လူပ်င္း/လူညံေတြမွာ အၿမဲေတြ႕ရေလ့ရွိတဲ့ အက်င့္ဆိုး (၇) မ်ိဳး

လူပ်င္း/လူညံေတြမွာ အၿမဲေတြ႕ရေလ့ရွိတဲ့ အက်င့္ဆိုး (၇) မ်ိဳး
လူပ်င္း/လူညံေတြမွာ အၿမဲေတြ႕ရေလ့ရွိတဲ့ အက်င့္ဆိုး (၇) မ်ိဳး

လူပ်င္း/လူညံေတြမွာ အၿမဲေတြ႕ရေလ့ရွိတဲ့ အက်င့္ဆိုး (၇) မ်ိဳး

ဒီအခ်က္ေတြ သင့္မွာမရွိရင္ေတာ့ သင့္ကေအာင္ျမင္မယ့္သူတစ္ေယာက္ ျဖစ္လာမွာ အေသအခ်ာပါပဲ။ ဘဝမွာေအာင္ျမင္ဖို႔ အတတ္ႏိုင္ဆုံးေရွာင္ရမယ့္ အခ်က္ကေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္

(၁) အအိပ္လြန္ျခင္း

လူအမ်ားစုဘဝ၏ သုံးပုံ တစ္ပုံသည္ အိပ္စက္ျခင္းျဖင့္ ကုန္ဆုံးသြားပါတယ္။ သင္က အသက္ ၃၀ ဆို သင့္ဘဝရဲ႕ ၁ဝႏွစ္ကို အိပ္စက္ျခင္းေတြထဲမွာ သင္ေပးဆပ္လိုက္ရပါၿပီ။ အိပ္တာက ေကာင္းပါတယ္။ အိပ္ေရးဝဖို႔ ၁ရက္ကို (၇- ၈နာရီ) အိပ္သင့္ပါတယ္။

ဒါေပမယ့္ သင္က သာမန္ထက္ပိုၿပီး ေန႔ေရာညေရာ အိပ္ေနမယ္ဆိုရင္ေတာ့ သတိထားဖို႔ လိုေနပါၿပီ။ အရမ္းအိပ္တတ္တဲ့လူေတြက သူတို႔ဘဝမွာ အိပ္တာထက္ ေကာင္းတဲ့အလုပ္ ဘာဆိုဘာမွ မရွိလို႔ပါပဲ ။ ဒါေၾကာင့္ပဲ အအိပ္လြန္ေနၾကတယ္ ထင္ပါတယ္။

သင္ေရာ… လိုတာထက္ သင့္ဘဝကို အိပ္စက္ျခင္းနဲ႔ ျဖဳန္းတီးေနၿပီလား။ သင့္ဘဝကို လူပ်င္း၊ လူညံ တစ္ေယာက္လို အိပ္စက္ျခင္းေတြနဲ႔ အသက္မႀကီးသြားခ်င္ရင္ အိပ္တာထက္ေကာင္းတာ တစ္ခုခုကို ရွာေဖြဖို႔လိုအပ္ေနပါၿပီ။

(၂) Comfort Zone (ဇိမ္ခံျခင္း)

သင္ဟာ… အၿမဲတမ္း သက္ေတာင့္သက္သာရွိတဲ့ ဘဝကို ႏွစ္သက္သူလား။ သင့္ဘဝမွာ ပင္ပန္းတဲ့အရာ၊ အင္အားစိုက္ထုတ္ရမယ့္ အရာဆို တစ္စက္ေလးမွ မလုပ္ခ်င္သူလား… ဒါဆိုရင္ေတာ့ သင္ကဇိမ္က်ေနပါၿပီ… ပ်င္းရိျခင္းဆိုတဲ့ အိပ္ရာေပၚမွာပါ။

သင့္ရဲ႕ဘဝမွာ သာမန္ဘဝ ၊သမ႐ိုးက်ဘဝကေန မတတ္ဘဲ တုံ႔ရင္းတုံ႔ရင္းသာ ျဖစ္ေနရင္ သင္က ဘဝကို ႐ုန္းကန္လုပ္ရွားႀကိဳးစားမဲ့ အခ်ိန္မွာ ဇိမ္ခံေနခဲ့လို႔ ပ်င္းရိေနခဲ့လို႔ပါ။

ႀကိဳးစားသင့္တဲ့အခ်ိန္မွာ ႀကိဳးစားပါ။ဘဝတစ္သက္တာ ေပ်ာ္႐ႊင္ဖို႔ ၊ဇိမ္ခံဖို႔ တစ္ခဏတာ ပ်င္းရိျခင္း ၊ဇိမ္ခံျခင္းေတြကို စြန႔္လႊတ္သင့္ပါတယ္။တစ္သက္တာေပ်ာ္႐ႊင္ဖို႔ တစ္ခဏတာ ပ်င္းရိျခင္း အိပ္ရာေပၚမွာ ဇိမ္ခံျခင္းကေန ရပ္တန႔္လိုက္သင့္ပါၿပီ။

(၃) ဘာကိုမွ အေလးမထားျခင္း

သင့္မွာ သင့္ဘဝနဲ႔ပတ္သတ္ၿပီး အေလးထားရမယ့္ကိစၥေတြ အမ်ားႀကီးရွိသလို တျခားသူေတြရဲ႕ ဘဝနဲ႔ပတ္သတ္ၿပီး လ်စ္လ်ဴရႈရမယ့္ အရာေတြ ေတာင္လို ပုံေနပါတယ္။ အဓိကနဲ ႔သာမည ခြဲျခားၿပီး အေလးထားေဆာင္႐ြက္ပါ။

သင့္ဘဝနဲ႔ပတ္သတ္ၿပီး… သင္ဟာ ဘာကိစၥကိုပဲျဖစ္ျဖစ္၊ ၿပီးစလြယ္ေတြး ၊ၿပီးစလြယ္ လုပ္တတ္သူ၊ ဘာကိုမွ အေလးမထားသူဆိုရင္ သင့္ဘဝမွာ အမွားေတြ ေနာင္တ ေတြ နဲ႔သာျပည့္ေနမွာပါ။

ဒါက တကယ္ေတာ့ သင့္ရဲ႕ပ်င္းရိတတ္တဲ့စိတ္ ၊သင့္ဦးေႏွာက္ကို ေသေသခ်ာခ်ာေတြးၿပီး ေရေရရာရာ ဆုံးျဖတ္ခ်က္မခ်ခဲ့တဲ့ စိတ္ေတြေၾကာင့္ သင့္ဘဝမွာ အမွားေတြ ၊ေနာင္တေတြ ဘယ္ေလာက္ေတာင္ မ်ားခဲ့ၿပီလဲ ။

သင္စဥ္းစားၾကည့္ပါဦး… လူပ်င္း လူညံေတြလို ဘဝကိုအေလးမထား၊ မစဥ္းစားခဲ့ရင္ ဘဝတစ္သက္တာလုံး ေနာင္တ ေတြနဲ႔ ႏွစ္ပါးသြားေနရေတာ့မွာပါ။

သင့္ဘဝမွာ အေသးအဖြဲ႕ကအစ အေလးထားမွ ႀကီးႀကီးမားမားအရာေတြ ေဆာင္႐ြက္လာႏိုင္မွာပါ။ ဒါေၾကာင့္မို႔အေသးအဖြဲ႕ကအစအေလးထားပါ

(၄) phone ကို လက္က မခ်ျခင္း

သင္ဟာ အားေနတဲ့အခ်ိန္တိုင္း phone ပဲၾကည့္ ၊ လုပ္စရာရွိလဲၾကည့္ ၊မရွိလည္း ၾကည့္ေနတတ္သူလား… ဒါဆို သင့္ကိုသင္ေမးၾကည့္ပါ… ငါဟာ phone ကို ဘာအတြက္သုံးတာလဲ။ အလုပ္ေၾကာင့္လား ၊ဗဟုသုတရွာေနတာလား၊ စာေပေလ့လာေနတာလား၊ ဘာအတြက္လဲ၊ ဘာအက်ိဳးေတြလဲ… ။

စဥ္းစားပါ… ဒါေတြ အတြက္မဟုတ္ပဲ ဘာလို႔မ်ား phone ကို လက္က မခ်ႏိုင္၊ မ်က္လုံးက phoneနဲ႔ မခြါႏိုင္ ျဖစ္ေနရတာလဲ ။သင္ကေျပာပါမယ္… ပ်င္းလို႔ လုပ္စရာမရွိလို႔ စသျဖင့္ေပါ့။ ပ်င္းတာကို အက်ိဳးရွိေအာင္ အသုံးခ်ပါ။

ဒီလို အက်ိဳးအတြက္မဟုတ္ပဲ ဟိုပြတ္ ဒီပြတ္၊ ဟိုဇာတ္ကားေတြၾကည့္ ဒီဇာတ္လမ္းေတြၾကည့္၊ ဂိမ္းေတြေဆာ့ ဘာေတြေဆာ့နဲ႔… ဘဝကို ေနေနရင္ ၾကာေလ မြဲေလ ၾကာေလ မြဲေလ ျဖစ္လာမွာပါ။

မ်က္လုံးမြဲ႐ုံတင္ မကဘူး လူပါ မြဲလာမွာပါ။ ဆင္းရဲတြင္းက လြတ္မွ ာမဟုတ္ပါဘူး။ ဘာေၾကာင့္ပါလဲ ဆိုတာကို အေသခ်ာ စဥ္းစားဖို႔လိုေနပါၿပီ။

(၅) ကိုယ့္ကိုယ္ကို မသိ နားမလည္ျခင္း(ရည္မွန္းခ်က္ ေပ်ာက္ေနျခင္း)

သင္က ပ်င္းရိေနသူလား၊ အာင္ျမင္ခ်င္သူလား၊ သင္က တိုးတတ္ခ်င္သူလား ဆုတ္ယုတ္ေနသူလား။ သင္က ဘယ္လိုလူလဲေျပာပါ။ သင့္ဘဝမွာ ဘာေတြျဖစ္လာမလဲဆိုတာ သင့္ကို ျပန္ေျပာျပပါမယ္။

သင့္ဘဝက သင့္အေတြးပါ။ သင့္စိတ္ကူးပါ။ သင့္ေ႐ြးခ်ယ္မႈပါ။ သင္ဘာလိုခ်င္လဲ ။ဘာျဖစ္ခ်င္လဲ။ ကိုယ့္ကိုယ္ကို သိပါ။သင္ကိုယ္တိုင္ေ႐ြးခ်ယ္ပါ။ ဘဝမွာေအာင္ျမင္ ေပ်ာ္႐ႊင္ေနသူေတြက

သူတို႔ဘဝမွာ ဘယ္လို လူမ်ိဳး ျဖစ္ခ်င္လဲ ဆိုတာ သူတို႔ ေသခ်ာသိၾကတယ္။ ဒါ့ေၾကာင့္ပဲသူတို႔ ရည္မွန္းခ်က္ အိပ္မက္ေတြကို ေသခ်ာသိၾကလို႔

ေအာင္ျမင္တဲ့ေရေရရာရာဘဝကို အေသအခ်ာရရွိတာပဲ ျဖစ္ပါတယ္။သင္ကေရာ ဘဝမွာ ဘယ္လိုလူမ်ိဳးျဖစ္ခ်င္တာပါလဲ။

လူပ်င္းစိတ္ထားးရင္ လူပ်င္းလူညံသာ ျဖစ္လာၿပီး ေအာင္ျမင္ခ်င္စိတ္ထားရင္ေတာ့ ေအာင္ျမင္လာမွာပါ ။ဒါေၾကာင့္မို႔ ကိုယ့္ဘဝကို ေသခ်ာသိပါ။ နားလည္ပါ။ေသခ်ာေ႐ြးခ်ယ္ပါ။

(၆)ဘဝကို ေျပာင္းလဲလိုစိတ္မရွိျခင္း

သင့္ရဲ႕ေန႔စဥ္ဘဝက ဘယ္လိုပါလဲ ။အိပ္မယ္ စားမယ္ ပုံမွန္အလုပ္ေလးသြားမယ္ လကုန္ေတာ့ လခေလးရမယ္ ။ အေႂကြးဆပ္မယ္။ဝယ္မယ္ျခမ္းမယ္ ဒါေလးေတြနဲ႔ပဲ

သင့္ဘဝကို ေန႔စဥ္ပုံမွန္သမ႐ိုးက် ျဖတ္သန္းေနတုန္းပဲလား။ ဘာလို႔ ေျပာင္းလဲလိုစိတ္ မရွိတာလဲ။ ေျပာင္းလဲဖို႔ ဘာလို႔ ေၾကာက္ေနတာလဲ။

ဘာလို႔ပ်င္းေနတာလဲ ဘာလို႔ ယုံၾကည္ခ်က္ မရွိတာလဲ ။ဒါမွမဟုတ္ ဒါသင္တကယ္လိုခ်င္တဲ့ ဘဝေနထိုင္မႈ ပုံစံလား ။ အဲ့လိုမဟုတ္ဘူးဆိုရင္ေတာ့သင့္ရဲ႕ ပ်င္းရိတဲ့စိတ္ကို

ခ်ိဳးဖ်က္ၿပီး သင့္ဘဝကို ေျပာင္းလဲဖို႔ ေတြးပါ။ ျပင္ဆင္ပါ။ ရေတာင့္ရခဲ လူ႔ဘဝမွာ အသက္(၆၀)အထိ တစ္သက္လုံး သူမ်ားအလုပ္လုပ္ၿပီး ရတဲ့ ပိုက္ဆံေလးနဲ႔ဘဲ ေပ်ာ္ေနေတာ့မွာလား ။

တစ္ခုခုကို ၿငီးေငြ႕ေနရင္ ဆက္မလိုခ်င္ေတာ့ရင္ အဲ့ေနရာက ႐ုန္းထြက္ဖို႔ စတင္ေျပာင္းလဲပါ။ သင့္မွာစြမ္းအားေတြရွိပါတယ္ သင္ထုတ္မသုံးလိုသာ အစြမ္းျပခြင့္မရတာပါ သာမန္လူေတြေနတဲ့ ဘဝမ်ိဳး မလိုခ်င္ရင္

သာမန္လူေတြ မလုပ္တဲ့ သာမန္လူေတြ မေတြးတဲ့အရာေတြကို လုပ္ပါ ။ေတြးပါ ။ေဖာက္ထြက္ပါ ။ဆုံးျဖတ္ခ်က္ ခ်လိုက္ပါေတာ့ ။ ေျပာင္းလဲဖို႔ ၁ခုခုကို စလုပ္လိုက္ပါ။ ေျပာင္းလဲခ်ိန္တန္ေနပါၿပီ။

(၇) တျခားသူရဲ႕ေအာင္ျမင္မႈေတြကိုမနာလိုျခင္း

မနာလိုတာ ၊အတင္းေျပာတာ၊ မေကာင္းေျပာတာ၊ဂုံးတိုက္တာမ်ိဳးေတြ ေျပာတဲ့သူေတြကို သင္ေတြ႕ဖူးပါသလား ။ ဟုတ္ပါတယ္… အဲ့လိုလူေတြက အခ်ိန္ေတြပိုၿပီး

သူတို႔ဘဝကို သူမ်ားရဲ႕ ဘဝထဲမွာ ရွင္သန္ေနမွန္းမသိ ရွင္သန္ေနၾကတာပါ။ သူမ်ားဘဝ ၊သူမ်ားအေၾကာင္းေတြသာေတြးေနၾကတာပါ။သူမ်ားအတင္းေတြသာ ေျပာေနၾကတာပါ ။

မနာလိုေနၾကတာပါ။ အဲ့လိုမ်ိဳးသူမ်ားအေပၚမေကာင္းျမင္စိတ္ထားရွိတဲ့ လူမ်ိဳး၊တျခားသူေအာင္ျမင္မႈကို မနာလို ဂုဏ္မျပတတ္တဲ့လူမ်ိဳးေတြရဲ႕ ဘဝဟာ ဘယ္ေတာ့ဘယ္ေတာ့မွ လူေမႊးေျပာင္လာမွာ မဟုတ္ပါဘူး။

ကံေကာင္းၿပီးေတာင္ ေအာင္ျမင္လာမွာမဟုတ္ပါဘူး။ ေအာင္ျမင္လာလည္းခဏတာပါပဲ။ အဲ့လိုေျပာတတ္တဲ့ သူေတြက ကိုယ့္နဲ႔တန္တဲ့ကိုယ့္လမ္းကိုသြားရမွာပါ။

ကိုယ္ျပဳသည့္ကံ ကိုယ္ထံျပန္လာမွာပါအကယ္၍မ်ားေပါ့သင့္မွာ အဲ့လိုအက်င့္မ်ိဳးရွိေနခဲ့ရင္အခ်ိန္ေနာက္မက်ခင္ ခ်က္ခ်င္းျပင္သင့္ပါတယ္ ။တပါးသူရဲ႕ေအာင္ျမင္မႈကို ခ်ီက်ဴးပါအားက်ပါ အတုယူပါ။

အထက္ပါအခ်က္(၇)ခ်က္ထဲက သင္ဘာေတြလုပ္မိေနလဲ commentမွာေရးေပးခဲ့ပါဦး။

Unicode

လူပျင်း/လူညံတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ အကျင့်ဆိုး (၇) မျိုး

ဒီအချက်တွေ သင့်မှာမရှိရင်တော့ သင့်ကအောင်မြင်မယ့်သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။ ဘဝမှာအောင်မြင်ဖို့ အတတ်နိုင်ဆုံးရှောင်ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) အအိပ်လွန်ခြင်း

လူအများစုဘဝ၏ သုံးပုံ တစ်ပုံသည် အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသွားပါတယ်။ သင်က အသက် ၃၀ ဆို သင့်ဘဝရဲ့ ၁ဝနှစ်ကို အိပ်စက်ခြင်းတွေထဲမှာ သင်ပေးဆပ်လိုက်ရပါပြီ။ အိပ်တာက ကောင်းပါတယ်။ အိပ်ရေးဝဖို့ ၁ရက်ကို (၇- ၈နာရီ) အိပ်သင့်ပါတယ်။

ဒါပေမယ့် သင်က သာမန်ထက်ပိုပြီး နေ့ရောညရော အိပ်နေမယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ အရမ်းအိပ်တတ်တဲ့လူတွေက သူတို့ဘဝမှာ အိပ်တာထက် ကောင်းတဲ့အလုပ် ဘာဆိုဘာမှ မရှိလို့ပါပဲ ။ ဒါကြောင့်ပဲ အအိပ်လွန်နေကြတယ် ထင်ပါတယ်။

သင်ရော… လိုတာထက် သင့်ဘဝကို အိပ်စက်ခြင်းနဲ့ ဖြုန်းတီးနေပြီလား။ သင့်ဘဝကို လူပျင်း၊ လူညံ တစ်ယောက်လို အိပ်စက်ခြင်းတွေနဲ့ အသက်မကြီးသွားချင်ရင် အိပ်တာထက်ကောင်းတာ တစ်ခုခုကို ရှာဖွေဖို့လိုအပ်နေပါပြီ။

(၂) Comfort Zone (ဇိမ်ခံခြင်း)

သင်ဟာ… အမြဲတမ်း သက်တောင့်သက်သာရှိတဲ့ ဘဝကို နှစ်သက်သူလား။ သင့်ဘဝမှာ ပင်ပန်းတဲ့အရာ၊ အင်အားစိုက်ထုတ်ရမယ့် အရာဆို တစ်စက်လေးမှ မလုပ်ချင်သူလား… ဒါဆိုရင်တော့ သင်ကဇိမ်ကျနေပါပြီ… ပျင်းရိခြင်းဆိုတဲ့ အိပ်ရာပေါ်မှာပါ။

သင့်ရဲ့ဘဝမှာ သာမန်ဘဝ ၊သမရိုးကျဘဝကနေ မတတ်ဘဲ တုံ့ရင်းတုံ့ရင်းသာ ဖြစ်နေရင် သင်က ဘဝကို ရုန်းကန်လုပ်ရှားကြိုးစားမဲ့ အချိန်မှာ ဇိမ်ခံနေခဲ့လို့ ပျင်းရိနေခဲ့လို့ပါ။

ကြိုးစားသင့်တဲ့အချိန်မှာ ကြိုးစားပါ။ဘဝတစ်သက်တာ ပျော်ရွှင်ဖို့ ၊ဇိမ်ခံဖို့ တစ်ခဏတာ ပျင်းရိခြင်း ၊ဇိမ်ခံခြင်းတွေကို စွန့်လွှတ်သင့်ပါတယ်။တစ်သက်တာပျော်ရွှင်ဖို့ တစ်ခဏတာ ပျင်းရိခြင်း အိပ်ရာပေါ်မှာ ဇိမ်ခံခြင်းကနေ ရပ်တန့်လိုက်သင့်ပါပြီ။

(၃) ဘာကိုမှ အလေးမထားခြင်း

သင့်မှာ သင့်ဘဝနဲ့ပတ်သတ်ပြီး အလေးထားရမယ့်ကိစ္စတွေ အများကြီးရှိသလို တခြားသူတွေရဲ့ ဘဝနဲ့ပတ်သတ်ပြီး လျစ်လျူရှုရမယ့် အရာတွေ တောင်လို ပုံနေပါတယ်။ အဓိကနဲ့သာမည ခွဲခြားပြီး အလေးထားဆောင်ရွက်ပါ။

သင့်ဘဝနဲ့ပတ်သတ်ပြီး… သင်ဟာ ဘာကိစ္စကိုပဲဖြစ်ဖြစ်၊ ပြီးစလွယ်တွေး ၊ပြီးစလွယ် လုပ်တတ်သူ၊ ဘာကိုမှ အလေးမထားသူဆိုရင် သင့်ဘဝမှာ အမှားတွေ နောင်တ တွေ နဲ့သာပြည့်နေမှာပါ။

ဒါက တကယ်တော့ သင့်ရဲ့ပျင်းရိတတ်တဲ့စိတ် ၊သင့်ဦးနှောက်ကို သေသေချာချာတွေးပြီး ရေရေရာရာ ဆုံးဖြတ်ချက်မချခဲ့တဲ့ စိတ်တွေကြောင့် သင့်ဘဝမှာ အမှားတွေ ၊နောင်တတွေ ဘယ်လောက်တောင် များခဲ့ပြီလဲ ။

သင်စဉ်းစားကြည့်ပါဦး… လူပျင်း လူညံတွေလို ဘဝကိုအလေးမထား၊ မစဉ်းစားခဲ့ရင် ဘဝတစ်သက်တာလုံး နောင်တ တွေနဲ့ နှစ်ပါးသွားနေရတော့မှာပါ။

သင့်ဘဝမှာ အသေးအဖွဲ့ကအစ အလေးထားမှ ကြီးကြီးမားမားအရာတွေ ဆောင်ရွက်လာနိုင်မှာပါ။ ဒါကြောင့်မို့အသေးအဖွဲ့ကအစအလေးထားပါ

(၄) phone ကို လက်က မချခြင်း

သင်ဟာ အားနေတဲ့အချိန်တိုင်း phone ပဲကြည့် ၊ လုပ်စရာရှိလဲကြည့် ၊မရှိလည်း ကြည့်နေတတ်သူလား… ဒါဆို သင့်ကိုသင်မေးကြည့်ပါ… ငါဟာ phone ကို ဘာအတွက်သုံးတာလဲ။ အလုပ်ကြောင့်လား ၊ဗဟုသုတရှာနေတာလား၊ စာပေလေ့လာနေတာလား၊ ဘာအတွက်လဲ၊ ဘာအကျိုးတွေလဲ… ။

စဉ်းစားပါ… ဒါတွေ အတွက်မဟုတ်ပဲ ဘာလို့များ phone ကို လက်က မချနိုင်၊ မျက်လုံးက phoneနဲ့ မခွါနိုင် ဖြစ်နေရတာလဲ ။သင်ကပြောပါမယ်… ပျင်းလို့ လုပ်စရာမရှိလို့ စသဖြင့်ပေါ့။ ပျင်းတာကို အကျိုးရှိအောင် အသုံးချပါ။

ဒီလို အကျိုးအတွက်မဟုတ်ပဲ ဟိုပွတ် ဒီပွတ်၊ ဟိုဇာတ်ကားတွေကြည့် ဒီဇာတ်လမ်းတွေကြည့်၊ ဂိမ်းတွေဆော့ ဘာတွေဆော့နဲ့… ဘဝကို နေနေရင် ကြာလေ မွဲလေ ကြာလေ မွဲလေ ဖြစ်လာမှာပါ။

မျက်လုံးမွဲရုံတင် မကဘူး လူပါ မွဲလာမှာပါ။ ဆင်းရဲတွင်းက လွတ်မှ ာမဟုတ်ပါဘူး။ ဘာကြောင့်ပါလဲ ဆိုတာကို အသေချာ စဉ်းစားဖို့လိုနေပါပြီ။

(၅) ကိုယ့်ကိုယ်ကို မသိ နားမလည်ခြင်း(ရည်မှန်းချက် ပျောက်နေခြင်း)

သင်က ပျင်းရိနေသူလား၊ အာင်မြင်ချင်သူလား၊ သင်က တိုးတတ်ချင်သူလား ဆုတ်ယုတ်နေသူလား။ သင်က ဘယ်လိုလူလဲပြောပါ။ သင့်ဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာ သင့်ကို ပြန်ပြောပြပါမယ်။

သင့်ဘဝက သင့်အတွေးပါ။ သင့်စိတ်ကူးပါ။ သင့်ရွေးချယ်မှုပါ။ သင်ဘာလိုချင်လဲ ။ဘာဖြစ်ချင်လဲ။ ကိုယ့်ကိုယ်ကို သိပါ။သင်ကိုယ်တိုင်ရွေးချယ်ပါ။ ဘဝမှာအောင်မြင် ပျော်ရွှင်နေသူတွေက

သူတို့ဘဝမှာ ဘယ်လို လူမျိုး ဖြစ်ချင်လဲ ဆိုတာ သူတို့ သေချာသိကြတယ်။ ဒါ့ကြောင့်ပဲသူတို့ ရည်မှန်းချက် အိပ်မက်တွေကို သေချာသိကြလို့

အောင်မြင်တဲ့ရေရေရာရာဘဝကို အသေအချာရရှိတာပဲ ဖြစ်ပါတယ်။သင်ကရော ဘဝမှာ ဘယ်လိုလူမျိုးဖြစ်ချင်တာပါလဲ။

လူပျင်းစိတ်ထားးရင် လူပျင်းလူညံသာ ဖြစ်လာပြီး အောင်မြင်ချင်စိတ်ထားရင်တော့ အောင်မြင်လာမှာပါ ။ဒါကြောင့်မို့ ကိုယ့်ဘဝကို သေချာသိပါ။ နားလည်ပါ။သေချာရွေးချယ်ပါ။

(၆) ဘဝကို ပြောင်းလဲလိုစိတ်မရှိခြင်း

သင့်ရဲ့နေ့စဉ်ဘဝက ဘယ်လိုပါလဲ ။အိပ်မယ် စားမယ် ပုံမှန်အလုပ်လေးသွားမယ် လကုန်တော့ လခလေးရမယ် ။ အကြွေးဆပ်မယ်။ဝယ်မယ်ခြမ်းမယ် ဒါလေးတွေနဲ့ပဲ

သင့်ဘဝကို နေ့စဉ်ပုံမှန်သမရိုးကျ ဖြတ်သန်းနေတုန်းပဲလား။ ဘာလို့ ပြောင်းလဲလိုစိတ် မရှိတာလဲ။ ပြောင်းလဲဖို့ ဘာလို့ ကြောက်နေတာလဲ။

ဘာလို့ပျင်းနေတာလဲ ဘာလို့ ယုံကြည်ချက် မရှိတာလဲ ။ဒါမှမဟုတ် ဒါသင်တကယ်လိုချင်တဲ့ ဘဝနေထိုင်မှု ပုံစံလား ။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့သင့်ရဲ့ ပျင်းရိတဲ့စိတ်ကို

ချိုးဖျက်ပြီး သင့်ဘဝကို ပြောင်းလဲဖို့ တွေးပါ။ ပြင်ဆင်ပါ။ ရတောင့်ရခဲ လူ့ဘဝမှာ အသက်(၆၀)အထိ တစ်သက်လုံး သူများအလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံလေးနဲ့ဘဲ ပျော်နေတော့မှာလား ။

တစ်ခုခုကို ငြီးငွေ့နေရင် ဆက်မလိုချင်တော့ရင် အဲ့နေရာက ရုန်းထွက်ဖို့ စတင်ပြောင်းလဲပါ။ သင့်မှာစွမ်းအားတွေရှိပါတယ် သင်ထုတ်မသုံးလိုသာ အစွမ်းပြခွင့်မရတာပါ သာမန်လူတွေနေတဲ့ ဘဝမျိုး မလိုချင်ရင်

သာမန်လူတွေ မလုပ်တဲ့ သာမန်လူတွေ မတွေးတဲ့အရာတွေကို လုပ်ပါ ။တွေးပါ ။ဖောက်ထွက်ပါ ။ဆုံးဖြတ်ချက် ချလိုက်ပါတော့ ။ ပြောင်းလဲဖို့ ၁ခုခုကို စလုပ်လိုက်ပါ။ ပြောင်းလဲချိန်တန်နေပါပြီ။

(၇) တခြားသူရဲ့အောင်မြင်မှုတွေကိုမနာလိုခြင်း

မနာလိုတာ ၊အတင်းပြောတာ၊ မကောင်းပြောတာ၊ဂုံးတိုက်တာမျိုးတွေ ပြောတဲ့သူတွေကို သင်တွေ့ဖူးပါသလား ။ ဟုတ်ပါတယ်… အဲ့လိုလူတွေက အချိန်တွေပိုပြီး

သူတို့ဘဝကို သူများရဲ့ ဘဝထဲမှာ ရှင်သန်နေမှန်းမသိ ရှင်သန်နေကြတာပါ။ သူများဘဝ ၊သူများအကြောင်းတွေသာတွေးနေကြတာပါ။သူများအတင်းတွေသာ ပြောနေကြတာပါ ။

မနာလိုနေကြတာပါ။ အဲ့လိုမျိုးသူများအပေါ်မကောင်းမြင်စိတ်ထားရှိတဲ့ လူမျိုး၊တခြားသူအောင်မြင်မှုကို မနာလို ဂုဏ်မပြတတ်တဲ့လူမျိုးတွေရဲ့ ဘဝဟာ ဘယ်တော့ဘယ်တော့မှ လူမွှေးပြောင်လာမှာ မဟုတ်ပါဘူး။

ကံကောင်းပြီးတောင် အောင်မြင်လာမှာမဟုတ်ပါဘူး။ အောင်မြင်လာလည်းခဏတာပါပဲ။ အဲ့လိုပြောတတ်တဲ့ သူတွေက ကိုယ့်နဲ့တန်တဲ့ကိုယ့်လမ်းကိုသွားရမှာပါ။

ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာမှာပါအကယ်၍များပေါ့သင့်မှာ အဲ့လိုအကျင့်မျိုးရှိနေခဲ့ရင်အချိန်နောက်မကျခင် ချက်ချင်းပြင်သင့်ပါတယ် ။တပါးသူရဲ့အောင်မြင်မှုကို ချီကျူးပါအားကျပါ အတုယူပါ။

အထက်ပါအချက်(၇)ချက်ထဲက သင်ဘာတွေလုပ်မိနေလဲ commentမှာရေးပေးခဲ့ပါဦး

Be the first to comment

Leave a Reply

Your email address will not be published.


*