စီးပြားျဖစ္ခ်င္ရင္…စီးပြားမရွာနဲ႕… ေဖာက္သည္ေတြရဲ႕ ျပႆနာကို… ရွာပါ

စီးပြားျဖစ္ခ်င္ရင္...စီးပြားမရွာနဲ႕... ေဖာက္သည္ေတြရဲ႕ ျပႆနာကို... ရွာပါ
စီးပြားျဖစ္ခ်င္ရင္...စီးပြားမရွာနဲ႕... ေဖာက္သည္ေတြရဲ႕ ျပႆနာကို... ရွာပါ

စီးပြားျဖစ္ခ်င္ရင္…စီးပြားမရွာနဲ႕… ေဖာက္သည္ေတြရဲ႕ ျပႆနာကို… ရွာပါ

တေန႔က အခ်ိဳရည္ေသာက္မယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ငါးရာတန္ေလးတစ္႐ြက္ ကိုင္ၿပီး ဆိုင္ထဲ ခပ္တည္တည္နဲ႔ ဝင္သြားတယ္။ ဆိုင္ထဲေရာက္ေတာ့ ကိုယ္ ေသာက္ေနက် Coca Cola ငါးရာတန္ဘူးေလး ေတြ႕ေတာ့

ဒါေလး ယူမယ္လို႔ အေရာင္း စာေရးမေလးကို ေျပာလိုက္တယ္။ စာေရးမေလးလည္း ေရခဲေသတၱာထဲက ထုတ္ေပးတယ္။ ကိုယ္က ဘယ္ေလာက္လဲလို႔ ေမးေတာ့… တစ္ဘူး ကို ၆၀၀ ပါ တဲ့။ ေသၿပီဆရာေပါ့၊ ကိုယ့္မွာ ငါးရာပဲ ပါတယ္။

ငါးရာပဲ ပါလို႔ မယူေတာ့ဘူး ဆိုၿပီး လွည့္ ျပန္မယ္ ဆိုရင္လည္း အရွက္က ကြဲဦးမယ္။ ဒီလိုနဲ႔ ငါးရာတန္ေလး ကိုင္ၿပီး ခ်ီတုံ ခ်တုံ ျဖစ္ေနတုန္း… စာေရးမေလးက လက္တစ္ဖဝါးစာေလာက္ပဲ ရွိတဲ့ Coca Cola ဘူး အေသးေလး ယူခ် လာတယ္။

ဒါေလး ယူမလားတဲ့… တစ္ဘူးကို သုံးရာပဲ ရွိတယ္တဲ့။ ဘူးေလးက ခါတိုင္း ကိုယ္ ေသာက္ေနၾက ဘူးရဲ႕ တဝက္ပဲ ရွိတယ္။ အဲ့တာနဲ႔ ကိုယ္လည္း အားရဝမ္းသာနဲ႔ ယူမယ္ ဆိုၿပီး ငါးရာတန္ေလး ထုတ္ေပး လိုက္တယ္။

ဆိုင္ထဲက ျပန္ထြက္လာေတာ့မွ… ေခါင္းထဲ အေတြး တစ္ခု ဝင္လာတယ္။ အဲ့ဒါက ဘာလဲဆိုေတာ့… စီးပြားရွာတယ္ဆိုတာ ေဖာက္သည္ရဲ႕ ျပႆနာကို အေျဖရွာတာပါလား ဆိုတဲ့ အေတြးေလးတစ္ခု။

ကုန္ေစ်းႏႈန္းေတြ တက္၊ လူေတြ ၾကပ္တည္းေနၾကတဲ့ အခ်ိန္မွာ… အစစအရာရာ အဆင္မေျပေနေတာ့ လူေတြ ခက္ခဲေနလိမ့္မယ္ လို႔ Coca Cola ေတြးမိတယ္နဲ႔ တူပါတယ္။ ဒါေၾကာင့္

ေစ်းလည္း သိပ္မႀကီးတဲ့ ဘူး အေသးေလးေတြ ထုတ္ေပးၿပီး… လူတန္းစားမေ႐ြး ေသာက္သုံးႏိုင္ေအာင္ စီစဥ္ေပးတာလို႔ ကြၽန္ေတာ္ကေတာ့ ျမင္တယ္။

တနည္းအားျဖင့္ ေဖာက္သည္ေတြ ရင္ဆိုင္ ႀကဳံေတြေနရတဲ့ ျပႆနာကို ကူညီ ေျဖရွင္းေပးတာလို႔ ေျပာလို႔ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့…

စီးပြားရွာတယ္ဆိုတာကို စီးပြားရွာတယ္လို႔ မျမင္ဘူး။ ေဖာက္သည္ရဲ႕ ျပႆနာကို အေျဖရွာတယ္လို႔ပဲ ျမင္တယ္။ တခ်ိဳ႕ေတြ စီးပြားျဖစ္သင့္သေလာက္ မျဖစ္တာ၊ လုပ္ငန္းေတြ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္တာဟာ…

ေဖာက္သည္ေတြရဲ႕ ျပႆနာကို အေျဖ ရွာမေပးတာေၾကာင့္လည္း ျဖစ္ေနႏိုင္တယ္လို႔ ကြၽန္ေတာ္ေတာ့ ယူဆတယ္။

ဒါေၾကာင့္ မိတ္ေဆြတို႔အေနနဲ႔ စီးပြားျဖစ္ခ်င္ရင္ စီးပြားမရွာပါနဲ႔… ဖာက္သည္ရဲ႕ ျပႆနာကို ရွာပါလို႔ပဲ ေျပာခ်င္ပါတယ္။

ခရက္ဒစ္#Dr. Thet Htar Aung##PeakPerformanceCoach

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

စီးပွားဖြစ်ချင်ရင်…စီးပွားမရှာနဲ့… ဖောက်သည်တွေရဲ့ ပြဿနာကို… ရှာပါ

တနေ့က အချိုရည်သောက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငါးရာတန်လေးတစ်ရွက် ကိုင်ပြီး ဆိုင်ထဲ ခပ်တည်တည်နဲ့ ဝင်သွားတယ်။ ဆိုင်ထဲရောက်တော့ ကိုယ် သောက်နေကျ Coca Cola ငါးရာတန်ဘူးလေး တွေ့တော့

ဒါလေး ယူမယ်လို့ အရောင်း စာရေးမလေးကို ပြောလိုက်တယ်။ စာရေးမလေးလည်း ရေခဲသေတ္တာထဲက ထုတ်ပေးတယ်။ ကိုယ်က ဘယ်လောက်လဲလို့ မေးတော့… တစ်ဘူး ကို ၆၀၀ ပါ တဲ့။ သေပြီဆရာပေါ့၊ ကိုယ့်မှာ ငါးရာပဲ ပါတယ်။

ငါးရာပဲ ပါလို့ မယူတော့ဘူး ဆိုပြီး လှည့် ပြန်မယ် ဆိုရင်လည်း အရှက်က ကွဲဦးမယ်။ ဒီလိုနဲ့ ငါးရာတန်လေး ကိုင်ပြီး ချီတုံ ချတုံ ဖြစ်နေတုန်း… စာရေးမလေးက လက်တစ်ဖဝါးစာလောက်ပဲ ရှိတဲ့ Coca Cola ဘူး အသေးလေး ယူချ လာတယ်။

ဒါလေး ယူမလားတဲ့… တစ်ဘူးကို သုံးရာပဲ ရှိတယ်တဲ့။ ဘူးလေးက ခါတိုင်း ကိုယ် သောက်နေကြ ဘူးရဲ့ တဝက်ပဲ ရှိတယ်။ အဲ့တာနဲ့ ကိုယ်လည်း အားရဝမ်းသာနဲ့ ယူမယ် ဆိုပြီး ငါးရာတန်လေး ထုတ်ပေး လိုက်တယ်။

ဆိုင်ထဲက ပြန်ထွက်လာတော့မှ… ခေါင်းထဲ အတွေး တစ်ခု ဝင်လာတယ်။ အဲ့ဒါက ဘာလဲဆိုတော့… စီးပွားရှာတယ်ဆိုတာ ဖောက်သည်ရဲ့ ပြဿနာကို အဖြေရှာတာပါလား ဆိုတဲ့ အတွေးလေးတစ်ခု။

ကုန်ဈေးနှုန်းတွေ တက်၊ လူတွေ ကြပ်တည်းနေကြတဲ့ အချိန်မှာ… အစစအရာရာ အဆင်မပြေနေတော့ လူတွေ ခက်ခဲနေလိမ့်မယ် လို့ Coca Cola တွေးမိတယ်နဲ့ တူပါတယ်။ ဒါကြောင့်

ဈေးလည်း သိပ်မကြီးတဲ့ ဘူး အသေးလေးတွေ ထုတ်ပေးပြီး… လူတန်းစားမရွေး သောက်သုံးနိုင်အောင် စီစဉ်ပေးတာလို့ ကျွန်တော်ကတော့ မြင်တယ်။

တနည်းအားဖြင့် ဖောက်သည်တွေ ရင်ဆိုင် ကြုံတွေနေရတဲ့ ပြဿနာကို ကူညီ ဖြေရှင်းပေးတာလို့ ပြောလို့ရတယ်။ ဒါကြောင့် ကျွန်တော်ကတော့…

စီးပွားရှာတယ်ဆိုတာကို စီးပွားရှာတယ်လို့ မမြင်ဘူး။ ဖောက်သည်ရဲ့ ပြဿနာကို အဖြေရှာတယ်လို့ပဲ မြင်တယ်။ တချို့တွေ စီးပွားဖြစ်သင့်သလောက် မဖြစ်တာ၊ လုပ်ငန်းတွေ အောင်မြင်သင့်သလောက် မအောင်မြင်တာဟာ…

ဖောက်သည်တွေရဲ့ ပြဿနာကို အဖြေ ရှာမပေးတာကြောင့်လည်း ဖြစ်နေနိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ စီးပွားဖြစ်ချင်ရင် စီးပွားမရှာပါနဲ့… ဖာက်သည်ရဲ့ ပြဿနာကို ရှာပါလို့ပဲ ပြောချင်ပါတယ်။

ခရက်ဒစ်#Dr. Thet Htar Aung##PeakPerformanceCoach

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*