ျမန္မာျပည္မွာ သာတူညီမွ်တဲ့ လူ႔ေဘာင္အဖြဲ႕အစည္းျဖစ္ဖို႕ အတုယူသင့္တဲ့ စံနမူနာတစ္ခု…

ျမန္မာျပည္မွာ သာတူညီမွ်တဲ့ လူ႔ေဘာင္အဖြဲ႕အစည္းျဖစ္ဖို႕ အတုယူသင့္တဲ့ စံနမူနာတစ္ခု...
ျမန္မာျပည္မွာ သာတူညီမွ်တဲ့ လူ႔ေဘာင္အဖြဲ႕အစည္းျဖစ္ဖို႕ အတုယူသင့္တဲ့ စံနမူနာတစ္ခု...

ျမန္မာျပည္မွာ သာတူညီမွ်တဲ့ လူ႔ေဘာင္အဖြဲ႕အစည္းျဖစ္ဖို႕ အတုယူသင့္တဲ့ စံနမူနာတစ္ခု…

ဆူဒန္ႏိုင္ငံရဲ႕ ေဒသတစ္ခုရွိ ေက်ာင္းငယ္ေလး တစ္ေက်ာင္းမွာ ဆရာမက ေက်ာင္းသူေတြကို စာစီစာကုံး ၿပိဳင္ပြဲေလးတစ္ခု လုပ္ေပးတယ္။ ၿပိဳင္ပြဲမွာ ထူးခြၽန္သူဟာ ဖိနပ္ေလးတစ္ရံ ရမယ္ေပါ့။

ဒါနဲ႔ ကေလးေတြကလည္း အားရဝမ္းသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ၿပိဳင္ဆိုင္ ေရးသား သီကုံးၾကတယ္။ ေရးသားၿပီး စာ႐ြက္ေတြကို ဆရာမထံ အပ္ၾကေတာ့ အားလုံးရဲ႕ ေရးသားပုံက

ေျပာင္ေျမာက္ေနတာကို ေတြ႕ရတယ္။ အကုန္လုံး ထူးခြၽန္အဆင့္ ရသူေတြခ်ည္း ျဖစ္ေနတယ္။ အဲဒီမွာ ဆရာမက ဘယ္သူ႔ကို ဆုေပးရမလဲ ေဝခြဲမရ ျဖစ္ေနတယ္။

ဒါနဲ႔ ဆရာမက ေက်ာင္းသူေလးေတြကို ေခၚၿပီး အားလုံးရဲ႕ စာစီစာကုံးက ထူးခြၽန္အဆင့္ရေၾကာင္း၊ သမီးတို႔ရဲ႕ ႀကိဳးစားထားမႈကို ဆရာမ အားရဝမ္းသာျဖစ္ေၾကာင္း၊ ဆုက အားလုံးရထိုက္ေၾကာင္း

ေျပာလိုက္တယ္။ ၿပီးေတာ့ ဒီဆုကို ေက်ာင္းသူအားလုံး ေက်ေက်နပ္နပ္နဲ႔ တစ္ေယာက္ရဖို႔ ဘယ္လိုလုပ္ရင္ ေကာင္းမလဲလို႔ အႀကံျပဳဖို႔ ေတာင္းဆိုလိုက္တယ္။ အားလုံးက စာ႐ြက္မွာ ကိုယ္စီကိုယ္စီ နာမည္ေရး၊

စာ႐ြက္ေခါက္ၿပီး ဆရာမကို ေပးၾကဖို႔၊ ဆရာမက မဲႏႈိက္ဆုံးျဖတ္ေပးဖို႔၊ ဆရာမမဲႏႈိက္တဲ့အခါ မဲက်သူသာ ဆုကို ရထိုက္သူျဖစ္ေၾကာင္း ေၾကညာေပးဖို႔ အႀကံျပဳၾကတယ္။ ဒါနဲ႔ အဲဒီလို လုပ္လိုက္ၾကတာေပါ့။

ဆရာမက အားလုံးေရွ႕မွာ မဲႏႈိက္တယ္။ ကေလးမေလး (ဝဖာ အဗ္ဒုလ္ကရီးမ္) မဲေပါက္ပါတယ္။ ဆုယူဖို႔ အေရွ႕ကို လာခဲ့ပါသမီးေလး။ ကေလးေတြအားလုံး လက္ခုပ္ၾသဘာတီးၾကတယ္။ ကေလးမေလးခင္ဗ်ာ၊ အားလုံးရဲ႕ လက္ခုပ္ၾသဘာသံေတြၾကားမွာ

ေပ်ာ္႐ႊင္ၿပီး မ်က္ရည္ေတြ စီးက်လာခဲ့တယ္။ ဆရာမက အားလုံးကို ေက်းဇူးတင္စကားေျပာတယ္။ ၿပီးေတာ့ (ဝဖြာေလး) ကို ဆုခ်ီးျမႇင့္တယ္။ (ဝဖြာေလး) လည္း သူ႔ရဲ႕ ဖိနပ္ေဟာင္းေလးအစား ဖိနပ္အသစ္ကေလး စီးလိုက္ရတယ္။

သူ႔မိဘေတြ ဆင္းရဲလြန္းေတာ့ သူ႔အတြက္ ဖိနပ္ေလးတစ္ရံေတာင္ ဝယ္မေပးႏိုင္ၾကရွာဘူး။ ဒီဖိနပ္ေလးပဲ ဝတ္ေနခဲ့ရတာ ၾကာေနၿပီကိုး။ ဆရာမက ဝမ္းသာပီတိျဖစ္ၿပီး

အိမ္ကို ျပန္လာခဲ့တယ္။ အိမ္ေရာက္ေတာ့ ခင္ပြန္းကို အဲဒီအေၾကာင္း ေျပာျပရင္း ငိုပါေလေရာ။ ဆရာမရဲ႕ ခင္ပြန္းကလည္း ဒီအေၾကာင္းေလးၾကားၿပီး ဝမ္းသာပါရဲ႕။

ဒါေပမဲ့ ဇနီးသည္ငိုေနတာကို နားမလည္ႏိုင္ဘူး ျဖစ္ေနတယ္။ “ဒါနဲ႔ မင္းကဘာလို႔ ငိုရတာလဲကြာ၊ မင္းတပည့္ေလးေတြ အားလုံး ေတာ္ၾကတာပဲ။ မင္းစီစဥ္ထားတဲ့ ဆုလည္း ေပးလိုက္ႏိုင္တာပဲကြာ” လို႔ ေျပာလိုက္တယ္။

အဲဒီမွာ ဆရာမက ျပန္ေျပာတယ္။ “ကြၽန္မျပန္လာေနရင္း က်န္တဲ့ စာ႐ြက္ေခါက္ေလးေတြကို ဖြင့္ၾကည့္မိေတာ့ ကေလးေတြအားလုံးက (ဝဖြာ အဗ္ဒုလ္ကရီးမ္) ရဲ႕ နာမည္ကိုပဲ ေရးသားထားၾကတာ ေတြ႕လိုက္ရလို႔ပါ” တဲ့။

ဪ ကေလးေတြအားလုံးက (ဝဖြာ) ရဲ႕ အေျခအေနကို ျမင္ေတြ႕ၾကၿပီး (ဝဖြာ) ႏွလုံးသားထဲမွာ ေပ်ာ္႐ႊင္မႈေတြကို ထည့္ေပးဖို႔ ညီညီၫြတ္ၫြတ္ ရွိခဲ့ၾကတာကိုး။ ဒါဟာ လူ႔အဖြဲ႕အစည္းမွာရွိတဲ့

ကြၽန္ေတာ္တို႔ လူႀကီးေတြအတြက္ အတုယူသင့္တဲ့ စံနမူနာ တစ္ခုပါလား။ ကိုယ္က သူ႔ထက္ျပည့္စုံေနရင္ သူ႔ဘက္ကို မွ်မွ်တတ ေတြးေပးတတ္ဖို႔ ဥပမာေလးတစ္ခုပါလား။ ဒါေပမယ့္ က်ေနာ္တို႔မွာ တခုခုဆို

ငါပဲ လိုခ်င္တယ္၊ ငါပဲ ရခ်င္တယ္၊ ငါအရင္ဦးမွ ျဖစ္မယ္ ဆိုတဲ့ စိတ္ဓာတ္ေတြ ရွိေနသေ႐ြ႕ သာတူညီမွ်တဲ့ လူ႔အဖြဲ႕အစည္း၊ ညီၫြတ္မွ်တတဲ့ တိုင္းျပည္ျဖစ္ဖို႔ဆိုတာ ေ႐ႊျပည္ေတာ္ေမွ်ာ္တိုင္းေဝး ျဖစ္ေနဦးမွာပါပဲ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မြန်မာပြည်မှာ သာတူညီမျှတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်ဖို့ အတုယူသင့်တဲ့ စံနမူနာတစ်ခု…

ဆူဒန်နိုင်ငံရဲ့ ဒေသတစ်ခုရှိ ကျောင်းငယ်လေး တစ်ကျောင်းမှာ ဆရာမက ကျောင်းသူတွေကို စာစီစာကုံး ပြိုင်ပွဲလေးတစ်ခု လုပ်ပေးတယ်။ ပြိုင်ပွဲမှာ ထူးချွန်သူဟာ ဖိနပ်လေးတစ်ရံ ရမယ်ပေါ့။

ဒါနဲ့ ကလေးတွေကလည်း အားရဝမ်းသာ ပျော်ပျော်ရွှင်ရွှင် ပြိုင်ဆိုင် ရေးသား သီကုံးကြတယ်။ ရေးသားပြီး စာရွက်တွေကို ဆရာမထံ အပ်ကြတော့ အားလုံးရဲ့ ရေးသားပုံက

ပြောင်မြောက်နေတာကို တွေ့ရတယ်။ အကုန်လုံး ထူးချွန်အဆင့် ရသူတွေချည်း ဖြစ်နေတယ်။ အဲဒီမှာ ဆရာမက ဘယ်သူ့ကို ဆုပေးရမလဲ ဝေခွဲမရ ဖြစ်နေတယ်။

ဒါနဲ့ ဆရာမက ကျောင်းသူလေးတွေကို ခေါ်ပြီး အားလုံးရဲ့ စာစီစာကုံးက ထူးချွန်အဆင့်ရကြောင်း၊ သမီးတို့ရဲ့ ကြိုးစားထားမှုကို ဆရာမ အားရဝမ်းသာဖြစ်ကြောင်း၊ ဆုက အားလုံးရထိုက်ကြောင်း

ပြောလိုက်တယ်။ ပြီးတော့ ဒီဆုကို ကျောင်းသူအားလုံး ကျေကျေနပ်နပ်နဲ့ တစ်ယောက်ရဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အကြံပြုဖို့ တောင်းဆိုလိုက်တယ်။ အားလုံးက စာရွက်မှာ ကိုယ်စီကိုယ်စီ နာမည်ရေး၊

စာရွက်ခေါက်ပြီး ဆရာမကို ပေးကြဖို့၊ ဆရာမက မဲနှိုက်ဆုံးဖြတ်ပေးဖို့၊ ဆရာမမဲနှိုက်တဲ့အခါ မဲကျသူသာ ဆုကို ရထိုက်သူဖြစ်ကြောင်း ကြေညာပေးဖို့ အကြံပြုကြတယ်။ ဒါနဲ့ အဲဒီလို လုပ်လိုက်ကြတာပေါ့။

ဆရာမက အားလုံးရှေ့မှာ မဲနှိုက်တယ်။ ကလေးမလေး (ဝဖာ အဗ်ဒုလ်ကရီးမ်) မဲပေါက်ပါတယ်။ ဆုယူဖို့ အရှေ့ကို လာခဲ့ပါသမီးလေး။ ကလေးတွေအားလုံး လက်ခုပ်သြဘာတီးကြတယ်။ ကလေးမလေးခင်ဗျာ၊ အားလုံးရဲ့ လက်ခုပ်သြဘာသံတွေကြားမှာ

ပျော်ရွှင်ပြီး မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဆရာမက အားလုံးကို ကျေးဇူးတင်စကားပြောတယ်။ ပြီးတော့ (ဝဖွာလေး) ကို ဆုချီးမြှင့်တယ်။ (ဝဖွာလေး) လည်း သူ့ရဲ့ ဖိနပ်ဟောင်းလေးအစား ဖိနပ်အသစ်ကလေး စီးလိုက်ရတယ်။

သူ့မိဘတွေ ဆင်းရဲလွန်းတော့ သူ့အတွက် ဖိနပ်လေးတစ်ရံတောင် ဝယ်မပေးနိုင်ကြရှာဘူး။ ဒီဖိနပ်လေးပဲ ဝတ်နေခဲ့ရတာ ကြာနေပြီကိုး။ ဆရာမက ဝမ်းသာပီတိဖြစ်ပြီး

အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ခင်ပွန်းကို အဲဒီအကြောင်း ပြောပြရင်း ငိုပါလေရော။ ဆရာမရဲ့ ခင်ပွန်းကလည်း ဒီအကြောင်းလေးကြားပြီး ဝမ်းသာပါရဲ့။

ဒါပေမဲ့ ဇနီးသည်ငိုနေတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ “ဒါနဲ့ မင်းကဘာလို့ ငိုရတာလဲကွာ၊ မင်းတပည့်လေးတွေ အားလုံး တော်ကြတာပဲ။ မင်းစီစဉ်ထားတဲ့ ဆုလည်း ပေးလိုက်နိုင်တာပဲကွာ” လို့ ပြောလိုက်တယ်။

အဲဒီမှာ ဆရာမက ပြန်ပြောတယ်။ “ကျွန်မပြန်လာနေရင်း ကျန်တဲ့ စာရွက်ခေါက်လေးတွေကို ဖွင့်ကြည့်မိတော့ ကလေးတွေအားလုံးက (ဝဖွာ အဗ်ဒုလ်ကရီးမ်) ရဲ့ နာမည်ကိုပဲ ရေးသားထားကြတာ တွေ့လိုက်ရလို့ပါ” တဲ့။

ဪ ကလေးတွေအားလုံးက (ဝဖွာ) ရဲ့ အခြေအနေကို မြင်တွေ့ကြပြီး (ဝဖွာ) နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေကို ထည့်ပေးဖို့ ညီညီညွတ်ညွတ် ရှိခဲ့ကြတာကိုး။ ဒါဟာ လူ့အဖွဲ့အစည်းမှာရှိတဲ့

ကျွန်တော်တို့ လူကြီးတွေအတွက် အတုယူသင့်တဲ့ စံနမူနာ တစ်ခုပါလား။ ကိုယ်က သူ့ထက်ပြည့်စုံနေရင် သူ့ဘက်ကို မျှမျှတတ တွေးပေးတတ်ဖို့ ဥပမာလေးတစ်ခုပါလား။ ဒါပေမယ့် ကျနော်တို့မှာ တခုခုဆို

ငါပဲ လိုချင်တယ်၊ ငါပဲ ရချင်တယ်၊ ငါအရင်ဦးမှ ဖြစ်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေသရွေ့ သာတူညီမျှတဲ့ လူ့အဖွဲ့အစည်း၊ ညီညွတ်မျှတတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေဦးမှာပါပဲ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*