ဆန္ေတြကို ပိုးမတက္ေအာင္ ဘယ္လို ကာကြယ္မလဲ…?

ဆန္ေတြကို ပိုးမတက္ေအာင္ ဘယ္လို ကာကြယ္မလဲ...?
ဆန္ေတြကို ပိုးမတက္ေအာင္ ဘယ္လို ကာကြယ္မလဲ...?

ဆန္ေတြကို ပိုးမတက္ေအာင္ ဘယ္လို ကာကြယ္မလဲ…?

အိမ္ေတြမွာ ဆန္ေတြ ၀ယ္ထားတာ ၾကာလာရင္ ပိုးေကာင္ေတြ တက္တာ၊ ဆန္ေတြ မည္းလာတာမ်ိဳးေတြ ႀကဳံဖူး ၾကမွာပါ။

ဒီရန္ေတြ ကေန ဘယ္လို ကာကြယ္မလဲ ဆိုေတာ့… အခ်က္က ၅ ခ်က္ ပဲ ရွိပါတယ္။ ႐ိုးရွင္းၿပီး လြယ္ကူ ပါ တယ္။

၁။ ေနေရာင္ခံေပးပါ

သင့္ဆန္ေတြမွာ အျဖဴ ဒါမွမဟုတ္ အနက္ေရာင္ ပိုးေလးေတြ အမ်ားႀကီး တက္ေနၿပီ ဆိုရင္ေတာ့ ေနေရာင္ ထဲမွာ ၃- ၄ နာရီေလာက္ ထားေပးပါ။

အပူ က ပိုးေတြကို ေသေစ ႏိုင္ ပါ တယ္။ ဒါမွမဟုတ္ ဆန္ထဲကေန ထြက္သြား တတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ခ်က္ခါနီးမွ လင္ဗန္းထဲ ထည့္ၿပီး ေနျပ တတ္ၾကပါတယ္။

ပိုးေကာင္ အနည္း အမ်ားေပၚ မူတည္ၿပီး ေနျပမယ့္ အခ်ိန္ကို အတိုးေလ်ာ့ လုပ္ လို႔ ရပါတယ္။

၂။ င႐ုတ္သီးေျခာက္ ထည့္ထားပါ

ေလလုံ တဲ့ ဘုံးေတြထဲ ထည့္ထားမယ္ ဆိုရင္ေတာ့ င႐ုတ္သီး အနီေျခာက္ တခ်ိဳ႕ကိုပါ ေရာၿပီး ထည့္ထားေပးပါ။ င႐ုတ္သီး ရဲ႕ အနံ႔ ကို ပိုးမႊားေတြက မ ၾကိဳက္ ပါဘူး။

င႐ုတ္သီးလိုပဲ င႐ုတ္ေကာင္းေစ့ (သို႔) ေလးညႇင္းပြင့္ ေလးေတြ ထည့္ထားလို႔ ရ ပါ တယ္။

၃။ တမာ႐ြက္ ထည့္ေပးပါ

ဒါ့အျပင္ တမာ႐ြက္ေလး အုပ္ထားေပးလို႔လည္း ရ ပါ တယ္။ ပိုးမႊားေတြက တမာ႐ြက္ ရွိတဲ့ ေနရာ မလာ တတ္ပါဘူး။ တခ်ိဳ႕ဆိုရင္ အက်ႌေတြ သိမ္းတဲ့ ေနရာေတြ မွာေတာင္ ထားတတ္ ၾကပါတယ္။

၄။ သိမ္းတဲ့ ေနရာ မွန္ပါေစ

ဆန္အိတ္ ဒါမွမဟုတ္ ဆန္ဘုံးေတြ ကို ထားမယ္ ဆိုရင္… ေနေရာင္ တိုက္႐ိုက္ ရမယ့္ေနရာေတြ ကို ေရွာင္ပါ။ ေမွာင္ၿပီး ေျခာက္ေသြ႕တဲ့ ေနရာမွာ ထားပါ။

စိုစြတ္ေနတဲ့ ေနရာမ်ိဳးေတြ ေရွာင္ပါ။ စိုစြတ္တဲ့ ေနရာေတြ ဟာ ဆန္ေတြကို ပ်က္စီး ေစသလို ပိုးမႊားေတြကိုလည္း ရွင္သန္ ေစ ပါ တယ္။

၅။ ဆန္ထည့္မယ့္ ပစၥည္း

ဆန္ထည့္တဲ့ အခါမွာ အရည္အေသြး ေကာင္းတဲ့ ပလပ္စတစ္ ဘုံးေတြ ဟာ အသင့္ေတာ္ဆုံး ပါပဲ။ လုံေအာင္ ပိတ္ထားလို႔ ရသလို ေလလဲ လုံေစ ပါတယ္​။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဆန်တွေကို ပိုးမတက်အောင် ဘယ်လို ကာကွယ်မလဲ…?

အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူး ကြမှာပါ။

ဒီရန်တွေ ကနေ ဘယ်လို ကာကွယ်မလဲ ဆိုတော့… အချက်က ၅ ချက် ပဲ ရှိပါတယ်။ ရိုးရှင်းပြီး လွယ်ကူ ပါ တယ်။

၁။ နေရောင်ခံပေးပါ

သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင် ပိုးလေးတွေ အများကြီး တက်နေပြီ ဆိုရင်တော့ နေရောင် ထဲမှာ ၃- ၄ နာရီလောက် ထားပေးပါ။

အပူ က ပိုးတွေကို သေစေ နိုင် ပါ တယ်။ ဒါမှမဟုတ် ဆန်ထဲကနေ ထွက်သွား တတ်ကြပါတယ်။ တချို့ကတော့ ချက်ခါနီးမှ လင်ဗန်းထဲ ထည့်ပြီး နေပြ တတ်ကြပါတယ်။

ပိုးကောင် အနည်း အများပေါ် မူတည်ပြီး နေပြမယ့် အချိန်ကို အတိုးလျော့ လုပ် လို့ ရပါတယ်။

၂။ ငရုတ်သီးခြောက် ထည့်ထားပါ

လေလုံ တဲ့ ဘုံးတွေထဲ ထည့်ထားမယ် ဆိုရင်တော့ ငရုတ်သီး အနီခြောက် တချို့ကိုပါ ရောပြီး ထည့်ထားပေးပါ။ ငရုတ်သီး ရဲ့ အနံ့ ကို ပိုးမွှားတွေက မ ကြိုက် ပါဘူး။

ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့် လေးတွေ ထည့်ထားလို့ ရ ပါ တယ်။

၃။ တမာရွက် ထည့်ပေးပါ

ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရ ပါ တယ်။ ပိုးမွှားတွေက တမာရွက် ရှိတဲ့ နေရာ မလာ တတ်ပါဘူး။ တချို့ဆိုရင် အင်္ကျီတွေ သိမ်းတဲ့ နေရာတွေ မှာတောင် ထားတတ် ကြပါတယ်။

၄။ သိမ်းတဲ့ နေရာ မှန်ပါစေ

ဆန်အိတ် ဒါမှမဟုတ် ဆန်ဘုံးတွေ ကို ထားမယ် ဆိုရင်… နေရောင် တိုက်ရိုက် ရမယ့်နေရာတွေ ကို ရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။

စိုစွတ်နေတဲ့ နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့ နေရာတွေ ဟာ ဆန်တွေကို ပျက်စီး စေသလို ပိုးမွှားတွေကိုလည်း ရှင်သန် စေ ပါ တယ်။

၅။ ဆန်ထည့်မယ့် ပစ္စည်း

ဆန်ထည့်တဲ့ အခါမှာ အရည်အသွေး ကောင်းတဲ့ ပလပ်စတစ် ဘုံးတွေ ဟာ အသင့်တော်ဆုံး ပါပဲ။ လုံအောင် ပိတ်ထားလို့ ရသလို လေလဲ လုံစေ ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*