အလုပ္အတြက္ အင္တာဗ်ဴးေျဖတဲ့အခါ… သင့္အေနနဲ႕ ဒီစကားေတြကို မေျပာမိပါေစနဲ႕

အလုပ္အတြက္ အင္တာဗ်ဴးေျဖတဲ့အခါ... သင့္အေနနဲ႕ ဒီစကားေတြကို မေျပာမိပါေစနဲ႕
အလုပ္အတြက္ အင္တာဗ်ဴးေျဖတဲ့အခါ... သင့္အေနနဲ႕ ဒီစကားေတြကို မေျပာမိပါေစနဲ႕

အလုပ္အတြက္ အင္တာဗ်ဴးေျဖတဲ့အခါ… သင့္အေနနဲ႕ ဒီစကားေတြကို မေျပာမိပါေစနဲ႕

သင္အလုပ္ အင္တာဗ်ဴးေျဖေနစဥ္ ဘာေတြ ေျပာသင့္သလဲဆိုတဲ့ အႀကံအဉာဏ္မ်ားစြာရွိပါတယ္။ ဘာေတြကို မေျပာသင့္သလဲ ဆိုတာကေတာ့……….

အလုပ္ အင္တာဗ်ဴးေနစဥ္ ဘယ္ေတာ့မွ မေျပာသင့္သည့္ စကားမ်ား…

၁။ စိတ္မေကာင္းပါဘူး။ ကားလမ္းပိတ္တာ အရမ္းဆိုးတာပဲ။

ေရွာင္က်ဥ္ႏိုင္မည့္ နည္းလမ္းမ်ားအေနနဲ႔… အင္တာဗ်ဴးေျဖရန္ ခ်ိန္းဆိုထားသည့္ အခ်ိန္ထက္ ၁၀ မိနစ္ခန႔္ ေစာေရာက္ေအာင္ သြားပါ။ ကားလမ္းပိတ္ျခင္းႏွင့္ ရာသီဥတုဆိုး႐ြားမႈေၾကာင့္ ျဖစ္ေပၚလာႏိုင္ေသာ ၾကာခ်ိန္မ်ားကို ထည့္တြက္ထားပါ။

၂။ ေလွ်ာက္လႊာ ထပ္မယူလာဘူး။

HR ဌာနမွာ အလုပ္ေလွ်ာက္လႊာ တစ္စုံ ေပးထားၿပီးသားပါ။ HR ဌာနကေန ရထားၿပီး ျပီထင္လို႔။ အင္တာဗ်ဴး သြားတဲ့အခါ သင္နဲ႔အတူ အလုပ္ေလွ်ာက္လႊာ(CV) အပို တစ္စုံ ယူသြားရပါမယ္။

ဒါမွသာ အင္တာဗ်း ေမးမည့္သူက တစ္ေယာက္ထက္ပိုလာတဲ့အခါမွာ သင့္ အလုပ္ေလွ်ာက္လႊာ (CV) ကို တစ္စုံထက္ပို လိုအပ္ လာႏိုင္ပါတယ္။ ၾကည့္ရႈရ အဆင္ေျပ လြယ္ကူေအာင္ ျပင္ဆင္ထားပါ။

၃။ သင့္မွာ ေဘာလ္ပင္ရွိသလား။

ေဘာလ္ပင္ အနည္းဆုံး ၂ ေခ်ာင္းေလာက္ လိုရ မယ္ရ ယူသြားပါ။ သုံးလို႔ရတဲ့ ေဘာလ္ပင္ေတြ ျဖစ္ေနပါေစ။

၄။ အိုး… ဖုန္းပိတ္ဖို႔ ေမ့ေနတယ္

အင္တာဗ်ဴး မေရာက္ခင္ သင့္ဖုန္းကို ပိတ္ထားပါ။ မ်ားေသာအားျဖင့္ ေတြ႕ေတြ႕ခ်င္း ၅ မိနစ္ကေန ၁၅ မိနစ္အတြင္းမွာ သင့္ကို အလုပ္ခန႔္၊ မခန႔္ ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို မခ်ႏိုင္ပါ ဘူး။

ဒါေၾကာင့္ သင့္ကို အမွတ္ေလ်ာ့ေစမယ့္ အျပဳအမူေတြကို ေရွာင္က်ဥ္ပါ။ အေကာင္းဆုံး အမွတ္ရေစမယ့္ မ်က္လုံးခ်င္း ဆုံၿပီး စကားေျပာပါ။

၅။ ကြၽန္ေတာ္/မ ေသခ်ာမသိဘူး။

ျဖစ္ႏိုင္ေခ်ရွိတဲ့ ေမးခြန္းေတြကို ေျဖႏိုင္ေအာင္ ႀကိဳတင္ေလ့က်င့္ထားပါ။ ကိုယ့္ကိုကိုယ္ မေသခ်ာတဲ့ ပုံစံမ်ိဳး၊ ဒီအလုပ္ကို ဘာေၾကာင့္ေ႐ြးခ်ယ္သလဲ မသိတဲ့ပုံစံမ်ိဳး မျဖစ္ေအာင္ ႀကိဳးစားပါ။

၆။ မင္းဒီအလုပ္ကို ဘယ္လိုရလာသလဲ။

အင္တာဗ်ဴးသူသည္ သင္ႏွင့္ ရင္းႏွီးမႈရွိခဲ့လွ်င္လည္း ပုဂၢိဳလ္ေရး အေႏွာက္အယွက္ျဖစ္မည့္ ေမးခြန္းမ်ိဳး မေမးမိေစရန္ ေရွာင္က်ဥ္ရမည္။

၇။ ကြၽန္ေတာ္/ မ အရင္အလုပ္က သူေဌးက ေတာ္ေတာ္ ဆိုးတယ္။

အရင္အလုပ္ရွင္ မေကာင္းေၾကာင္း ဘယ္ေတာ့မွ မေျပာပါနဲ႔။ အင္တာဗ်ဴးေမးသူမွ သင္ေတြ႕ဖူးခဲ့တဲ့ အလုပ္ရွင္ေတြရဲ႕ အမွတ္ရစရာ အေၾကာင္းေတြ ေမးခဲ့ရင္ေတာင္မွ သင္ႀကိဳက္တဲ့အခ်က္ေတြကို ေ႐ြးေျပာပါ။

၈။ ကြၽန္ေတာ္/ မ အိမ္ေထာင္ကြဲသြားလို႔ ပိုေကာင္းတဲ့အလုပ္တစ္ခုကို ရွာတာပါ။

အလုပ္ရွင္ အမ်ားစုက သင္ရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ လိုအပ္ခ်က္ေတြကို စိတ္ဝင္စားေလ့ မရွိၾကပါဘူး။ သင္ ဒီအလုပ္ကို လိုခ်င္တာ အလုပ္အေပၚမွာ ဘယ္ေလာက္စိတ္ဝင္စားမႈ ရွိ/ မရွိ ကိုပဲ သိခ်င္တာပါ။

ဒါေၾကာင့္ ဒီအလုပ္က မင္းအတြက္ ဘယ္ေလာက္ စိတ္ဝင္စားဖို႔ေကာင္းသလဲဆိုတာနဲ႔ မင္းဘာေတြ လုပ္ေပးႏိုင္သလဲ ဆိုတာကိုသာ ဦးစားေပး ေျပာပါ။

၉။ ဘယ္လိုအားလပ္ရက္မ်ိဳးေတြ ရမွာလဲ။

ဒီလို ေမးခြန္းမ်ိဳးကို အလုပ္ခန႔္ၿပီးလို႔ မေျပာမခ်င္း မေမးပါနဲ႔။

၁၀။ ကြၽန္ေတာ္/မ ဘာလိုခ်င္မိခဲ့မွန္းကို မသိဘူး။

သင္ အရင္တုန္းက ဘာလုပ္ရမွန္း မသိ၊ ဘယ္အေတြ႕အႀကဳံကို ယူရေကာင္းမွန္ းမသိ ျဖစ္ခဲ့ရင္ေတာင္မွ အေကာင္းျမင္ အေတြးနဲ႔သာ ေျပာပါ။

၁၁။ ကြၽန္ေတာ္/မ ဘာကိုမွ အရမ္း မေမွ်ာ္လင့္ထားပါဘူး။

အလုပ္ရွင္ေတြက သင့္အေနနဲ႔ အလုပ္နဲ႔ စိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလား ဆိုတာ သိဖို႔လည္းလိုပါတယ္။

၁၂။ ေျပာစရာ မရွိပါဘူး။

အလုပ္ရွင္ေတြက အင္တာဗ်ဴးမွာ ေမးစရာ မရွိေတာ့တဲ့အခါမွာ ေျပာေလ့ေျပာထရွိတဲ့ စကားတစ္ခြန္းရွိပါတယ္။ ဘာသိခ်င္ေသးလဲ။ ဘာေျပာစရာရွိလဲ စသည္ျဖင့္ပါ။

အဲ့ဒီအခါမွာ သင့္အေနနဲ႔ ဒီအလုပ္ကို ဘယ္လိုရွာေတြ႕တဲ့အေၾကာင္း၊ ဒီအလုပ္ကို ဘယ္ေလာက္အထိ ေမွ်ာ္လင့္ထားေၾကာင္း၊ ဘာေတြလုပ္ေပးႏိုင္မယ္ဆိုတဲ့အေၾကာင္း စတာေတြကို ေျပာဖို႔ မေမ့ပါႏွင့္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ… သင့်အနေနဲ့ ဒီစကားတွေကို မပြောမိပါစေနဲ့

သင်အလုပ် အင်တာဗျူးဖြေနေစဉ် ဘာတွေ ပြောသင့်သလဲဆိုတဲ့ အကြံအဉာဏ်များစွာရှိပါတယ်။ ဘာတွေကို မပြောသင့်သလဲ ဆိုတာကတော့……….

အလုပ် အင်တာဗျူးနေစဉ် ဘယ်တော့မှ မပြောသင့်သည့် စကားများ…

၁။ စိတ်မကောင်းပါဘူး။ ကားလမ်းပိတ်တာ အရမ်းဆိုးတာပဲ။

ရှောင်ကျဉ်နိုင်မည့် နည်းလမ်းများအနေနဲ့… အင်တာဗျူးဖြေရန် ချိန်းဆိုထားသည့် အချိန်ထက် ၁၀ မိနစ်ခန့် စောရောက်အောင် သွားပါ။ ကားလမ်းပိတ်ခြင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကြာချိန်များကို ထည့်တွက်ထားပါ။

၂။ လျှောက်လွှာ ထပ်မယူလာဘူး။

HR ဌာနမှာ အလုပ်လျှောက်လွှာ တစ်စုံ ပေးထားပြီးသားပါ။ HR ဌာနကနေ ရထားပြီး ပြီထင်လို့။ အင်တာဗျူး သွားတဲ့အခါ သင်နဲ့အတူ အလုပ်လျှောက်လွှာ(CV) အပို တစ်စုံ ယူသွားရပါမယ်။

ဒါမှသာ အင်တာဗျး မေးမည့်သူက တစ်ယောက်ထက်ပိုလာတဲ့အခါမှာ သင့် အလုပ်လျှောက်လွှာ (CV) ကို တစ်စုံထက်ပို လိုအပ် လာနိုင်ပါတယ်။ ကြည့်ရှုရ အဆင်ပြေ လွယ်ကူအောင် ပြင်ဆင်ထားပါ။

၃။ သင့်မှာ ဘောလ်ပင်ရှိသလား။

ဘောလ်ပင် အနည်းဆုံး ၂ ချောင်းလောက် လိုရ မယ်ရ ယူသွားပါ။ သုံးလို့ရတဲ့ ဘောလ်ပင်တွေ ဖြစ်နေပါစေ။

၄။ အိုး… ဖုန်းပိတ်ဖို့ မေ့နေတယ်

အင်တာဗျူး မရောက်ခင် သင့်ဖုန်းကို ပိတ်ထားပါ။ များသောအားဖြင့် တွေ့တွေ့ချင်း ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်းမှာ သင့်ကို အလုပ်ခန့်၊ မခန့် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ပါ ဘူး။

ဒါကြောင့် သင့်ကို အမှတ်လျော့စေမယ့် အပြုအမူတွေကို ရှောင်ကျဉ်ပါ။ အကောင်းဆုံး အမှတ်ရစေမယ့် မျက်လုံးချင်း ဆုံပြီး စကားပြောပါ။

၅။ ကျွန်တော်/မ သေချာမသိဘူး။

ဖြစ်နိုင်ချေရှိတဲ့ မေးခွန်းတွေကို ဖြေနိုင်အောင် ကြိုတင်လေ့ကျင့်ထားပါ။ ကိုယ့်ကိုကိုယ် မသေချာတဲ့ ပုံစံမျိုး၊ ဒီအလုပ်ကို ဘာကြောင့်ရွေးချယ်သလဲ မသိတဲ့ပုံစံမျိုး မဖြစ်အောင် ကြိုးစားပါ။

၆။ မင်းဒီအလုပ်ကို ဘယ်လိုရလာသလဲ။

အင်တာဗျူးသူသည် သင်နှင့် ရင်းနှီးမှုရှိခဲ့လျှင်လည်း ပုဂ္ဂိုလ်ရေး အနှောက်အယှက်ဖြစ်မည့် မေးခွန်းမျိုး မမေးမိစေရန် ရှောင်ကျဉ်ရမည်။

၇။ ကျွန်တော်/ မ အရင်အလုပ်က သူဌေးက တော်တော် ဆိုးတယ်။

အရင်အလုပ်ရှင် မကောင်းကြောင်း ဘယ်တော့မှ မပြောပါနဲ့။ အင်တာဗျူးမေးသူမှ သင်တွေ့ဖူးခဲ့တဲ့ အလုပ်ရှင်တွေရဲ့ အမှတ်ရစရာ အကြောင်းတွေ မေးခဲ့ရင်တောင်မှ သင်ကြိုက်တဲ့အချက်တွေကို ရွေးပြောပါ။

၈။ ကျွန်တော်/ မ အိမ်ထောင်ကွဲသွားလို့ ပိုကောင်းတဲ့အလုပ်တစ်ခုကို ရှာတာပါ။

အလုပ်ရှင် အများစုက သင်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လိုအပ်ချက်တွေကို စိတ်ဝင်စားလေ့ မရှိကြပါဘူး။ သင် ဒီအလုပ်ကို လိုချင်တာ အလုပ်အပေါ်မှာ ဘယ်လောက်စိတ်ဝင်စားမှု ရှိ/ မရှိ ကိုပဲ သိချင်တာပါ။

ဒါကြောင့် ဒီအလုပ်က မင်းအတွက် ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းသလဲဆိုတာနဲ့ မင်းဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာကိုသာ ဦးစားပေး ပြောပါ။

၉။ ဘယ်လိုအားလပ်ရက်မျိုးတွေ ရမှာလဲ။

ဒီလို မေးခွန်းမျိုးကို အလုပ်ခန့်ပြီးလို့ မပြောမချင်း မမေးပါနဲ့။

၁၀။ ကျွန်တော်/မ ဘာလိုချင်မိခဲ့မှန်းကို မသိဘူး။

သင် အရင်တုန်းက ဘာလုပ်ရမှန်း မသိ၊ ဘယ်အတွေ့အကြုံကို ယူရကောင်းမှန် းမသိ ဖြစ်ခဲ့ရင်တောင်မှ အကောင်းမြင် အတွေးနဲ့သာ ပြောပါ။

၁၁။ ကျွန်တော်/မ ဘာကိုမှ အရမ်း မမျှော်လင့်ထားပါဘူး။

အလုပ်ရှင်တွေက သင့်အနေနဲ့ အလုပ်နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာ သိဖို့လည်းလိုပါတယ်။

၁၂။ ပြောစရာ မရှိပါဘူး။

အလုပ်ရှင်တွေက အင်တာဗျူးမှာ မေးစရာ မရှိတော့တဲ့အခါမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာသိချင်သေးလဲ။ ဘာပြောစရာရှိလဲ စသည်ဖြင့်ပါ။

အဲ့ဒီအခါမှာ သင့်အနေနဲ့ ဒီအလုပ်ကို ဘယ်လိုရှာတွေ့တဲ့အကြောင်း၊ ဒီအလုပ်ကို ဘယ်လောက်အထိ မျှော်လင့်ထားကြောင်း၊ ဘာတွေလုပ်ပေးနိုင်မယ်ဆိုတဲ့အကြောင်း စတာတွေကို ပြောဖို့ မမေ့ပါနှင့်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*