သင့္သမီးေတြကို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိေအာင္ ဒီအခ်က္ေတြကို လမ္းၫႊန္ေပးပါ…

သင့္သမီးေတြကို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိေအာင္ ဒီအခ်က္ေတြကို လမ္းၫႊန္ေပးပါ...
သင့္သမီးေတြကို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိေအာင္ ဒီအခ်က္ေတြကို လမ္းၫႊန္ေပးပါ...

သင့္သမီးေတြကို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိေအာင္ ဒီအခ်က္ေတြကို လမ္းၫႊန္ေပးပါ…

မိန္းကေလးေတြက အသက္ ၈ႏွစ္အ႐ြယ္ေလာက္ကို ေရာက္တဲ့အခါ ပတ္ဝန္းက်င္၊ ခႏၶာကိုယ္ေျပာင္းလဲမႈ၊ သူငယ္ခ်င္း၊ မိသားစုေတြေၾကာင့္ ကိုယ့္ကိုယ့္ကိုယ္ ယုံၾကည္မႈက ေလ်ာ့ပါးသြားပါတယ္။ တစ္ခါတရံမွာ

အဲဒီ အ႐ြယ္ကေနစၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ ေပ်ာက္ဆုံးသြားတာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ စိတ္ပူစရာမလိုပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မရွိတဲ့ မိန္းကေလးေတြကို

ယုံၾကည္မႈရွိလာေအာင္၊ ယုံၾကည္မႈေတြ ေပ်ာက္ေနရင္ ျပန္လည္ သန္မာလာေအာင္ လုပ္ေပးႏိုင္မယ့္ နည္းလမ္းေတြ ရွိပါတယ္။

(၁) သင့္သမီးမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းလာေစတဲ့ အေၾကာင္းအရင္းကို ရွာပါ…

ေလ့လာခ်က္ေတြအရ… မိန္းကေလးေတြမွာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈက အသက္ ၈ ႏွစ္ကေန ၁၄ ႏွစ္မွာ ေလ်ာ့က်သြားပါတယ္။ ပုံမွန္အားျဖင့္ေတာ့

မိဘေတြရဲ႕ ေမွ်ာ္လင့္ခ်က္ႀကီးမားမႈနဲ႔ အလြန္ကြၽံ အုပ္ထိန္းမႈတို႔ေၾကာင့္ပါ။ အဲဒါေၾကာင့္ ဆယ္ေက်ာ္သက္ျဖစ္ခါစ မိန္းကေလးေတြရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္ဖို႔လည္း လိုအပ္ပါတယ္။

(၂) အေၾကာက္တရားေတြကို ရင္ဆိုင္တတ္ေအာင္ အားေပးပါ…

တခ်ိဳ႕အရာေတြကို သင့္သမီးက စတင္သင္ယူခ်င္ေပမယ့္ သူ႔မွာေၾကာက္စိတ္၊ မဝံ့မရဲစိတ္ေတြ ရွိေနမွာပါ။ ဥပမာ သင့္သမီးက ေရကူးသင္ခ်င္ေပမယ့္ ေၾကာက္႐ြံ႕ေနတယ္ဆိုရင္ ေရကူးသင္တဲ့အခါ

ရလာမယ့္ ေၾကာက္စိတ္ေတြကို ခ်ေရးဖို႔ေျပာပါ။ ၿပီးေတာ့ အဲဒီအခက္အခဲေတြကို ဘယ္လိုေျဖရွင္းႏိုင္မလဲဆိုတာကို ေျပာျပပါ။ သူ႔ရဲ႕အရင္အေတြ႕အႀကဳံေတြကိုလည္း မေမ့ပစ္လိုက္ဖို႔ လိုပါေသးတယ္။

(၃) ဆုံးရႈံးမႈနဲ႔ ရင္ဆိုင္ၿပီးေနာက္ လက္မေလွ်ာ့တတ္ေစဖို႔ သင္ေပးပါ…

အရႈံးက မျဖစ္မေန ေတြ႕ႀကဳံရမယ့္အရာပါ။ ဒါေပမယ့္ သင့္သမီးေလးကို အရႈံးေတြ ေတြ႕ရတဲ့အခါ လက္ခံတတ္ေအာင္၊ သင္ခန္းစာယူတတ္ေအာင္၊ ေနာက္တစ္ႀကိမ္အတြက္ အဆင္သင့္ျဖစ္ေနေအာင္

လမ္းၫႊန္ေပးပါ။ ဒါ့အျပင္ အရႈံးဆိုတာ ေနာက္ဆုတ္ဖို႔မဟုတ္ဘဲ သန္သန္မာမာနဲ႔ ေရွ႕ဆက္တိုးႏိုင္ဖို႔ သင္ၾကားေပးတဲ့အရာျဖစ္ေၾကာင္း ေျပာျပေပးႏိုင္ပါတယ္။

(၄) “ျဖစ္ေကာင္းျဖစ္ႏိုင္တယ္” ဆိုတဲ့ စကားကို အသုံးျပဳတတ္ေအာင္ သင္ၾကားေပးပါ…

သင့္သမီးက ေက်ာင္းမွာ လူအမ်ားေရွ႕ စကားထြက္ေျပာရတဲ့ အေျခအေနမ်ိဳးေတြမွာ “ျဖစ္ေကာင္းျဖစ္ႏိုင္တယ္” ဆိုတဲ့စကားကို ထည့္ေျပာတတ္ေစဖို႔ ေျပာျပထားေပးပါ။ ဒီစကားက

သူ႔အတြက္ ေသခ်ာမသိေသးတဲ့ အေၾကာင္းအရာေတြမွာ ထိန္းခ်ဳပ္လိုက္ႏိုင္ဖို႔ အကူအညီ ျဖစ္ေစမွာပါ။ ၿပီးေတာ့ သူ႔အတြက္ စဥ္းစားခ်ိန္လည္း ပိုရေစပါတယ္။

(၅) ကိုယ္ပိုင္ေ႐ြးခ်ယ္မႈ ရေအာင္ ခြင့္ျပဳေပးပါ…

သင့္သမီးကို အိမ္မွာ ေ႐ြးခ်ယ္မႈေတြအတြက္ ဆုံးျဖတ္ခြင့္မေပးရင္ အျပင္ေရာက္တဲ့အခါလည္း မဆုံးျဖတ္တတ္ျဖစ္ေနမွာပါ။ အဲဒါေၾကာင့္ အေသးအမႊားအရာေလးေတြကေနစၿပီး

ကိုယ္ပိုင္စဥ္းစား ဆုံးျဖတ္တတ္ေအာင္ ခြင့္ျပဳေပးပါ။ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို မိဘေတြက ယုံၾကည္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြလည္း တိုးလာေစမွာပါ။

(၆) ႀကိဳးစားအားထုတ္မႈေတြ အတြက္ ခ်ီးက်ဴးပါ…

ရလဒ္ေကာင္းထြက္လာမွ ခ်ီးက်ဴးတာမလုပ္ဘဲ ႀကိဳးစားအားထုတ္မႈေကာင္းရင္ ခ်ီးက်ဴးေပးပါ။ အဲဒီအခါ သူ႔ႀကိဳးစားမႈက အရာမထင္ရင္ေတာင္ သင့္ရဲ႕အားေပးမႈေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈက

ေလ်ာ့သြားမွာ မဟုတ္ပါဘူး။ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈကို ဉာဏ္ရည္နဲ႔ေတာ့ မတိုင္းတာသင့္ပါဘူး။ ဉာဏ္ရည္နဲ႔တိုင္းတာက စိတ္ခြန္အားေတြကို ေလ်ာ့ေစသလို အလုပ္ႀကိဳးစားခ်င္စိတ္လည္း ေပ်ာက္ေစပါတယ္။

(၇) သင့္ရဲ႕က်ရႈံးမႈေတြအေၾကာင္း မွ်ေဝေျပာျပပါ…

ကေလးေတြက မိဘေတြကို သူတို႔ရဲ႕စံျပအျဖစ္ သတ္မွတ္ထားပါတယ္။ အဲဒါေၾကာင့္ အခက္အခဲေတြကို သင္ႀကဳံေတြ႕ရစဥ္က

ဘယ္လိုျဖတ္ေက်ာ္ခဲ့ေၾကာင္း၊ ဘယ္လိုခံစားရခဲ့ေၾကာင္း စတဲ့အေတြ႕အႀကဳံေတြကို ရင္းရင္းႏွီးႏွီး အႀကံေပးပါ။

ခရက္ဒစ္#Zombie (lovemedia)~ေလးစားစြာျဖင့္ခရက္ဒစ္ေပးပါသည္။

Unicode

သင့်သမီးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိအောင် ဒီအချက်တွေကို လမ်းညွှန်ပေးပါ…

မိန်းကလေးတွေက အသက် ၈နှစ်အရွယ်လောက်ကို ရောက်တဲ့အခါ ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်ပြောင်းလဲမှု၊ သူငယ်ချင်း၊ မိသားစုတွေကြောင့် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုက လျော့ပါးသွားပါတယ်။ တစ်ခါတရံမှာ

အဲဒီ အရွယ်ကနေစပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ မိန်းကလေးတွေကို

ယုံကြည်မှုရှိလာအောင်၊ ယုံကြည်မှုတွေ ပျောက်နေရင် ပြန်လည် သန်မာလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

(၁) သင့်သမီးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာစေတဲ့ အကြောင်းအရင်းကို ရှာပါ…

လေ့လာချက်တွေအရ… မိန်းကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အသက် ၈ နှစ်ကနေ ၁၄ နှစ်မှာ လျော့ကျသွားပါတယ်။ ပုံမှန်အားဖြင့်တော့

မိဘတွေရဲ့ မျှော်လင့်ချက်ကြီးမားမှုနဲ့ အလွန်ကျွံ အုပ်ထိန်းမှုတို့ကြောင့်ပါ။ အဲဒါကြောင့် ဆယ်ကျော်သက်ဖြစ်ခါစ မိန်းကလေးတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

(၂) အကြောက်တရားတွေကို ရင်ဆိုင်တတ်အောင် အားပေးပါ…

တချို့အရာတွေကို သင့်သမီးက စတင်သင်ယူချင်ပေမယ့် သူ့မှာကြောက်စိတ်၊ မဝံ့မရဲစိတ်တွေ ရှိနေမှာပါ။ ဥပမာ သင့်သမီးက ရေကူးသင်ချင်ပေမယ့် ကြောက်ရွံ့နေတယ်ဆိုရင် ရေကူးသင်တဲ့အခါ

ရလာမယ့် ကြောက်စိတ်တွေကို ချရေးဖို့ပြောပါ။ ပြီးတော့ အဲဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို ပြောပြပါ။ သူ့ရဲ့အရင်အတွေ့အကြုံတွေကိုလည်း မမေ့ပစ်လိုက်ဖို့ လိုပါသေးတယ်။

(၃) ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ပြီးနောက် လက်မလျှော့တတ်စေဖို့ သင်ပေးပါ…

အရှုံးက မဖြစ်မနေ တွေ့ကြုံရမယ့်အရာပါ။ ဒါပေမယ့် သင့်သမီးလေးကို အရှုံးတွေ တွေ့ရတဲ့အခါ လက်ခံတတ်အောင်၊ သင်ခန်းစာယူတတ်အောင်၊ နောက်တစ်ကြိမ်အတွက် အဆင်သင့်ဖြစ်နေအောင်

လမ်းညွှန်ပေးပါ။ ဒါ့အပြင် အရှုံးဆိုတာ နောက်ဆုတ်ဖို့မဟုတ်ဘဲ သန်သန်မာမာနဲ့ ရှေ့ဆက်တိုးနိုင်ဖို့ သင်ကြားပေးတဲ့အရာဖြစ်ကြောင်း ပြောပြပေးနိုင်ပါတယ်။

(၄) “ဖြစ်ကောင်းဖြစ်နိုင်တယ်” ဆိုတဲ့ စကားကို အသုံးပြုတတ်အောင် သင်ကြားပေးပါ…

သင့်သမီးက ကျောင်းမှာ လူအများရှေ့ စကားထွက်ပြောရတဲ့ အခြေအနေမျိုးတွေမှာ “ဖြစ်ကောင်းဖြစ်နိုင်တယ်” ဆိုတဲ့စကားကို ထည့်ပြောတတ်စေဖို့ ပြောပြထားပေးပါ။ ဒီစကားက

သူ့အတွက် သေချာမသိသေးတဲ့ အကြောင်းအရာတွေမှာ ထိန်းချုပ်လိုက်နိုင်ဖို့ အကူအညီ ဖြစ်စေမှာပါ။ ပြီးတော့ သူ့အတွက် စဉ်းစားချိန်လည်း ပိုရစေပါတယ်။

(၅) ကိုယ်ပိုင်ရွေးချယ်မှု ရအောင် ခွင့်ပြုပေးပါ…

သင့်သမီးကို အိမ်မှာ ရွေးချယ်မှုတွေအတွက် ဆုံးဖြတ်ခွင့်မပေးရင် အပြင်ရောက်တဲ့အခါလည်း မဆုံးဖြတ်တတ်ဖြစ်နေမှာပါ။ အဲဒါကြောင့် အသေးအမွှားအရာလေးတွေကနေစပြီး

ကိုယ်ပိုင်စဉ်းစား ဆုံးဖြတ်တတ်အောင် ခွင့်ပြုပေးပါ။ သူ့ရဲ့ဆုံးဖြတ်ချက်ကို မိဘတွေက ယုံကြည်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာစေမှာပါ။

(၆) ကြိုးစားအားထုတ်မှုတွေ အတွက် ချီးကျူးပါ…

ရလဒ်ကောင်းထွက်လာမှ ချီးကျူးတာမလုပ်ဘဲ ကြိုးစားအားထုတ်မှုကောင်းရင် ချီးကျူးပေးပါ။ အဲဒီအခါ သူ့ကြိုးစားမှုက အရာမထင်ရင်တောင် သင့်ရဲ့အားပေးမှုကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက

လျော့သွားမှာ မဟုတ်ပါဘူး။ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ဉာဏ်ရည်နဲ့တော့ မတိုင်းတာသင့်ပါဘူး။ ဉာဏ်ရည်နဲ့တိုင်းတာက စိတ်ခွန်အားတွေကို လျော့စေသလို အလုပ်ကြိုးစားချင်စိတ်လည်း ပျောက်စေပါတယ်။

(၇) သင့်ရဲ့ကျရှုံးမှုတွေအကြောင်း မျှဝေပြောပြပါ…

ကလေးတွေက မိဘတွေကို သူတို့ရဲ့စံပြအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် အခက်အခဲတွေကို သင်ကြုံတွေ့ရစဉ်က

ဘယ်လိုဖြတ်ကျော်ခဲ့ကြောင်း၊ ဘယ်လိုခံစားရခဲ့ကြောင်း စတဲ့အတွေ့အကြုံတွေကို ရင်းရင်းနှီးနှီး အကြံပေးပါ။

ခရက်ဒစ်#Zombie (lovemedia)~လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*