ေငြေဆာင္က က်ာက္ေဆာင္ေတြၾကားမွာ တကယ့္ေႁမြေတြရွိတဲ့ကၽြန္း(ေျမြကၽြန္း)

ေငြေဆာင္က က်ာက္ေဆာင္ေတြၾကားမွာ တကယ့္ေႁမြေတြရွိတဲ့ကၽြန္း(ေျမြကၽြန္း)
ေငြေဆာင္က က်ာက္ေဆာင္ေတြၾကားမွာ တကယ့္ေႁမြေတြရွိတဲ့ကၽြန္း(ေျမြကၽြန္း)

ေငြေဆာင္က က်ာက္ေဆာင္ေတြၾကားမွာ တကယ့္ေႁမြေတြရွိတဲ့ကၽြန္း(ေျမြကၽြန္း)

ျမန္မာျပည္အတြက္ ႏိုင္ငံျခားဝင္ေငြ မ်ားစြာ ရွာေဖြေပးလ်က္ရွိတဲ့ ေနရာေဒသမ်ားထဲက တစ္ခုျဖစ္တဲ့ ငြေဆာင္ကမ္းေျခ ေႁမြကြၽန္းကေတာ့ ေႁမြကြၽန္းလို႔ေျပာတဲ့ အတိုင္း

တကယ့္ေက်ာက္ေဆာင္ ေက်ာက္ၾကားေတြ ထဲမွာ ေႁမြမ်ား ရွိေနတဲ့ ကြၽန္းပဲ ျဖစ္ပါတယ္။ေငြေဆာင္ကမ္းေျခဟာ ေရသန႔္ျခင္း၊ ကမ္းေျခ လွျခင္း၊ ကမ္းေျခ အလ်ားရွည္ျခင္းမ်ားေၾကာင့္

ယခင္ကတည္းက ခရီးသြား ဧည့္သည္မ်ား လာေရာက္ လည္ပတ္အပန္းေျဖၾကေလ့ ရွိပါတယ္။ေငြေဆာင္ၿမိဳ႕ သဇင္ေက်း႐ြာရွိ ေႁမြကြၽန္း မွ ေခ်ာင္းသာ ကမ္းေျခသို႔ Speed Boat ျဖင့္ သြားလွ်င္

မိနစ္ ၂ဝ ခန႔္သာ ၾကာျမင့္သည္။ သို႔ေသာ္ ေငြေဆာင္ ကမ္းေျခ ႏွင့္ ေခ်ာင္းသာ ကမ္းေျခသို႔ လာေရာက္လည္ပတ္သည့္ ခရီးသြား ဧည့္သည္မ်ားက ယခု ခရီးစဥ္ကို သိရွိသူ

အလြန္ နည္းပါးတာကို ေတြ႕ရွိ ရပါတယ္။ ၂ဝ၁၈ ခုႏွစ္ေလာက္တြင္ ေငြေဆာင္ ေႁမြကြၽန္း ႏွင့္ ေခ်ာင္းသာ ခရီးစဥ္ကို ခရီးသြားမ်ား ပိုမို သိရွိလာၿပီး

လာေရာက္ လည္ပတ္သူ မ်ားျပား လာခဲ့ပါတယ္။ ေႁမြကြၽန္း ဆိုတဲ့အတိုင္း ေက်ာက္ေဆာင္ေတြၾကားမွာ ေႁမြမ်ား အစုအေဝးနဲ႔ ေတြ႕ရတတ္ပါတယ္။

ေခ်ာင္းသာ ကမ္းေျခ မွ ေႁမြကြၽန္း (သို႔မဟုတ္) ေႁမြကြၽန္း မွ ေငြေဆာင္ ကမ္းေျခသို႔ သြားေရာက္ခဲ့လွ်င္ ခရီးသြာ းဧည့္သည္မ်ား အေနျဖင့္ ခရီးစဥ္ တစ္ခုတည္းျဖင့္

ေခ်ာင္းသာ ကမ္းေျခႏွင့္ ေငြေဆာင္ ကမ္းေျခအလွအပမ်ားကို ခံစားထိေတြ႕ရမွာ ျဖစ္ပါတယ္။ေခ်ာင္းသာမွ ေႁမြကြၽန္းသို႔ Speed Boat စီး၍ သြားလွ်င္ မိနစ္ ၂ဝ ခန႔္သာ ၾကာျမင့္ၿပီး

ေႁမြကြၽန္းမွ ေငြေဆာင္ ကမ္းေျခသို႔ ဆိုင္ကယ္ကယ္ရီျဖင့္ သြားလွ်င္ မိနစ္ ၃ဝ ခန႔္သာ ၾကာျမင့္၍ ခရီးစဥ္တစ္ခုတည္းျဖင့္ ကမ္းေျခႏွစ္ခု၏ မတူညီေသာ သဘာဝရႈခင္း အလွအပမ်ားကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ငွေဆောင်က ကျာက်ဆောင်တွေကြားမှာ တကယ့်မြွေတွေရှိတဲ့ကျွန်း(မြွေကျွန်း)

မြန်မာပြည်အတွက် နိုင်ငံခြားဝင်ငွေ များစွာ ရှာဖွေပေးလျက်ရှိတဲ့ နေရာဒေသများထဲက တစ်ခုဖြစ်တဲ့ ငွဆောင်ကမ်းခြေ မြွေကျွန်းကတော့ မြွေကျွန်းလို့ပြောတဲ့ အတိုင်း

တကယ့်ကျောက်ဆောင် ကျောက်ကြားတွေ ထဲမှာ မြွေများ ရှိနေတဲ့ ကျွန်းပဲ ဖြစ်ပါတယ်။ငွေဆောင်ကမ်းခြေဟာ ရေသန့်ခြင်း၊ ကမ်းခြေ လှခြင်း၊ ကမ်းခြေ အလျားရှည်ခြင်းများကြောင့်

ယခင်ကတည်းက ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်အပန်းဖြေကြလေ့ ရှိပါတယ်။ငွေဆောင်မြို့ သဇင်ကျေးရွာရှိ မြွေကျွန်း မှ ချောင်းသာ ကမ်းခြေသို့ Speed Boat ဖြင့် သွားလျှင်

မိနစ် ၂ဝ ခန့်သာ ကြာမြင့်သည်။ သို့သော် ငွေဆောင် ကမ်းခြေ နှင့် ချောင်းသာ ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များက ယခု ခရီးစဉ်ကို သိရှိသူ

အလွန် နည်းပါးတာကို တွေ့ရှိ ရပါတယ်။ ၂ဝ၁၈ ခုနှစ်လောက်တွင် ငွေဆောင် မြွေကျွန်း နှင့် ချောင်းသာ ခရီးစဉ်ကို ခရီးသွားများ ပိုမို သိရှိလာပြီး

လာရောက် လည်ပတ်သူ များပြား လာခဲ့ပါတယ်။ မြွေကျွန်း ဆိုတဲ့အတိုင်း ကျောက်ဆောင်တွေကြားမှာ မြွေများ အစုအဝေးနဲ့ တွေ့ရတတ်ပါတယ်။

ချောင်းသာ ကမ်းခြေ မှ မြွေကျွန်း (သို့မဟုတ်) မြွေကျွန်း မှ ငွေဆောင် ကမ်းခြေသို့ သွားရောက်ခဲ့လျှင် ခရီးသွာ းဧည့်သည်များ အနေဖြင့် ခရီးစဉ် တစ်ခုတည်းဖြင့်

ချောင်းသာ ကမ်းခြေနှင့် ငွေဆောင် ကမ်းခြေအလှအပများကို ခံစားထိတွေ့ရမှာ ဖြစ်ပါတယ်။ချောင်းသာမှ မြွေကျွန်းသို့ Speed Boat စီး၍ သွားလျှင် မိနစ် ၂ဝ ခန့်သာ ကြာမြင့်ပြီး

မြွေကျွန်းမှ ငွေဆောင် ကမ်းခြေသို့ ဆိုင်ကယ်ကယ်ရီဖြင့် သွားလျှင် မိနစ် ၃ဝ ခန့်သာ ကြာမြင့်၍ ခရီးစဉ်တစ်ခုတည်းဖြင့် ကမ်းခြေနှစ်ခု၏ မတူညီသော သဘာဝရှုခင်း အလှအပများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*