ေစာင့္ထိန္းအပ္ေသာ လူမႈက်င့္ဝတ္ေလးမ်ား (အရမ္းေကာင္းလို႔ ဖတ္ၾကည့္ပါေနာ္…)

ေစာင့္ထိန္းအပ္ေသာ လူမႈက်င့္ဝတ္ေလးမ်ား
ေစာင့္ထိန္းအပ္ေသာ လူမႈက်င့္ဝတ္ေလးမ်ား

ေစာင့္ထိန္းအပ္ေသာ လူမႈက်င့္ဝတ္ေလးမ်ား (အရမ္းေကာင္းလို႔ ဖတ္ၾကည့္ပါေနာ္…)

(၁) ဘယ္ေလာက္ပဲ ခ်စ္ခင္ ရင္းႏွီးပါေစ… စကားကို လက္လြယ္စပယ္ မေျပာပါနဲ႔။ ခံစားတတ္တဲ့ ေဝဒနာ ဆိုတာ လူတိုင္းမွာ ရွိပါတယ္။

(၂) ဘယ္ေလာက္ပဲ မုန္းတီး ေနပါေစ… အျခားသူရဲ႕ ပုဂၢိဳလ္ေရးကို ႏွိမ့္ခ် ေစာ္ကားတာမ်ိဳး မျပဳလုပ္ပါနဲ႔။ ေလးစားမႈဆိုတာ လူတိုင္းနဲ႔ ထိုက္တန္သလို မိမိကိုယ္တိုင္နဲ႔လည္း ထိုက္တန္ ပါတယ္။

(၃) ဘယ္ေလာက္ပဲ သေဘာေကာင္းတဲ့ သူနဲ႔ေတြ႕ပါေစ… အခြင့္အေရးကို တဆုံး မႏႈိက္ပါနဲ႔။ မိမိကိုယ္ကိုယ္ ထိန္းသိမ္း တတ္ပါေစ။ အခြင့္အေရးသမားကို
လူတိုင္းက ႐ြံ႕မုန္း ၾကပါတယ္။

(၄) ဘယ္ေလာက္ပဲ အလကား ရေနပါေစ… မိမိ ရသင့္တဲ့ အတိုင္းအရွည္ ပမာဏကို အသိစိတ္နဲ႔ ဆင္ျခင္ တတ္ပါေစ။ သိကၡာတရား ဆိုတာ ေမြးျမဴသင့္ပါတယ္။

(၅) ဘယ္ေလာက္ပဲ အခက္အခဲ ျပႆနာနဲ႔ ႀကဳံရပါေစ… မိမိကိုယ္ပိုင္ အစြမ္းအစနဲ႔ အရင္ ေျဖရွင္း တတ္ပါေစ။ အကူအညီကို အလြယ္ တကူ လိုခ်င္တဲ့ သူ မျဖစ္ ပါေစနဲ႔။

(၆) ဘယ္ေလာက္ပဲ ႐ိုးသားတဲ့လူကို ေတြ႕ပါေစ… သင့္ အက်ိဳးအျမတ္ အတြက္ အသုံးမခ်ပါနဲ႔။ ႐ိုးသားမႈဆိုတာ အရည္အေသြး တစ္ခု ျဖစ္ၿပီး အျခားသူအတြက္ ျဖစ္တည္ေနတာ မဟုတ္ပါဘူး။

(၇) ဘယ္ေလာက္ပဲ အင္အား ႀကီးမားတဲ့သူ သင္ျဖစ္ေနလည္း… အလြယ္တကူ အႏိုင္က်င့္ခ်င္တဲ့ စိတ္ဓာတ္မ်ိဳး မေမြးပါနဲ႔။ ဒီကေန႔ အင္အား ႀကီးမားသူဟာ ေနာင္တစ္ေန႔မွာ အင္အား ေပ်ာက္ဆုံး သြားႏိုင္လို႔ပါ။ သံသရာဆိုတာ လည္ပတ္ ေနပါတယ္။

(၈) ဘယ္ေလာက္ပဲ အေတြးအေခၚေတြ ဆန္႔က်င္ဖက္ ျဖစ္ေနပါေစ… ကိုယ္ပဲ မွန္ေနတယ္ လို႔ မထင္ပါနဲ႔။ မက်င့္သုံးႏိုင္ရင္ ပယ္ လိုက္ ပါ။ အျခားသူရဲ႕ အေတြးအေခၚထဲ သင္လည္း မေနႏိုင္သလို သူလည္း ေနမွာ မဟုတ္ပါဘူး။

(၉) သင္ဘယ္ေလာက္ပဲ ထူးခြၽန္ ထက္ျမက္ ေနပါေစ… တျခားသူကို ညံ့ဖ်င္း တုံးအ တယ္လို႔ အလြယ္တကူ မွတ္ခ်က္ မေပးပါနဲ႔။ ေနာက္ခံ အေျခအေနဆိုတာ တသမတ္တည္း ရရွိႏိုင္တာ မဟုတ္လို႔ အရည္အခ်င္းေတြ ကြဲျပားေနတာကို သတိျပဳမိပါေစ။

(၁၀) မိမိ ႀကိဳက္ႏွစ္သက္တဲ့ လူ အရာဝတၳဳ အေတြးအေခၚ အေျခအေန တစ္ခုကို မိမိဘာသာ စိတ္ႀကိဳက္ ႏွစ္သက္ခြင့္ ရွိပါတယ္။ ဒါေပမယ့္ သူတစ္ပါးႀကိဳက္ႏွစ္သက္တဲ့ အရာေတြကိုေတာ့ ကဲ့ရဲ႕ရႈတ္ခ်ၿပီး သင္ႀကိဳက္တဲ့ အရာေတြကို ဂုဏ္တင္ၿပီး ေျပာတာမ်ိဳးေတာ့ မျဖစ္သင့္ပါ။

Crd. #အမႊာ – အမႊာ အငယ္ မေလး# ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်လေးများ (အရမ်းကောင်းလို့ ဖတ်ကြည့်ပါနော်…)

(၁) ဘယ်လောက်ပဲ ချစ်ခင် ရင်းနှီးပါစေ… စကားကို လက်လွယ်စပယ် မပြောပါနဲ့။ ခံစားတတ်တဲ့ ဝေဒနာ ဆိုတာ လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီး နေပါစေ… အခြားသူရဲ့ ပုဂ္ဂိုလ်ရေးကို နှိမ့်ချ စော်ကားတာမျိုး မပြုလုပ်ပါနဲ့။ လေးစားမှုဆိုတာ လူတိုင်းနဲ့ ထိုက်တန်သလို မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန် ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့ သူနဲ့တွေ့ပါစေ… အခွင့်အရေးကို တဆုံး မနှိုက်ပါနဲ့။ မိမိကိုယ်ကိုယ် ထိန်းသိမ်း တတ်ပါစေ။ အခွင့်အရေးသမားကို
လူတိုင်းက ရွံ့မုန်း ကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကား ရနေပါစေ… မိမိ ရသင့်တဲ့ အတိုင်းအရှည် ပမာဏကို အသိစိတ်နဲ့ ဆင်ခြင် တတ်ပါစေ။ သိက္ခာတရား ဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲ ပြဿနာနဲ့ ကြုံရပါစေ… မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင် ဖြေရှင်း တတ်ပါစေ။ အကူအညီကို အလွယ် တကူ လိုချင်တဲ့ သူ မဖြစ် ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို တွေ့ပါစေ… သင့် အကျိုးအမြတ် အတွက် အသုံးမချပါနဲ့။ ရိုးသားမှုဆိုတာ အရည်အသွေး တစ်ခု ဖြစ်ပြီး အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အား ကြီးမားတဲ့သူ သင်ဖြစ်နေလည်း… အလွယ်တကူ အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။ ဒီကနေ့ အင်အား ကြီးမားသူဟာ နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံး သွားနိုင်လို့ပါ။ သံသရာဆိုတာ လည်ပတ် နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်ကျင်ဖက် ဖြစ်နေပါစေ… ကိုယ်ပဲ မှန်နေတယ် လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ် လိုက် ပါ။ အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း မနေနိုင်သလို သူလည်း နေမှာ မဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန် ထက်မြက် နေပါစေ… တခြားသူကို ညံ့ဖျင်း တုံးအ တယ်လို့ အလွယ်တကူ မှတ်ချက် မပေးပါနဲ့။ နောက်ခံ အခြေအနေဆိုတာ တသမတ်တည်း ရရှိနိုင်တာ မဟုတ်လို့ အရည်အချင်းတွေ ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိ ကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့် ရှိပါတယ်။ ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့ အရာတွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့ အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့ မဖြစ်သင့်ပါ။

Crd. #အမွှာ – အမွှာ အငယ် မလေး# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*