Desktop ႏွင့္ Laptop ဘာေတြကြာျခားလဲ….?

Desktop ႏွင့္ Laptop ဘာေတြကြာျခားလဲ....?
Desktop ႏွင့္ Laptop ဘာေတြကြာျခားလဲ....?

Desktop ႏွင့္ Laptop ဘာေတြကြာျခားလဲ….?

ကြန္ပ်ဴတာ အသုံးျပဳေနတဲ့သူေတြၾကားထဲမွာ Desktop User နဲ႔ Laptop User ေတြအေနနဲ႔ ဘယ္ဟာက ပိုေကာင္းတယ္ဆိုတာ အခုအခ်ိန္ထိ ျငင္းခုန္ေနၾကပါတယ္။ အက္ဒ္မင္က Desktop ေရာ Laptop ေရာ အသုံးျပဳဖူးတာေၾကာင့္

ဘယ္သူ ပိုေကာင္းတယ္ဆိုတာထက္ ဘာေတြ ကြာျခားသြားလဲဆိုတာကို အခ်က္ေလးေတြနဲ႔ ဒီေန႔မွာေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

ကုန္က်စရိတ္

ကုန္က်စရိတ္ပိုင္းမွာေတာ့ Desktop နဲ႔ Laptop ဟာ ေစ်းႏႈန္း ကြာဟခ်က္ အရမ္းႀကီးမရွိဘဲ Desktop က အဓိကသာတဲ့ အခ်က္က ကိုယ့္သုံးမယ့္ Performance ကို ခ်ိန္ဆၿပီး Hardware ပိုင္းကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ပါတယ္။

႐ုံးသုံး၊ အိမ္သုံးဖို႔အတြက္ ကြန္ပ်ဴတာတစ္လုံးကို (CPU- i3, Ram – 4GB, HDD 1TB, …) ဆို ရပါတယ္။ ဒါေပမယ့္ Performance ပိုင္းျမင့္မားတဲ့ ကြန္ပ်ဴတာတစ္လုံးကို လိုခ်င္တယ္ဆိုရင္ေတာ့ Desktop က Laptop ထက္ အနည္းငယ္ ေစ်းႏႈန္း သက္သာပါတယ္။

Desktop က ကြန္ပ်ဴတာတစ္လုံးကို စိတ္ႀကိဳက္ Processor, GPU စတဲ့ Hardware ေတြနဲ႔ ဖြဲ႕စည္းႏိုင္ၿပီး Hardware ေတြကလည္း Brand ေပၚမူတည္ၿပီး ေစ်းႏႈန္းကို ခ်ိန္ဆႏိုင္တာေၾကာင့္ Hardware ပိုင္း Build-in ပါတဲ့ Laptop ထက္ ေစ်းႏႈန္း ပိုသက္သာရတာပဲျဖစ္ပါတယ္။

စြမ္းေဆာင္ရည္

Desktop နဲ႔ Laptop ကို စြမ္းေဆာင္ရည္ပိုင္း ယွဥ္မယ္ဆိုရင္ Desktop ကအသာရတယ္လို႔ပဲေျပာခ်င္ပါတယ္။ Processor, GPU, Ram တူညီတဲ့ Desktop နဲ႔ Laptop ကို ယွဥ္ၿပီး အသုံးျပဳတဲ့အခါမွာ Desktop က Laptop ထက္ ပိုမိုျမန္ဆန္ၿပီး စက္ထစ္တာတို႔ကိုလည္း မျဖစ္ေစပါဘူး။

အခုလိုျဖစ္ရတဲ့ အဓိကအခ်က္ကေတာ့… အပူထိန္းခ်ဳပ္ႏိုင္မႈပဲ ျဖစ္ပါတယ္။ Laptop ေတြမွာ fan အေရအတြက္ အကန႔္အသတ္ႏွင့္ ပါဝင္တာေၾကာင့္ အသုံးျပဳခ်ိန္ၾကာလာတာႏွင့္အမွ် CPU က ထုတ္လႊတ္တဲ့ အပူႏႈန္းကို fan က ေကာင္းမြန္စြာ မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္

စက္ထစ္တာေတြ ျဖစ္ေပၚလာရတာျဖစ္ပါတယ္။ Desktop ေတြဟာ Laptop ေတြမွာလို fan ကိုအကန႔္အသတ္နဲ႔ ထားရွိတာမ်ိဳးမဟုတ္ဘဲ မိမိစိတ္ႀကိဳက္ fan ကို တပ္ဆင္အသုံးျပဳႏိုင္တာေၾကာင့္ CPU ရဲ႕ထုတ္လႊတ္တဲ့ အပူႏႈန္းကို ေကာင္းမြန္စြာ ထိန္းခ်ဳပ္ႏိုင္တာပဲျဖစ္ပါတယ္။

Hardware ပိုင္း

Desktop ေတြရဲ႕ အဓိက အားသာခ်က္က… Hardware ပိုင္း (Processor, GPU, Ram, HDD) ကို စိတ္ႀကိဳက္ Upgrade ျမႇင့္ႏိုင္တာပဲ ျဖစ္ပါတယ္။ Laptop တစ္လုံးကို Desktop တစ္လုံးမွာလို Hardware ပိုင္းကို စိတ္ႀကိဳက္ Upgrade လုပ္ႏိုင္မွာ မဟုတ္ဘဲ

Ram, HDD ေတြကိုပဲ Upgrade လုပ္ႏိုင္မွာျဖစ္ပါတယ္။ Laptop တစ္လုံးမွာ Build-in ပါဝင္တဲ့ Processor ႏွင့္ GPU ေတြကို Upgrade လုပ္လို႔ ရမွာမဟုတ္ပါဘူး။

ပါဝါ အသုံးျပဳမႈ

Desktop ေတြက ပါဝါ အသုံးျပဳမႈႏႈန္းမွာ Laptop ေတြထက္ ပိုၿပီးမ်ားပါတယ္။ Desktop ေတြမွာ Battery မရွိတာေၾကာင့္ Wattage အားမ်ားတဲ့ Power Supply ေတြကို UPS ေတြနဲ႔ တြဲဖက္အသုံးျပဳရၿပီး Power Supply မွတစ္ဆင့္ Motherboard, HDD . . စတဲ့ Hardware ပိုင္းေတြကို

ပါဝါျပန္လႊတ္ပါတယ္။ (Power Supply က ထုတ္လႊတ္တဲ့ Watt နဲ႔လိုက္ဖက္မယ့္ Motherboard ေတြကို အသုံးျပဳဖို႔လိုအပ္ၿပီး Power Supply ကထုတ္တဲ့ Watt က အရမ္းမ်ားေနရင္လည္း သင့္ကြန္ပ်ဴတာရဲ႕ Motherboard ကို ပ်က္စီးေစပါတယ္။)

Laptop ေတြမွာေတာ့ Battery ပါတာေၾကာင့္ အားကုန္သြားခ်ိန္မွာ အလြယ္တကူ အားျပန္သြင္းႏိုင္ၿပီး ကြန္ပ်ဴတာနဲ႔ လိုက္ဖက္မယ့္ Watt ကို အသုံးျပဳထားတာေၾကာင့္ ဒီအခ်က္မွာေတာ့ Laptop က Desktop ကို အသာရပါတယ္။

သယ္ေဆာင္ရလြယ္ကူမႈ

Laptop ေတြက ေပါ့ပါးၿပီး သယ္ေဆာင္ရ လြယ္ကူတာေၾကာင့္ သြားေလရာကို အလြယ္တကူ ယူသြားႏိုင္ပါတယ္။ Desktop ေတြကေတာ့ ေနရာေျပာင္းေ႐ႊ႕မယ္ဆိုရင္ Casing၊ Monitor, UPS ေတြကိုသယ္ရမွာျဖစ္ၿပီး

အိမ္ (သို႔) ႐ုံးမွာပဲ အထိုင္ခ်ၿပီး အသုံးျပဳတာ အသင့္ေတာ္ဆုံးျဖစ္ပါတယ္။ ဒီအခ်က္မွာေတာ့ Laptop က Desktop ကို အျပတ္အသတ္ အသာရပါတယ္။

ျပန္လည္ ျပဳျပင္ႏိုင္မႈ

Laptop ေတြမွာ Error တစ္ခုခုျဖစ္ခဲ့ရင္ Service ပို႔ရတာ မ်ားပါတယ္။ ဘာလို႔လဲဆိုေတာ့… Laptop တိုင္းနီးပါးမွာ စက္ဖြင့္ရင္ Warranty ပ်က္တယ္ဆိုတဲ့ ကန႔္သတ္ခ်က္ေၾကာင့္ ပဲျဖစ္ပါတယ္။
Desktop မွာေတာ့ Error တက္ရင္ေတာ့ Casing ကို အလြယ္တကူဖြင့္ကာ Error တက္တဲ့ အပိုင္းကို ရွာေဖြလို႔ရၿပီး အလြယ္တကူျဖဳတ္လဲႏိုင္ပါတယ္။

Features စုံလင္

ေနာက္ဆုံးေပၚ Features ေတြကို Laptop ေတြမွာသာ ဦးစြာ ပါဝင္ေလ့ရွိၿပီး ဒီအခ်က္မွာေတာ့… Desktop ေတြက Laptop ေတြထက္ ေနာက္မွာက်န္ေနခဲ့တဲ့ အခ်က္ပဲျဖစ္ပါတယ္။ Security ပိုင္း Features ေတြျဖစ္တဲ့ Fingerprint, Face Recognize စတဲ့ Features ေတြကို Laptop ေတြမွာပဲ ေတြ႕ရပါတယ္။

(Desktop ေတြမွာ Fingerprint ကို USB နဲ႔တြဲၿပီး အသုံးျပဳလို႔ရတဲ့ Fingerprint Scanner ေလးေတြရွိေနပါၿပီ။) အဲ့တာအျပင္ ေနာက္ပိုင္းထြက္တဲ့ Laptop ေတြတိုင္းမွာ Window License ေတြ ပါဝင္လာၿပီး Desktop ေတြမွာေတာ့ Window License မပါဝင္ပါဘူး။

အခု အက္ဒ္မင္ေျပာတဲ့ အခ်က္ေလးေတြက Desktop နဲ႔ Laptop ေတြ အဓိကကြာျခားတဲ့ အခ်က္ေလးေတြျဖစ္ၿပီး အားလုံးလဲနားလည္ၾကမယ္လို႔ ထင္ပါတယ္။ Desktop မွာေရာ Laptop မွာပါ ေကာင္းတဲ့အခ်က္ေတြေရာ၊ မေကာင္းတဲ့အခ်က္ေတြေရာ ကိုယ္စီရွိၾကၿပီး

ဘယ္ဟာ ပိုေကာင္းတယ္ဆိုတာထက္ ကိုယ္နဲ႔ ဘယ္အရာက ပိုသင့္ေတာ္တယ္ဆိုတာကို အေကာင္းဆုံးေ႐ြးခ်ယ္တတ္ဖို႔ အက္ဒ္မင္ အႀကံျပဳလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

Desktop နှင့် Laptop ဘာတွေကွာခြားလဲ….?

ကွန်ပျူတာ အသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာ အခုအချိန်ထိ ငြင်းခုန်နေကြပါတယ်။ အက်ဒ်မင်က Desktop ရော Laptop ရော အသုံးပြုဖူးတာကြောင့်

ဘယ်သူ ပိုကောင်းတယ်ဆိုတာထက် ဘာတွေ ကွာခြားသွားလဲဆိုတာကို အချက်လေးတွေနဲ့ ဒီနေ့မှာပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်

ကုန်ကျစရိတ်ပိုင်းမှာတော့ Desktop နဲ့ Laptop ဟာ ဈေးနှုန်း ကွာဟချက် အရမ်းကြီးမရှိဘဲ Desktop က အဓိကသာတဲ့ အချက်က ကိုယ့်သုံးမယ့် Performance ကို ချိန်ဆပြီး Hardware ပိုင်းကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ရုံးသုံး၊ အိမ်သုံးဖို့အတွက် ကွန်ပျူတာတစ်လုံးကို (CPU- i3, Ram – 4GB, HDD 1TB, …) ဆို ရပါတယ်။ ဒါပေမယ့် Performance ပိုင်းမြင့်မားတဲ့ ကွန်ပျူတာတစ်လုံးကို လိုချင်တယ်ဆိုရင်တော့ Desktop က Laptop ထက် အနည်းငယ် ဈေးနှုန်း သက်သာပါတယ်။

Desktop က ကွန်ပျူတာတစ်လုံးကို စိတ်ကြိုက် Processor, GPU စတဲ့ Hardware တွေနဲ့ ဖွဲ့စည်းနိုင်ပြီး Hardware တွေကလည်း Brand ပေါ်မူတည်ပြီး ဈေးနှုန်းကို ချိန်ဆနိုင်တာကြောင့် Hardware ပိုင်း Build-in ပါတဲ့ Laptop ထက် ဈေးနှုန်း ပိုသက်သာရတာပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

Desktop နဲ့ Laptop ကို စွမ်းဆောင်ရည်ပိုင်း ယှဉ်မယ်ဆိုရင် Desktop ကအသာရတယ်လို့ပဲပြောချင်ပါတယ်။ Processor, GPU, Ram တူညီတဲ့ Desktop နဲ့ Laptop ကို ယှဉ်ပြီး အသုံးပြုတဲ့အခါမှာ Desktop က Laptop ထက် ပိုမိုမြန်ဆန်ပြီး စက်ထစ်တာတို့ကိုလည်း မဖြစ်စေပါဘူး။

အခုလိုဖြစ်ရတဲ့ အဓိကအချက်ကတော့… အပူထိန်းချုပ်နိုင်မှုပဲ ဖြစ်ပါတယ်။ Laptop တွေမှာ fan အရေအတွက် အကန့်အသတ်နှင့် ပါဝင်တာကြောင့် အသုံးပြုချိန်ကြာလာတာနှင့်အမျှ CPU က ထုတ်လွှတ်တဲ့ အပူနှုန်းကို fan က ကောင်းမွန်စွာ မထိန်းချုပ်နိုင်တာကြောင့်

စက်ထစ်တာတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ Desktop တွေဟာ Laptop တွေမှာလို fan ကိုအကန့်အသတ်နဲ့ ထားရှိတာမျိုးမဟုတ်ဘဲ မိမိစိတ်ကြိုက် fan ကို တပ်ဆင်အသုံးပြုနိုင်တာကြောင့် CPU ရဲ့ထုတ်လွှတ်တဲ့ အပူနှုန်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။

Hardware ပိုင်း

Desktop တွေရဲ့ အဓိက အားသာချက်က… Hardware ပိုင်း (Processor, GPU, Ram, HDD) ကို စိတ်ကြိုက် Upgrade မြှင့်နိုင်တာပဲ ဖြစ်ပါတယ်။ Laptop တစ်လုံးကို Desktop တစ်လုံးမှာလို Hardware ပိုင်းကို စိတ်ကြိုက် Upgrade လုပ်နိုင်မှာ မဟုတ်ဘဲ

Ram, HDD တွေကိုပဲ Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Laptop တစ်လုံးမှာ Build-in ပါဝင်တဲ့ Processor နှင့် GPU တွေကို Upgrade လုပ်လို့ ရမှာမဟုတ်ပါဘူး။

ပါဝါ အသုံးပြုမှု

Desktop တွေက ပါဝါ အသုံးပြုမှုနှုန်းမှာ Laptop တွေထက် ပိုပြီးများပါတယ်။ Desktop တွေမှာ Battery မရှိတာကြောင့် Wattage အားများတဲ့ Power Supply တွေကို UPS တွေနဲ့ တွဲဖက်အသုံးပြုရပြီး Power Supply မှတစ်ဆင့် Motherboard, HDD . . စတဲ့ Hardware ပိုင်းတွေကို

ပါဝါပြန်လွှတ်ပါတယ်။ (Power Supply က ထုတ်လွှတ်တဲ့ Watt နဲ့လိုက်ဖက်မယ့် Motherboard တွေကို အသုံးပြုဖို့လိုအပ်ပြီး Power Supply ကထုတ်တဲ့ Watt က အရမ်းများနေရင်လည်း သင့်ကွန်ပျူတာရဲ့ Motherboard ကို ပျက်စီးစေပါတယ်။)

Laptop တွေမှာတော့ Battery ပါတာကြောင့် အားကုန်သွားချိန်မှာ အလွယ်တကူ အားပြန်သွင်းနိုင်ပြီး ကွန်ပျူတာနဲ့ လိုက်ဖက်မယ့် Watt ကို အသုံးပြုထားတာကြောင့် ဒီအချက်မှာတော့ Laptop က Desktop ကို အသာရပါတယ်။

သယ်ဆောင်ရလွယ်ကူမှု

Laptop တွေက ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူတာကြောင့် သွားလေရာကို အလွယ်တကူ ယူသွားနိုင်ပါတယ်။ Desktop တွေကတော့ နေရာပြောင်းရွှေ့မယ်ဆိုရင် Casing၊ Monitor, UPS တွေကိုသယ်ရမှာဖြစ်ပြီး

အိမ် (သို့) ရုံးမှာပဲ အထိုင်ချပြီး အသုံးပြုတာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီအချက်မှာတော့ Laptop က Desktop ကို အပြတ်အသတ် အသာရပါတယ်။

ပြန်လည် ပြုပြင်နိုင်မှု

Laptop တွေမှာ Error တစ်ခုခုဖြစ်ခဲ့ရင် Service ပို့ရတာ များပါတယ်။ ဘာလို့လဲဆိုတော့… Laptop တိုင်းနီးပါးမှာ စက်ဖွင့်ရင် Warranty ပျက်တယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ပဲဖြစ်ပါတယ်။
Desktop မှာတော့ Error တက်ရင်တော့ Casing ကို အလွယ်တကူဖွင့်ကာ Error တက်တဲ့ အပိုင်းကို ရှာဖွေလို့ရပြီး အလွယ်တကူဖြုတ်လဲနိုင်ပါတယ်။

Features စုံလင်

နောက်ဆုံးပေါ် Features တွေကို Laptop တွေမှာသာ ဦးစွာ ပါဝင်လေ့ရှိပြီး ဒီအချက်မှာတော့… Desktop တွေက Laptop တွေထက် နောက်မှာကျန်နေခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။ Security ပိုင်း Features တွေဖြစ်တဲ့ Fingerprint, Face Recognize စတဲ့ Features တွေကို Laptop တွေမှာပဲ တွေ့ရပါတယ်။

(Desktop တွေမှာ Fingerprint ကို USB နဲ့တွဲပြီး အသုံးပြုလို့ရတဲ့ Fingerprint Scanner လေးတွေရှိနေပါပြီ။) အဲ့တာအပြင် နောက်ပိုင်းထွက်တဲ့ Laptop တွေတိုင်းမှာ Window License တွေ ပါဝင်လာပြီး Desktop တွေမှာတော့ Window License မပါဝင်ပါဘူး။

အခု အက်ဒ်မင်ပြောတဲ့ အချက်လေးတွေက Desktop နဲ့ Laptop တွေ အဓိကကွာခြားတဲ့ အချက်လေးတွေဖြစ်ပြီး အားလုံးလဲနားလည်ကြမယ်လို့ ထင်ပါတယ်။ Desktop မှာရော Laptop မှာပါ ကောင်းတဲ့အချက်တွေရော၊ မကောင်းတဲ့အချက်တွေရော ကိုယ်စီရှိကြပြီး

ဘယ်ဟာ ပိုကောင်းတယ်ဆိုတာထက် ကိုယ်နဲ့ ဘယ်အရာက ပိုသင့်တော်တယ်ဆိုတာကို အကောင်းဆုံးရွေးချယ်တတ်ဖို့ အက်ဒ်မင် အကြံပြုလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*