ဆီးခ်ိဳေရာဂါ ရွိ/ မရွိ ေစာစီးစြာ သိႏိုင္တဲ့ ေရာဂါလကၡဏာ (၁၀) ရပ္

ဆီးခ်ိဳေရာဂါ ရွိ/ မရွိ ေစာစီးစြာ သိႏိုင္တဲ့ ေရာဂါလကၡဏာ (၁၀) ရပ္
ဆီးခ်ိဳေရာဂါ ရွိ/ မရွိ ေစာစီးစြာ သိႏိုင္တဲ့ ေရာဂါလကၡဏာ (၁၀) ရပ္

ဆီးခ်ိဳေရာဂါ ရွိ/ မရွိ ေစာစီးစြာ သိႏိုင္တဲ့ ေရာဂါလကၡဏာ (၁၀) ရပ္

ယေန႔ လူေတြ အျဖစ္မ်ားဆုံး ေရာဂါေတြထဲမွာ ဆီးခ်ိဳေရာဂါက ထိပ္းဆုံးမွာရွိေနပါတယ္။ ဆီးခ်ိဳေရာဂါမွာ Type 1၊ Type 2 ဟု အဓိကအမ်ိဳးအစား ႏွစ္မ်ိဳးခြဲထားၿပီး တစ္ကမာၻလုံးမွာ အျဖစ္အမ်ားဆုံး ဆီးခ်ိဳ အမ်ိဳးအစားက

Type2 ျဖစ္ပါတယ္။ ဆီးခ်ိဳ Type 1 ဟာ ခႏၶာကိုယ္မွာ အင္ဆူလင္ထုတ္ေပးတဲ့ ဆဲလ္ေတြ ပ်က္ဆီးတာေၾကာင့္ ျဖစ္ၿပီး ေပ်ာက္ကင္းေအာင္ ကုသလို႔မရပဲ… ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အင္ဆူလင္ကို အျပင္ကေန အၿမဲပုံမွန္ ထိုးသြင္းေပးေနရပါတယ္။

ဆီးခ်ိဳ Type 2 ကေတာ့… ခႏၶာကိုယ္မွာ အင္ဆူလင္ထုတ္လုပ္တာ မလုံေလာက္၍ေသာ္၎ အင္ဆူလင္ကို ထိေရာက္စြာ အသုံးမျပဳႏိုင္တဲ့ အေျခအေနမ်ိဳးေတြေၾကာင့္ ျဖစ္ပါတယ္။ အဲဒီအတြက္ အဝလြန္တာ၊ အိုမင္းႏႈန္း ျမန္တာနဲ႔

ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ အလုပ္လုပ္မႈေတြ ေလ်ာ့နည္းလာတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဆီးခ်ိဳေရာဂါခံစားေနရသူေတြထဲက ၉၀% ဟာ Type 2 အမ်ိဳးအစား ေဝဒနာရွင္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔… ဆီးခ်ိဳေရာဂါဟာ လူတိုင္း အခ်ိန္မေ႐ြး ျဖစ္ႏိုင္တာေၾကာင့္

သူ႔ရဲ႕ ေရာဂါလကၡဏာရပ္ေတြကို ေစာစီးစြာ သိထားရင္ အခ်ိန္မလြန္မီ ထိန္းသိမ္းႏိုင္မွာျဖစ္ပါတယ္။ Type 2 ဆီခ်ိဳေရာဂါ ရွိ၊ မရွိ အလြယ္တကူ သိသာႏိုင္တဲ့ အဓိက အခ်က္ (၁၀)ခ်က္ကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ဆီး ခဏခဏသြားျခင္း

ေသြးထဲမွာ သၾကားပါဝင္ႏႈန္း အလြန္မ်ားလာတဲ့အခါ ေက်ာက္ကပ္က ဂလူးကိုစ့္ဓါတ္ကို မထိန္းႏိုင္ေတာ့တဲ့အတြက္ ေသြးထဲကေန သၾကားဓါတ္ေတြကို ဖယ္ရွားဖို႔ လုပ္ေဆာင္ပါတယ္၊ ဒီလုပ္ေဆာင္မႈေၾကာင့္ ဆီးသြားခ်င္တဲ့ စိတ္ကို

ျဖစ္ေပၚေစပါတယ္။ ပုံမွန္မဟုတ္ပဲ… မၾကာခဏ ဆီးသြားခ်င္လာၿပီဆိုရင္ သတိထားသင့္ပါတယ္။လူတစ္ေယာက္ဟာ ပွ်မ္းမွ်အားျဖင့္ တစ္ေန႔ကို ၅ ႀကိမ္ကေန ၇ ႀကိမ္ေလာက္ထိသာ ဆီးစြန႔္ေလ့ရွိပါတယ္။ မၾကာခင္ကပဲ ဆီးသြားထားၿပီး အခုတစ္ခါ ခ်က္ခ်င္း ထပ္မံ ဆီးသြားခ်င္လာတာမ်ိဳးဆိုရင္…

ဒါဟာ ဆီးခ်ိဳျဖစ္ေတာ့မယ္လို႔ သတိေပးတာမ်ိဳး ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ေနာက္တစ္ခုကေတာ့… မၾကာခဏ ဆီးစြန႔္ေလေလ ဆီးလမ္းေၾကာင္းမွာ (အထူးသျဖင့္ အမ်ိဳးသမီးမ်ား) ေရာဂါပိုး ဝင္ႏိုင္ေခ် မ်ားေလေလ ျဖစ္ပါတည္။ ဒီလိုမ်ိဳး ေတြ႕ႀကဳံခံစားေနရၿပီဆိုရင္… ဆရာဝန္နဲ႔ ျပသစစ္ေဆးဖို႔ မေႏွာင့္ေႏွးပါနဲ႔။

(၂) ခဏခဏ ေရငတ္ျခင္း

ပုံမွန္ထက္ ပိုၿပီး မၾကာခဏ ေရငတ္သလို ခံစားရတာဟာလည္း Type 2 ဆီးခ်ိဳရဲ႕ လကၡဏာရပ္တစ္ခုျဖစ္ပါတယ္။ ဒီလို အေျခေနမ်ိဳးမွာ အခုပဲ ေရေသာက္ၿပီးေပမယ့္… သိပ္မၾကာခင္မွာ ေရထပ္ငတ္လာပါလိမ့္မယ္။ ေရမ်ားမ်ားေသာက္ေလ ဆီးမ်ားမ်ားသြားေလ၊

ဆီးမ်ားမ်ားသြားေလ ေရ မၾကာမၾကာငတ္ေလနဲ႔ သံသရာလည္ေနပါလိမ့္မယ္။ ခဏခဏ ေရငတ္ရတဲ့အေၾကာင္းရင္းကေတာ့… ေသြးထဲကေန သၾကားဓါတ္ေတြကို ဖယ္ထုတ္ေနရတာေၾကာင့္ ခႏၶာကိုယ္မွာ ေရဓါတ္က အၿမဲလိုေနလို႔ျဖစ္ပါတယ္။

(၃) အၿမဲတမ္း ဗိုက္ဆာေနျခင္း

Type 2 အမ်ိဳးအစား ဆီးခ်ိဳရွိေနသူေတြရဲ႕ ခႏၶာကိုယ္ဟာ… ထုတ္ေပးလိုက္တဲ့ အင္ဆူလင္ကို မွန္မွန္ကန္ကန္ ထိထိေရာက္ေရာက္ အသုံးမခ်ႏိုင္ပါဘူး။ ပုံမွန္အားျဖင့္ အင္ဆူလင္က ဂလူးကိုစ့္ (သၾကားဓာတ္) ကို ဆဲလ္ေတြထဲ ေရာက္ေအာင္

ပံပိုး ကူညီေပးရပါတယ္။ ဒီလုပ္ငန္းစဥ္ခ်ိဳ႕ယြင္းေနတဲ့အခါ… လူက ဘယ္ေလာက္စားစား အင္အားျဖစ္ဖို႔ အဟာရကို ထိထိေရာက္ေရာက္ မပံ့ပိုးႏိုင္တဲ့အတြက္ တစ္ခ်ိန္လုံး ဗိုက္ဆာေနသလို ခံစားရပါတယ္။

(၄) ႐ုတ္တရက္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္း

မထင္မွတ္ပဲ ကိုယ္အေလးခ်ိန္ ႐ုတ္တရက္ေလ်ာ့က်လာခဲ့ရင္ေတာ့… ခ်က္ျခင္းဆိုသလို က်န္းမာေရး စစ္ေဆးဖို႔ လိုပါလိမ့္မယ္။ Type 2 ဆီးခ်ိဳခံစားေနရသူေတြရဲ႕ ခႏၶာကိုယ္ထဲက ဆဲလ္ေတြဟာ ဂလူးကိုစ့္ (သၾကားဓါတ္)ကို အျပည့္အဝ မရႏိုင္ေတာ့တဲ့အတြက္…

ကိုယ္အေလးခ်ိန္ ေလ်ာ့က်တာ အရမ္းျမန္ပါတယ္။ ခႏၶာကိုယ္က ႂကြက္သားနဲ႔ အဆီေတြကို ေလာင္ကြၽမ္းၿပီးမွ အင္အားျပန္ျဖည့္ေနရတာေၾကာင့္… သိသိသာသာ ခႏၶာကိုယ္အေလးခ်ိန္ က်လာပါတယ္။

(၅) အျမင္အာ႐ုံ မႈန္ဝါးျခင္း

မ်က္လုံးရဲ႕ မ်က္ၾကည္လႊာမွန္ဘီလူးဟာ… က်ဳံ႕နိင္ ဆန႔္ႏိုင္တဲ့ ႂကြက္သားေတြနဲ႔ ဝန္းရံထားၿပီး အျမင္အာ႐ုံၾကည္လင္ဖို႔ စူးစိုက္တဲ့အခါမွာ ဒီႂကြက္သားေတြက အလုပ္ လုပ္ေပးရပါတယ္။ မ်က္လုံးထဲမွာရွိတဲ့ ေသးငယ္တဲ့ ဆံခ်ည္မွ်င္ ေသြးေၾကာေတြဟာ ေသြးထဲမွာ သၾကားပါဝင္ႏႈန္း

အလြန္ျမင့္မားတဲ့အခါ… ပ်က္ဆီးသြားတတ္ပါတယ္။ ဒီအခါမွာ အျမင္ၾကည္လင္ျပတ္သားဖို႔ မစြမ္းႏိုင္ေတာ့ပါဘူး။ ဒီအေျခအေနကို ဆရာဝန္နဲ႔ မျပသပဲ ပစ္ထားလိုက္မယ္ဆိုရင္… ၾကာရင္ အျမင္အာ႐ုံ လုံးဝ ဆုံးရႈံးသြားတဲ့ထိ ျဖစ္ႏိုင္ပါတယ္။

(၆) ပင္ပန္းႏြမ္းလ်ျခင္း

တစ္ေန႔လုံး အလုပ္ေတြ အမ်ားႀကီး အားသြန္ခြန္စိုက္လုပ္လိုက္ရလို႔ ပင္ပန္းႏြမ္းနယ္သြားတယ္ဆိုတာ ပုံမွန္သဘာဝျဖစ္ပါတယ္။ ဒါေပမယ့္ ဘာတစ္ခုမွ အင္တိုင္အားတိုက္ မလုပ္ရပဲ…

မၾကာခဏဆိုသလို ေမားပမ္းႏြမ္းလ်ေနရင္ေတာ့… ဒါဟာပုံမွန္ မဟုတ္ေတာ့ပါဘူး။ Type 2 ဆီးခ်ိဳ ေရာဂါေၾကာင့္ ခႏၶာကိုယ္က သၾကားဓာတ္ လုံေလာက္စြာ မရတဲ့အတြက္

အခုလို ေမာပမ္းႏြမ္းနယ္ေနတာျဖစ္ပါတယ္။ ဒီအေျခအေနကို ဂ႐ုမစိုက္ပဲ ပစ္ထားလိုက္မယ္ဆိုရင္… အျခားေသာ က်န္းမာေရးျပႆနာေတြပါ ထပ္ျဖစ္လာႏိုင္ပါတယ္။

(၇) ဒဏ္ရာအနာ လြယ္လြယ္နဲ႔ မက်က္ျခင္း

ေသြးထဲမွာ သၾကားဓာတ္ လြန္ကဲစြာရွိေနျခင္းက ေသြးနီဥေတြနဲ႔ အာ႐ုံေၾကာေလးေတြကို ပ်က္ဆီးေစပါတယ္။ အဲဒီအတြက္… ဒဏ္ရာအနာတရ တစ္ခုခုျဖစ္တဲ့အခါ အနာက်က္တာ ေႏွးတာမ်ိဳးျဖစ္ပါတယ္။ အနာက်က္ဖို႔ ေႏွးေကြးေလေလ…

အနာထဲကို ေရာဂါပိုးဝင္ဖို႔ အခြင့္အေရးမ်ားေလေလ ျဖစ္ပါတယ္။ ျခင္ကိုက္ဖုေလးကို ကုတ္ဖဲ့ရင္းက အနာေလးျဖစ္ၿပီး ေနာက္ဆုံး ေျခေထာက္ျဖတ္လိုက္ရတဲ့ အေၾကာင္းေတြ ပတ္ဝန္းက်င္မွာ ၾကားဖူးေကာင္း

ၾကားဖူးၾကပါလိမ့္မယ္… ဒါဟာ Type 2 ဆီခ်ိဳေရာဂါေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အခုလို လကၡဏာမ်ိဳးေတြ႕ၿပီဆိုရင္ လုံးဝ လစ္လ်ဴရႈမထားသင့္ပါဘူး။

(၈) ေျခဖ်ား နာက်င္ျခင္း၊ ထုံက်င္ျခင္း

ေသြးထဲမွာ သၾကားဓါတ္လြန္ကဲစြာ ရွိေနတာေၾကာင့္ အာ႐ုံေၾကာေတြ ပ်က္ဆီးတဲ့အတြက္… အစပထမပိုင္းမွာေတာ့ ေျခဖ်ားေလးေတြ နာက်င္မယ္၊ ထုံတုံတုံ ခံစားရတာေတြ ျဖစ္မယ္ အဲဒီကေန

တစ္ျဖည္းျဖည္း တစ္ကိုယ္လုံး ေနရာအႏွံမွာ ခံစားလာရတတ္ပါတယ္။ ဒီလိုမ်ိဳး အာ႐ုံေၾကာက ခံစားမႈကို မသိတဲ့အခါ ေျခေထာက္မွာ မေတာ္တဆ ပြန္းပဲ့မိတာ၊ ျပတ္ရွမိတာေတြကို မခံစားရေတာ့တဲ့အတြက္…

အနာျဖစ္ေနလည္း သတိမထားမိေတာ့ပါဘူး၊ အဲဒီအနာကေနတစ္ဆင့္ ေရာဂါပိုးဝင္၊ အနာက ဆီးခ်ိဳေၾကာင့္ ေတာ္ေတာ္နဲ႔မက်က္ပဲ အခန႔္မသင့္ရင္ ျဖတ္ပစ္ရတဲ့ထိ ျဖစ္သြားတတ္ပါတယ္။

ဒါေၾကာင့္ ေျခဖ်ားလက္ဖ်ားေလးေတြ ပုံမွန္မဟုတ္ပဲ ထုံက်င္လာၿပီဆိုရင္ အထူး ဂ႐ုစိုက္ပါ။

(၉) လည္ပင္းမွာ အမဲကြက္ေလးမ်ားေပၚျခင္း

အမည္းကြက္ေလးေတြ လည္ပင္နား၊ ေပါင္ၿခံနဲ႔ ခ်ိဳင္းနား တစ္ဝိုက္… ေပၚလာၿပီး တစ္ျဖည္းျဖည္း ဗ်စ္ထူလာၿပီဆိုရင္လည္း Type 2 ဆီခ်ိဳရဲ႕ လကၡဏာျဖစ္လို႔ ဂ႐ုစိုက္ရပါလိမ့္မယ္။

(၁၀) မိန္းမကိုယ္မွာ ပိုးဝင္ႏိုင္ေျခ ျမင့္ျခင္း

Type 2 ဆီးခ်ိဳေဝဒနာခံစားေနရတဲ့ အမ်ိဳးသမီးေတြမွာဆိုရင္… မိန္းမကိုယ္ (အမ်ိဳးသမီးအဂၤါ) ကေနတဆင့္ ေရာဂါပိုးဝင္ႏိုင္ေခ် အလြန္ျမင့္ပါတယ္။ ေသြးထဲမွာ သၾကားဓာတ္ျမင့္မားေနတဲ့အခါမွာ… ေရာဂါပိုးပ်ံ႕ပြားႏႈန္းကလည္း ျမန္ဆန္တာေၾကာင့္ျဖစ္ပါတယ္။ အျခားလကၡဏာရပ္ေတြအေနနဲ…႔

အသက္ရႉလိုက္တဲ့အခါ သစ္သီးရနံ႔ေလးေတြ ရေနတာ၊ ခႏၶာကိုယ္ ေနရာအႏွံ႔ ယားယံတတ္တာေတြကလည္း ဆီးခ်ိဳျဖစ္ႏိုင္တဲ့ လကၡဏာရပ္ေတြျဖစ္ပါတယ္။ ေစာစီးစြာသိရွိထားျခင္းျဖင့္ နာတာရွည္ ဆီးခ်ိဳေရာဂါျဖစ္ျခင္းကေန လြတ္ကင္းေအာင္

ကုသႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါဟာ အျခား အသက္အႏၲရာယ္ရွိတဲ့… ႏွလုံးနဲ႔ပက္သက္တဲ့ေရာဂါ၊ အျမင္မႈန္ဝါးျခင္း၊ ေက်ာက္ကပ္ေရာဂါေတြနဲ႔ ေလျဖတ္ျခင္းတို႔ကိုပါ ဆက္တိုက္ျဖစ္ေစတတ္တာေၾကာင့္ လုံးဝ မေပါ့ဆသင့္တဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဆီးချိုရောဂါ ရှိ/ မရှိ စောစီးစွာ သိနိုင်တဲ့ ရောဂါလက္ခဏာ (၁၀) ရပ်

ယနေ့ လူတွေ အဖြစ်များဆုံး ရောဂါတွေထဲမှာ ဆီးချိုရောဂါက ထိပ်းဆုံးမှာရှိနေပါတယ်။ ဆီးချိုရောဂါမှာ Type 1၊ Type 2 ဟု အဓိကအမျိုးအစား နှစ်မျိုးခွဲထားပြီး တစ်ကမ္ဘာလုံးမှာ အဖြစ်အများဆုံး ဆီးချို အမျိုးအစားက

Type2 ဖြစ်ပါတယ်။ ဆီးချို Type 1 ဟာ ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေ ပျက်ဆီးတာကြောင့် ဖြစ်ပြီး ပျောက်ကင်းအောင် ကုသလို့မရပဲ… ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်ဆူလင်ကို အပြင်ကနေ အမြဲပုံမှန် ထိုးသွင်းပေးနေရပါတယ်။

ဆီးချို Type 2 ကတော့… ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်လုပ်တာ မလုံလောက်၍သော်၎င်း အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တဲ့ အခြေအနေမျိုးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် အဝလွန်တာ၊ အိုမင်းနှုန်း မြန်တာနဲ့

ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်မှုတွေ လျော့နည်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေထဲက ၉၀% ဟာ Type 2 အမျိုးအစား ဝေဒနာရှင်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့… ဆီးချိုရောဂါဟာ လူတိုင်း အချိန်မရွေး ဖြစ်နိုင်တာကြောင့်

သူ့ရဲ့ ရောဂါလက္ခဏာရပ်တွေကို စောစီးစွာ သိထားရင် အချိန်မလွန်မီ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ Type 2 ဆီချိုရောဂါ ရှိ၊ မရှိ အလွယ်တကူ သိသာနိုင်တဲ့ အဓိက အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ဆီး ခဏခဏသွားခြင်း

သွေးထဲမှာ သကြားပါဝင်နှုန်း အလွန်များလာတဲ့အခါ ကျောက်ကပ်က ဂလူးကိုစ့်ဓါတ်ကို မထိန်းနိုင်တော့တဲ့အတွက် သွေးထဲကနေ သကြားဓါတ်တွေကို ဖယ်ရှားဖို့ လုပ်ဆောင်ပါတယ်၊ ဒီလုပ်ဆောင်မှုကြောင့် ဆီးသွားချင်တဲ့ စိတ်ကို

ဖြစ်ပေါ်စေပါတယ်။ ပုံမှန်မဟုတ်ပဲ… မကြာခဏ ဆီးသွားချင်လာပြီဆိုရင် သတိထားသင့်ပါတယ်။လူတစ်ယောက်ဟာ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၅ ကြိမ်ကနေ ၇ ကြိမ်လောက်ထိသာ ဆီးစွန့်လေ့ရှိပါတယ်။ မကြာခင်ကပဲ ဆီးသွားထားပြီး အခုတစ်ခါ ချက်ချင်း ထပ်မံ ဆီးသွားချင်လာတာမျိုးဆိုရင်…

ဒါဟာ ဆီးချိုဖြစ်တော့မယ်လို့ သတိပေးတာမျိုး ဖြစ်နိုင်ချေများပါတယ်။ နောက်တစ်ခုကတော့… မကြာခဏ ဆီးစွန့်လေလေ ဆီးလမ်းကြောင်းမှာ (အထူးသဖြင့် အမျိုးသမီးများ) ရောဂါပိုး ဝင်နိုင်ချေ များလေလေ ဖြစ်ပါတည်။ ဒီလိုမျိုး တွေ့ကြုံခံစားနေရပြီဆိုရင်… ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ မနှောင့်နှေးပါနဲ့။

(၂) ခဏခဏ ရေငတ်ခြင်း

ပုံမှန်ထက် ပိုပြီး မကြာခဏ ရေငတ်သလို ခံစားရတာဟာလည်း Type 2 ဆီးချိုရဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဒီလို အခြေနေမျိုးမှာ အခုပဲ ရေသောက်ပြီးပေမယ့်… သိပ်မကြာခင်မှာ ရေထပ်ငတ်လာပါလိမ့်မယ်။ ရေများများသောက်လေ ဆီးများများသွားလေ၊

ဆီးများများသွားလေ ရေ မကြာမကြာငတ်လေနဲ့ သံသရာလည်နေပါလိမ့်မယ်။ ခဏခဏ ရေငတ်ရတဲ့အကြောင်းရင်းကတော့… သွေးထဲကနေ သကြားဓါတ်တွေကို ဖယ်ထုတ်နေရတာကြောင့် ခန္ဓာကိုယ်မှာ ရေဓါတ်က အမြဲလိုနေလို့ဖြစ်ပါတယ်။

(၃) အမြဲတမ်း ဗိုက်ဆာနေခြင်း

Type 2 အမျိုးအစား ဆီးချိုရှိနေသူတွေရဲ့ ခန္ဓာကိုယ်ဟာ… ထုတ်ပေးလိုက်တဲ့ အင်ဆူလင်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးမချနိုင်ပါဘူး။ ပုံမှန်အားဖြင့် အင်ဆူလင်က ဂလူးကိုစ့် (သကြားဓာတ်) ကို ဆဲလ်တွေထဲ ရောက်အောင်

ပံပိုး ကူညီပေးရပါတယ်။ ဒီလုပ်ငန်းစဉ်ချို့ယွင်းနေတဲ့အခါ… လူက ဘယ်လောက်စားစား အင်အားဖြစ်ဖို့ အဟာရကို ထိထိရောက်ရောက် မပံ့ပိုးနိုင်တဲ့အတွက် တစ်ချိန်လုံး ဗိုက်ဆာနေသလို ခံစားရပါတယ်။

(၄) ရုတ်တရက် ကိုယ်အလေးချိန်လျော့ကျခြင်း

မထင်မှတ်ပဲ ကိုယ်အလေးချိန် ရုတ်တရက်လျော့ကျလာခဲ့ရင်တော့… ချက်ခြင်းဆိုသလို ကျန်းမာရေး စစ်ဆေးဖို့ လိုပါလိမ့်မယ်။ Type 2 ဆီးချိုခံစားနေရသူတွေရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ ဂလူးကိုစ့် (သကြားဓါတ်)ကို အပြည့်အဝ မရနိုင်တော့တဲ့အတွက်…

ကိုယ်အလေးချိန် လျော့ကျတာ အရမ်းမြန်ပါတယ်။ ခန္ဓာကိုယ်က ကြွက်သားနဲ့ အဆီတွေကို လောင်ကျွမ်းပြီးမှ အင်အားပြန်ဖြည့်နေရတာကြောင့်… သိသိသာသာ ခန္ဓာကိုယ်အလေးချိန် ကျလာပါတယ်။

(၅) အမြင်အာရုံ မှုန်ဝါးခြင်း

မျက်လုံးရဲ့ မျက်ကြည်လွှာမှန်ဘီလူးဟာ… ကျုံ့နိင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဝန်းရံထားပြီး အမြင်အာရုံကြည်လင်ဖို့ စူးစိုက်တဲ့အခါမှာ ဒီကြွက်သားတွေက အလုပ် လုပ်ပေးရပါတယ်။ မျက်လုံးထဲမှာရှိတဲ့ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောတွေဟာ သွေးထဲမှာ သကြားပါဝင်နှုန်း

အလွန်မြင့်မားတဲ့အခါ… ပျက်ဆီးသွားတတ်ပါတယ်။ ဒီအခါမှာ အမြင်ကြည်လင်ပြတ်သားဖို့ မစွမ်းနိုင်တော့ပါဘူး။ ဒီအခြေအနေကို ဆရာဝန်နဲ့ မပြသပဲ ပစ်ထားလိုက်မယ်ဆိုရင်… ကြာရင် အမြင်အာရုံ လုံးဝ ဆုံးရှုံးသွားတဲ့ထိ ဖြစ်နိုင်ပါတယ်။

(၆) ပင်ပန်းနွမ်းလျခြင်း

တစ်နေ့လုံး အလုပ်တွေ အများကြီး အားသွန်ခွန်စိုက်လုပ်လိုက်ရလို့ ပင်ပန်းနွမ်းနယ်သွားတယ်ဆိုတာ ပုံမှန်သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် ဘာတစ်ခုမှ အင်တိုင်အားတိုက် မလုပ်ရပဲ…

မကြာခဏဆိုသလို မေားပမ်းနွမ်းလျနေရင်တော့… ဒါဟာပုံမှန် မဟုတ်တော့ပါဘူး။ Type 2 ဆီးချို ရောဂါကြောင့် ခန္ဓာကိုယ်က သကြားဓာတ် လုံလောက်စွာ မရတဲ့အတွက်

အခုလို မောပမ်းနွမ်းနယ်နေတာဖြစ်ပါတယ်။ ဒီအခြေအနေကို ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်ဆိုရင်… အခြားသော ကျန်းမာရေးပြဿနာတွေပါ ထပ်ဖြစ်လာနိုင်ပါတယ်။

(၇) ဒဏ်ရာအနာ လွယ်လွယ်နဲ့ မကျက်ခြင်း

သွေးထဲမှာ သကြားဓာတ် လွန်ကဲစွာရှိနေခြင်းက သွေးနီဥတွေနဲ့ အာရုံကြောလေးတွေကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက်… ဒဏ်ရာအနာတရ တစ်ခုခုဖြစ်တဲ့အခါ အနာကျက်တာ နှေးတာမျိုးဖြစ်ပါတယ်။ အနာကျက်ဖို့ နှေးကွေးလေလေ…

အနာထဲကို ရောဂါပိုးဝင်ဖို့ အခွင့်အရေးများလေလေ ဖြစ်ပါတယ်။ ခြင်ကိုက်ဖုလေးကို ကုတ်ဖဲ့ရင်းက အနာလေးဖြစ်ပြီး နောက်ဆုံး ခြေထောက်ဖြတ်လိုက်ရတဲ့ အကြောင်းတွေ ပတ်ဝန်းကျင်မှာ ကြားဖူးကောင်း

ကြားဖူးကြပါလိမ့်မယ်… ဒါဟာ Type 2 ဆီချိုရောဂါကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို လက္ခဏာမျိုးတွေ့ပြီဆိုရင် လုံးဝ လစ်လျူရှုမထားသင့်ပါဘူး။

(၈) ခြေဖျား နာကျင်ခြင်း၊ ထုံကျင်ခြင်း

သွေးထဲမှာ သကြားဓါတ်လွန်ကဲစွာ ရှိနေတာကြောင့် အာရုံကြောတွေ ပျက်ဆီးတဲ့အတွက်… အစပထမပိုင်းမှာတော့ ခြေဖျားလေးတွေ နာကျင်မယ်၊ ထုံတုံတုံ ခံစားရတာတွေ ဖြစ်မယ် အဲဒီကနေ

တစ်ဖြည်းဖြည်း တစ်ကိုယ်လုံး နေရာအနှံမှာ ခံစားလာရတတ်ပါတယ်။ ဒီလိုမျိုး အာရုံကြောက ခံစားမှုကို မသိတဲ့အခါ ခြေထောက်မှာ မတော်တဆ ပွန်းပဲ့မိတာ၊ ပြတ်ရှမိတာတွေကို မခံစားရတော့တဲ့အတွက်…

အနာဖြစ်နေလည်း သတိမထားမိတော့ပါဘူး၊ အဲဒီအနာကနေတစ်ဆင့် ရောဂါပိုးဝင်၊ အနာက ဆီးချိုကြောင့် တော်တော်နဲ့မကျက်ပဲ အခန့်မသင့်ရင် ဖြတ်ပစ်ရတဲ့ထိ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် ခြေဖျားလက်ဖျားလေးတွေ ပုံမှန်မဟုတ်ပဲ ထုံကျင်လာပြီဆိုရင် အထူး ဂရုစိုက်ပါ။

(၉) လည်ပင်းမှာ အမဲကွက်လေးများပေါ်ခြင်း

အမည်းကွက်လေးတွေ လည်ပင်နား၊ ပေါင်ခြံနဲ့ ချိုင်းနား တစ်ဝိုက်… ပေါ်လာပြီး တစ်ဖြည်းဖြည်း ဗျစ်ထူလာပြီဆိုရင်လည်း Type 2 ဆီချိုရဲ့ လက္ခဏာဖြစ်လို့ ဂရုစိုက်ရပါလိမ့်မယ်။

(၁၀) မိန်းမကိုယ်မှာ ပိုးဝင်နိုင်ခြေ မြင့်ခြင်း

Type 2 ဆီးချိုဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေမှာဆိုရင်… မိန်းမကိုယ် (အမျိုးသမီးအင်္ဂါ) ကနေတဆင့် ရောဂါပိုးဝင်နိုင်ချေ အလွန်မြင့်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်မားနေတဲ့အခါမှာ… ရောဂါပိုးပျံ့ပွားနှုန်းကလည်း မြန်ဆန်တာကြောင့်ဖြစ်ပါတယ်။ အခြားလက္ခဏာရပ်တွေအနေနဲ…့

အသက်ရှူလိုက်တဲ့အခါ သစ်သီးရနံ့လေးတွေ ရနေတာ၊ ခန္ဓာကိုယ် နေရာအနှံ့ ယားယံတတ်တာတွေကလည်း ဆီးချိုဖြစ်နိုင်တဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ စောစီးစွာသိရှိထားခြင်းဖြင့် နာတာရှည် ဆီးချိုရောဂါဖြစ်ခြင်းကနေ လွတ်ကင်းအောင်

ကုသနိုင်ပါတယ်။ ဆီးချိုရောဂါဟာ အခြား အသက်အန္တရာယ်ရှိတဲ့… နှလုံးနဲ့ပက်သက်တဲ့ရောဂါ၊ အမြင်မှုန်ဝါးခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဆက်တိုက်ဖြစ်စေတတ်တာကြောင့် လုံးဝ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*