မိသားစု ဆက္ဆံေရးမွာ သတိျပဳသင့္တဲ့ အရာတစ္ခု…

မိသားစု ဆက္ဆံေရးမွာ သတိျပဳသင့္တဲ့ အရာတစ္ခု...
မိသားစု ဆက္ဆံေရးမွာ သတိျပဳသင့္တဲ့ အရာတစ္ခု...

မိသားစု ဆက္ဆံေရးမွာ သတိျပဳသင့္တဲ့ အရာတစ္ခု…

တစ္ေန႔မွာ အရမ္းေဒါသႀကီးတတ္တဲ့ အမ်ိဳသမီးတစ္ေယာက္ဟာ ေစ်းကအျပန္ သူတစ္ခါမွ မျမင္ဖူးတဲ့ သူစိမ္းတစ္ေယာက္နဲ႔ မေတာ္တဆ ဝင္တိုက္မိတယ္။ အမ်ိဳးသမီးလည္း ျပာျပာသလဲနဲ႔ အို… ကြၽန္မကိုခြင့္လြတ္ပါလို႔ ေျပာလိုက္တယ္။

အတိုက္ခံရတဲ့ သူစိမ္းကလည္း ကြၽန္ေတာ္ကလည္း အျခားကိစၥတစ္ခုမွာ အာ႐ုံေရာက္လို႔… အမ လာတာကို မျမင္လိုက္မိလို႔ အခုလို ျဖစ္သြားရတာပါ။ ကြၽန္ေတာ့္ကိုလည္း ခြင့္လြတ္ပါဗ်ာလို႔ ျပန္ေျပာတယ္။

အဲဒီသူစိမ္းနဲ႔ အမ်ိဳသမီးဟာ အရမ္းကို ယဥ္ေက်းစြာနဲ႔ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ ေတာင္းပန္ၾကၿပီး လမ္းခြဲလိုက္ၾကတယ္။ အဲဒီေန႔ ညေနမွာ အမ်ိဳးသမီးဟာ ညေနစာအတြက္ ကိုယ္တိုင္ ခ်က္ျပဳတ္ျပင္ဆင္ေနစဥ္မွာ

သူမရဲ႕ သားေလးက သူမေဘးမွာ ၿငိမ္ၿငိမ္ေလး လာရပ္ေနတယ္။ သူမ အေနာက္ကိုလွည့္လိုက္တဲ့အခါ ေနာက္မွာေရာက္ေနတဲ့ သားေလးနဲ႔ တိုက္မိၿပီး လက္ထဲမွာကိုင္ထားတဲ့ ပန္းကန္ေတြ က်ကြဲသြားတယ္။ အဲဒီအခ်ိန္မွာ အမ်ိဳးသမီးဟာ သူ႔ရဲ႕ေဒါသကို မထိန္းႏိုင္ပဲ

သားေလးကို မ်က္ေမွာင္ၾကဳပ္ၿပီး ဒီကေန ထြက္သြားစမ္းလို႕ ေအာ္ေငါက္ၿပီး ႀကိမ္းေမာင္းလိုက္တယ္။ မထင္မွတ္ပဲ အေမျဖစ္သူရဲ႕ ေအာ္ေငါက္ႀကိမ္းေမာင္းျခင္းကို ခံလိုက္ရတဲ့ သားေလးဟာ စိတ္မေကာင္းစြာနဲ႔ မီးဖိုခန္းထဲကေန ထြက္သြားခဲ့တယ္။

သားေလးထြက္သြားေတာ့ သူမကေတာ့ သားကို ျပင္းျပင္ထန္ထန္ ေျပာမိသြားတယ္ဆိုတာကို သတိမထားမိဘူး။ သူမရဲ႕ သားေလးဟာ ညေနစာမစားပဲ အေစာႀကီး အိပ္ရာဝင္ၿပီး အိပ္ေနခဲ့တယ္။ ထမင္းစားခ်ိန္ေရာက္မွ သားေလး ညေနစာမစားပဲ အေစာႀကီး အိပ္ရာ ဝင္သြားတာကို

သူမ သတိထားမိတယ္။ အဲဒီအခါက်မွ သူမဟာ သားေလးကို ေအာ္ေငါက္ႀကိမ္းေမာင္းလိုက္မိလို႔ သားေလး စိတ္မေကာင္းျဖစ္သြားတာကို သိလိုက္ရတယ္။ သူမလည္း စိတ္မေကာင္းစြာနဲ႔ပဲေစာေစာအိပ္ရာဝင္ခဲ့တယ္။ ဒါေပမယ့္ သူမ ဘယ္လိုမွ အိပ္မေပ်ာ္ႏိုင္ပဲ ျဖစ္ေနတယ္။

အဲဒီအခ်ိန္မွာပဲ သူမစိတ္ထဲ ေစ်းကအျပန္ သူစိမ္းတေယာက္နဲ႔ ဝင္တိုက္မိၿပီး အျပန္အလွန္ ယဥ္ေက်းသိမ္ေမြ႕စြာေျပာဆိုေတာင္းပန္းခဲ့တာကို သတိရမိၿပီး အေတြးတစ္ခု ဝင္လာတယ္။ ငါဟာ သူစိမ္းနဲ႔ ဆက္ဆံတဲ့အခါမွာ ယဥ္ေက်းသိမ္ေမြ႕ၿပီးေတာ့

ကိုယ္ခ်စ္တဲ့ ကိုယ္ေသြးသားနဲ႔ ဆက္ဆံတာက်ေတာ့ ဘာလို႔ ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံေနတာလဲလို႔ ေတြးမိတယ္။ သူမဟာ စိတ္မေကာင္းစြာ အေတြးနယ္ခ်ဲ႕ရင္း အိပ္ေပ်ာ္သြားတယ္။

အဲဒီအခ်ိန္မွာ အိပ္မက္ မက္ေနသလိုလို… တစ္စုံတစ္ေယာက္က သူမကို လာေျပာေနသလို… သူမ နားထဲမွာ အသံတစ္ခုကို ၾကားလိုက္ရတယ္။ မီးဖိုခန္း တံခါးနားကို သြားၾကည့္လိုက္ပါ။ တံခါးနားမွား ပန္းေတြက်ေနတာကိုေတြ႕ရလိမ့္မယ္။

အဲဒီပန္းေလးေတြဟာ သမီးကို ေပးဖို႔အတြက္ သမီးရဲ႕ သားေလးကိုယ္တိုင္ ခူးလာတာပါ။ ပန္းေလးေတြက သမီးႀကိဳက္တဲ့ အျပာေရာင္ ပန္းေလးေတြပါ။ သမီးကို အံ့ၾသသြားေစခ်င္လို႔ သူ တိတ္တိတ္ေလး သမီးေနာက္မွာ ရပ္ေနရွာတာပါ။

သူ႔ ရင္ထဲက ခံစားခ်က္ေတြကို သမီးတခါမွ မျမင္ဘူးမို႔လားလို႔ေျပာၿပီး အသံဟာ ေပ်ာက္ကြယ္သြားၿပီး သူမလည္း အိပ္မက္က လန္ႏိုးလာခဲ့တယ္။ အဲဒီအခ်ိန္မွာ သူမ အရမ္းကို စိတ္မေကာင္းျဖစ္ၿပီး သူမရဲ႕ပါးျပင္ေပၚကို မ်က္ရည္ေတြ စီးက်လာတယ္။

ၿပီးေတာ့ သူမ သားေလးအိပ္ရာနားဆီကို တိတ္တိတ္ေလးသြားၿပီး အိပ္ရာေဘးမွာ သြားဒူးေထာက္လိုက္တယ္။ ထပါဦးသားေလးရယ္။ ဒီပန္းေလးေတြက ေမေမ့အတြက္ သားေလး ခူးလာေပးတာလားလို႔ သူမ သားေလးကို ေမးလိုက္တယ္။

သားေလးက ဒီပန္းေတြကို ဟိုးအပင္နားမွာေတြ႕တာ ေမေမ။ ပန္းေလးေတြက ေမေမ့လိုပဲ အရမ္းလွလို႔ သား ခူးလာတာပါ ေမေမ။ ေမေမက အျပာေရာင္ပန္းေလးေတြကို ႀကိဳက္မယ္ဆိုတာကို သား သိလို႔ေလလို႔ ေျပာတယ္။

သားေလးဆီက စကားကို ၾကားလိုက္ရေတာ့… သားေလးရယ္…ေမေမ ဒီေန႔ သားကို ျပဴမူလိုက္တဲ့ အမူအရာအတြက္ ေမေမ ေတာင္းပန္ပါတယ္ကြယ္။ သားကို ေမေမ အဲလို မေအာ္သင့္ပါဘူးလို႔ေျပာေတာ့…

သားေလးက… ရပါတယ္ ေမေမရယ္။ ေမေမ့ကို သားခ်စ္တယ္တဲ့။ သားရယ္ ေမေမကလည္း သားကို ခ်စ္ပါတယ္။ ေနာက္ၿပီး သားေလး ခူးေပးတဲ့ ဒီအျပာေရာင္ပန္းေလးကိုလည္း ေမေမ အရမ္းႀကိဳက္ပါတယ္ကြယ္လို႔ သားကို ျပန္ေျပာလိုက္တယ္။

ဒီစာစုေလးမွာ ကြၽႏ္ုပ္တို႔အတြက္ သင္ခန္းစာ ရလိုက္တာကေတာ့… ကြၽႏ္ုပ္တို႔ဟာ ကြၽႏ္ုပ္တို႔နဲ႔ မရင္းနီးတဲ့ သူစိမ္းေတြအေပၚမွာဆိုရင္ ယဥ္ေက်းခ်ိဳသာစြာ ဆက္ဆံတတ္ေပမယ့္… ကြၽႏ္ုပ္တို႔ ခ်စ္ခင္တဲ့လူေတြအေပၚမွာေတာ့…

ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံမိတယ္ဆိုတာကို မီးေမွာင္းထိုးျပေနျခင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္တို႔ ခ်စ္ရတဲ့သူေတြနဲ႔ ဆက္ဆံတဲ့အခါမွာလည္း ယဥ္ေက်းခ်ိဳသာစြာ ေျပာဆိုဆက္ဆံျခင္းျဖင့္ ကြၽႏ္ုပ္တို႔ရဲ႕ မိသားစု ဆက္ဆံေရးကို ပိုမိုေကာင္းမြန္လာေအာင္ျပဳျပင္ၾကရေအာင္လို႔ ေျပာပါရေစ။

ခရက္ဒစ္#ဓမၼရင္ခြင္ဆရာေတာ္

Unicode

မိသားစု ဆက်ဆံရေးမှာ သတိပြုသင့်တဲ့ အရာတစ်ခု…

တစ်နေ့မှာ အရမ်းဒေါသကြီးတတ်တဲ့ အမျိုသမီးတစ်ယောက်ဟာ ဈေးကအပြန် သူတစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ မတော်တဆ ဝင်တိုက်မိတယ်။ အမျိုးသမီးလည်း ပြာပြာသလဲနဲ့ အို… ကျွန်မကိုခွင့်လွတ်ပါလို့ ပြောလိုက်တယ်။

အတိုက်ခံရတဲ့ သူစိမ်းကလည်း ကျွန်တော်ကလည်း အခြားကိစ္စတစ်ခုမှာ အာရုံရောက်လို့… အမ လာတာကို မမြင်လိုက်မိလို့ အခုလို ဖြစ်သွားရတာပါ။ ကျွန်တော့်ကိုလည်း ခွင့်လွတ်ပါဗျာလို့ ပြန်ပြောတယ်။

အဲဒီသူစိမ်းနဲ့ အမျိုသမီးဟာ အရမ်းကို ယဉ်ကျေးစွာနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် တောင်းပန်ကြပြီး လမ်းခွဲလိုက်ကြတယ်။ အဲဒီနေ့ ညနေမှာ အမျိုးသမီးဟာ ညနေစာအတွက် ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေစဉ်မှာ

သူမရဲ့ သားလေးက သူမဘေးမှာ ငြိမ်ငြိမ်လေး လာရပ်နေတယ်။ သူမ အနောက်ကိုလှည့်လိုက်တဲ့အခါ နောက်မှာရောက်နေတဲ့ သားလေးနဲ့ တိုက်မိပြီး လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တွေ ကျကွဲသွားတယ်။ အဲဒီအချိန်မှာ အမျိုးသမီးဟာ သူ့ရဲ့ဒေါသကို မထိန်းနိုင်ပဲ

သားလေးကို မျက်မှောင်ကြုပ်ပြီး ဒီကနေ ထွက်သွားစမ်းလို့ အော်ငေါက်ပြီး ကြိမ်းမောင်းလိုက်တယ်။ မထင်မှတ်ပဲ အမေဖြစ်သူရဲ့ အော်ငေါက်ကြိမ်းမောင်းခြင်းကို ခံလိုက်ရတဲ့ သားလေးဟာ စိတ်မကောင်းစွာနဲ့ မီးဖိုခန်းထဲကနေ ထွက်သွားခဲ့တယ်။

သားလေးထွက်သွားတော့ သူမကတော့ သားကို ပြင်းပြင်ထန်ထန် ပြောမိသွားတယ်ဆိုတာကို သတိမထားမိဘူး။ သူမရဲ့ သားလေးဟာ ညနေစာမစားပဲ အစောကြီး အိပ်ရာဝင်ပြီး အိပ်နေခဲ့တယ်။ ထမင်းစားချိန်ရောက်မှ သားလေး ညနေစာမစားပဲ အစောကြီး အိပ်ရာ ဝင်သွားတာကို

သူမ သတိထားမိတယ်။ အဲဒီအခါကျမှ သူမဟာ သားလေးကို အော်ငေါက်ကြိမ်းမောင်းလိုက်မိလို့ သားလေး စိတ်မကောင်းဖြစ်သွားတာကို သိလိုက်ရတယ်။ သူမလည်း စိတ်မကောင်းစွာနဲ့ပဲစောစောအိပ်ရာဝင်ခဲ့တယ်။ ဒါပေမယ့် သူမ ဘယ်လိုမှ အိပ်မပျော်နိုင်ပဲ ဖြစ်နေတယ်။

အဲဒီအချိန်မှာပဲ သူမစိတ်ထဲ ဈေးကအပြန် သူစိမ်းတယောက်နဲ့ ဝင်တိုက်မိပြီး အပြန်အလှန် ယဉ်ကျေးသိမ်မွေ့စွာပြောဆိုတောင်းပန်းခဲ့တာကို သတိရမိပြီး အတွေးတစ်ခု ဝင်လာတယ်။ ငါဟာ သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့ပြီးတော့

ကိုယ်ချစ်တဲ့ ကိုယ်သွေးသားနဲ့ ဆက်ဆံတာကျတော့ ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေတာလဲလို့ တွေးမိတယ်။ သူမဟာ စိတ်မကောင်းစွာ အတွေးနယ်ချဲ့ရင်း အိပ်ပျော်သွားတယ်။

အဲဒီအချိန်မှာ အိပ်မက် မက်နေသလိုလို… တစ်စုံတစ်ယောက်က သူမကို လာပြောနေသလို… သူမ နားထဲမှာ အသံတစ်ခုကို ကြားလိုက်ရတယ်။ မီးဖိုခန်း တံခါးနားကို သွားကြည့်လိုက်ပါ။ တံခါးနားမှား ပန်းတွေကျနေတာကိုတွေ့ရလိမ့်မယ်။

အဲဒီပန်းလေးတွေဟာ သမီးကို ပေးဖို့အတွက် သမီးရဲ့ သားလေးကိုယ်တိုင် ခူးလာတာပါ။ ပန်းလေးတွေက သမီးကြိုက်တဲ့ အပြာရောင် ပန်းလေးတွေပါ။ သမီးကို အံ့သြသွားစေချင်လို့ သူ တိတ်တိတ်လေး သမီးနောက်မှာ ရပ်နေရှာတာပါ။

သူ့ ရင်ထဲက ခံစားချက်တွေကို သမီးတခါမှ မမြင်ဘူးမို့လားလို့ပြောပြီး အသံဟာ ပျောက်ကွယ်သွားပြီး သူမလည်း အိပ်မက်က လန်နိုးလာခဲ့တယ်။ အဲဒီအချိန်မှာ သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး သူမရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။

ပြီးတော့ သူမ သားလေးအိပ်ရာနားဆီကို တိတ်တိတ်လေးသွားပြီး အိပ်ရာဘေးမှာ သွားဒူးထောက်လိုက်တယ်။ ထပါဦးသားလေးရယ်။ ဒီပန်းလေးတွေက မေမေ့အတွက် သားလေး ခူးလာပေးတာလားလို့ သူမ သားလေးကို မေးလိုက်တယ်။

သားလေးက ဒီပန်းတွေကို ဟိုးအပင်နားမှာတွေ့တာ မေမေ။ ပန်းလေးတွေက မေမေ့လိုပဲ အရမ်းလှလို့ သား ခူးလာတာပါ မေမေ။ မေမေက အပြာရောင်ပန်းလေးတွေကို ကြိုက်မယ်ဆိုတာကို သား သိလို့လေလို့ ပြောတယ်။

သားလေးဆီက စကားကို ကြားလိုက်ရတော့… သားလေးရယ်…မေမေ ဒီနေ့ သားကို ပြူမူလိုက်တဲ့ အမူအရာအတွက် မေမေ တောင်းပန်ပါတယ်ကွယ်။ သားကို မေမေ အဲလို မအော်သင့်ပါဘူးလို့ပြောတော့…

သားလေးက… ရပါတယ် မေမေရယ်။ မေမေ့ကို သားချစ်တယ်တဲ့။ သားရယ် မေမေကလည်း သားကို ချစ်ပါတယ်။ နောက်ပြီး သားလေး ခူးပေးတဲ့ ဒီအပြာရောင်ပန်းလေးကိုလည်း မေမေ အရမ်းကြိုက်ပါတယ်ကွယ်လို့ သားကို ပြန်ပြောလိုက်တယ်။

ဒီစာစုလေးမှာ ကျွန်ုပ်တို့အတွက် သင်ခန်းစာ ရလိုက်တာကတော့… ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နဲ့ မရင်းနီးတဲ့ သူစိမ်းတွေအပေါ်မှာဆိုရင် ယဉ်ကျေးချိုသာစွာ ဆက်ဆံတတ်ပေမယ့်… ကျွန်ုပ်တို့ ချစ်ခင်တဲ့လူတွေအပေါ်မှာတော့…

ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတယ်ဆိုတာကို မီးမှောင်းထိုးပြနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ မိသားစု ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်ကြရအောင်လို့ ပြောပါရစေ။

ခရက်ဒစ်#ဓမ္မရင်ခွင်ဆရာတော်

Be the first to comment

Leave a Reply

Your email address will not be published.


*