လူတစ္ေယာက္မွာ တကယ္ရိွသင့္ရိွထုိက္တဲ့ Power(ပါ၀ါ)…

လူတစ္ေယာက္မွာ တကယ္ရိွသင့္ရိွထုိက္တဲ့ Power(ပါ၀ါ)...

လူတစ္ေယာက္မွာ တကယ္ရိွသင့္ရိွထုိက္တဲ့ Power(ပါ၀ါ)…

အရာရွိျဖစ္တယ္ဆိုၿပီး ဘဝင္ေတြ မျမင့္လိုက္နဲ႔။ မင္းထက္ လုပ္သက္ရင့္ၿပီး ကံအေၾကာင္းမလွလို့ အရာရွိ ျဖစ္ခြင့္မရလိုက္တဲ့ လူေတြ အမ်ားႀကီး ရွိတယ္။ မင္းမွာ မရွိတဲ့ အေတြ႕အၾကဳံေတြ၊

သင္ခန္းစာေတြ သူတို့မွာ အမ်ားႀကီး ရွိတယ္။ ဒီလိုေျပာလို့ အရာရွိျဖစ္ေနတဲ့ မင္းကို ေစာ္ကားတာေတာ့ မဟုတ္ဘူး။ မင္းလည္း ဒီရာထူးကို မင္းႀကိဳးစားမွု၊ မင္းရဲ့ကံ၊ ဥာဏ္၊ ဝီရိယနဲ႔ ရလာတာျဖစ္တဲ့အတြက္

ဂုဏ္ယူ ခ်ီးက်ဴးပါတယ္။ ဒါေပမဲ့.. အရာရွိဆိုတဲ့ ေနရာကေန ေအာက္ကလူေတြကို ေဟာက္စား၊ ေငါက္စား လုပ္ဖို့လည္း မဟုတ္ဘူး။ ေအာက္ကလူေတြကို အေပၚစီးကေန ဆက္ဆံေျပာဆိုဖို့လည္း မဟုတ္ ဘူး။

ျဖစ္သင့္တာက..အရာရွိဆိုတာ..ေအာက္ကလူေတြရဲ့ လုပ္မွားကိုင္မွားကို တာဝန္ခံနိုင္မွ၊ ေအာက္ကလူေတြကို လမ္းညႊန္ျပသေပးနိုင္မွ၊ ေအာက္ကလူေတြရဲ့ အခက္အခဲကို ဝင္ခံစားနိုင္မွ၊

သူတို့ျပႆနာကို ကိုယ့္ျပႆနာလို သေဘာထားနိုင္မွ၊ ကိုယ္ခ်င္းစာတတ္မွ၊ အရာရွိဆိုတဲ့ မာန္မာနေတြအစား တာဝန္ရွိတဲ့သူတစ္ေယာက္လို ေတြးတတ္ေခၚတတ္မွ အရာရွိဆိုတဲ့ဂုဏ္က ပိုျပည့္စုံမယ္ ထင္တယ္၊ ညီေလး။

လူတစ္ေယာက္ မွာ အဓိက ပါဝါႏွစ္ခု ရွိတယ္တဲ့။ Personal Power( ပုဂၢလိကပါဝါ ) နဲ႔ Positional Power( ရာထူးအာဏာ ) တဲ့။ ဒီႏွစ္ခုမွာ ရာထူးအရ ရလာတဲ့ Positional Power က ရာထူးတိုးစာေမးပြဲေတြ ေျဖဆိုေအာင္ျမင္ရင္ ရလာနိုင္ေပမဲ့

Personal Power ကေတာ့ ဘယ္စာေမးပြဲနဲ႔မွ အကဲျဖတ္လို့ မရဘူး ညီေလး။ ပုဂၢလိကပါဝါက သူမ်ားအေပၚ ေမတၱာ၊ ဂ႐ုဏာ၊ စာနာမွု၊ နားလည္မွု၊ သည္းခံမွုေတြနဲ႔ ရင္းၿပီးမွ ရလာတဲ့ ပါဝါပါ။

မင္းလည္း ေတြ႕ဖူးမွာပါ။ တခါတေလ ရာထူးအာဏာ မရွိေပမဲ့ သူ ေျပာလိုက္ရင္ လူေတြက လိုက္လုပ္ေပးခ်င္တာ။ ဒီပါဝါကေတာ့ လြယ္လြယ္မရဘူး ညီေလး။ အခ်ိန္ယူၿပီး တည္ေဆာက္ရတယ္။

လိုရင္းကေတာ့… အရာရွိျဖစ္လာၿပီဆိုရင္ Positional Power နဲ႔ အကုန္လုံး လုပ္နိုင္မယ္လို့ တထစ္ခ် မေတြးထားေလနဲ႔။ တခ်ိဳ့အပိုင္းေတြမွာ Personal Power နဲ႔ လုပ္မွ ေအာင္ျမင္တဲ့ အရာေတြ ေလာကမွာ အမ်ားႀကီး ရွိပါတယ္။

ဒါေၾကာင့္.. အရာရွိျဖစ္ၿပီဆိုတိုင္း ဘဝင္မျမင့္နဲ႔၊ မာနမႀကီးနဲ႔။ မင္း ပတ္ဝန္းက်င္က သင္ယူလို့ ရသမၽွ သင္ယူပါ။ ကိုယ္မသိရင္ ဟိုးေအာက္ဆုံးက လူဆီမွာ တပည့္ခံဖို့လည္း မရွက္ပါနဲ႔။

တစ္ေနရာမွာ တပည့္ခံရင္ ဆယ္ေနရာမွာ ဆရာ လုပ္လို့ရတယ္ဆိုတဲ့ ဆိုရိုးစကား မင္း ၾကားဖူးမွာပါ။ မင္းရဲ့ လက္ေအာက္ငယ္သားေတြကို လုပ္ေဖာ္ကိုင္ဖက္လို သေဘာထားၿပီး ၾကင္နာပါ။

တာဝန္ယူပါ၊ တာဝန္ခံပါ။ သူတို့ခံစားခ်က္ေတြကို အေလးထားပါ။ သူတို့ အခက္အခဲ ဝင္ခံစားတတ္ေအာင္ ႀကိဳးစားၾကည့္ပါ။ ေစတနာဆိုတာ ကိုယ္က စေပးရင္ ေရာင္ျပန္ဟပ္ပါတယ္။

တကယ္ေတာ့ ဘဝဆိုတာ တိုတိုေလးပါ။ ေပ်ာ္ရြင္တဲ့ အလုပ္ဝန္းက်င္မွာ မိသားစုဆန္ဆန္ ေပ်ာ္ေပ်ာ္ရြင္ရြင္ ျဖတ္သန္းတတ္ဖို့ပဲ အေရးႀကီးပါတယ္၊ ညီေလး။ အတၱတံဆိပ္ေတြ၊ မာနတံဆိပ္ေတြ တပ္ၿပီး လုပ္ေနရင္ေတာ့

အလုပ္ခြင္မွာ မင္း ေပ်ာ္လာမွာ မဟုတ္ဘူး။ ဒါကေတာ့ ကိုေလးရဲ့ အေတြ႕အၾကဳံေတြကို ညီေလးကို ေဝမၽွတာပါ။ ေျပာစရာေတြေတာ့ အမ်ားႀကီး ရွိတယ္။ စာလည္း ရွည္ၿပီမို့ ဒီတစ္ေခါက္ေတာ့ ဒီေလာက္ပဲ ညီေလး။ ကြၽန္ေတာ့္ထင္ပါတယ္အနာရွိရင္ေတာ့စပ္ၾကအုန္းမည္

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လူတစ်ယောက်မှာ တကယ်ရှိသင့်ရှိထိုက်တဲ့ Power(ပါဝါ)…

အရာရှိဖြစ်တယ်ဆိုပြီး ဘဝင်တွေ မမြင့်လိုက်နဲ့။ မင်းထက် လုပ်သက်ရင့်ပြီး ကံအကြောင်းမလှလို့ အရာရှိ ဖြစ်ခွင့်မရလိုက်တဲ့ လူတွေ အများကြီး ရှိတယ်။ မင်းမှာ မရှိတဲ့ အတွေ့အကြုံတွေ၊

သင်ခန်းစာတွေ သူတို့မှာ အများကြီး ရှိတယ်။ ဒီလိုပြောလို့ အရာရှိဖြစ်နေတဲ့ မင်းကို စော်ကားတာတော့ မဟုတ်ဘူး။ မင်းလည်း ဒီရာထူးကို မင်းကြိုးစားမှု၊ မင်းရဲ့ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ရလာတာဖြစ်တဲ့အတွက်

ဂုဏ်ယူ ချီးကျူးပါတယ်။ ဒါပေမဲ့.. အရာရှိဆိုတဲ့ နေရာကနေ အောက်ကလူတွေကို ဟောက်စား၊ ငေါက်စား လုပ်ဖို့လည်း မဟုတ်ဘူး။ အောက်ကလူတွေကို အပေါ်စီးကနေ ဆက်ဆံပြောဆိုဖို့လည်း မဟုတ် ဘူး။

ဖြစ်သင့်တာက..အရာရှိဆိုတာ..အောက်ကလူတွေရဲ့ လုပ်မှားကိုင်မှားကို တာဝန်ခံနိုင်မှ၊ အောက်ကလူတွေကို လမ်းညွှန်ပြသပေးနိုင်မှ၊ အောက်ကလူတွေရဲ့ အခက်အခဲကို ဝင်ခံစားနိုင်မှ၊

သူတို့ပြဿနာကို ကိုယ့်ပြဿနာလို သဘောထားနိုင်မှ၊ ကိုယ်ချင်းစာတတ်မှ၊ အရာရှိဆိုတဲ့ မာန်မာနတွေအစား တာဝန်ရှိတဲ့သူတစ်ယောက်လို တွေးတတ်ခေါ်တတ်မှ အရာရှိဆိုတဲ့ဂုဏ်က ပိုပြည့်စုံမယ် ထင်တယ်၊ ညီလေး။

လူတစ်ယောက် မှာ အဓိက ပါဝါနှစ်ခု ရှိတယ်တဲ့။ Personal Power( ပုဂ္ဂလိကပါဝါ ) နဲ့ Positional Power( ရာထူးအာဏာ ) တဲ့။ ဒီနှစ်ခုမှာ ရာထူးအရ ရလာတဲ့ Positional Power က ရာထူးတိုးစာမေးပွဲတွေ ဖြေဆိုအောင်မြင်ရင် ရလာနိုင်ပေမဲ့

Personal Power ကတော့ ဘယ်စာမေးပွဲနဲ့မှ အကဲဖြတ်လို့ မရဘူး ညီလေး။ ပုဂ္ဂလိကပါဝါက သူများအပေါ် မေတ္တာ၊ ဂရုဏာ၊ စာနာမှု၊ နားလည်မှု၊ သည်းခံမှုတွေနဲ့ ရင်းပြီးမှ ရလာတဲ့ ပါဝါပါ။

မင်းလည်း တွေ့ဖူးမှာပါ။ တခါတလေ ရာထူးအာဏာ မရှိပေမဲ့ သူ ပြောလိုက်ရင် လူတွေက လိုက်လုပ်ပေးချင်တာ။ ဒီပါဝါကတော့ လွယ်လွယ်မရဘူး ညီလေး။ အချိန်ယူပြီး တည်ဆောက်ရတယ်။

လိုရင်းကတော့… အရာရှိဖြစ်လာပြီဆိုရင် Positional Power နဲ့ အကုန်လုံး လုပ်နိုင်မယ်လို့ တထစ်ချ မတွေးထားလေနဲ့။ တချို့အပိုင်းတွေမှာ Personal Power နဲ့ လုပ်မှ အောင်မြင်တဲ့ အရာတွေ လောကမှာ အများကြီး ရှိပါတယ်။

ဒါကြောင့်.. အရာရှိဖြစ်ပြီဆိုတိုင်း ဘဝင်မမြင့်နဲ့၊ မာနမကြီးနဲ့။ မင်း ပတ်ဝန်းကျင်က သင်ယူလို့ ရသမျှ သင်ယူပါ။ ကိုယ်မသိရင် ဟိုးအောက်ဆုံးက လူဆီမှာ တပည့်ခံဖို့လည်း မရှက်ပါနဲ့။

တစ်နေရာမှာ တပည့်ခံရင် ဆယ်နေရာမှာ ဆရာ လုပ်လို့ရတယ်ဆိုတဲ့ ဆိုရိုးစကား မင်း ကြားဖူးမှာပါ။ မင်းရဲ့ လက်အောက်ငယ်သားတွေကို လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး ကြင်နာပါ။

တာဝန်ယူပါ၊ တာဝန်ခံပါ။ သူတို့ခံစားချက်တွေကို အလေးထားပါ။ သူတို့ အခက်အခဲ ဝင်ခံစားတတ်အောင် ကြိုးစားကြည့်ပါ။ စေတနာဆိုတာ ကိုယ်က စပေးရင် ရောင်ပြန်ဟပ်ပါတယ်။

တကယ်တော့ ဘဝဆိုတာ တိုတိုလေးပါ။ ပျော်ရွင်တဲ့ အလုပ်ဝန်းကျင်မှာ မိသားစုဆန်ဆန် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းတတ်ဖို့ပဲ အရေးကြီးပါတယ်၊ ညီလေး။ အတ္တတံဆိပ်တွေ၊ မာနတံဆိပ်တွေ တပ်ပြီး လုပ်နေရင်တော့

အလုပ်ခွင်မှာ မင်း ပျော်လာမှာ မဟုတ်ဘူး။ ဒါကတော့ ကိုလေးရဲ့ အတွေ့အကြုံတွေကို ညီလေးကို ဝေမျှတာပါ။ ပြောစရာတွေတော့ အများကြီး ရှိတယ်။ စာလည်း ရှည်ပြီမို့ ဒီတစ်ခေါက်တော့ ဒီလောက်ပဲ ညီလေး။ ကျွန်တော့်ထင်ပါတယ်အနာရှိရင်တော့စပ်ကြအုန်းမည်

မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*