











Unicode

နေရာတိုင်းမှာ ဦးနှောက်သုံးစရာမှ မလိုတာ…

အိုင်စတိုင်း ကို ဟောပြောပွဲ တစ်ခုမှာ သတင်းထောက် တစ်ယောက်က အော်ပြီး… တစ်မိုင်မှာ ဘယ်နှပေ ရှိလဲ ဆိုပြီး မေးဖူးတယ်။

အိုင်စတိုင်း ပြန်ဖြေတာက… သူ မ သိ ဘူးတဲ့။ အဲ့ချိန်မှာ သတင်းထောက် အကုန်လုံး က ဝိုင်းရယ်ကြတယ်၊ နာမည်ကျော် အိုင်စတိုင်းကြီး က လူတိုင်း သိတဲ့ အရာလေးတောင် မသိဘူး.. ဘာညာပေါ့။

အဲ့ အချိန်မှာ ဆရာကြီး က မျက်နှာ တစ်ချက် မပျက်ဘဲ… အဲ့ သတင်းထောက်ကို တစ်ခွန်း ပြန်ဖြေတယ်… သင်္ချာ စာအုပ် ထဲမှာ တစ်မိနစ်လောက် တွက်ရုံနဲ့ အဖြေထွက်တဲ့ ကိစ္စကို

ခေါင်းထဲ မှာ မှတ်ထားစရာ လား တဲ့။ ခုခေတ် ဆိုရင်တော့… စောင်ပိန်းလား ? Google ခေါက်လေ ဆိုတဲ့ အထာနဲ့ ပေါ့။ မော်တော်ကား စ ထုတ်တဲ့ ဟင်နရီဖို့လ်လဲ အ လား တူ မေးခွန်းမျိး မေးခံရတယ်…။

သူ ပြန်ပြောတာက… အဲ့ ပြသာနာ ကို အဖြေ ထုတ်နိုင်တဲ့ လူတွေ ကြိုက်သလောက် သူငှားပေးလို့ ရ တယ် တဲ့။ တစ်ခုခု ကို ကြောင်းကျိုး ဆက်စပ် စဉ်းစားဖို့ အချက်အလက်တွေ

သိ ထား သင့်တယ် ဆိုပေမယ်လည်း ကိုယ်နဲ့ မဆိုင်တဲ့ အရေးမပါတဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ ကို ခေါင်းထဲမှာ ထည့်ထားက ကောင်းမွန် တဲ့ အရာ မဟုတ်ပါဘူး ။

ဦးနှောက် ဆိုတာ အကြောင်းအရာ တွေကို မှတ်သားဖို့ထက် စဉ်းစား တွေးခေါ် ကိုယ်ပိုင် အကြံညဏ် ထုတ်ပြီး ကိုယ့် အတွက် အကျိုး ရှိမယ့် အဖြေ ရှာ ဖို့ ပါ။

အဲ့တာကြောင့် အဓိပ္ပါယ် မရှိတဲ့ မေးခွန်းတွေ လာ မမေးကြပါနဲ့…။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*