














Unicode

မိန်းကလေးများ ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ…(ပြန်လည် မျှဝေပေးလိုက်ပါတယ်)

ကောင်လေးနဲ့ ကောင်မလေး ရည်းစားဖြစ်ကြပြီဆိုတာနဲ့Sex ဆက်ဆံကြတာများတယ် ။ဒီခေတ်ကြီးမှာ ကွန်ဒုံး နဲ့ ဆေးစွမ်းတွေကြောင့် Sex ဆက်ဆံပြီးရင်တောင် ကောင်မလေးတွေ ဗိုက်ကြီးတယ်ဆိုတာ မရှိကြတော့ဘူး။

ဒီခေတ်ကြီးမှာ လင်မယူရသေးပေမယ့် အပျိုမစစ်တော့တဲ့ မိန်းမအိုတွေ အများကြီးပဲ ။ပြည့်တန်ဆာနဲ့ ဘာမှမခြားတော့တဲ့ မိန်းကလေးတွေလည်း အများကြီးရှိကြတယ်။ မိန်းမ မယူရသေးပေမယ့် လူပျိုရည် ပျက်နေတဲ့ကောင်တွေ အများကြီးပဲ။

Sex ဆက်ဆံချင်တာနဲ့ပဲ ရည်းစားဘဝကို ရယူပစ်တတ်ကြတာတွေ အတွဲတွေ အများကြီးပဲ ။ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်တွေပဲလို့ မြင်တယ်။ ပြီးရင် မလိုလားအပ်တဲ့ ပြဿနာတွေက ပေါ်လာရတာပဲ။

ဘာပြဿနာပေါ်တာလဲ ဆိုရင် ကောင်လေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက် Sex လုပ်ပြီးတဲ့အခါ အဲ့ဒီ မိန်းကလေးကို နောက်ထပ် မဆက်ဆံချင်တော့ပဲ အခြား ကောင်မလေးတွေဆီ ခြေဦးတည်တော့တာပါပဲ။

ဒါဟာ ကောင်လေးအတော်များများရဲ့ စိတ်နေစိတ်ထား တစ်ခုပါပဲ။ မိန်းကလေးတစ်ယောက်ကို Sex မဆက်ဆံခင် ကောင်လေးတွေေ ပြောတတ်တဲ့ စကားနှစ်ခွန်းက ” မင်းကိုပဲ ချစ်တာပါ ။ အတည်ယူပါ့မယ် ” ဆိုတာပါပဲ။

ဒါကို မိန်းကလေးတွေက အတည်မှတ်ပြီး သူတို့ရဲ့ အပျိုစင်ဘဝကို အချိန်အတိုအတွင်း ဖျက်စီးခွင့် ပေးလိုက်ကြတယ်။ အချို့မိန်းကလေးတွေ တန်ဖိုးထားခြင်း မခံရခြင်းဟာ ရည်းစား ရှုပ်ခြင်းပါပဲ။

ဒါဟာ ကိုယ်ချင်းမစာလို့ ပြောခြင်းမဟုတ်ဘဲ မိန်းကလေးတွေကို အင်မတန် တန်ဖိုးထားလို့ ပြော တာပါ။ မိန်းကလေးတစ်ယောက်မှာ တန်ဖိုး အရှိဆုံးဟာ အိမ်ထောင်မကျခင်အထိ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်ခြင်းပဲ ဆိုတာကို နှလုံး သွင်းထားသင့်တယ်။

အတော်များများ ကိုယ်ချင်းစာစိတ် / ချစ်သူအပေါ် တန်ဖိုးထားတတ်တဲ့ စိတ်တွေ လျော့ပါးလာကြပြီ။ ခေတ်ကြီးက ဘာနဲ့ တူသလဲဆိုရင် ကိုယ်လက်ထပ်မယ့် သူက အပျို / လူပျို စစ်ခြင်း မစစ်ခြင်းထက် အကြိမ်ရေ နည်းပါစေလို့ပဲ ဆုတောင်းနေရတာမျိုး ဖြစ်နေပြီ။

အချို့မိန်းကလေးတွေက အခမဲ့ပြည့်တန်ဆာ ဆန်လာပြီး အချို့ကောင်လေးတွေကလည်း ဖာခေါင်းဆန်လာကြပြီ။ အနည်းဆုံးတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ကြပြီး ကိုယ့်ရဲ့ သန့်စင်တဲ့ ဘဝလေးကို ဂုဏ်သိက္ခာရှိရှိ တန်ဖိုးထားစေချင်မိတာတော့ အမှန်ပါပဲ။

သော့ကလောက် တစ်လုံးဟာ ဘယ်သော့တံနဲ့မဆို ဖွင့်လို့ရနေရင် အဲ့ဒီသော့ကလောက် ပျက်စီးတော့တာပါပဲ။ အဆုံးသတ်မှာ အများဆုံး နစ်နာသူကတော့ သော့ကလောက်ပါပဲ။

ဒါ့ကြောင့် မိမိရဲ့ သော့ကလောက်ကို တန်ဖိုးထားတတ်ကြပါစေ။ အသိတရားလေးတွေတိုးပွားစေလိုသောစေတနာဖြင့် ကူးယူဖော်ပြသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ မေတ္တာဖြင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*