“မွန္လိုလူလား… ပန္းခ်ီကားလိုလူလား…”

“မွန္လိုလူလား... ပန္းခ်ီကားလိုလူလား...”
“မွန္လိုလူလား... ပန္းခ်ီကားလိုလူလား...”

“မွန္လိုလူလား… ပန္းခ်ီကားလိုလူလား…”

သတိထားမိသေလာက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့သူ၊ ရပ္တည္ခ်က္ ခိုင္မာတဲ့သူေတြဟာ သူမ်ားေတြရဲ႕ ခ်ီးမြမ္းျခင္း၊ ကဲ့ရဲ႕ျခင္း၊ အသိအမွတ္ျပဳျခင္း၊ မျပဳျခင္း၊ ေက်းဇူးတင္ျခင္း၊ မတင္ျခင္းေတြအေပၚမွာ သိပ္ၿပီး ခံစားေလ့မရွိဘူး။

ခ်ီးမြမ္းခံရလည္း ဘဝင္ျမင့္မသြား၊ ေအာက္ေျခလြတ္မသြားသလို၊ ကဲ့ရဲ႕ခံရလို႔လည္း လုပ္မယ္လို႔ ဆုံးျဖတ္ထားတဲ့ အရာေတြကို ေနာက္မဆုတ္ပစ္ တတ္ဘူး။ သူ႔ တန္ဖိုး သူ သိတယ္၊ ဘယ္သူ ဆုံးျဖတ္ေပးတာကိုမွ မခံဘူး။

ကိုယ္လုပ္ေနတာေတြဟာလည္း အသိအမွတ္ ျပဳခံရဖို႔၊ ေက်းဇူးတင္ခံရဖို႔ မဟုတ္ေတာ့ အဲလိုေက်းဇူးမတင္လို႔၊ အသိအမွတ္မျပဳလို႔ ဆိုၿပီး ေစတနာ ပ်က္သြားတာမ်ိဳးလည္း မရွိဘူး။ ဘယ္သူ သိသိ မသိသိ ကိုယ္ လုပ္စရာရွိတာေတာ့ ဆက္ လုပ္သြားဦးမွာပါပဲ။

လြတ္လပ္တဲ့ လူဆိုတာ အဲဒီလိုလူမ်ိဳးကို ေခၚတာ ျဖစ္ပါတယ္။ သူ႔လုပ္ရပ္၊ သူ႔အေတြးအႀကံ၊ သူ႔ေစတနာေတြဟာ ဘယ္ေပၚမွာမွ မွီတည္ မေနဘူး။ ဘယ္လို တုံ႔ျပန္မႈမ်ိဳး ရလာပါေစ၊ သူ႔ရပ္တည္ခ်က္အတိုင္းပဲ ဆက္သြားေနမွာ ျဖစ္တယ္။

မွန္တစ္ခ်ပ္ဟာ သူ႔ေရွ႕ကို ေရာက္လာတဲ့လူရဲ႕ မ်က္ႏွာေပၚ မူတည္ၿပီး တူညီတဲ့ ပုံရိပ္ကို ျပန္ထုတ္ေပးပါတယ္။ ၿပဳံးရင္ ျပန္ ၿပဳံးျပတယ္။ မဲ့ရင္လည္း ျပန္ မဲ့ျပတယ္။ သူ႔ဘဝက သူ႔ေရွ႕ လာရပ္တဲ့သူအေပၚမွာ မူတည္ေနတယ္။

တခ်ိဳ႕ေတြ ခံယူထားတဲ့… သင္ေကာင္းလွ်င္ ကြၽႏ္ုပ္မဆိုးပါ ဆိုတာ ဒါမ်ိဳးေပါ့။ ဒါေပမဲ့ သိပ္လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္က်ေတာ့ ဒီလို မဟုတ္ဘူး။ သူ႔ေရွ႕လာၿပီး ၿပဳံးပဲျပျပ၊ မဲ့ပဲျပျပ၊ သူကေတာ့ လွပတဲ့ ႐ုပ္ပုံေလးကို အၿမဲျပေနမွာ ျဖစ္ပါတယ္။

သူ႔ လုပ္ရပ္ေတြဟာ သူ႔ေရွ႕ ဘယ္လို လာလုပ္ျပေနသလဲ ဆိုတာနဲ႔ မဆိုင္ဘူး၊ သူ႔ ကိုယ္ပိုင္မူ အတိုင္းပဲ သူေနတယ္။ လက္စားေခ်တယ္၊ တုံ႔ျပန္တယ္၊ စိတ္ပ်က္တယ္ ဆိုတာမ်ိဳးေတြ သူ႔ရာဇဝင္မွာ မရွိဘူး၊ ဒါေတြအတြက္နဲ႔ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို အလဟႆ အကုန္ မခံဘူး။

ေလာကမွာ လူႏွစ္မ်ိဳးပဲ ရွိသတဲ့။ ေကာင္းတာ လုပ္တဲ့ လူနဲ႔ မေကာင္းတာ လုပ္တဲ့ လူ တဲ့။ တကယ္ေတာ့ ေကာင္းတာလုပ္ေနတဲ့ လူေတြမွာမွ ေနာက္ ၂ မ်ိဳး ထပ္ကြဲပါေသးတယ္… “မွန္လို လူနဲ႔ ပန္းခ်ီကားလို လူ”

မူရင္းေရးသားသူအား လေးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

“မှန်လိုလူလား… ပန်းချီကားလိုလူလား…”

သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။

ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ် တတ်ဘူး။ သူ့ တန်ဖိုး သူ သိတယ်၊ ဘယ်သူ ဆုံးဖြတ်ပေးတာကိုမှ မခံဘူး။

ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ် ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာ ပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူ သိသိ မသိသိ ကိုယ် လုပ်စရာရှိတာတော့ ဆက် လုပ်သွားဦးမှာပါပဲ။

လွတ်လပ်တဲ့ လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည် မနေဘူး။ ဘယ်လို တုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။

မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန် ပြုံးပြတယ်။ မဲ့ရင်လည်း ပြန် မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။

တချို့တွေ ခံယူထားတဲ့… သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာ ဒါမျိုးပေါ့။ ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလို မဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။

သူ့ လုပ်ရပ်တွေဟာ သူ့ရှေ့ ဘယ်လို လာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူ့ ကိုယ်ပိုင်မူ အတိုင်းပဲ သူနေတယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ်၊ စိတ်ပျက်တယ် ဆိုတာမျိုးတွေ သူ့ရာဇဝင်မှာ မရှိဘူး၊ ဒါတွေအတွက်နဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန် မခံဘူး။

လောကမှာ လူနှစ်မျိုးပဲ ရှိသတဲ့။ ကောင်းတာ လုပ်တဲ့ လူနဲ့ မကောင်းတာ လုပ်တဲ့ လူ တဲ့။ တကယ်တော့ ကောင်းတာလုပ်နေတဲ့ လူတွေမှာမှ နောက် ၂ မျိုး ထပ်ကွဲပါသေးတယ်… “မှန်လို လူနဲ့ ပန်းချီကားလို လူ”

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*