတ္လိမ္းေပးပါက ကိုက္ခဲ နာက်င္ျခင္း ေပ်ာက္ကင္း၏

အနာ ေသြးတိတ္ေဆး… အနာေပါက္တို႔၌ အနာသည္ ေသြးမ်ား ယိုစီေနေသာ္ ၎အျမစ္ကို ေရႏွင့္ ေသြးလိမ္းပါက အနာသည္ ေသြးယိုစီးျခင္းမွ ရပ္စဲသြားလိမ့္မည္။

ခရက္ဒစ္… ပုံျပေဆးအဘိဓာန္ ပထမအုပ္ စာမ်က္ႏွာ ၉၂ အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႔

Unicode

အရိုးဆက်ပင်… အသားဆက်ပင်… အကြောဆက်ပင်အကြောင်း(ဗဟုသုတအဖြစ် မျှဝေပါသည်)

ကျွန်းရွက်နှင့် အတော်တူတာ ဖက်ခါးပင်နှင့် အသီးပါ တူတယ်။ အရိုး ကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့။ တစ်ခါက ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး အရိုးတွေ အကုန် ကျိုးကျေနေတာကို

အဲဒီအပင်က အရွက်တွေနဲ့ အုပ်ထားခဲ့တာ… နောက်နေ့ကြတော့ အကောင်းပကတိအတိုင်း သူ့ ဘာ သာ အိမ်ပြန်လာသတဲ့ လွန်သားပဲ။

“ကြာဖက်ကြီး ” ကြဖက်ကြီး

အသားတွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့် အသားတွေ ပြန်ဆက်သွားသတဲ့။ တစ်ခါက… သားခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ… အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။ လွန်သားပဲ။

အကြောတွေဆို အလွန်သန်မာသတဲ့။ ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။ တစ်ခါက ခြေထောက်မသန်တဲ့ ကောင်လေးတစ်ယောက်

အဲဒီအပင်တွေကြားမှာ အလေးသွားတာ ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့ လွန်သားပဲ။ ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား… သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။

အထက်က ပုံပြင်တွေက ဟုတ်လိုနိုးနိုးရယ်… အထူးသဖြင့် အကြောအားတိုးဆေးအဖြစ် သုံးသတဲ့။ အမြစ်ကို နွားနို့နှင့် စိမ်သောက်ရင် ထန်းစ လှီးထားသလိုပဲဆိုလား ဘာဖြစ်တယ်ဆိုလား။ အသားဆက် အရိုးဆက် အကြောဆက်ကတော့…

တကယ် ကောင်းပုံပေါ်တယ်။ ရပ်ထဲ ရွာထဲမှာတော့ လူပြော သူပြော အတော် များတယ်။ ထားပါ… အရေးကြုံတဲ့အခါ သုံးလို့ ရတာပေါ့။ ထို့ထက် ဘယ်လိုကြောင့်ပဲ သစ်ပင်ကိုချစ်ချစ် ကိုယ့်အတွက် အသုံးကျလို့ ဆေးဝါးဖြစ်လို့

ဘယ်လိုပဲ ချစ်ချစ် သစ်ပင်လေးတွေကို ချစ်တတ်ရင် ဆေးပင်တဲ့ဟဲ့ ဆိုပြီး… သစ်ပင်လေး တစ်ပင်လောက်များ စိုက်ဖြစ်ခဲ့ရင် လက်ညောင်းခံရကျိုးနပ်သပ။ ဘုန်းကြီး ဦးနာဂသိန်ရဲ့ ပုံပြဆေး အဘိဓာန်ထဲ ရှာကြည့်တယ်… ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်

ကြဖက်ကြီးပင်၏ ပုံသဏ္ဌာန်… ပင်ထောင်ငယ် အပင်မျိုးဖြစ်၏။ အရွက် အင်ရွက်ထက်ပင် ကြီး၏။ ခွေးသွားစိပ် ရှိ၏။ အကိုင်းများ စိမ်း၏။ အပွင့်သည် ဖြူ၏။ အမြစ်သည် ဥကဲ့သို့ ဖြစ်၏။ အမြစ်ကို အရောင်ဆိုးရန် အသုံးပြု ရ၏။ ဆေးလည်း အသုံးပြု ရ၏။

ဂုဏ်နှင့် စွမ်းရည်… အမြစ်သည် ချုပ်၏။ အနာကို အသားနု တက်စေ၏။ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏။ သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ကိုယ်၌ နာကျင် ကိုက်ခဲခြင်း ဖြစ်ခဲ့သော် အမြစ်ကို သွေး၍ ပူအောင် ပြုပြီးလျှင် လိမ်းပေးရ၏

အချို့အရပ်ဒေသတို့၌ အရွက်နုကို ဟင်းချိုချက် စားကြ၏။ အမြစ်ကို သွေးလိမ်းလျှင် ပွေးပျောက်၏။ ၎င်း၏သတ္ထုရည်ကို အနာမြုံများ၌ အုံပေးလျှင် အနာကျက်၍ အသားနုကို တက်စေ၏။

ရောဂါအလိုက် အသုံးပြုနည်း…

ပွေးနာ… ၎င်းအမြစ်ကို ရေနှင့် သွေးလူးသော် ပွေးနာများ ပျောက်ကင်း၏။ အကြောရောင်ရောဂါ

၎င်းအမြစ်ကို ရေနှင့်သွေး၍ မီးနှင့် အတန်ငယ် ပူအောင် နွှေး၍ အကြောတလျောက် ရောင်ရမ်းရာ၌ လိမ်းကျံပေးလျှင် အကြောရောင်ရောဂါ ပျောက်ကင်း၏

အနာ အသားနု တက်ဆေး… ၎င်း၏အမြစ်ကို ရေနှင့် ညက်ညက်ပါအောင် ကြိတ်၍ အဝတ်စပေါ်တွင် ထိုကြိတ်ပြီးဆေးကို သုတ်လိမ်း၍ ဖရောင်းချက် ကပ်သကဲ့သို့ အနာပေါ်၌ကပ်ပေးပါက အနာသည် အသားနု လျှင်စွာ တက်၏

အကိုက်အခဲပျောက်ဆေး… ခန္ဓာကိုတွင် မည့်သည့် နေရာမဆို ကိုက်ခဲ နာကျင်ခဲ့သော် ၎င်းအမြစ်ကို သွေး၍ မီးနှင့် နွေးနွေးဖြစ်အောင် ကင်ပြီး သုတ်လိမ်းပေးပါက ကိုက်ခဲ နာကျင်ခြင်း ပျောက်ကင်း၏

အနာ သွေးတိတ်ဆေး… အနာပေါက်တို့၌ အနာသည် သွေးများ ယိုစီနေသော် ၎င်းအမြစ်ကို ရေနှင့် သွေးလိမ်းပါက အနာသည် သွေးယိုစီးခြင်းမှ ရပ်စဲသွားလိမ့်မည်။

ခရက်ဒစ်… ပုံပြဆေးအဘိဓာန် ပထမအုပ် စာမျက်နှာ ၉၂ အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Be the first to comment

Leave a Reply

Your email address will not be published.


*