ေခြၽတာ၊ စုေဆာင္း၊ သူေဌးေလာင္း….တဲ့

ေခြၽတာ၊ စုေဆာင္း၊ သူေဌးေလာင္း....တဲ့
ေခြၽတာ၊ စုေဆာင္း၊ သူေဌးေလာင္း....တဲ့

ေခြၽတာ၊ စုေဆာင္း၊ သူေဌးေလာင္း….တဲ့

ပုံျပင္ေလး တစ္ပုဒ္ေျပာျပမယ္… တစ္ခါတုန္းက လူတစ္ေယာက္ဟာ ခရီးသြားရင္း မ်က္စိလည္ လမ္းမွားၿပီး ေတာနက္ႀကီးထဲကို ေရာက္သြားတယ္။

ေမွာင္ကလည္းေမွာင္၊ လမ္းကလည္း ေပ်ာက္ေနေတာ့ ဒီတစ္ညေတာ့ ေတာထဲမွာပဲ အိပ္လိုက္ေတာ့မယ္လို႔ ဆုံးျဖတ္လိုက္တယ္။

အဲ့ဒါနဲ႔ အေတာ္အတန္ႀကီးမားတဲ့ သစ္ပင္ႀကီး တစ္ပင္ရွာၿပီး အပင္ေပၚ တက္အိပ္လိုက္တယ္။ အဲ့ဒီလိုအိပ္ေနတုန္းမွာပဲ သူအိပ္ေနတဲ့ အပင္ကိုေစာင့္ေရွာက္က ႐ုကၥစိုးက အိပ္မက္လာေပးတယ္။

“ေမာင္မင္း ဒီအပင္က အ႐ြက္ကို ခူးသြားပါ။ ေနာက္တေန႔ ညေရာက္ရင္ အဲ့ဒီအ႐ြက္က ေ႐ႊျပားအျဖစ္ ေျပာင္းသြားလိမ့္မယ္၊ ဒါေပမဲ့ အဲ့ဒီေ႐ႊျပားကို ရၿပီးတာနဲ႔ သင္ဝမ္းနည္းရလိမ့္မယ္” တဲ့။

ထိုလူလည္း လန္႔ႏိုးသြားတယ္။ သူလည္းေတြးတယ္။ ေ႐ႊျပား ရမယ္၊ ေ႐ႊျပားရၿပီး ဝမ္းနည္းရမယ္၊ ဘယ္လိုအဓိပၸာယ္မရွိတဲ့ အိပ္မက္မ်ိဳးလည္း ဆိုၿပီး မယုံတဝက္၊ ယုံတဝက္နဲ႔

အပင္ကအ႐ြက္ တစ္႐ြက္၊ ႏွစ္႐ြက္ေလာက္ကိုခူးၿပီး အိတ္ထဲ ေကာက္ထည့္လိုက္တယ္။ ေနာက္တေန႔ညေရာက္ေတာ့ ႐ုကၥစိုးေျပာတဲ့ အတိုင္းပါပဲ၊

သစ္႐ြက္ႏွစ္႐ြက္ဟာ ေ႐ႊျပားအျဖစ္ေျပာင္းလဲေနတာကို အံၾသဖြယ္ေတြ႕လိုက္ရတယ္။ ဒါေပမဲ့ သူဝမ္းမသာႏိုင္ပါဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ သူႏွစ္႐ြက္ထဲ ခူးခဲ့မိတဲ့အတြက္ေၾကာင့္ပါ။

ဒီပုံျပင္လိုပဲ…လူတခ်ိဳ႕ဟာလည္း မိမိရသမွ် ပိုက္ဆံေတြကို အကုန္သုံးမပစ္ပဲ ခ်န္ခ်န္ၿပီး စုသြားရင္ အနာဂတ္မွာ ႂကြယ္ဝခ်မ္းသာလာႏိုင္တယ္ဆိုတာကို သိတယ္။

ဒါေပမဲ့ ပုံမွန္ မစုျဖစ္ဘူး။ တစ္ခါတရံ စုခ်င္စိတ္ေပါက္ရင္ စုၿပီး စိတ္မေပါက္ရင္ မစုဘူး။ တကယ္လည္း ကိုယ္စုထားတာေလးေတြ အသုံးဝင္လာတဲ့အခါလည္းက်ေရာ “ငါအရင္ကတည္းက မ်ားမ်ားစုမိခဲ့ရင္ ေကာင္းသား” ဆိုၿပီး ေနာင္တရေရာ။

ဒါေၾကာင့္ ဒီလိုမျဖစ္ေအာင္ အခ်ိန္ရွိတုန္း အ႐ြယ္ေကာင္းတုန္းမွာ ပိုက္ဆံကို စုႏိုင္သေလာက္ မ်ားမ်ားစုပါ။

ယခုအခ်ိန္ကာလကေတာ့ ေငြတန္ဖိုးက်ေနတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ေငြအစား အနာဂတ္မွာ တန္ဖိုးတက္လာႏိုင္တဲ့ Assets တစ္ခုခုကို ဝယ္ယူစုေဆာင္းတာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

ေခြၽတာစုေဆာင္း သူေဌးေလာင္း ဆိုသလိုပဲ ဘယ္ေခတ္၊ ဘယ္အေျခအေနပဲေရာက္ေရာက္ ေငြမဟုတ္ေတာင္ တစ္ခုခုကို စုေဆာင္းထားဖို႔က လိုအပ္ေနပါေသးတယ္။)

ခရက္ဒစ္#PeakPerformanceCoach# ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ချွေတာ၊ စုဆောင်း၊ သူဌေးလောင်း….တဲ့

ပုံပြင်လေး တစ်ပုဒ်ပြောပြမယ်… တစ်ခါတုန်းက လူတစ်ယောက်ဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး တောနက်ကြီးထဲကို ရောက်သွားတယ်။

မှောင်ကလည်းမှောင်၊ လမ်းကလည်း ပျောက်နေတော့ ဒီတစ်ညတော့ တောထဲမှာပဲ အိပ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲ့ဒါနဲ့ အတော်အတန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှာပြီး အပင်ပေါ် တက်အိပ်လိုက်တယ်။ အဲ့ဒီလိုအိပ်နေတုန်းမှာပဲ သူအိပ်နေတဲ့ အပင်ကိုစောင့်ရှောက်က ရုက္စစိုးက အိပ်မက်လာပေးတယ်။

“မောင်မင်း ဒီအပင်က အရွက်ကို ခူးသွားပါ။ နောက်တနေ့ ညရောက်ရင် အဲ့ဒီအရွက်က ရွှေပြားအဖြစ် ပြောင်းသွားလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒီရွှေပြားကို ရပြီးတာနဲ့ သင်ဝမ်းနည်းရလိမ့်မယ်” တဲ့။

ထိုလူလည်း လန့်နိုးသွားတယ်။ သူလည်းတွေးတယ်။ ရွှေပြား ရမယ်၊ ရွှေပြားရပြီး ဝမ်းနည်းရမယ်၊ ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ အိပ်မက်မျိုးလည်း ဆိုပြီး မယုံတဝက်၊ ယုံတဝက်နဲ့

အပင်ကအရွက် တစ်ရွက်၊ နှစ်ရွက်လောက်ကိုခူးပြီး အိတ်ထဲ ကောက်ထည့်လိုက်တယ်။ နောက်တနေ့ညရောက်တော့ ရုက္စစိုးပြောတဲ့ အတိုင်းပါပဲ၊

သစ်ရွက်နှစ်ရွက်ဟာ ရွှေပြားအဖြစ်ပြောင်းလဲနေတာကို အံသြဖွယ်တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူဝမ်းမသာနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူနှစ်ရွက်ထဲ ခူးခဲ့မိတဲ့အတွက်ကြောင့်ပါ။

ဒီပုံပြင်လိုပဲ…လူတချို့ဟာလည်း မိမိရသမျှ ပိုက်ဆံတွေကို အကုန်သုံးမပစ်ပဲ ချန်ချန်ပြီး စုသွားရင် အနာဂတ်မှာ ကြွယ်ဝချမ်းသာလာနိုင်တယ်ဆိုတာကို သိတယ်။

ဒါပေမဲ့ ပုံမှန် မစုဖြစ်ဘူး။ တစ်ခါတရံ စုချင်စိတ်ပေါက်ရင် စုပြီး စိတ်မပေါက်ရင် မစုဘူး။ တကယ်လည်း ကိုယ်စုထားတာလေးတွေ အသုံးဝင်လာတဲ့အခါလည်းကျရော “ငါအရင်ကတည်းက များများစုမိခဲ့ရင် ကောင်းသား” ဆိုပြီး နောင်တရရော။

ဒါကြောင့် ဒီလိုမဖြစ်အောင် အချိန်ရှိတုန်း အရွယ်ကောင်းတုန်းမှာ ပိုက်ဆံကို စုနိုင်သလောက် များများစုပါ။

ယခုအချိန်ကာလကတော့ ငွေတန်ဖိုးကျနေတဲ့ အချိန်ဖြစ်တာကြောင့် ငွေအစား အနာဂတ်မှာ တန်ဖိုးတက်လာနိုင်တဲ့ Assets တစ်ခုခုကို ဝယ်ယူစုဆောင်းတာမျိုး ပြုလုပ်သင့်ပါတယ်။

ချွေတာစုဆောင်း သူဌေးလောင်း ဆိုသလိုပဲ ဘယ်ခေတ်၊ ဘယ်အခြေအနေပဲရောက်ရောက် ငွေမဟုတ်တောင် တစ်ခုခုကို စုဆောင်းထားဖို့က လိုအပ်နေပါသေးတယ်။)

ခရက်ဒစ်#PeakPerformanceCoach# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*