သိပၸံသမားေတြ အံ့ၾသ ရေလာက္တဲ့ ရေသ့ႀကီးဦးခႏၲီရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား

သိပၸံသမားေတြ အံ့ၾသ ရေလာက္တဲ့ ရေသ့ႀကီးဦးခႏၲီရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား
သိပၸံသမားေတြ အံ့ၾသ ရေလာက္တဲ့ ရေသ့ႀကီးဦးခႏၲီရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား

သိပၸံသမားေတြ အံ့ၾသ ရေလာက္တဲ့ ရေသ့ႀကီးဦးခႏၲီရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား

အဂၤလိပ္ အေရးပိုင္မင္းဟာ ရေသ့ႀကီးဦးခႏၲီကို စစ္ေဆးဖို႔အတြက္ သူ႔ရဲ႕ပုလိပ္အဖြဲ႕နဲ႔ အတူ ေက်ာင္းကို ေရာကလာခဲ့တယ္။ ၿပီးေတာ့ ရေသ့ႀကီးကို ေမးေလွ်ာက္တယ္…”တပည့္ေတာ္တို႔က တာဝန္အရ လာရတာပါ ဘုရား…

အရွင္ဘုရားဟာ ဝင္ေငြ မရွိပဲနဲ႔ ဘုရားတည္ ေက်ာင္းေဆာက္ လုပ္ေနတာေတြဟာ အမ်ားႀကီးပါပဲ။ ဘယ္က ပိုက္ဆံေတြနဲ႔ ေဆာက္ေနတာပါလဲ ဘုရား” လို႔ ဆိုၿပီး ေလွ်ာက္သတဲ့။

“ၿပီးေတာ့ အခုလည္း တန္ေဆာင္းေဆာက္ဖို႔ ဂ်ာမဏီကိုမွာၿပီး သံမဏိ ေဒါက္တိုင္ႀကီးေတြ ဝယ္ေနတယ္လို႔လည္း ၾကားသိ ရပါတယ္။ အဲ့ဒီေလာက္ မ်ားတဲ့ ေငြေတြကို ဘယ္ကေနမ်ားရပါသလဲဘုရား” ဆိုေတာ့…

ရေသ့ႀကီးက သိခ်င္ရင္ ခဏ ေစာင့္ဆိုၿပီး… ဘုရားခန္းထဲဝင္ကာ ၄၅ မိနစ္ေလာက္ ပုတီးစိပ္ၿပီး ျပန္ထြက္လာခဲ့တယ္။ သိပ္မၾကာခင္မွာပဲ အေရးပိုင္မင္းေရွ႕မွာတင္ လူေတြဟာ တဖြဲဖြဲ ေရာက္လာၾကၿပီး

ေ႐ႊနားကပ္ေတြ၊ ေ႐ႊဆြဲႀကိဳးေတြ၊ ေ႐ႊ လက္ေကာက္ေတြ၊ ဝတၳဳေငြေတြ လႉၾကနဲ႔ လႉလိုက္ၾကတာဟာ ေ႐ႊေတြ ေငြေတြ… အပုံလိုက္ႀကီး ျဖစ္သြားသတဲ့။ အဲဒီေတာ့မွ အေရးပိုင္မင္းက “တပည့္ေတာ္ သေဘာေပါက္ပါၿပီ ဘုရား” ဆိုၿပီး ျပန္သြားပါသတဲ့။

ဂ်ာမဏီေတြကလည္း သူတို႔ဆီကို တန္ေဆာင္းေဆာက္ဖို႔ မွာတဲ့ ရေသ့ႀကီးဟာ အင္ဂ်င္နီယာ မဟုတ္ပါပဲ သံယက္မႀကီးေတြကို အပို အလိုမရွိ တြက္ခ်က္ မွာႏိုင္တာကို လြန္စြ ာအံ့ၾသရပါ သတဲ့။

အလြန္ ေလးစားရတဲ့ အတြက္ ရေသ့ႀကီးရဲ႕ ဦးေခါင္းမွာ ေဆာင္းထားတဲ့… ေဒါက္ခ်ာႀကီးကို ဂ်ာမဏီႏိုင္ငံ ျမဴးနစ္ၿမိဳ႕ ရဲ႕ ျပတိုက္ထဲမွာ ယဥ္ေက်းမႈ အေမြအႏွစ္ အျဖစ္ ယခုထက္ထိတိုင္ အျမတ္တႏိုး သိမ္းဆည္း ျပသထားတာ ေတြ႕ရႏိုင္ပါတယ္။

ဒီေနရာမွာေတာ့… ဂ်ာမနီဟာ အဂၤလိပ္ေတြထက္ အမ်ားႀကီး သာတာကို ေတြ႕ရပါတယ္။ မိတ္ေဆြတို႔အေနနဲ႔လည္း မႏၲေလးေတာင္ေပၚ ေရာက္ခဲ့ရင္ ရေသ့ကီး ဦးခႏၲီ ရဲ႕ တန္ေဆာင္းကို ေလ့လာၾကည့္ပါဦး။

အဲဒီေလာက္ ႀကီးမားတဲ့ သံယက္မႀကီးေတြ၊ သံတိုင္ႀကီးေတြကို အပို အလိုမရွိ မွာႏိုင္တာရယ္… အဲ့ဒီ သံယက္မႀကီးေတြကို ေတာင္ေပၚကို ဘယ္လို ဆြဲတင္ခဲ့တယ္ ဆိုတာကိုေတာ့ ယေန႔အထိ ဘယ္သူမွ မသိရွိ ႏိုင္ခဲ့ပါဘူး… ဦးခႏၲီ မွ လြဲ၍ ေပါ့။

Credit#ဦးျမင့္ခိုင္#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သိပ္ပံသမားတွေ အံ့သြ ရလောက်တဲ့ ရသေ့ကြီးဦးခန္တီရဲ့ လျို့ဝှက်ချက်များ

အင်္ဂလိပ် အရေးပိုင်မင်းဟာ ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက် သူ့ရဲ့ပုလိပ်အဖွဲ့နဲ့ အတူ ကျောင်းကို ရောကလာခဲ့တယ်။ ပြီးတော့ ရသေ့ကြီးကို မေးလျှောက်တယ်…”တပည့်တော်တို့က တာဝန်အရ လာရတာပါ ဘုရား…

အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါပဲ။ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲ ဘုရား” လို့ ဆိုပြီး လျှောက်သတဲ့။

“ပြီးတော့ အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိ ဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိ ရပါတယ်။ အဲ့ဒီလောက် များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရား” ဆိုတော့…

ရသေ့ကြီးက သိချင်ရင် ခဏ စောင့်ဆိုပြီး… ဘုရားခန်းထဲဝင်ကာ ၄၅ မိနစ်လောက် ပုတီးစိပ်ပြီး ပြန်ထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ အရေးပိုင်မင်းရှေ့မှာတင် လူတွေဟာ တဖွဲဖွဲ ရောက်လာကြပြီး

ရွှေနားကပ်တွေ၊ ရွှေဆွဲကြိုးတွေ၊ ရွှေ လက်ကောက်တွေ၊ ဝတ္ထုငွေတွေ လှူကြနဲ့ လှူလိုက်ကြတာဟာ ရွှေတွေ ငွေတွေ… အပုံလိုက်ကြီး ဖြစ်သွားသတဲ့။ အဲဒီတော့မှ အရေးပိုင်မင်းက “တပည့်တော် သဘောပေါက်ပါပြီ ဘုရား” ဆိုပြီး ပြန်သွားပါသတဲ့။

ဂျာမဏီတွေကလည်း သူတို့ဆီကို တန်ဆောင်းဆောက်ဖို့ မှာတဲ့ ရသေ့ကြီးဟာ အင်ဂျင်နီယာ မဟုတ်ပါပဲ သံယက်မကြီးတွေကို အပို အလိုမရှိ တွက်ချက် မှာနိုင်တာကို လွန်စွ ာအံ့သြရပါ သတဲ့။

အလွန် လေးစားရတဲ့ အတွက် ရသေ့ကြီးရဲ့ ဦးခေါင်းမှာ ဆောင်းထားတဲ့… ဒေါက်ချာကြီးကို ဂျာမဏီနိုင်ငံ မြူးနစ်မြို့ ရဲ့ ပြတိုက်ထဲမှာ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ယခုထက်ထိတိုင် အမြတ်တနိုး သိမ်းဆည်း ပြသထားတာ တွေ့ရနိုင်ပါတယ်။

ဒီနေရာမှာတော့… ဂျာမနီဟာ အင်္ဂလိပ်တွေထက် အများကြီး သာတာကို တွေ့ရပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်း မန္တလေးတောင်ပေါ် ရောက်ခဲ့ရင် ရသေ့ကီး ဦးခန္တီ ရဲ့ တန်ဆောင်းကို လေ့လာကြည့်ပါဦး။

အဲဒီလောက် ကြီးမားတဲ့ သံယက်မကြီးတွေ၊ သံတိုင်ကြီးတွေကို အပို အလိုမရှိ မှာနိုင်တာရယ်… အဲ့ဒီ သံယက်မကြီးတွေကို တောင်ပေါ်ကို ဘယ်လို ဆွဲတင်ခဲ့တယ် ဆိုတာကိုတော့ ယနေ့အထိ ဘယ်သူမှ မသိရှိ နိုင်ခဲ့ပါဘူး… ဦးခန္တီ မှ လွဲ၍ ပေါ့။

Credit#ဦးမြင့်ခိုင်#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*