တႏိုင္ငံလံုးက စားသံုသူနဲ႕ ေတာင္သူေတြကို ထိခိုက္နစ္နာေစတဲ့ လုပ္ၾကံတုိက္ခိုက္မႈတစ္ခု…

တႏိုင္ငံလံုးက စားသံုသူနဲ႕ ေတာင္သူေတြကို ထိခိုက္နစ္နာေစတဲ့ လုပ္ၾကံတုိက္ခိုက္မႈတစ္ခု...
တႏိုင္ငံလံုးက စားသံုသူနဲ႕ ေတာင္သူေတြကို ထိခိုက္နစ္နာေစတဲ့ လုပ္ၾကံတုိက္ခိုက္မႈတစ္ခု...

တႏိုင္ငံလံုးက စားသံုသူနဲ႕ ေတာင္သူေတြကို ထိခိုက္နစ္နာေစတဲ့ လုပ္ၾကံတုိက္ခိုက္မႈတစ္ခု…

စားအုန္းဆီကို ဓါတုေဆးအနံ႔ ထည့္ၿပီး ေျမပဲဆီအတု၊ ႏွမ္းဆီအတုလုပ္… အစစ္ထက္ ေစ်းေလ်ာ့ေရာင္းေတာ့ ေတာင္သူစီးပြားေရးေကာ၊ စားသုံးသူက်န္းမာေရးေကာ နာၿပီးရင္းနာ၊ အသက္ေတြ တိုၿပီးရင္းတို တာပါပဲ။ ( ေရးသင့္ၿပီ ထင္လို႔ ေရး လိုက္ရပါတယ္ ခင္ဗ်ာ… )

ျမန္မာႏိုင္ငံရဲ႕ စားသုံးဆီေလာကထဲကို ဓာတုအနံ႔ ေျမပဲဆီ၊ ႏွမ္းဆီေရာက္တာ 2012/13 ခုႏွစ္ ကတည္းကပါ။ တ႐ုတ္ႏိုင္ငံသား လူငယ္တေယာက္ ဘာသာျပန္နဲ႔ အတူ အိမ္ေရာက္လာၿပီး နမူနာ ပုလင္းေလးေတြျပၿပီး ရွင္းျပပါတယ္။

က်ေနာ့္အေနနဲ႔ ဒါသည္ စားသုံးသူကို လိမ္လည္တာဘဲျဖစ္တယ္… မလုပ္သင့္ဘူးလို႔ ေျပာျပပါတယ္။ ေနာက္… ဓာတုအနံ႔ ျဖစ္လို႔ ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တယ္… အနံ႔က ျပင္းလြန္းတယ္လို႔ ေျပာျပ ပါတယ္၊ သူ႔ကေတာ့ နမူနာ ပုလင္းငယ္ ၄ပုလင္းထားၿပီး ျပန္သြားခဲ့ပါတယ္။

က်ေနာ္လည္း FDA မွ တာဝန္ရွိ သူတဦးကို ေျပာျပၿပီး… နမူနာ ပုလင္းငယ္မ်ားကို FDA ရန္ကုန္႐ုံးခြဲကို ပို႔ေပးခဲ့ပါတယ္။ ခုေတာ့ ဓာတုအနံ႔ ေျမပဲဆီအတု၊ ႏွမ္းဆီအတုက တႏိုင္ငံလုံး ျပန္႔လို႔ေနပါၿပီ၊

စားသုံးသူေရးရာမွာ က်ေနာ္ စတင္ပါသည့္ 2014 ခုႏွစ္ ကတည္းက အစည္းအေဝးတက္တိုင္း ဒီဓာတုအနံ႔ ရဲ႕ ေစ်းကြက္ကို လႊမ္းမိုးမႈက တေျဖးေျဖးႀကီး လာပါၿပီ… အခ်ိန္မီ တားဆီးေပးဖို႔ ေျပာရင္းနဲ႔ကို 2016/17 မွာ ေစ်းကြက္ရဲ႕ 80% ျဖစ္သြားပါၿပီ။

ျမန္မာႏိုင္ငံရဲ႕ စားသုံးဆီေစ်းကြက္မွာ စားအုန္းဆီ၊ ေနၾကာဆီ၊ ပဲပုတ္ဆီေတြ၊ ျပန္ေၾကာ္ဆီ ေတြကို ဓာတု အနံ႔ေပး ေျမပဲဆီအတု၊ ႏွမ္းဆီအတု လုပ္ေရာင္းေနတာကို မတားျမစ္ႏိုင္တာ ကစၿပီး…

တိုင္းျပည္ရဲ႕ အေျခခံလယ္ယာ ဆီထြက္သီးႏွံ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး အလုပ္အကိုင္အခြင့္အလမ္း၊ စားသုံးသူ က်န္းမာေရး၊ သြင္းကုန္အစားထိုး ပို႔ကုန္ ျမႇင့္တင္ေရး၊ ဆီစက္မ်ား စဥ္ဆက္မျပတ္ တိုးတက္ေရး ေတြကိုပါ ထိခိုက္သြာပါၿပီ။

အခ်ိန္က 2012- 2016 ဆိုတာေလးပါ။ အမႈိက္ကစ ျပႆဒ္ မီးေလာင္… အပ္နဲ႔ ထြင္းရမွာ ပုဆိန္နဲ႔ထြင္းတဲ့အလုပ္ ျဖစ္ေနရၿပီ။ မၾကာခင္ ေျမပဲဆံ၊ ႏွမ္းတြေပၚလာပါေတာ့မယ္။ ေတာင္သူေတြ ငိုရပါဦးမယ္။

စိုက္စရိတ္ထက္နိမ့္ေသာ သီးႏွံေစ်းေတြနဲ႔ ေရာင္းရ ပါဦးေတာ့မယ္။ ေျမပဲဆီ တပိႆာ ၃၀၀၀က်ပ္ ၊ ႏွႏွမ္းဆီ တပိႆာ၂၅၀၀က်ပ္ ေရာင္းတာေတာင္ ျမန္မာေတြက ဓာတုအနံ႔ ေျမပဲဆီတု ၂၂၀၀က်ပ္၊ ႏွမ္းဆီတု ၂၀၀၀က်ပ္တန္ေလာက္ ရွာစား ေနၾကခ်ိန္မွာ…

ဒီအခ်ိန္မွာ တ႐ုတ္ ကုန္သည္ေတြက ေျမပဲလုံးဆန္ အေကာင္း၊ ႏွမ္းေတြကို ေအာက္ေစ်းနဲ႔ဝယ္ သူ႔ႏိုင္ငံမွာ ေျမပဲဆီ တပိႆာ တေသာင္းေက်ာ္၊ ႏွမ္းကို ဆန္ကာခ် အဆင့္ျမႇင့္စက္ကိရိယာသုံး… ဂ်ပန္ကို ေရာင္းဖို႔ ျပင္ေနၾကၿပီဆိုတာ လူႀကီးေတြသိေစခ်င္ပါတယ္။

CODEX STANDARD ေၾကာင့္ FDA က ဓာတုအနံ႔ကို အေရးယူလို႔ မရဘူးလား… စားသုံးသူေရးရာ ဥပေဒထဲမွာ ဓာတုအနံ႔ကို အေရးယူဖို႔ ဥပေဒ မပါဘူးလား…။

ျမန္မာႏိုင္ငံ အမ်ိဳးသားအက်ိဳးစီးပြား တခုလုံးကို ဝိသမသမား လက္တဆုပ္စာ ဓာတုအနံ႔ေရာင္းတဲ့ ၂၆လမ္း၊ ၂၇လမ္း ကုန္ေစ်းတန္းလမ္း၊ သိမ္ႀကီးေစ်း (A) ႐ုံမွာ ရွိတဲ့ ဆိုင္၆၀ေလာက္က ခ်ယ္လွယ္ ေနတာ ကိုေတာ့ အံ့ၾသေနမိ ပါတယ္။

က်ေနာ္ေျပာသင့္လို႔ ေျပာခဲ့ေပါင္းလည္း မ်ားခဲ့ပါၿပီ… ခုေရးသင့္လို႔ ေရးလိုက္ ရပါတယ္။ ျမန္မာျပည္သူ ျပည္သား အေပါင္း လိမ္ညာမႈေဘးမွ ကင္းေဝးပါေစ။

တိုင္းျပည္ရဲ႕ အေျခခံကုန္ထုတ္လုပ္သူ ေတာင္သူလယ္သမား၊ ေမြးျမဴေရးသမား၊ စက္သမားမ်ားလည္း ႀကီးပြား ခ်မ္းသာၾကပါေစ။

တႏိုင္ငံလုံး၇၀% အေျခခံ လူတန္းစားမ်ား ျပည့္စုံခ်မ္းသာၿပီး က်န္၃၀% လူတန္းစားမ်ား တိုးတက္ၾကပါေစ။ ေကာင္းမြန္တိုးတက္ေသာ အနာဂါတ္ ျမန္မာႏိုင္ငံေတာ္ႀကီး အျမန္ဆုံး ျဖစ္တည္လာပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

တနိုင်ငံလုံးက စားသုံသူနဲ့ တောင်သူတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ကြံတိုက်ခိုက်မှုတစ်ခု…

စားအုန်းဆီကို ဓါတုဆေးအနံ့ ထည့်ပြီး မြေပဲဆီအတု၊ နှမ်းဆီအတုလုပ်… အစစ်ထက် ဈေးလျော့ရောင်းတော့ တောင်သူစီးပွားရေးကော၊ စားသုံးသူကျန်းမာရေးကော နာပြီးရင်းနာ၊ အသက်တွေ တိုပြီးရင်းတို တာပါပဲ။ ( ရေးသင့်ပြီ ထင်လို့ ရေး လိုက်ရပါတယ် ခင်ဗျာ… )

မြန်မာနိုင်ငံရဲ့ စားသုံးဆီလောကထဲကို ဓာတုအနံ့ မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012/13 ခုနှစ် ကတည်းကပါ။ တရုတ်နိုင်ငံသား လူငယ်တယောက် ဘာသာပြန်နဲ့ အတူ အိမ်ရောက်လာပြီး နမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။

ကျနော့်အနေနဲ့ ဒါသည် စားသုံးသူကို လိမ်လည်တာဘဲဖြစ်တယ်… မလုပ်သင့်ဘူးလို့ ပြောပြပါတယ်။ နောက်… ဓာတုအနံ့ ဖြစ်လို့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်… အနံ့က ပြင်းလွန်းတယ်လို့ ပြောပြ ပါတယ်၊ သူ့ကတော့ နမူနာ ပုလင်းငယ် ၄ပုလင်းထားပြီး ပြန်သွားခဲ့ပါတယ်။

ကျနော်လည်း FDA မှ တာဝန်ရှိ သူတဦးကို ပြောပြပြီး… နမူနာ ပုလင်းငယ်များကို FDA ရန်ကုန်ရုံးခွဲကို ပို့ပေးခဲ့ပါတယ်။ ခုတော့ ဓာတုအနံ့ မြေပဲဆီအတု၊ နှမ်းဆီအတုက တနိုင်ငံလုံး ပြန့်လို့နေပါပြီ၊

စားသုံးသူရေးရာမှာ ကျနော် စတင်ပါသည့် 2014 ခုနှစ် ကတည်းက အစည်းအဝေးတက်တိုင်း ဒီဓာတုအနံ့ ရဲ့ ဈေးကွက်ကို လွှမ်းမိုးမှုက တဖြေးဖြေးကြီး လာပါပြီ… အချိန်မီ တားဆီးပေးဖို့ ပြောရင်းနဲ့ကို 2016/17 မှာ ဈေးကွက်ရဲ့ 80% ဖြစ်သွားပါပြီ။

မြန်မာနိုင်ငံရဲ့ စားသုံးဆီဈေးကွက်မှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီတွေ၊ ပြန်ကြော်ဆီ တွေကို ဓာတု အနံ့ပေး မြေပဲဆီအတု၊ နှမ်းဆီအတု လုပ်ရောင်းနေတာကို မတားမြစ်နိုင်တာ ကစပြီး…

တိုင်းပြည်ရဲ့ အခြေခံလယ်ယာ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး အလုပ်အကိုင်အခွင့်အလမ်း၊ စားသုံးသူ ကျန်းမာရေး၊ သွင်းကုန်အစားထိုး ပို့ကုန် မြှင့်တင်ရေး၊ ဆီစက်များ စဉ်ဆက်မပြတ် တိုးတက်ရေး တွေကိုပါ ထိခိုက်သွာပါပြီ။

အချိန်က 2012- 2016 ဆိုတာလေးပါ။ အမှိုက်ကစ ပြဿဒ် မီးလောင်… အပ်နဲ့ ထွင်းရမှာ ပုဆိန်နဲ့ထွင်းတဲ့အလုပ် ဖြစ်နေရပြီ။ မကြာခင် မြေပဲဆံ၊ နှမ်းတွပေါ်လာပါတော့မယ်။ တောင်သူတွေ ငိုရပါဦးမယ်။

စိုက်စရိတ်ထက်နိမ့်သော သီးနှံဈေးတွေနဲ့ ရောင်းရ ပါဦးတော့မယ်။ မြေပဲဆီ တပိဿာ ၃၀၀၀ကျပ် ၊ နှနှမ်းဆီ တပိဿာ၂၅၀၀ကျပ် ရောင်းတာတောင် မြန်မာတွေက ဓာတုအနံ့ မြေပဲဆီတု ၂၂၀၀ကျပ်၊ နှမ်းဆီတု ၂၀၀၀ကျပ်တန်လောက် ရှာစား နေကြချိန်မှာ…

ဒီအချိန်မှာ တရုတ် ကုန်သည်တွေက မြေပဲလုံးဆန် အကောင်း၊ နှမ်းတွေကို အောက်ဈေးနဲ့ဝယ် သူ့နိုင်ငံမှာ မြေပဲဆီ တပိဿာ တသောင်းကျော်၊ နှမ်းကို ဆန်ကာချ အဆင့်မြှင့်စက်ကိရိယာသုံး… ဂျပန်ကို ရောင်းဖို့ ပြင်နေကြပြီဆိုတာ လူကြီးတွေသိစေချင်ပါတယ်။

CODEX STANDARD ကြောင့် FDA က ဓာတုအနံ့ကို အရေးယူလို့ မရဘူးလား… စားသုံးသူရေးရာ ဥပဒေထဲမှာ ဓာတုအနံ့ကို အရေးယူဖို့ ဥပဒေ မပါဘူးလား…။

မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွား တခုလုံးကို ဝိသမသမား လက်တဆုပ်စာ ဓာတုအနံ့ရောင်းတဲ့ ၂၆လမ်း၊ ၂၇လမ်း ကုန်ဈေးတန်းလမ်း၊ သိမ်ကြီးဈေး (A) ရုံမှာ ရှိတဲ့ ဆိုင်၆၀လောက်က ချယ်လှယ် နေတာ ကိုတော့ အံ့သြနေမိ ပါတယ်။

ကျနော်ပြောသင့်လို့ ပြောခဲ့ပေါင်းလည်း များခဲ့ပါပြီ… ခုရေးသင့်လို့ ရေးလိုက် ရပါတယ်။ မြန်မာပြည်သူ ပြည်သား အပေါင်း လိမ်ညာမှုဘေးမှ ကင်းဝေးပါစေ။

တိုင်းပြည်ရဲ့ အခြေခံကုန်ထုတ်လုပ်သူ တောင်သူလယ်သမား၊ မွေးမြူရေးသမား၊ စက်သမားများလည်း ကြီးပွား ချမ်းသာကြပါစေ။

တနိုင်ငံလုံး၇၀% အခြေခံ လူတန်းစားများ ပြည့်စုံချမ်းသာပြီး ကျန်၃၀% လူတန်းစားများ တိုးတက်ကြပါစေ။ ကောင်းမွန်တိုးတက်သော အနာဂါတ် မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး ဖြစ်တည်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*