အိမ္ေထာင္ျပဳတာ လြယ္ေပမယ့္ သာယာၿငိမ္းခ်မ္းတဲ့ အိမ္ေထာင္တစ္ခု ျဖစ္ဖို႕ ခက္ပါတယ္…

အိမ္ေထာင္ျပဳတာ လြယ္ေပမယ့္ သာယာၿငိမ္းခ်မ္းတဲ့ အိမ္ေထာင္တစ္ခု ျဖစ္ဖို႕ ခက္ပါတယ္...
အိမ္ေထာင္ျပဳတာ လြယ္ေပမယ့္ သာယာၿငိမ္းခ်မ္းတဲ့ အိမ္ေထာင္တစ္ခု ျဖစ္ဖို႕ ခက္ပါတယ္...

အိမ္ေထာင္ျပဳတာ လြယ္ေပမယ့္ သာယာၿငိမ္းခ်မ္းတဲ့ အိမ္ေထာင္တစ္ခု ျဖစ္ဖို႕ ခက္ပါတယ္…

အိမ္ေထာင္တစ္ခုမွာ ခ်စ္ၿပီး ညားတိုင္းလည္း သာယာၿငိမ္းခ်မ္းတဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ႏိုင္တာ မဟုတ္ဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ခြင့္လႊတ္ျခင္း

တစ္ေယာက္အမွားကို တစ္ေယာက္က ေက်ေအးျခင္းဆိုတာ ရွိမွ သာယာတဲ့ အိမ္ေထာင္တစ္ခုကို
တည္ေဆာက္ႏိုင္ပါတယ္။ တစ္အိမ္ထဲေနၿပီး လင္နဲ႔မယား ရန္ၿငိဳးဖြဲ႕ၿပီး တစ္ေယာက္အမွား တစ္ေယာက္ ရွာေနမယ္ဆိုရင္ေတာ့…

အဲ့ဒီ အိမ္ေထာင္ေရးဟာ ဘယ္ခါမွ မသာယာႏိုင္ပါဘူး။ တစ္ေယာက္အားနည္းခ်က္ကို တစ္ေယာက္က ႏိုင္ကြက္ တစ္ခုလို သေဘာထားၿပီး….. အသာဆီးယူၿပီး ဆက္ဆံခ်င္တဲ့ အိမ္ေထာင္ေရးကလည္း မၿငိမ္းခ်မ္းပါဘူး။

မိန္းမအေပၚ ႏိုင္စားလြန္းတဲ့ ေယာက္်ားနဲ႔ အမွတ္သည္းေျခႀကီးတဲ့ မိန္းမ၊ ေယာက္်ားအေပၚကက္ကက္လန္ေနတဲ့ မိန္းမနဲ႔ မာနႀကီးတဲ့ေယာက္်ား ေတြဆုံေတြ႕တဲ့အခါ… အိမ္ေထာင္ေရး မၿပိဳကြဲရင္ေတာင္…..

လင္နဲ႔ မယား ေအးစက္တဲ့ ဆက္ဆံေရးေတြ ျဖစ္သြားတယ္။ မာနတရားကို လက္ကိုင္ထားလို႔ တစ္အိမ္ထဲေနၿပီး ေသသည္အထိ မေခၚမေျပာၾကတဲ့ လင္မယားေတြလည္း ရွိေနၾကတယ္။

တစ္ခ်ိဳ႕အိမ္ေထာင္ေတြမွာ မိန္းမျဖစ္သူက ေယာက္်ားအေပၚ ေမတၱာအရင္းခံနဲ႔ သည္းခံ အေလွ်ာ့ေပးၿပီး… အိမ္ေထာင္ေရး တည္ၿမဲေအာင္ ထိန္းထားၾကရတယ္။ တစ္ခ်ိဳ႕အိမ္ေထာင္ေတြမွာေတာ့…

ေယာက္်ားျဖစ္သူက သားသမီးမ်က္ႏွာေတြ ငဲ့ကြက္ၿပီး ဇနီးအေပၚ သည္းခံၿပီး အိမ္ေထာင္ေရး တည္ၿမဲေအာင္ ေနၾကရတယ္။ အင္အားခ်င္း ယွဥ္ရင္ ေယာက္်ားက သာေပမဲ့လည္း… မိန္းမတစ္ေယာက္အမွားကို လက္မပါသလို သည္းခံႏိုင္တဲ့

ေယာက္်ားေကာင္းေတြလည္း ရွိၾကတယ္။ တစ္ခ်ိဳ႕ မိန္းမေတြက်ေတာ့လည္း သေဘာထားေသးသိမ္တဲ့ ေယာက္်ားေတြကို… ပါးစပ္မပါသလို တိတ္ဆိတ္ျခင္းေတြနဲ႔ သည္းခံေပးတဲ့ ဇနီးေကာင္းေတြလည္းရွိၾကတယ္။

မိန္းမက ဆိုးၿပီး ေဖာက္ျပန္ေနတဲ့ အိမ္ေထာင္ေရး…..ေယာက္်ားက ဆိုးၿပီး မိန္းမကို ႏိုင္ထက္စီးနင္း ဆက္ဆံတဲ့ အိမ္ေထာင္ေရးေတြလည္း အမ်ားႀကီးပါ။

လင္နဲ႔မယား စိတ္တူ ကိုယ္တူ မေဖာက္မျပားပဲနဲ႔ ေသတပန္ သက္ဆုံးတိုင္ ေပါင္းဖက္ရတယ္ဆိုရင္… အဲ့ အိမ္ေထာင္ေရးကို ကံအေကာင္းဆုံး အိမ္ေထာင္ေရးလို႔ ေျပာလို႔ ရပါတယ္။

သာယာၿငိမ္းခ်မ္းတဲ့ အိမ္ေထာင္ တစ္ခုကို တည္ေဆာက္ဖို႔နဲ႔ တည္ၿမဲေအာင္ ထိန္းသိမ္းႏိုင္ဖို႔က ခက္ပါတယ္။ ဒါေၾကာင့္မို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ မာန္မာနေတြေလွ်ာ့ၿပီး အျပစ္မျမင္ေသာ မ်က္စိမ်ားနဲ႔ ၾကည့္ၿပီး

ခ်စ္တတ္၊ ခြင့္လႊတ္တတ္ရင္ျဖင့္ သာယာေသာ အိမ္ေထာင္ေရးကို ဖန္တီးတည္ေဆာက္ႏိုင္ေသာ သူမ်ား ျဖစ္လာမွာ အမွန္ပါ…။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

အိမ်ထောင်ပြုတာ လွယ်ပေမယ့် သာယာငြိမ်းချမ်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်ဖို့ ခက်ပါတယ်…

အိမ်ထောင်တစ်ခုမှာ ချစ်ပြီး ညားတိုင်းလည်း သာယာငြိမ်းချမ်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်တာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ခွင့်လွှတ်ခြင်း

တစ်ယောက်အမှားကို တစ်ယောက်က ကျေအေးခြင်းဆိုတာ ရှိမှ သာယာတဲ့ အိမ်ထောင်တစ်ခုကို
တည်ဆောက်နိုင်ပါတယ်။ တစ်အိမ်ထဲနေပြီး လင်နဲ့မယား ရန်ငြိုးဖွဲ့ပြီး တစ်ယောက်အမှား တစ်ယောက် ရှာနေမယ်ဆိုရင်တော့…

အဲ့ဒီ အိမ်ထောင်ရေးဟာ ဘယ်ခါမှ မသာယာနိုင်ပါဘူး။ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က နိုင်ကွက် တစ်ခုလို သဘောထားပြီး….. အသာဆီးယူပြီး ဆက်ဆံချင်တဲ့ အိမ်ထောင်ရေးကလည်း မငြိမ်းချမ်းပါဘူး။

မိန်းမအပေါ် နိုင်စားလွန်းတဲ့ ယောက်ျားနဲ့ အမှတ်သည်းခြေကြီးတဲ့ မိန်းမ၊ ယောက်ျားအပေါ်ကက်ကက်လန်နေတဲ့ မိန်းမနဲ့ မာနကြီးတဲ့ယောက်ျား တွေဆုံတွေ့တဲ့အခါ… အိမ်ထောင်ရေး မပြိုကွဲရင်တောင်…..

လင်နဲ့ မယား အေးစက်တဲ့ ဆက်ဆံရေးတွေ ဖြစ်သွားတယ်။ မာနတရားကို လက်ကိုင်ထားလို့ တစ်အိမ်ထဲနေပြီး သေသည်အထိ မခေါ်မပြောကြတဲ့ လင်မယားတွေလည်း ရှိနေကြတယ်။

တစ်ချို့အိမ်ထောင်တွေမှာ မိန်းမဖြစ်သူက ယောက်ျားအပေါ် မေတ္တာအရင်းခံနဲ့ သည်းခံ အလျှော့ပေးပြီး… အိမ်ထောင်ရေး တည်မြဲအောင် ထိန်းထားကြရတယ်။ တစ်ချို့အိမ်ထောင်တွေမှာတော့…

ယောက်ျားဖြစ်သူက သားသမီးမျက်နှာတွေ ငဲ့ကွက်ပြီး ဇနီးအပေါ် သည်းခံပြီး အိမ်ထောင်ရေး တည်မြဲအောင် နေကြရတယ်။ အင်အားချင်း ယှဉ်ရင် ယောက်ျားက သာပေမဲ့လည်း… မိန်းမတစ်ယောက်အမှားကို လက်မပါသလို သည်းခံနိုင်တဲ့

ယောက်ျားကောင်းတွေလည်း ရှိကြတယ်။ တစ်ချို့ မိန်းမတွေကျတော့လည်း သဘောထားသေးသိမ်တဲ့ ယောက်ျားတွေကို… ပါးစပ်မပါသလို တိတ်ဆိတ်ခြင်းတွေနဲ့ သည်းခံပေးတဲ့ ဇနီးကောင်းတွေလည်းရှိကြတယ်။

မိန်းမက ဆိုးပြီး ဖောက်ပြန်နေတဲ့ အိမ်ထောင်ရေး…..ယောက်ျားက ဆိုးပြီး မိန်းမကို နိုင်ထက်စီးနင်း ဆက်ဆံတဲ့ အိမ်ထောင်ရေးတွေလည်း အများကြီးပါ။

လင်နဲ့မယား စိတ်တူ ကိုယ်တူ မဖောက်မပြားပဲနဲ့ သေတပန် သက်ဆုံးတိုင် ပေါင်းဖက်ရတယ်ဆိုရင်… အဲ့ အိမ်ထောင်ရေးကို ကံအကောင်းဆုံး အိမ်ထောင်ရေးလို့ ပြောလို့ ရပါတယ်။

သာယာငြိမ်းချမ်းတဲ့ အိမ်ထောင် တစ်ခုကို တည်ဆောက်ဖို့နဲ့ တည်မြဲအောင် ထိန်းသိမ်းနိုင်ဖို့က ခက်ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် မာန်မာနတွေလျှော့ပြီး အပြစ်မမြင်သော မျက်စိများနဲ့ ကြည့်ပြီး

ချစ်တတ်၊ ခွင့်လွှတ်တတ်ရင်ဖြင့် သာယာသော အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်နိုင်သော သူများ ဖြစ်လာမှာ အမှန်ပါ…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*