” စိတ္ထဲမွာ ငါးမန္းတစ္ေကာင္ ေမြးထားပါ “

" စိတ္ထဲမွာ ငါးမန္းတစ္ေကာင္ ေမြးထားပါ "
" စိတ္ထဲမွာ ငါးမန္းတစ္ေကာင္ ေမြးထားပါ "

” စိတ္ထဲမွာ ငါးမန္းတစ္ေကာင္ ေမြးထားပါ “

စာအုပ္တစ္အုပ္ထဲမွာ ဖတ္ဖူးခဲ့တဲ့ အေၾကာင္းအရာေလးပါ။ ဂ်ပန္လူမ်ိဳးေတြဟာ ငါးကို အလြန္ႀကိဳက္ၾကတယ္။ ဒါေပမဲ့ ဂ်ပန္ႏိုင္ငံနားက ပင္လယ္မွာ ငါးမရွိဘူး။ ဒါေၾကာင့္ ဂ်ပန္တံငါသည္ဟာ

ႏိုင္ငံနဲ႔ အေတာ္ေဝးေဝးက ပင္လယ္ျပင္မွာ ငါးေတြကို ပိုက္ကြန္နဲ႔ သြားဖမ္းၾကတယ္။ ဖမ္းမိတဲ့ ငါးေတြကို ေလွေတြရဲ႕ ဝမ္းဗိုက္ေတြမွာ ထည့္ထားၾကတယ္။ ငါးဖမ္းေလွေတြ ရက္အတန္ၾကာမွာ ဂ်ပန္ႏိုင္ငံကို ျပန္ေရာက္ေတာ့

ဖမ္းလာတဲ့ ငါးေတြအားလုံး ေသကုန္ၾကၿပီ။ ဂ်ပန္လူမ်ိဳးေတြဟာ ေသေနတဲ့ ငါးေတြကို မစားၾကဘူး။
ဒီျပႆနာကို ေျဖရွင္းဖို႔ ဂ်ပန္ငါးဖမ္းသမားေတြဟာ ေရခဲေတြထည့္ထားတဲ့ ေသတၱာေတြကို ေလွေတြေပၚမွာ တင္ၿပီး ပင္လယ္ျပင္မွာ ငါးသြားဖမ္းၾကျပန္တယ္။

ဖမ္းလို႔ ရတဲ့ ငါးေတြကို ေသတၱာေတြထဲမွာ ေရခဲစိမ္ထားလိုက္ၾကတယ္။ ဂ်ပန္လူမ်ိဳးေတြဟာ လတ္လတ္ဆတ္တတ္ မဟုတ္တဲ့ ေရခဲစိမ္ငါးေတြရဲ႕ အရသာကို မႀကိဳက္ၾကဘူး။ ေရခဲစိမ္ငါးေတြဟာ လတ္လတ္ဆတ္ဆတ္ ငါးေတြေလာက္ ေဈးမရၾကဘူး။

ဒီတစ္ခါမွာ ဂ်ပန္ငါးဖမ္းကုမၸဏီေတြဟာ သူတို႔ စက္ေလွႀကီးေတြေပၚမွာ ငါးေတြ ထည့္ဖို႔ ေရတိုင္ကီႀကီးေတြ တင္ၿပီး ပင္လယ္ျပင္ကို ငါးဖမ္းထြက္ၾကျပန္တယ္။ ဖမ္းမိတဲ့ ငါးအရွင္ေတြကို ေရျဖည့္ထားတဲ့ တိုင္ကီေတြထဲမွာ

ထည့္ထားလိုက္ၾကတယ္။ ငါးေတြဟာ ေရတိုင္ကီေတြထဲမွာ ေရကူးခတ္ေနၾကေပမယ့္ ရက္အနည္းငယ္ၾကာေတာ့ ေမာပန္းၿပီး ေရမကူးၾကေတာ့ဘဲ တိုင္ကီထဲမွာ ၿငိမ္ေနၾကတယ္။ ဂ်ပန္ႏိုင္ငံေရာက္ေတာ့ ငါးေတြ မေသၾကပါဘူး။

ဒါေပမဲ့ ဂ်ပန္လူမ်ိဳးေတြဟာ ရက္အတန္ၾကာ မလႈပ္မရွက္ ၿငိမ္ေနၾကတဲ့ ငါးေတြရဲ႕ အရသာကို သိၾကတယ္။ အဲဒီငါးေတြကို လူေတြ မႀကိဳက္ၾကလို႔ ေဈးေကာင္းေကာင္းမရဘူး။ေရခဲစိမ္ငါး၊ ေရထဲမွာ မလႈပ္မယွက္ ၿငိမ္ေနတဲ့ ငါးေတြကို

မႀကိဳက္ၾကတဲ့ ဂ်ပန္လူမ်ိဳးေတြအတြက္ ဂ်ပန္ငါးဖမ္းကုမၸဏီေတြဟာ ဘယ္လိုလုပ္ရမလဲ ေတြးေတာႀကံဆၾကရင္း ေနာက္ဆုံးမွာ အေျဖကို ရွာေတြ႕လိုက္ၾကတယ္။ ငါးဖမ္းကုမၸဏီေတြဟာ သူတို႔ စက္ေလွေတြေပၚမွာ

အရင္လိုပဲ ေရတိုင္ကီႀကီးေတြ တင္ေဆာင္ၿပီး ပင္လယ္ျပင္ကို ငါးဖမ္းထြက္ၾကျပန္တယ္။ ဖမ္းမိတဲ့ ငါးေတြကို အရင္လိုပဲ ေရတိုင္ကီႀကီးေတြထဲမွာ ထည့္ထားလိုက္ၾကတယ္။ ဒီတစ္ခါေတာ့ ေရတိုင္ကီထဲက ငါးေတြဟာ ရက္အေတာ္ၾကာအထိ

မရပ္နား ကူးခတ္ေနၾကပါေတာ့တယ္။ ဘာျဖစ္လို႔လဲ။ ေရတိုင္ကီတိုင္းမွာ ငါးမန္းအေသးစားေလး တစ္ေကာင္စီ ထည့္ထားေပးတယ္။ ငါးမန္းဟာ တိုင္ကီထဲ ေရာက္လာတဲ့ ငါးေလးေတြ အနည္းငယ္စားေသာက္ၿပီး ဗိုက္ဝလို႔ တိုင္ကီထဲမွာ

လွည့္ပတ္ကူးခတ္ေနတယ္။ တိုင္ကီထဲက ငါးေတြဟာ ငါးမန္းကို ေၾကာက္လို႔ တိုင္ကီေတြထဲမွာ မရပ္မနား ကူးခတ္ေနၾကတယ္။ စက္ေလွေတြ ဂ်ပန္ႏိုင္ငံကို ျပန္ေရာက္ေတာ့ လတ္ဆတ္ၿပီး လႈပ္ရွားကူးခတ္ေနၾကတဲ့ ငါးေတြရဲ႕ အရသာကို

ဂ်ပန္ေတြ အလြန္ႀကိဳက္လို႔ ေဈးေကာင္းရၾကတယ္။ ကြၽန္ေတာ္တို႔လည္း ရက္အတန္ၾကာမွာ မကူးခတ္ မလႈပ္ရွားၾကတဲ့ ေရတိုင္ကီထဲက ငါးေတြလို ျဖစ္လာတတ္ၾကပါတယ္။ ဘဝမွာ ႀကိဳးစားမႈမလုပ္ၾကေတာ့ဘဲ ရွိတာေလးနဲ႔

တင္းတိမ္ေက်နပ္ၿပီး ေနေနၾကတယ္။ ဒါေၾကာင့္လည္း ဘဝမွာ တိုးတက္ေအာင္ျမင္မႈ မရၾကေတာ့ဘူး။ အသက္ႀကီးလာေတာ့ ေနစရာ စားစရာမရွိတဲ့ ဘဝေရာက္မွ ငါ ငယ္ငယ္က မႀကိဳးစားခဲ့လို႔ပဲဆိုၿပီး ေနာင္တရတတ္ၾကတယ္။

အဲဒီလို မျဖစ္ဖို႔ ကြၽန္ေတာ္တို႔ စိတ္ထဲမွာ ငါးမန္းတစ္ေကာင္ ထည့္ထားေပးသင့္ပါတယ္။ အဲဒီငါးမန္းဆိုတာ ဥပမာပါ။ သင့္ကို ပ်င္းရိၿငီးေငြ႕ၿပီး သက္သာသလို ေနတတ္တဲ့ စိတ္ကို ႀကိဳးစား႐ုန္းကန္ေစမယ့္ လႈံေဆာ္မႈ ေပးျခင္းကို ေျပာတာပါ။

စိတ္ကို ဘယ္လို လႈံ႕ေဆာ္ေပးရမလဲ။ သင့္ကိုယ္သင္ ဒီေမးခြန္းေတြ ေမးပါ။

– ငါ ဘာအတြက္ လူျဖစ္လာတာလဲ။ ေလာကႀကီးကို ေကာင္းက်ိဳးျပဳဖို႔လား။ ဆိုးက်ိဳးေပးဖို႔လား။

– ငါ ေလာကႀကီးနဲ႔ လူသားေတြအတြက္ ဘာလုပ္ေပးရမလဲ။ ငါ့ႏိုင္ငံ ငါ့လူမ်ိဳးေတြအတြက္ ငါ ဘာေတြ လုပ္ေပးႏိုင္သလဲ။

– ငါေသသြားရင္ ငါ့ပတ္ဝန္းက်င္က ငါ့အေၾကာင္း ဘာေျပာၾကမလဲ။ အေကာင္းေျပာၾကမလား။ အဆိုးေျပာၾကမလား။

ဒါမွမဟုတ္ ေမြးဖြားလာစဥ္ကေန ေသဆုံးသြားခ်ိန္အထိ ဘယ္သူမွ သတိမထားမိတဲ့ လူတစ္ေယာက္လား။

Credit#ဗန္ေမာ္သိန္းေဖ

ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

” စိတ်ထဲမှာ ငါးမန်းတစ်ကောင် မွေးထားပါ “

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့တဲ့ အကြောင်းအရာလေးပါ။ ဂျပန်လူမျိုးတွေဟာ ငါးကို အလွန်ကြိုက်ကြတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံနားက ပင်လယ်မှာ ငါးမရှိဘူး။ ဒါကြောင့် ဂျပန်တံငါသည်ဟာ

နိုင်ငံနဲ့ အတော်ဝေးဝေးက ပင်လယ်ပြင်မှာ ငါးတွေကို ပိုက်ကွန်နဲ့ သွားဖမ်းကြတယ်။ ဖမ်းမိတဲ့ ငါးတွေကို လှေတွေရဲ့ ဝမ်းဗိုက်တွေမှာ ထည့်ထားကြတယ်။ ငါးဖမ်းလှေတွေ ရက်အတန်ကြာမှာ ဂျပန်နိုင်ငံကို ပြန်ရောက်တော့

ဖမ်းလာတဲ့ ငါးတွေအားလုံး သေကုန်ကြပြီ။ ဂျပန်လူမျိုးတွေဟာ သေနေတဲ့ ငါးတွေကို မစားကြဘူး။
ဒီပြဿနာကို ဖြေရှင်းဖို့ ဂျပန်ငါးဖမ်းသမားတွေဟာ ရေခဲတွေထည့်ထားတဲ့ သေတ္တာတွေကို လှေတွေပေါ်မှာ တင်ပြီး ပင်လယ်ပြင်မှာ ငါးသွားဖမ်းကြပြန်တယ်။

ဖမ်းလို့ ရတဲ့ ငါးတွေကို သေတ္တာတွေထဲမှာ ရေခဲစိမ်ထားလိုက်ကြတယ်။ ဂျပန်လူမျိုးတွေဟာ လတ်လတ်ဆတ်တတ် မဟုတ်တဲ့ ရေခဲစိမ်ငါးတွေရဲ့ အရသာကို မကြိုက်ကြဘူး။ ရေခဲစိမ်ငါးတွေဟာ လတ်လတ်ဆတ်ဆတ် ငါးတွေလောက် ဈေးမရကြဘူး။

ဒီတစ်ခါမှာ ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေကြီးတွေပေါ်မှာ ငါးတွေ ထည့်ဖို့ ရေတိုင်ကီကြီးတွေ တင်ပြီး ပင်လယ်ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။ ဖမ်းမိတဲ့ ငါးအရှင်တွေကို ရေဖြည့်ထားတဲ့ တိုင်ကီတွေထဲမှာ

ထည့်ထားလိုက်ကြတယ်။ ငါးတွေဟာ ရေတိုင်ကီတွေထဲမှာ ရေကူးခတ်နေကြပေမယ့် ရက်အနည်းငယ်ကြာတော့ မောပန်းပြီး ရေမကူးကြတော့ဘဲ တိုင်ကီထဲမှာ ငြိမ်နေကြတယ်။ ဂျပန်နိုင်ငံရောက်တော့ ငါးတွေ မသေကြပါဘူး။

ဒါပေမဲ့ ဂျပန်လူမျိုးတွေဟာ ရက်အတန်ကြာ မလှုပ်မရှက် ငြိမ်နေကြတဲ့ ငါးတွေရဲ့ အရသာကို သိကြတယ်။ အဲဒီငါးတွေကို လူတွေ မကြိုက်ကြလို့ ဈေးကောင်းကောင်းမရဘူး။ရေခဲစိမ်ငါး၊ ရေထဲမှာ မလှုပ်မယှက် ငြိမ်နေတဲ့ ငါးတွေကို

မကြိုက်ကြတဲ့ ဂျပန်လူမျိုးတွေအတွက် ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ ဘယ်လိုလုပ်ရမလဲ တွေးတောကြံဆကြရင်း နောက်ဆုံးမှာ အဖြေကို ရှာတွေ့လိုက်ကြတယ်။ ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေတွေပေါ်မှာ

အရင်လိုပဲ ရေတိုင်ကီကြီးတွေ တင်ဆောင်ပြီး ပင်လယ်ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။ ဖမ်းမိတဲ့ ငါးတွေကို အရင်လိုပဲ ရေတိုင်ကီကြီးတွေထဲမှာ ထည့်ထားလိုက်ကြတယ်။ ဒီတစ်ခါတော့ ရေတိုင်ကီထဲက ငါးတွေဟာ ရက်အတော်ကြာအထိ

မရပ်နား ကူးခတ်နေကြပါတော့တယ်။ ဘာဖြစ်လို့လဲ။ ရေတိုင်ကီတိုင်းမှာ ငါးမန်းအသေးစားလေး တစ်ကောင်စီ ထည့်ထားပေးတယ်။ ငါးမန်းဟာ တိုင်ကီထဲ ရောက်လာတဲ့ ငါးလေးတွေ အနည်းငယ်စားသောက်ပြီး ဗိုက်ဝလို့ တိုင်ကီထဲမှာ

လှည့်ပတ်ကူးခတ်နေတယ်။ တိုင်ကီထဲက ငါးတွေဟာ ငါးမန်းကို ကြောက်လို့ တိုင်ကီတွေထဲမှာ မရပ်မနား ကူးခတ်နေကြတယ်။ စက်လှေတွေ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ လတ်ဆတ်ပြီး လှုပ်ရှားကူးခတ်နေကြတဲ့ ငါးတွေရဲ့ အရသာကို

ဂျပန်တွေ အလွန်ကြိုက်လို့ ဈေးကောင်းရကြတယ်။ ကျွန်တော်တို့လည်း ရက်အတန်ကြာမှာ မကူးခတ် မလှုပ်ရှားကြတဲ့ ရေတိုင်ကီထဲက ငါးတွေလို ဖြစ်လာတတ်ကြပါတယ်။ ဘဝမှာ ကြိုးစားမှုမလုပ်ကြတော့ဘဲ ရှိတာလေးနဲ့

တင်းတိမ်ကျေနပ်ပြီး နေနေကြတယ်။ ဒါကြောင့်လည်း ဘဝမှာ တိုးတက်အောင်မြင်မှု မရကြတော့ဘူး။ အသက်ကြီးလာတော့ နေစရာ စားစရာမရှိတဲ့ ဘဝရောက်မှ ငါ ငယ်ငယ်က မကြိုးစားခဲ့လို့ပဲဆိုပြီး နောင်တရတတ်ကြတယ်။

အဲဒီလို မဖြစ်ဖို့ ကျွန်တော်တို့ စိတ်ထဲမှာ ငါးမန်းတစ်ကောင် ထည့်ထားပေးသင့်ပါတယ်။ အဲဒီငါးမန်းဆိုတာ ဥပမာပါ။ သင့်ကို ပျင်းရိငြီးငွေ့ပြီး သက်သာသလို နေတတ်တဲ့ စိတ်ကို ကြိုးစားရုန်းကန်စေမယ့် လှုံဆော်မှု ပေးခြင်းကို ပြောတာပါ။

စိတ်ကို ဘယ်လို လှုံ့ဆော်ပေးရမလဲ။ သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ။

– ငါ ဘာအတွက် လူဖြစ်လာတာလဲ။ လောကကြီးကို ကောင်းကျိုးပြုဖို့လား။ ဆိုးကျိုးပေးဖို့လား။

– ငါ လောကကြီးနဲ့ လူသားတွေအတွက် ဘာလုပ်ပေးရမလဲ။ ငါ့နိုင်ငံ ငါ့လူမျိုးတွေအတွက် ငါ ဘာတွေ လုပ်ပေးနိုင်သလဲ။

– ငါသေသွားရင် ငါ့ပတ်ဝန်းကျင်က ငါ့အကြောင်း ဘာပြောကြမလဲ။ အကောင်းပြောကြမလား။ အဆိုးပြောကြမလား။

ဒါမှမဟုတ် မွေးဖွားလာစဉ်ကနေ သေဆုံးသွားချိန်အထိ ဘယ်သူမှ သတိမထားမိတဲ့ လူတစ်ယောက်လား။

Credit#ဗန်မော်သိန်းဖေ

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*