႐ုံးပတီပင္ကို စားမကုန္နိုင္ေအာင္ သီးေစမယ့္ တပိုင္တနိုင္ စိုက္ပ်ိဳးနည္းစနစ္

႐ုံးပတီပင္ကို စားမကုန္နိုင္ေအာင္ သီးေစမယ့္ တပိုင္တနိုင္ စိုက္ပ်ိဳးနည္းစနစ္
႐ုံးပတီပင္ကို စားမကုန္နိုင္ေအာင္ သီးေစမယ့္ တပိုင္တနိုင္ စိုက္ပ်ိဳးနည္းစနစ္

႐ုံးပတီပင္ကို စားမကုန္နိုင္ေအာင္ သီးေစမယ့္ တပိုင္တနိုင္ စိုက္ပ်ိဳးနည္းစနစ္

႐ုံးပတီပင္ကို အပူပိုင္း၊ အပူေလ်ာ့ပိုင္းေဒသေတြမွာ စိုက္ပ်ိဳးနိုင္ပါတယ္။ စိုက္ပ်ိဳးကာလအားျဖင့္ ကဆုန္၊ နယုန္၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္းလေတြမွာ အသင့္ေတာ္ဆုံး ျဖစ္ပါတယ္။

႐ုံးပတီဟာ ေရမဝပ္တဲ့ ေျမမ်ိဳးမွာ ပိုၿပီးျဖစ္ထြန္းပါတယ္။ ေျမအမ်ိဳးအစားမေရြး စိုက္ပ်ိဳးနိုင္ပါတယ္။ ေျမခ်ဥ္ငန္ဓာတ္ (၆ – ၆.၈) အတြင္းမွာ ပိုမို ျဖစ္ထြန္းပါတယ္။

တစ္သုတ္ၿပီး တစ္သုတ္ စိုက္ပ်ိဳးသြားရင္ စဥ္ဆက္မျပတ္ စားသုံးနိုင္တဲ့ သီးႏွံျဖစ္ပါတယ္။ စိုက္မယ္ဆိုရင္ စိုက္ေဘာင္ေတြေပၚမွာ တိုက္ရိုက္ စိုက္ပ်ိဳးနိုင္သလို (၃ – ၄) ေပရွိတဲ့ စိုက္ေဘာင္ ေတြကို

အျမင့္ (၆) လက္မ ရွိေအာင္ ေျမေဆြးထည့္ေပးၿပီး ေဘာင္ေပၚမွာ က်င္းေတြကို ေဘာင္ႏုတ္ခမ္းကေန (၆) လက္မ စီခြာၿပီး (၃) ပြင့္ဆိုင္ က်င္းတူးၿပီး စိုက္ပ်ိဳးနိုင္ပါတယ္။ မ်ိဳးေစ့ကို မစိုက္ခင္

(၁၂) နာရီေလာက္ ေရစိမ္ ေပးပါ။ ေရေပၚမွာေပၚေနတဲ့ အေစ့ေတြကို ဖယ္ရွားေပးပါ။ တစ္က်င္းကို မ်ိဳးေစ့ (၃) ေစ့စီ ထည့္ေပးၿပီး အပြင့္ ထြက္လာရင္ အသန္မာဆုံး အပင္တစ္ပင္ကိုပဲ ခ်န္ၿပီး က်န္တဲ့အပင္ေတြကို ႏုတ္ပစ္ဖို့ လိုပါတယ္။

တစ္ေဘာင္နဲ႔ တစ္ေဘာင္ၾကားမွာ လူသြားလမ္းအက်ယ္ (၉)လက္မ – (၁) ေပေလာက္ ခ်န္ထားေပးရမွာျဖစ္ပါတယ္။ စိုက္ေဘာင္ေပၚမွာ အလ်ားလိုက္ စိုက္တန္ း(၂) တန္း ထားရွိေပးၿပီး စိုက္တန္းေတြအတြင္း

တစ္ပင္နဲ႔ တစ္ပင္ (၁)ေပျခားစီ ရွိသင့္ပါတယ္။ ပ်ိဳးပင္ေတြကို ေျပာင္းေရႊ႕စိုက္ပ်ိဳးမယ္ ဆိုရင္ေတာ့ အျမစ္ေတြ မနာေစဖို့ အထူးဂ႐ုျပဳသင့္ပါတယ္။ ပန္းပြင့္ခ်ိန္နဲ႔ အသီးျဖစ္ခ်ိန္မွာ ေရကို မ်ားမ်ားလိုအပ္ပါတယ္။

စီးပြားျဖစ္ စိုက္ပ်ိဳးနိုင္ၿပီး အပင္(၁၅) ရက္သားမွာ တစ္ႀကိမ္၊ (၂၅) ရက္သားမွာ တစ္ႀကိမ္ ေပါင္းလိုက္ေပးရမွာျဖစ္ပါတယ္။ တတ္နိုင္ရင္ ေန႔တိုင္းေပါင္းလိုက္၊ ေျမဆြၿပီး အစိုဓာတ္ လုံေလာက္မႈ ရဖို့

ေရေလာင္းတာေတြ လုပ္ေပးဖို့ လိုပါတယ္။ ေျမၾသဇာအျဖစ္ ႏြားေခ်းေဆြးထည့္ေပးရင္ ပိုေကာင္းပါတယ္။ ဒါ့အျပင္ ႐ုံးပတီပင္ေတြကိုလည္း ႏွစ္ရွည္သီးႏွံ ပင္ေတြနဲ႔ ၾကားညႇပ္သီးႏွံ အျဖစ္ စိုက္ပ်ိဳးနိုင္ပါတယ္။

သနပ္ခါးနဲ႔ ႐ုံးပတီ၊ သရက္နဲ႔ ႐ုံးပတီ၊ ဇီးနဲ႔ ႐ုံးပတီ၊ ေလၽွာ္ျဖဴပင္နဲ႔ ႐ုံးပတီ စတဲ့ ႏွစ္ရွည္ပင္ သီးႏွံေတြနဲ႔ ႐ုံးပတီကို ထည့္သြင္းစိုက္ပ်ိဳးနိုင္ပါတယ္။ အသီးကို ခူးဆြတ္မယ္ဆိုရင္ (၂ – ၄) လက္မ အထိ ရွည္တဲ့အခါ ဒါမွမဟုတ္

ပန္းပြင့္ၿပီး တစ္ပတ္ၾကာတဲ့အခါ ခူးဆြတ္ရမွာျဖစ္ပါတယ္။ အသီးေတာင့္ေတြဟာ ရင့္လြယ္တဲ့ အတြက္ ပူတဲ့အခ်ိန္မွာဆိုရင္ ေန႔တိုင္း ခူးဆြတ္ ေပးရမွာျဖစ္ပါတယ္။ ပုံမွန္အားျဖင့္

(၂)ရက္ တစ္ႀကိမ္ ခူးဆြတ္ေပးရမွာျဖစ္ပါတယ္။ အသင့္ စားသုံးဖို့အတြက္ မရင့္ခင္ ခူးဆြတ္သင့္ၿပီး ရင့္တဲ့အသီးေတြကို ေနေျခာက္လွန္းၿပီး အေစ့ေတြကို ထုတ္ယူရမွာ ျဖစ္ပါတယ္။

ေလလုံတဲ့ အိတ္ေတြ၊ ပုလင္းေတြထဲမွာ ထည့္သြင္းသိုေလွာင္ၿပီး စိုက္ပ်ိဳးတဲ့ ရာသီ ေရာက္ရင္ ျပန္လည္စိုက္ပ်ိဳးနိုင္ပါတယ္။ တစ္ဧကမွ ပိႆာခ်ိန္ (၁၀၀၀-၃၀၀၀) အထိ ထြက္နိုင္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ေပးျခင္း ျဖစ္ပါသည္။

Unicode

ရုံးပတီပင်ကို စားမကုန်နိုင်အောင် သီးစေမယ့် တပိုင်တနိုင် စိုက်ပျိုးနည်းစနစ်

ရုံးပတီပင်ကို အပူပိုင်း၊ အပူလျော့ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးကာလအားဖြင့် ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

ရုံးပတီဟာ ရေမဝပ်တဲ့ မြေမျိုးမှာ ပိုပြီးဖြစ်ထွန်းပါတယ်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါတယ်။ မြေချဉ်ငန်ဓာတ် (၆ – ၆.၈) အတွင်းမှာ ပိုမို ဖြစ်ထွန်းပါတယ်။

တစ်သုတ်ပြီး တစ်သုတ် စိုက်ပျိုးသွားရင် စဉ်ဆက်မပြတ် စားသုံးနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ စိုက်မယ်ဆိုရင် စိုက်ဘောင်တွေပေါ်မှာ တိုက်ရိုက် စိုက်ပျိုးနိုင်သလို (၃ – ၄) ပေရှိတဲ့ စိုက်ဘောင် တွေကို

အမြင့် (၆) လက်မ ရှိအောင် မြေဆွေးထည့်ပေးပြီး ဘောင်ပေါ်မှာ ကျင်းတွေကို ဘောင်နုတ်ခမ်းကနေ (၆) လက်မ စီခွာပြီး (၃) ပွင့်ဆိုင် ကျင်းတူးပြီး စိုက်ပျိုးနိုင်ပါတယ်။ မျိုးစေ့ကို မစိုက်ခင်

(၁၂) နာရီလောက် ရေစိမ် ပေးပါ။ ရေပေါ်မှာပေါ်နေတဲ့ အစေ့တွေကို ဖယ်ရှားပေးပါ။ တစ်ကျင်းကို မျိုးစေ့ (၃) စေ့စီ ထည့်ပေးပြီး အပွင့် ထွက်လာရင် အသန်မာဆုံး အပင်တစ်ပင်ကိုပဲ ချန်ပြီး ကျန်တဲ့အပင်တွေကို နုတ်ပစ်ဖို့ လိုပါတယ်။

တစ်ဘောင်နဲ့ တစ်ဘောင်ကြားမှာ လူသွားလမ်းအကျယ် (၉)လက်မ – (၁) ပေလောက် ချန်ထားပေးရမှာဖြစ်ပါတယ်။ စိုက်ဘောင်ပေါ်မှာ အလျားလိုက် စိုက်တန် း(၂) တန်း ထားရှိပေးပြီး စိုက်တန်းတွေအတွင်း

တစ်ပင်နဲ့ တစ်ပင် (၁)ပေခြားစီ ရှိသင့်ပါတယ်။ ပျိုးပင်တွေကို ပြောင်းရွှေ့စိုက်ပျိုးမယ် ဆိုရင်တော့ အမြစ်တွေ မနာစေဖို့ အထူးဂရုပြုသင့်ပါတယ်။ ပန်းပွင့်ချိန်နဲ့ အသီးဖြစ်ချိန်မှာ ရေကို များများလိုအပ်ပါတယ်။

စီးပွားဖြစ် စိုက်ပျိုးနိုင်ပြီး အပင်(၁၅) ရက်သားမှာ တစ်ကြိမ်၊ (၂၅) ရက်သားမှာ တစ်ကြိမ် ပေါင်းလိုက်ပေးရမှာဖြစ်ပါတယ်။ တတ်နိုင်ရင် နေ့တိုင်းပေါင်းလိုက်၊ မြေဆွပြီး အစိုဓာတ် လုံလောက်မှု ရဖို့

ရေလောင်းတာတွေ လုပ်ပေးဖို့ လိုပါတယ်။ မြေသြဇာအဖြစ် နွားချေးဆွေးထည့်ပေးရင် ပိုကောင်းပါတယ်။ ဒါ့အပြင် ရုံးပတီပင်တွေကိုလည်း နှစ်ရှည်သီးနှံ ပင်တွေနဲ့ ကြားညှပ်သီးနှံ အဖြစ် စိုက်ပျိုးနိုင်ပါတယ်။

သနပ်ခါးနဲ့ ရုံးပတီ၊ သရက်နဲ့ ရုံးပတီ၊ ဇီးနဲ့ ရုံးပတီ၊ လျှော်ဖြူပင်နဲ့ ရုံးပတီ စတဲ့ နှစ်ရှည်ပင် သီးနှံတွေနဲ့ ရုံးပတီကို ထည့်သွင်းစိုက်ပျိုးနိုင်ပါတယ်။ အသီးကို ခူးဆွတ်မယ်ဆိုရင် (၂ – ၄) လက်မ အထိ ရှည်တဲ့အခါ ဒါမှမဟုတ်

ပန်းပွင့်ပြီး တစ်ပတ်ကြာတဲ့အခါ ခူးဆွတ်ရမှာဖြစ်ပါတယ်။ အသီးတောင့်တွေဟာ ရင့်လွယ်တဲ့ အတွက် ပူတဲ့အချိန်မှာဆိုရင် နေ့တိုင်း ခူးဆွတ် ပေးရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်

(၂)ရက် တစ်ကြိမ် ခူးဆွတ်ပေးရမှာဖြစ်ပါတယ်။ အသင့် စားသုံးဖို့အတွက် မရင့်ခင် ခူးဆွတ်သင့်ပြီး ရင့်တဲ့အသီးတွေကို နေခြောက်လှန်းပြီး အစေ့တွေကို ထုတ်ယူရမှာ ဖြစ်ပါတယ်။

လေလုံတဲ့ အိတ်တွေ၊ ပုလင်းတွေထဲမှာ ထည့်သွင်းသိုလှောင်ပြီး စိုက်ပျိုးတဲ့ ရာသီ ရောက်ရင် ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။ တစ်ဧကမှ ပိဿာချိန် (၁၀၀၀-၃၀၀၀) အထိ ထွက်နိုင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*