“ဘဝဆိုတာ ရပ်တန့်ထားလို့ မရတဲ့အရာ…”

"ဘဝဆိုတာ ရပ်တန့်ထားလို့ မရတဲ့အရာ..."
"ဘဝဆိုတာ ရပ်တန့်ထားလို့ မရတဲ့အရာ..."

“ဘဝဆိုတာ ရပ်တန့်ထားလို့ မရတဲ့အရာ…”

ဘဝမှာ အကြိမ်ကြိမ် အနိုင်ရနေတဲ့သူတွေ မရှိသလို… အကြိမ်ကြိမ် ရှုံးနိမ့်လဲကျနေတဲ့ သူတွေလည်း မရှိပါဘူး။ အမြဲတမ်း အောင်မြင်နေတဲ့သူတွေ မရှိသလို… အမြဲတမ်း ရှုံးနိမ့်နေတဲ့ သူတွေလည်း မရှိပါဘူး။

ဘဝက ခက်ခဲပြီ ဆိုတာနဲ့ စိတ်ဓါတ်က ကျသွားတတ်ကြတယ်။ အဓိပ္ပါယ်ရှိတဲ့ ဘဝကို လိုချင်ရင်… ခက်ခဲတဲ့ ဘဝကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ ဘဝဆိုတာ ရပ်တန့်ထားလို့ မရသလို… နောက်ဆုတ်သွားလို့လည်း မရ ပါဘူး။

ရှေ့ကိုသာ တိုးပြီး အကောင်းဆုံး လျှောက်လှမ်းနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဘဝမှာ သင့် ခြေထောက်တွေ ကောင်းနေသမျှ ရှေ့ကို လျှောက်လှမ်းနေရမှာပါပဲ။ ဘဝမှာ…

ခြေထောက် မကောင်းရင် လက်ကို အားပြုလျှောက်ပါ… လက်မကောင်းရင် ဘေးတိုက် တရွတ်တိုက်သွားပါ။ ဘယ်လိုပဲ သွားသွား… ရှေ့ရောက်အောင် သွားနိုင်ဖို့သာ အဓိကပါ။

အမြင့်ကို ရောက်ဖို့ ပင်ပင်ပန်းပန်း ကျော်ဖြတ်ရမယ့် လှေကားထစ်တွေက တစ်ထစ်ချင်းစီ ခက်ခက်ခဲခဲ ကျော်တက်ရမှာကို မကြောက်ပါနဲ့။ ဘဝဆိုတဲ့ သီအိုရီမှာ လွယ်ကူခြင်းဆိုတာ မရှိပါဘူး။

ဘဝမှာ အောင်မြင်နေလို့လည်း ခေါင်းမော့ ရင်ကော့ပြီး မော်ကြွားနေစရာ မလိုအပ်သလို… ရှုံးနိမ့်လဲကျနေလို့လည်း စိတ်ဓာတ်ကျ အားငယ်နေစရာ မလို ပါဘူး။

ဘဝမှာ… သူများ နှာခေါင်းပေါက်နဲ့ မသက် မရှူပဲ ကိုယ့်အား ကိုကိုးပြီး ကိုယ့် မျှော်လင့်ချက်နဲ့ ကိုယ့်လမ်းကို မှန်မှန်လျှောက်နေဖို့သာ အရေးကြီးပါတယ်။

ဘဝဆိုတဲ့ ခရီးက လျှောက်ရင်းနဲ့ နေတတ်ရင် ကျေနပ်စရာတွေ အများကြီိး ဆိုတာ သင် တဖြည်းဖြည်းခြင်း သိလာ ပါလိမ့်မယ်။

ဘဝဆိုတာ ကြမ်းတမ်းမှုတွေ ကျော်ဖြတ်ပြီးရင်… အေးချမ်းမှုတွေလည်း ရောက်ရှိ လာဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ ကြိုးစားနေသူ အတွက်… အောင်မြင်မှု ဆိုတာ ရရှိလာမှာ မလွဲမသွေပါပဲ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Unicode

Be the first to comment

Leave a Reply

Your email address will not be published.

*