မိန္းကေလးဆိုတာ ကိုယ္ပိုင္၀င္ေငြရွာႏိုင္မွ တန္ဖိုးရိွတာတဲ့လား…

မိန္းကေလးဆိုတာ ကိုယ္ပိုင္၀င္ေငြရွာႏိုင္မွ တန္ဖိုးရိွတာတဲ့လား...
မိန္းကေလးဆိုတာ ကိုယ္ပိုင္၀င္ေငြရွာႏိုင္မွ တန္ဖိုးရိွတာတဲ့လား...

မိန္းကေလးဆိုတာ ကိုယ္ပိုင္၀င္ေငြရွာႏိုင္မွ တန္ဖိုးရိွတာတဲ့လား…

အိမ္မွာေနၿပီး အိမ္အလုပ္လုပ္ ကေလးထိန္းတဲ့အလုပ္ကို မိန္းကေလးေတြအခ်င္းခ်င္းကပိုၿပီး ကဲ့ရဲ႕ၾကတာ ပိုမ်ားတာေတြ႕ရတယ္။ မိန္းက‌ေလးဆိုတာ ပိုက္ဆံရွာႏိုင္မွ တန္ဖိုးရွိတဲ့သူတဲ့။

ကိုယ့္ေငြနဲ႔ကိုယ္ရွာမွ ကိုယ္ကဘုရင္မတဲ့။ အိမ္မွာေနၿပီး ကေလးထိန္းတဲ့ အလုပ္ကို ေ႐ြးခ်ယ္တဲ့သူေတြက မိဖုရားရာထူးနဲ႔ ဆိုေတာ့ ဘုရင္မေတြေၾကာင့္ အားငယ္ ဝမ္းနည္းေနရမွာလား။

ဆိုရွယ္မီဒီယာ‌ေတြမွာ ေယာက္်ားေတြဆီကပဲ ေစာင့္မေနနဲ႔ ကပ္ပဲစားေနသလိုလို သြားစရာေနရာမရွိေတာ့လို႔ အခုေခတ္ အမ်ိဳးသမီးေတြ ကိုယ္ပိုင္ဝင္ေငြရွာႏိုင္မွ တန္ဖိုးေတြ ျမင့္တက္ႏိုင္မွာတဲ့လား။

တန္ဖိုးရွိတဲ့ အိမ္ရွင္မေတြျဖစ္ဖို႔ လူ႔က်င့္ဝတ္ လူ႔သိကၡာျပည့္ဝတဲ့ အိမ္ရွင္မေတြ ကမာၻတစ္ဝွမ္းအမ်ားရွိေနပါတယ္။ ကိုယ့္ကေလးကိုယ္ထိန္း ကိုယ္ဝန္ကိုယ္ ထမ္းေနတာ အမွားမဟုတ္ပါဘူး။

အိမ္က ထြက္ေငြနည္းေအာင္ ကူညီေနၾကတာပါ။ ကိုယ့္ကေလးရဲ႕ တန္ဖိုးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္လာမႈကို ကိုယ္တိုင္မွတ္တမ္းတင္ခ်င္တဲ့သူေတြပါ။ ကိုယ့္အတြက္ ေငြရွာ ဆိုတာမ်ိဳးေတြက အရမ္းကို လြယ္ကူတဲ့အလုပ္ပါ။

မိန္းကေလးအခ်င္းခ်င္းေတာင္ ေငြရွာႏိုင္မွ အထင္ႀကီးခံရတာ ဆိုၿပီး လက္ရွိ ျဖစ္ေနၾကတာေတြကို မိန္းကေလးေတြ အခ်င္းခ်င္းက Bullying လုပ္ေနတာက ပိုဆိုးေနတာ အမွန္ပါပဲ။

ကိုယ္ပိုင္အခ်ိန္ကို ရပ္ၿပီး အိမ္ရွင္မအျဖစ္ေ႐ြးခ်ယ္လိုက္ဖို႔က လုံးဝမလြယ္ကူတဲ့ ကိစၥပါ။ ဒါေပမဲ့ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက အိမ္ရွင္မအျဖစ္ ေက်ေက်နပ္နပ္ေ႐ြးခ်ယ္လိုက္ရတာ သူခ်စ္တဲ့သူေတြရဲ႕

အနာဂါတ္ကို အေကာင္းဆုံး အေျခခိုင္ေအာင္ ႀကိဳးစားေပးေနတာျဖစ္လို႔ အိမ္ရွင္မအလုပ္က လုံးဝတန္ဖိုးမမဲ့ဘူးဆိုတာကို လူ႔အသိုင္းဝိုင္းက နားလည္ၿပီး လက္ခံသင့္ပါတယ္။

အိမ္ရွင္မအလုပ္ကလည္း တန္ဖိုးမရွိဘူး ဆိုရင္ ကိုယ့္အေမကို တန္ဖိုးမထားရာ ေရာက္ပါတယ္။ ကိုယ့္ကို ေမြးခဲ့တဲ့ အေမေတြကေရာ အိမ္ရွင္မအလုပ္နဲ႔ အိမ္မွာ ေနေနတဲ့ အေမေတြျဖစ္ၿပီး ယူတို႔ အဲလို ေငြရွာလို႔ရေအာင္

အဓိက ပံ့ပိုးေနတဲ့ သူေတြ မဟုတ္ဘူးလား။ ယူတို႔ကေလးေမြးၿပီး ကေလးထိန္းေပးတဲ့ အေမေတြ အေဒၚေတြ ကေလးထိန္းမရွိရင္ အဲလို ပိုစ့္ေတြ တင္ဖို႔ အားပါ့မလားေပါ့။ေတြးစရာေလးပါ။

ေယာကၡမက ေခြၽးမကို ကဲ့ရဲ႕ ေယာင္းမအခ်င္းခ်င္း ေငြရွာႏိုင္သူေတြက ကဲ့ရဲ႕ၾကနဲ႔ ဒီလူ႔ပါတ္ဝန္းက်င္ လူ႔အသိုင္းဝိုင္းမွာ မိခင္ေတြရဲ႕ တန္ဖိုးကို ျမင္ၾကသိၾက နားလည္ၾကဖို႔ ဘာေၾကာင့္မ်ား မရွိသေလာက္ ျဖစ္ေနၾကတယ္ ဆိုတာကိုပါပဲ။

ကိုယ့္ရဲ႕သမီးကို ေယာကၡမႀကီးနားလည္ေစခ်င္သလို ကိုယ့္ေခြၽးမေတြကိုလည္း နားလည္မႈရွိေပးဖို႔ရယ္ ေခြၽးမနဲ႔ ေယာကၡမ ေယာင္းမ အခ်င္းခ်င္း အျပန္လွန္ေလးစားမႈ ရွိသင့္တာရယ္။

လူတိုင္းမွာ လူ႔အခြင့္ေရးအျပည့္အဝနဲ႔ အိမ္ရွင္မအျဖစ္ ေ႐ြးခ်ယ္ဖို႔ အခြင့္လမ္းနဲ႔ ေငြရွာဖို႔အခြင့္လမ္း ရွိေနေပမဲ့ ကိုယ္နဲ႔ အဆင္ေျပတာကိုေ႐ြးခ်ယ္မႈအတြက္ ေလးစားမႈေလး ထားေပးဖို႔ကလည္း လူ႔ပါတ္ဝန္းက်င္မွာ အထူးလိုအပ္ေနတာအမွန္ပါ။

ေငြရွာႏိုင္တာ ‌အရမ္းေကာင္းပါတယ္။ ေငြမရွိရင္ မ်က္ႏွာငယ္တာ အမွန္ပါ။ဒါေပမဲ့ ကိုယ္ေငြရွာႏိုင္တာနဲ႔ အိမ္မွာေန ကေလးထိန္းတဲ့သူေတြရဲ႕တန္ဖိုးကို ေလ်ာ့ခ်တဲ့ အျမင္ေတြက ကိုယ့္တန္ဖိုးကို ျမင့္တက္ေအာင္ လုပ္ယူေနမိရင္ အဆင္ေျပ‌မေနပါဘူး။

မိန္းကေလးေတြ အခ်င္းခ်င္း မိခင္ျဖစ္ခ်င္းရဲ႕ တန္ဖိုးကို ပိုၿပီး ျမင္ႏိုင္ရမယ္ေလ။ ကိုယ့္အခ်ိန္ေတြကို ရပ္ၿပီး မိသားစုအတြက္  အစစအရာရာ လက္ႏွစ္ဖက္နဲ႔ လည္ပါတ္ေပးေနတဲ့ မိခင္ေတြရဲ႕အလုပ္ကလည္း

ေငြရွာႏိုင္တဲ့သူေတြနဲ႔ အတူ တန္ဖိုးရွိေနတယ္ဆိုတာကို အသိမွတ္ျပဳ မုဒိသာစိတ္ကေလး ထားေပးသင့္ပါတယ္။

မိခင္ရဲ႕အလုပ္က ကမာၻေပၚက ဘယ္အလုပ္နဲ႔မဆိုတန္းတူညီမွ် တန္ဖိုးရွိပါတယ္။ မိခင္ရဲ႕တန္ဖိုးကို အမ်ိဳးသမီးေတြကပိုၿပီး ျမင္ေပးသင့္တာ အမွန္ပါ။ ကိုယ္ခ်င္းစာတရား ေမတၱာတရားနဲ႔ ၾကည့္ေပးရင္ ကိုယ့္ရဲ႕တန္ဖိုးေတြလည္း ပိုၿပီး ျမင့္တက္လာမွာ ေသျခာ‌ဆုံးပါပဲ။

ကေလးငယ္ေလးအတြက္ တန္ဖိုးအရွိဆုံးအခ်ိန္ေတြမွာ အတူရွိေနခြင့္ကို ေ႐ြးခ်ယ္ရသူေတြကို ေလးစားသင့္သလို အျပင္ထြက္ေငြရွာျခင္းနဲ႔အတူ ကေလးထိန္းႏိုင္တဲ့ မိခင္ေတြ အမ်ားႀကီးရွိေနပါတယ္ ေလးစားစရာေတြပါပဲ။

မိခင္ေတြရဲ႕တန္ဖိုးကို အမ်ိဳးသမီးေတြက ပိုၿပီး ျမင္ေပးသင့္တယ္ထင္လို႔ ဒီစာကို ေရးသားျခင္းျဖစ္ပါတယ္။

မိခင္ေတြကို အစဥ္ေလးစားလ်က္…Crd-Art#မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိန်းကလေးဆိုတာ ကိုယ်ပိုင်ဝင်ငွေရှာနိုင်မှ တန်ဖိုးရှိတာတဲ့လား…

အိမ်မှာနေပြီး အိမ်အလုပ်လုပ် ကလေးထိန်းတဲ့အလုပ်ကို မိန်းကလေးတွေအချင်းချင်းကပိုပြီး ကဲ့ရဲ့ကြတာ ပိုများတာတွေ့ရတယ်။ မိန်းက‌လေးဆိုတာ ပိုက်ဆံရှာနိုင်မှ တန်ဖိုးရှိတဲ့သူတဲ့။

ကိုယ့်ငွေနဲ့ကိုယ်ရှာမှ ကိုယ်ကဘုရင်မတဲ့။ အိမ်မှာနေပြီး ကလေးထိန်းတဲ့ အလုပ်ကို ရွေးချယ်တဲ့သူတွေက မိဖုရားရာထူးနဲ့ ဆိုတော့ ဘုရင်မတွေကြောင့် အားငယ် ဝမ်းနည်းနေရမှာလား။

ဆိုရှယ်မီဒီယာ‌တွေမှာ ယောက်ျားတွေဆီကပဲ စောင့်မနေနဲ့ ကပ်ပဲစားနေသလိုလို သွားစရာနေရာမရှိတော့လို့ အခုခေတ် အမျိုးသမီးတွေ ကိုယ်ပိုင်ဝင်ငွေရှာနိုင်မှ တန်ဖိုးတွေ မြင့်တက်နိုင်မှာတဲ့လား။

တန်ဖိုးရှိတဲ့ အိမ်ရှင်မတွေဖြစ်ဖို့ လူ့ကျင့်ဝတ် လူ့သိက္ခာပြည့်ဝတဲ့ အိမ်ရှင်မတွေ ကမ္ဘာတစ်ဝှမ်းအများရှိနေပါတယ်။ ကိုယ့်ကလေးကိုယ်ထိန်း ကိုယ်ဝန်ကိုယ် ထမ်းနေတာ အမှားမဟုတ်ပါဘူး။

အိမ်က ထွက်ငွေနည်းအောင် ကူညီနေကြတာပါ။ ကိုယ့်ကလေးရဲ့ တန်ဖိုးနဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကို ကိုယ်တိုင်မှတ်တမ်းတင်ချင်တဲ့သူတွေပါ။ ကိုယ့်အတွက် ငွေရှာ ဆိုတာမျိုးတွေက အရမ်းကို လွယ်ကူတဲ့အလုပ်ပါ။

မိန်းကလေးအချင်းချင်းတောင် ငွေရှာနိုင်မှ အထင်ကြီးခံရတာ ဆိုပြီး လက်ရှိ ဖြစ်နေကြတာတွေကို မိန်းကလေးတွေ အချင်းချင်းက Bullying လုပ်နေတာက ပိုဆိုးနေတာ အမှန်ပါပဲ။

ကိုယ်ပိုင်အချိန်ကို ရပ်ပြီး အိမ်ရှင်မအဖြစ်ရွေးချယ်လိုက်ဖို့က လုံးဝမလွယ်ကူတဲ့ ကိစ္စပါ။ ဒါပေမဲ့ တစ်ချို့အမျိုးသမီးတွေက အိမ်ရှင်မအဖြစ် ကျေကျေနပ်နပ်ရွေးချယ်လိုက်ရတာ သူချစ်တဲ့သူတွေရဲ့

အနာဂါတ်ကို အကောင်းဆုံး အခြေခိုင်အောင် ကြိုးစားပေးနေတာဖြစ်လို့ အိမ်ရှင်မအလုပ်က လုံးဝတန်ဖိုးမမဲ့ဘူးဆိုတာကို လူ့အသိုင်းဝိုင်းက နားလည်ပြီး လက်ခံသင့်ပါတယ်။

အိမ်ရှင်မအလုပ်ကလည်း တန်ဖိုးမရှိဘူး ဆိုရင် ကိုယ့်အမေကို တန်ဖိုးမထားရာ ရောက်ပါတယ်။ ကိုယ့်ကို မွေးခဲ့တဲ့ အမေတွေကရော အိမ်ရှင်မအလုပ်နဲ့ အိမ်မှာ နေနေတဲ့ အမေတွေဖြစ်ပြီး ယူတို့ အဲလို ငွေရှာလို့ရအောင်

အဓိက ပံ့ပိုးနေတဲ့ သူတွေ မဟုတ်ဘူးလား။ ယူတို့ကလေးမွေးပြီး ကလေးထိန်းပေးတဲ့ အမေတွေ အဒေါ်တွေ ကလေးထိန်းမရှိရင် အဲလို ပိုစ့်တွေ တင်ဖို့ အားပါ့မလားပေါ့။တွေးစရာလေးပါ။

ယောက္ခမက ချွေးမကို ကဲ့ရဲ့ ယောင်းမအချင်းချင်း ငွေရှာနိုင်သူတွေက ကဲ့ရဲ့ကြနဲ့ ဒီလူ့ပါတ်ဝန်းကျင် လူ့အသိုင်းဝိုင်းမှာ မိခင်တွေရဲ့ တန်ဖိုးကို မြင်ကြသိကြ နားလည်ကြဖို့ ဘာကြောင့်များ မရှိသလောက် ဖြစ်နေကြတယ် ဆိုတာကိုပါပဲ။

ကိုယ့်ရဲ့သမီးကို ယောက္ခမကြီးနားလည်စေချင်သလို ကိုယ့်ချွေးမတွေကိုလည်း နားလည်မှုရှိပေးဖို့ရယ် ချွေးမနဲ့ ယောက္ခမ ယောင်းမ အချင်းချင်း အပြန်လှန်လေးစားမှု ရှိသင့်တာရယ်။

လူတိုင်းမှာ လူ့အခွင့်ရေးအပြည့်အဝနဲ့ အိမ်ရှင်မအဖြစ် ရွေးချယ်ဖို့ အခွင့်လမ်းနဲ့ ငွေရှာဖို့အခွင့်လမ်း ရှိနေပေမဲ့ ကိုယ်နဲ့ အဆင်ပြေတာကိုရွေးချယ်မှုအတွက် လေးစားမှုလေး ထားပေးဖို့ကလည်း လူ့ပါတ်ဝန်းကျင်မှာ အထူးလိုအပ်နေတာအမှန်ပါ။

ငွေရှာနိုင်တာ ‌အရမ်းကောင်းပါတယ်။ ငွေမရှိရင် မျက်နှာငယ်တာ အမှန်ပါ။ဒါပေမဲ့ ကိုယ်ငွေရှာနိုင်တာနဲ့ အိမ်မှာနေ ကလေးထိန်းတဲ့သူတွေရဲ့တန်ဖိုးကို လျော့ချတဲ့ အမြင်တွေက ကိုယ့်တန်ဖိုးကို မြင့်တက်အောင် လုပ်ယူနေမိရင် အဆင်ပြေ‌မနေပါဘူး။

မိန်းကလေးတွေ အချင်းချင်း မိခင်ဖြစ်ချင်းရဲ့ တန်ဖိုးကို ပိုပြီး မြင်နိုင်ရမယ်လေ။ ကိုယ့်အချိန်တွေကို ရပ်ပြီး မိသားစုအတွက် အစစအရာရာ လက်နှစ်ဖက်နဲ့ လည်ပါတ်ပေးနေတဲ့ မိခင်တွေရဲ့အလုပ်ကလည်း

ငွေရှာနိုင်တဲ့သူတွေနဲ့ အတူ တန်ဖိုးရှိနေတယ်ဆိုတာကို အသိမှတ်ပြု မုဒိသာစိတ်ကလေး ထားပေးသင့်ပါတယ်။

မိခင်ရဲ့အလုပ်က ကမ္ဘာပေါ်က ဘယ်အလုပ်နဲ့မဆိုတန်းတူညီမျှ တန်ဖိုးရှိပါတယ်။ မိခင်ရဲ့တန်ဖိုးကို အမျိုးသမီးတွေကပိုပြီး မြင်ပေးသင့်တာ အမှန်ပါ။ ကိုယ်ချင်းစာတရား မေတ္တာတရားနဲ့ ကြည့်ပေးရင် ကိုယ့်ရဲ့တန်ဖိုးတွေလည်း ပိုပြီး မြင့်တက်လာမှာ သေခြာ‌ဆုံးပါပဲ။

ကလေးငယ်လေးအတွက် တန်ဖိုးအရှိဆုံးအချိန်တွေမှာ အတူရှိနေခွင့်ကို ရွေးချယ်ရသူတွေကို လေးစားသင့်သလို အပြင်ထွက်ငွေရှာခြင်းနဲ့အတူ ကလေးထိန်းနိုင်တဲ့ မိခင်တွေ အများကြီးရှိနေပါတယ် လေးစားစရာတွေပါပဲ။

မိခင်တွေရဲ့တန်ဖိုးကို အမျိုးသမီးတွေက ပိုပြီး မြင်ပေးသင့်တယ်ထင်လို့ ဒီစာကို ရေးသားခြင်းဖြစ်ပါတယ်။

မိခင်တွေကို အစဉ်လေးစားလျက်…Crd-Art#မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*