မိသားစုဘဝမွာ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ဟာ ဘယ္ေလာက္အေရးပါသလဲ…

မိသားစုဘဝမွာ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ဟာ ဘယ္ေလာက္အေရးပါသလဲ...
မိသားစုဘဝမွာ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ဟာ ဘယ္ေလာက္အေရးပါသလဲ...

မိသားစုဘဝမွာ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ဟာ ဘယ္ေလာက္အေရးပါသလဲ…

အိမ္ေထာင္ဦးစီးဆိုတဲ့ စကားလုံးက ေလးလုံးထဲေပမယ့္ အဓိပၸါယ္ေရာ၊ တာဝန္ေရာက ေတာ္ေတာ္ေလးနက္ၿပီး ေတာ္ေတာ္တာဝန္ႀကီးပါတယ္။ အိမ္ေထာင္တစ္ခုကို ဦးစီးရတယ္ဆိုကတည္းက ထိုဦးစီးမေကာင္းရင္ မေကာင္းသလို ထိုအိမ္ေထာင္ပ်က္စီးႏိုင္ပါေသးတယ္။

အဲဒါေၾကာင့္ မိသားစုတစ္ခုလုံးရဲ႕ေပ်ာ္႐ႊင္ျခင္း၊ ဝမ္းနည္းျခင္း၊ တိုးတက္ျခင္း၊ ဆုတ္ယုတ္ျခင္း၊ ေကာင္းျခင္း၊ ဆိုးျခင္း အားလုံးဟာ အိမ္ေထာင္ဦးစီးျဖစ္သူေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္။

အိမ္ေထာင္ကို တစ္စုတစ္စည္းထဲ တည္ၿမဲေနေအာင္၊ တိုးတက္လာေအာင္၊ ထိန္းသိမ္းအုပ္ခ်ဳပ္ႏိုင္မွသာ အိမ္ေထာင္ဦးစီးရဲ႕တာဝန္ေက်ပြန္ႏိုင္သလို အိမ္ေထာင္ဦးစီးေကာင္းတစ္ဦးရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ရွင္သန္ႀကီးျပင္းရတဲ့ သားသမီးေတြကလည္း သူတို႔တစ္ဘဝလုံး ေအာင္ျမင္တိုးတက္ႏိုင္ၾကတာပါ။

အိမ္ေထာင္ဦးစီးတစ္ေယာက္ရဲ႕တာဝန္ေတြက ေငြရွာေပးႏိုင္႐ုံ၊ အိမ္ရဲ႕ စီးပြားကို အေထာက္အပံ့ေပးႏိုင္႐ုံနဲ႔ မၿပီးေသးပါဘူး။ မိသားစုမွာလည္း စံျပျဖစ္ႏိုင္ဖို႔ လိုပါေသးတယ္။

စံျပဆိုတဲ့ ေနရာမွာ လူ႔က်င့္ဝတ္၊ အက်င့္စာရိတၱ၊ တာဝန္၊ ေငြေၾကး၊ အလုပ္ခြင္၊ အေပါင္းအသင္း၊ လူမႈဆက္ဆံေရး စသည္ျဖင့္ အမ်ားႀကီးပါပဲ။

မိသားစုအေပၚမွာ အၿမဲအေလးအနက္ထားတတ္တဲ့ အိမ္ေထာင္ဦးစီးေၾကာင့္ ဇနီးမယား၊ သားသမီး တို႔က ဘဝမွာ စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ အက်င့္စာရိတၱေကာင္းေကာင္း ႀကီးျပင္းလာႏိုင္သလို၊

မေကာင္းတဲ့ အိမ္ေထာင္ဦးစီးေၾကာင့္ မိသားစုေတြရဲ႕ဘဝေတြ အားလုံးကေမာက္ကမ ကေျဗာင္းကျဗန္ျဖစ္သြားေစႏိုင္ပါတယ္။

ဥပမာ… အိမ္ကိုေတာ့ ဝင္ေငြလုံေလာက္စြ ာရွာေဖြေကြၽးေမြးေပမယ့္ အခ်ိန္ျပည့္ အိမ္ကမိသားစုနဲ႔ ေႏြးေထြးစြာမေနဘဲ အျပင္ပတ္ဝန္းက်င္အေပ်ာ္အပါးမွာခ်ည္း ေပ်ာ္ေမြ႕တတ္တဲ့ အိမ္ေထာင္ဦးစီးမ်ိဳးဆိုရင္

သူ႔ရဲ႕မိသားစု၊ ဇနီးမယားနဲ႔ သားသမီးေတြမွာ စိတ္ပိုင္းဆိုင္ရာအရ လုံၿခဳံမႈရွိသလို ခံစားရမွာမဟုတ္ပါဘူး။ အဲဒါအျပင္ အေဖလုပ္သူကို အတုခိုးမွားၿပီး သားသမီးေတြကလည္း အၿမဲအျပင္မွာပဲ အေပ်ာ္ရွာေနတာမ်ိဳးေၾကာင့္ မျဖစ္သင့္တာေတြ ျဖစ္လာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

အရက္ေတြေသာက္တိုင္း ဇနီးမယားကို ရန္ရွာ၊ အႀကီးအက်ယ္ ရန္ျဖစ္တတ္တဲ့ အိမ္ေထာင္ဦးစီးမ်ိဳးဆိုရင္လည္း အေဖအရက္ေသာက္လာမလားရယ္လို႔ တထိတ္ထိတ္ စိုး႐ြံ႕ေနမယ့္ သားသမီးနဲ႔ ဇနီးမယားေတြ ျဖစ္လာရမွာပါပဲ။

အၿမဲတက်က္က်က္ ရန္ျဖစ္တတ္တဲ့ အိမ္ေထာင္တစ္ခုဆိုရင္လည္း သားသမီးနဲ႔ဇနီးမယားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအရ အၿမဲသိမ္ငယ္ေနသလို ခံစားေနရမွာျဖစ္သလို၊ လူမႈပတ္ဝန္းက်င္မွာလည္း မ်က္ႏွာငယ္ေနရမွာပဲ ျဖစ္ပါတယ္။

သားသမီးေတြမွာလည္း အၿမဲတေစ ထိုကဲ့သို႔တစ္ခုမဟုတ္တစ္ခု ျပႆနာရွာတတ္တဲ့အေဖမ်ိဳးကို စိတ္နာက်ည္းမႈေတြ ျဖစ္လာရင္မေကာင္းပါဘူး။ အဲဒါအျပင္ “အေဖေတာင္ အရက္ေသာက္ေသးတာပဲ… ငါတို႔လည္း ေသာက္မွာပဲ” ဆိုတဲ့ သားသမီးေတြလည္း ျဖစ္လာႏိုင္ပါေသးတယ္။

မေကာင္းတဲ့ အိမ္ေထာင္ဦးစီးေၾကာင့္ ဇနီးမယားမွာ အၿမဲပူပင္ေသာကေရာက္ေနရၿပီး သားသမီးေတြကို ေသခ်ာ မထိန္းေက်ာင္းႏိုင္တာမ်ိဳးလဲ ျဖစ္ႏိုင္ပါေသးတယ္။

လြယ္လြယ္ေလး လီဆယ္တတ္တဲ့ အိမ္ေထာင္ဦးစီးေၾကာင့္ လြယ္လြယ္ေလး လိမ္ညာတတ္တဲ့သားသမီးေတြလည္း ျဖစ္လာႏိုင္ပါေသးတယ္။ ေငြေၾကး အလြဲသုံးစားလုပ္တတ္တဲ့အိမ္ေထာင္ဦးစီးမ်ိဳးဆိုရင္လည္း

သားသမီးေတြအတုယူမွားယုံမက ဇနီးမယားျဖစ္သူပါ တြဲရက္ ဒုကၡေရာက္ႏိုင္ပါေသးတယ္။ သားသမီးေတြလည္း ေနာက္ဆက္တြဲ ဒုကၡေရာက္ႏိုင္ပါတယ္။

ေျပာရရင္ေတာ့… အိမ္ေထာင္ဦးစီးတစ္ေယာက္ေၾကာင့္ တိုးတက္ေအာင္ျမင္ၿပီး လိမၼာေသာ သားေကာင္းရတနာမ်ား ေပၚထြက္လာႏိုင္သလိုပဲ… ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကေလးအလုပ္သမားျဖစ္သြားရတဲ့ သားသမီးေလးေတြလည္း အမ်ားႀကီး ရွိပါတယ္။

အားလုံးေသာ အက်ိဳးဆက္ဟာ အိမ္ေထာင္ဦးစီးေပၚမွာ မူတည္ေနတာပါ

အဲဒါေၾကာင့္ အိမ္ေထာင္ဦးစီးတစ္ေယာက္ဟာ ေငြရွာၿပီး စီးပြားကိုျဖည့္တင္းေပးႏိုင္႐ုံနဲ႔တင္ တာဝန္မေက်ႏိုင္ပါဘူး။ တစ္မိသားစုလုံးရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ ကေလးငယ္ေတြရဲ႕အနာဂတ္၊ ဇနီးမယားရဲ႕အနာဂတ္ စသည္ျဖင့္…

တာဝန္ေတြ အမ်ားႀကီးေက်ဖို႔လိုသလို၊ တာဝန္သိတတ္ဖု႔ိလည္း လိုပါတယ္။ အိမ္ေထာင္တစ္ခုတည္ေဆာက္ရတာ လြယ္ပါတယ္။ ဒါေပမယ့္ ထိုအိမ္ေထာင္ရဲ႕တာဝန္ေတြကိုေတာ့ ေက်ပြန္ေအာင္ တာဝန္သိတတ္တဲ့စိတ္နဲ႔ ႀကိဳးစားရတာ မလြယ္ပါဘူး။

တာဝန္မသိတတ္တဲ့သူက တာဝန္ေပါ့ပါတယ္။ မိသားစုကေတာ့ ပ်က္စီးလြယ္ပါတယ္။ တာဝန္သိတတ္သူက်ေတာ့ အင္မတန္ေလးပင္ရွာပါတယ္။ မၿပိဳကြဲေအာင္၊ မပ်က္စီးေအာင္ က်ားကန္ထားရလို႔ ပင္ပန္းႏိုင္ပါတယ္။

ဘဝဆိုတာ ပင္လယ္ျပင္ႀကီးနဲ႔ တူပါတယ္။ အိမ္ေထာင္တစ္ခုကေတာ့ ပင္လယ္ျပင္ထဲ႐ြက္လြင့္ေနရတဲ့ ေလွငယ္နဲ႔ တူပါတယ္။ အိမ္ေထာင္ဦးစီးတာဝန္မေက်ရင္လည္း အိမ္ရွင္မတစ္ဦးထည္း ဆက္ေလွာ္လို႔ ခရီးဆုံးမေရာက္ႏိုင္ပါဘူး။

မေရာက္ေရာက္ေအာင္ တာဝန္သိစြာ အိမ္ရွင္မတစ္ဦးတည္း ဆက္ေလွာ္ရျပန္လည္း အေတာ္ေလး အားစိုက္ရပါတယ္။ အိမ္ရွင္မမေကာင္းျပန္လည္း ခရီးမတြင္ႏိုင္ပါဘူး။

အိမ္ေထာင္ဦးစီးလုပ္သူေကာ၊ အိမ္ရွင္မလုပ္သူေကာ တက္ညီလက္ညီေလွာ္ၿပီး ပင္လယ္ျပင္ရဲ႕တစ္ဖက္ကမ္းကိုေရာက္ေအာင္ ေလွာ္ခတ္ရမွာပါ။

တက္မညီ လက္မညီရင္ေတာ့ ေလွတစ္စင္းလုံး ျမႇပ္မွာပါပဲ။ အိမ္ေထာင္ဦးစီးတစ္ေယာက္ကသာ ေကာင္းေကာင္းဦးေဆာင္ၿပီး လမ္းျပႏိုင္မယ္၊ ကိုယ့္တာဝန္ကိုယ္ သိတတ္စြာ တာဝန္ေက်ပြန္မယ္ဆိုရင္ ခရီးျမန္ျမန္တြင္သလို သာယာလွပတဲ့ အိမ္ေထာင္ေရးတစ္ခုကို ဖန္တီးႏိုင္မွာပါ။

အဲဒါေၾကာင့္ အိမ္ေထာင္ဦးစီးတစ္ေယာက္ေကာင္းျခင္းဟာ မိသားစုဘဝအတြက္ အင္မတန္အေရးပါတယ္ဆိုတဲ့အေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္။

ေယာက်ာ္းေကာင္း၊ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္အေနျဖင့္ လွပတဲ့မိသားစုဘဝေလးကို ဖန္တီးႏိုင္သူေတြ ျဖစ္ၾကပါေစ။

Credit#Bawa101# ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိသားစုဘဝမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဟာ ဘယ်လောက်အရေးပါသလဲ…

အိမ်ထောင်ဦးစီးဆိုတဲ့ စကားလုံးက လေးလုံးထဲပေမယ့် အဓိပ္ပါယ်ရော၊ တာဝန်ရောက တော်တော်လေးနက်ပြီး တော်တော်တာဝန်ကြီးပါတယ်။ အိမ်ထောင်တစ်ခုကို ဦးစီးရတယ်ဆိုကတည်းက ထိုဦးစီးမကောင်းရင် မကောင်းသလို ထိုအိမ်ထောင်ပျက်စီးနိုင်ပါသေးတယ်။

အဲဒါကြောင့် မိသားစုတစ်ခုလုံးရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးဟာ အိမ်ထောင်ဦးစီးဖြစ်သူပေါ်မှာ အများကြီး မူတည်နေပါတယ်။

အိမ်ထောင်ကို တစ်စုတစ်စည်းထဲ တည်မြဲနေအောင်၊ တိုးတက်လာအောင်၊ ထိန်းသိမ်းအုပ်ချုပ်နိုင်မှသာ အိမ်ထောင်ဦးစီးရဲ့တာဝန်ကျေပွန်နိုင်သလို အိမ်ထောင်ဦးစီးကောင်းတစ်ဦးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ကြီးပြင်းရတဲ့ သားသမီးတွေကလည်း သူတို့တစ်ဘဝလုံး အောင်မြင်တိုးတက်နိုင်ကြတာပါ။

အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်တွေက ငွေရှာပေးနိုင်ရုံ၊ အိမ်ရဲ့ စီးပွားကို အထောက်အပံ့ပေးနိုင်ရုံနဲ့ မပြီးသေးပါဘူး။ မိသားစုမှာလည်း စံပြဖြစ်နိုင်ဖို့ လိုပါသေးတယ်။

စံပြဆိုတဲ့ နေရာမှာ လူ့ကျင့်ဝတ်၊ အကျင့်စာရိတ္တ၊ တာဝန်၊ ငွေကြေး၊ အလုပ်ခွင်၊ အပေါင်းအသင်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် အများကြီးပါပဲ။

မိသားစုအပေါ်မှာ အမြဲအလေးအနက်ထားတတ်တဲ့ အိမ်ထောင်ဦးစီးကြောင့် ဇနီးမယား၊ သားသမီး တို့က ဘဝမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ အကျင့်စာရိတ္တကောင်းကောင်း ကြီးပြင်းလာနိုင်သလို၊

မကောင်းတဲ့ အိမ်ထောင်ဦးစီးကြောင့် မိသားစုတွေရဲ့ဘဝတွေ အားလုံးကမောက်ကမ ကဗြောင်းကဗြန်ဖြစ်သွားစေနိုင်ပါတယ်။

ဥပမာ… အိမ်ကိုတော့ ဝင်ငွေလုံလောက်စွ ာရှာဖွေကျွေးမွေးပေမယ့် အချိန်ပြည့် အိမ်ကမိသားစုနဲ့ နွေးထွေးစွာမနေဘဲ အပြင်ပတ်ဝန်းကျင်အပျော်အပါးမှာချည်း ပျော်မွေ့တတ်တဲ့ အိမ်ထောင်ဦးစီးမျိုးဆိုရင်

သူ့ရဲ့မိသားစု၊ ဇနီးမယားနဲ့ သားသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိသလို ခံစားရမှာမဟုတ်ပါဘူး။ အဲဒါအပြင် အဖေလုပ်သူကို အတုခိုးမှားပြီး သားသမီးတွေကလည်း အမြဲအပြင်မှာပဲ အပျော်ရှာနေတာမျိုးကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အရက်တွေသောက်တိုင်း ဇနီးမယားကို ရန်ရှာ၊ အကြီးအကျယ် ရန်ဖြစ်တတ်တဲ့ အိမ်ထောင်ဦးစီးမျိုးဆိုရင်လည်း အဖေအရက်သောက်လာမလားရယ်လို့ တထိတ်ထိတ် စိုးရွံ့နေမယ့် သားသမီးနဲ့ ဇနီးမယားတွေ ဖြစ်လာရမှာပါပဲ။

အမြဲတကျက်ကျက် ရန်ဖြစ်တတ်တဲ့ အိမ်ထောင်တစ်ခုဆိုရင်လည်း သားသမီးနဲ့ဇနီးမယားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရ အမြဲသိမ်ငယ်နေသလို ခံစားနေရမှာဖြစ်သလို၊ လူမှုပတ်ဝန်းကျင်မှာလည်း မျက်နှာငယ်နေရမှာပဲ ဖြစ်ပါတယ်။

သားသမီးတွေမှာလည်း အမြဲတစေ ထိုကဲ့သို့တစ်ခုမဟုတ်တစ်ခု ပြဿနာရှာတတ်တဲ့အဖေမျိုးကို စိတ်နာကျည်းမှုတွေ ဖြစ်လာရင်မကောင်းပါဘူး။ အဲဒါအပြင် “အဖေတောင် အရက်သောက်သေးတာပဲ… ငါတို့လည်း သောက်မှာပဲ” ဆိုတဲ့ သားသမီးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

မကောင်းတဲ့ အိမ်ထောင်ဦးစီးကြောင့် ဇနီးမယားမှာ အမြဲပူပင်သောကရောက်နေရပြီး သားသမီးတွေကို သေချာ မထိန်းကျောင်းနိုင်တာမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။

လွယ်လွယ်လေး လီဆယ်တတ်တဲ့ အိမ်ထောင်ဦးစီးကြောင့် လွယ်လွယ်လေး လိမ်ညာတတ်တဲ့သားသမီးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ငွေကြေး အလွဲသုံးစားလုပ်တတ်တဲ့အိမ်ထောင်ဦးစီးမျိုးဆိုရင်လည်း

သားသမီးတွေအတုယူမှားယုံမက ဇနီးမယားဖြစ်သူပါ တွဲရက် ဒုက္ခရောက်နိုင်ပါသေးတယ်။ သားသမီးတွေလည်း နောက်ဆက်တွဲ ဒုက္ခရောက်နိုင်ပါတယ်။

ပြောရရင်တော့… အိမ်ထောင်ဦးစီးတစ်ယောက်ကြောင့် တိုးတက်အောင်မြင်ပြီး လိမ္မာသော သားကောင်းရတနာများ ပေါ်ထွက်လာနိုင်သလိုပဲ… ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအလုပ်သမားဖြစ်သွားရတဲ့ သားသမီးလေးတွေလည်း အများကြီး ရှိပါတယ်။

အားလုံးသော အကျိုးဆက်ဟာ အိမ်ထောင်ဦးစီးပေါ်မှာ မူတည်နေတာပါ

အဲဒါကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်ဟာ ငွေရှာပြီး စီးပွားကိုဖြည့်တင်းပေးနိုင်ရုံနဲ့တင် တာဝန်မကျေနိုင်ပါဘူး။ တစ်မိသားစုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကလေးငယ်တွေရဲ့အနာဂတ်၊ ဇနီးမယားရဲ့အနာဂတ် စသည်ဖြင့်…

တာဝန်တွေ အများကြီးကျေဖို့လိုသလို၊ တာဝန်သိတတ်ဖု့ိလည်း လိုပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်ရတာ လွယ်ပါတယ်။ ဒါပေမယ့် ထိုအိမ်ထောင်ရဲ့တာဝန်တွေကိုတော့ ကျေပွန်အောင် တာဝန်သိတတ်တဲ့စိတ်နဲ့ ကြိုးစားရတာ မလွယ်ပါဘူး။

တာဝန်မသိတတ်တဲ့သူက တာဝန်ပေါ့ပါတယ်။ မိသားစုကတော့ ပျက်စီးလွယ်ပါတယ်။ တာဝန်သိတတ်သူကျတော့ အင်မတန်လေးပင်ရှာပါတယ်။ မပြိုကွဲအောင်၊ မပျက်စီးအောင် ကျားကန်ထားရလို့ ပင်ပန်းနိုင်ပါတယ်။

ဘဝဆိုတာ ပင်လယ်ပြင်ကြီးနဲ့ တူပါတယ်။ အိမ်ထောင်တစ်ခုကတော့ ပင်လယ်ပြင်ထဲရွက်လွင့်နေရတဲ့ လှေငယ်နဲ့ တူပါတယ်။ အိမ်ထောင်ဦးစီးတာဝန်မကျေရင်လည်း အိမ်ရှင်မတစ်ဦးထည်း ဆက်လှော်လို့ ခရီးဆုံးမရောက်နိုင်ပါဘူး။

မရောက်ရောက်အောင် တာဝန်သိစွာ အိမ်ရှင်မတစ်ဦးတည်း ဆက်လှော်ရပြန်လည်း အတော်လေး အားစိုက်ရပါတယ်။ အိမ်ရှင်မမကောင်းပြန်လည်း ခရီးမတွင်နိုင်ပါဘူး။

အိမ်ထောင်ဦးစီးလုပ်သူကော၊ အိမ်ရှင်မလုပ်သူကော တက်ညီလက်ညီလှော်ပြီး ပင်လယ်ပြင်ရဲ့တစ်ဖက်ကမ်းကိုရောက်အောင် လှော်ခတ်ရမှာပါ။

တက်မညီ လက်မညီရင်တော့ လှေတစ်စင်းလုံး မြှပ်မှာပါပဲ။ အိမ်ထောင်ဦးစီးတစ်ယောက်ကသာ ကောင်းကောင်းဦးဆောင်ပြီး လမ်းပြနိုင်မယ်၊ ကိုယ့်တာဝန်ကိုယ် သိတတ်စွာ တာဝန်ကျေပွန်မယ်ဆိုရင် ခရီးမြန်မြန်တွင်သလို သာယာလှပတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်မှာပါ။

အဲဒါကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်ကောင်းခြင်းဟာ မိသားစုဘဝအတွက် အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

ယောကျာ်းကောင်း၊ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေဖြင့် လှပတဲ့မိသားစုဘဝလေးကို ဖန်တီးနိုင်သူတွေ ဖြစ်ကြပါစေ။

Credit#Bawa101# လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*