နဂါး႐ုံဘုရားမ်ားကို တည္ထားကိုးကြယ္ျခင္း အေၾကာင္း

နဂါး႐ုံဘုရားမ်ားကို တည္ထားကိုးကြယ္ျခင္း အေၾကာင္း
နဂါး႐ုံဘုရားမ်ားကို တည္ထားကိုးကြယ္ျခင္း အေၾကာင္း

နဂါး႐ုံဘုရားမ်ားကို တည္ထားကိုးကြယ္ျခင္း အေၾကာင္း

ကြၽႏ္ုပ္တို႔၏ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးသည္ ငါးခုေျမာက္ျဖစ္ေသာ အဇပါလ ဆိတ္ေက်ာင္းေညာင္ပင္ရင္းမွ ဖယ္ခြာၿပီးလွ်င္ ေျခာက္ခုေျမာက္ျဖစ္ေသာ

မဟာေဗာဓိပင္၏ အေရွ႕ေတာင္ေထာင့္အရပ္ျဖစ္ေသာ ေနရာ၌ ရွိသည့္မုစလိႏၵာေရအိုင္ႀကီးအနီး၌ ရွိေသာ က်ည္းပင္ရင္းသို႔ႂကြေရာက္သီတင္းသုံးေတာ္မူေလသည္။ ထိုအခါ၌ အခ်ိန္ခါမဟုတ္ေသာ္လည္း

မိုးႀကီးက အားပါးတရ မည္သူ႔ကိုမွ မငဲ့ကြက္ မညႇာတာပါပဲလွ်က္ ခုနစ္ရက္ တိုင္တိုင္ ႐ြာသြန္းၿဖိဳးေလသည္။ ဤကဲ့သို႔ အခ်ိန္ခါမဟုတ္ပဲ

႐ြာသြန္းၿဖိဳးေသာ မိုးတို႔သည္ကား အတိတ္နိမိတ္ကို ေဖၚေဆာင္ေသာအခါ၎ ၊လူ သာမန္တို႔ထက္ျမတ္သည့္ လူသားျဖစ္ေသာ စၾကၤာမင္းေလာင္း ေပၚထြန္းလာေသာအခါ ၎ ၊ ဘုရားအေလာင္းေတာ္သည္ က်င့္ႀကံအားထုပ္ၿပီးေနာက္ ဘုရားျဖစ္ေသာ အခါ၌ ၎ စသည္ျဖင့္

ဤအခါႏွစ္ပါး၌ သာ ႐ြာသြန္းၿဖိဳးေသာ မိုးျဖစ္သည္။ထိုကဲ့သို႔ အခ်ိန္ခါမဟုတ္ပဲ ႐ြားသြန္းၿဖိဳးေသာ မိုးေၾကာင့္ ထိုအနီးနား၌ ေနထိုင္ေသာ မုစလိႏၵာနဂါးမင္းႀကီးသည္ ျမတ္စြာဘုရားရွင္အား မိမိ၏ ေအ ခြျဖင့္ ရစ္ပတ္ အုပ္မိုးကာျဖင့္

ခုနစ္ရက္ ပတ္လုံး ကာေပးထားျခင္းမ်ားျဖင့္ျပင္းထန္စြာ႐ြာသြန္းေနေသာ မိုးသီးေပါက္မ်ားကို အေပၚမွ ပါးပ်ဥ္းျဖင့္ အုပ္မိုး၍ ပူေဇာ္ေလသည္။ ခုနစ္ရက္ျပည့္ေသာအခါ မိုးေလကင္းစင္၍ နဂါးမင္းသည္

လူေယာင္ဖန္ဆင္းလ်က္ ျမတ္စြာဘုရား၏ ေရွေတာ္၌ လက္အုပ္ခ်ီမိုး ရွိခိုးၿပီးေနေလသည္။ ထို အခါ ျမတ္စြာဘုရား ရွင္သည္ မိမိေအ ပၚ၌ ေက်းဇူးျပဳဖူးေလေသာ နဂါးမင္းႀကီးအား ေက်းဇူးဆပ္သည့္အေနျဖင့္ သုေခါဝိေဝကာ တု႒သ စေသာ ဥဒါန္းစကားမ်ားျဖင့္ ေဟာၾကားခ်ီျမႇင့္ခဲ့ေလသည္။ (ေက်းဇူးရွိဖူးသူကို ေက်းဇူးျပနဆပ္ရျခင္းသည္ မဂၤလာျဖစ္သည္)

နဂါးမင္းႀကီးသည္လည္း ျမတ္စြာဘုရားရွင္၏ တရားစကားေတာ္ကို နာၾကားရၿပီး ဝမ္းေျမာက္ဝမ္းသာစြာျဖင့္ ျပန္သြားေလေတာ့သည္။ယခုအခါမွာ မုစလိႏၵာ သတၱာဟ အထိမ္းအမွတ္အျဖစ္ျဖင့္ ေရအိုင္ႀကီးကို ေတြ႕ျမင္ၾကေရ ပသည္။

ႏိုင္ငံ တစ္ကာက ေရာက္လာၾကေသာ ဘုရားဖူးသူမ်ားတို႔သည္ ထိုေရအိုင္၌ ရွိေနေသာ ငါးမ်ားအား အစာေကြၽး၍ ကုသိုလ္ျပဳလုပ္ၾကေလသည္။ႏွစ္ေတြအလီလီ ၾကာေညာင္းေလၿပီျဖစ္သျဖင့္ သမိုင္းဝင္ က်ည္းပင္ႀကီးသည္လည္း

ေပ်ာက္ပ်က္ ဆုံးရႈံး သြားခဲ့ေလၿပီ။ ထို ေရအို င္ႀကီးသည္ လည္း မပ်က္ စီးရေလေအာင္ ေလးဘက္ ေလးတန္မွေန၍ ကြန္ကရစ္ ကန္ေဘာင္ မ်ားျဖင့္ ကာရံထားေလသည္။

ေရအိုင္ႀကီးအလယ္တြင္မူ ျမန္မာႏိုင္ငံမွ ဗုဒၶဂါယာ သာသနာျ ပုအဖြဲ႕မ်ားက ဦးေဆာင္ၿပီး ယခုျမင္ေတြ႕ေနရေသာ နဂါး႐ုံဘုရားႀကီးအား တည္ထား ပူေဇာ္ထားသည္ကို ဖူးေတြ႕ရေနျခင္းျဖစ္ပါေတာ့သည္။

မုစလိႏၵာနဂါးမင္းႀကီးသည္ ျမတ္စြာဘုရားရွင္အား မိမိ၏ အေခြျဖင့္ ရစ္ပတ္ အုပ္မိုးကာျဖင့္ ခုနစ္ရက္ ပတ္လုံး ကာေပးထားျခင္းကို အေၾကာင္းျပဳ၍ေႏွာင္းလူတို႔က အစဥ္အဆက္ နဂါး႐ုံဘုရားမ်ားကို ထုလုပ္ပူေဇာ္ခဲ့ၾကေလသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

နဂါးရုံဘုရားများကို တည်ထားကိုးကွယ်ခြင်း အကြောင်း

ကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ငါးခုမြောက်ဖြစ်သော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်းမှ ဖယ်ခွာပြီးလျှင် ခြောက်ခုမြောက်ဖြစ်သော

မဟာဗောဓိပင်၏ အရှေ့တောင်ထောင့်အရပ်ဖြစ်သော နေရာ၌ ရှိသည့်မုစလိန္ဒာရေအိုင်ကြီးအနီး၌ ရှိသော ကျည်းပင်ရင်းသို့ကြွရောက်သီတင်းသုံးတော်မူလေသည်။ ထိုအခါ၌ အချိန်ခါမဟုတ်သော်လည်း

မိုးကြီးက အားပါးတရ မည်သူ့ကိုမှ မငဲ့ကွက် မညှာတာပါပဲလျှက် ခုနစ်ရက် တိုင်တိုင် ရွာသွန်းဖြိုးလေသည်။ ဤကဲ့သို့ အချိန်ခါမဟုတ်ပဲ

ရွာသွန်းဖြိုးသော မိုးတို့သည်ကား အတိတ်နိမိတ်ကို ဖေါ်ဆောင်သောအခါ၎င်း ၊လူ သာမန်တို့ထက်မြတ်သည့် လူသားဖြစ်သော စင်္ကြာမင်းလောင်း ပေါ်ထွန်းလာသောအခါ ၎င်း ၊ ဘုရားအလောင်းတော်သည် ကျင့်ကြံအားထုပ်ပြီးနောက် ဘုရားဖြစ်သော အခါ၌ ၎င်း စသည်ဖြင့်

ဤအခါနှစ်ပါး၌ သာ ရွာသွန်းဖြိုးသော မိုးဖြစ်သည်။ထိုကဲ့သို့ အချိန်ခါမဟုတ်ပဲ ရွားသွန်းဖြိုးသော မိုးကြောင့် ထိုအနီးနား၌ နေထိုင်သော မုစလိန္ဒာနဂါးမင်းကြီးသည် မြတ်စွာဘုရားရှင်အား မိမိ၏ အေ ခွဖြင့် ရစ်ပတ် အုပ်မိုးကာဖြင့်

ခုနစ်ရက် ပတ်လုံး ကာပေးထားခြင်းများဖြင့်ပြင်းထန်စွာရွာသွန်းနေသော မိုးသီးပေါက်များကို အပေါ်မှ ပါးပျဉ်းဖြင့် အုပ်မိုး၍ ပူဇော်လေသည်။ ခုနစ်ရက်ပြည့်သောအခါ မိုးလေကင်းစင်၍ နဂါးမင်းသည်

လူယောင်ဖန်ဆင်းလျက် မြတ်စွာဘုရား၏ ရှေတော်၌ လက်အုပ်ချီမိုး ရှိခိုးပြီးနေလေသည်။ ထို အခါ မြတ်စွာဘုရား ရှင်သည် မိမိအေ ပါ်၌ ကျေးဇူးပြုဖူးလေသော နဂါးမင်းကြီးအား ကျေးဇူးဆပ်သည့်အနေဖြင့် သုခေါဝိဝေကာ တုဋ္ဌသ စသော ဥဒါန်းစကားများဖြင့် ဟောကြားချီမြှင့်ခဲ့လေသည်။ (ကျေးဇူးရှိဖူးသူကို ကျေးဇူးပြနဆပ်ရခြင်းသည် မင်္ဂလာဖြစ်သည်)

နဂါးမင်းကြီးသည်လည်း မြတ်စွာဘုရားရှင်၏ တရားစကားတော်ကို နာကြားရပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်သွားလေတော့သည်။ယခုအခါမှာ မုစလိန္ဒာ သတ္တာဟ အထိမ်းအမှတ်အဖြစ်ဖြင့် ရေအိုင်ကြီးကို တွေ့မြင်ကြရေ ပသည်။

နိုင်ငံ တစ်ကာက ရောက်လာကြသော ဘုရားဖူးသူများတို့သည် ထိုရေအိုင်၌ ရှိနေသော ငါးများအား အစာကျွေး၍ ကုသိုလ်ပြုလုပ်ကြလေသည်။နှစ်တွေအလီလီ ကြာညောင်းလေပြီဖြစ်သဖြင့် သမိုင်းဝင် ကျည်းပင်ကြီးသည်လည်း

ပျောက်ပျက် ဆုံးရှုံး သွားခဲ့လေပြီ။ ထို ရေအို င်ကြီးသည် လည်း မပျက် စီးရလေအောင် လေးဘက် လေးတန်မှနေ၍ ကွန်ကရစ် ကန်ဘောင် များဖြင့် ကာရံထားလေသည်။

ရေအိုင်ကြီးအလယ်တွင်မူ မြန်မာနိုင်ငံမှ ဗုဒ္ဓဂါယာ သာသနာြ ပုအဖွဲ့များက ဦးဆောင်ပြီး ယခုမြင်တွေ့နေရသော နဂါးရုံဘုရားကြီးအား တည်ထား ပူဇော်ထားသည်ကို ဖူးတွေ့ရနေခြင်းဖြစ်ပါတော့သည်။

မုစလိန္ဒာနဂါးမင်းကြီးသည် မြတ်စွာဘုရားရှင်အား မိမိ၏ အခွေဖြင့် ရစ်ပတ် အုပ်မိုးကာဖြင့် ခုနစ်ရက် ပတ်လုံး ကာပေးထားခြင်းကို အကြောင်းပြု၍နှောင်းလူတို့က အစဉ်အဆက် နဂါးရုံဘုရားများကို ထုလုပ်ပူဇော်ခဲ့ကြလေသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*