ထိုင္းလယ္သမားမ်ား ခ႐ုမွ ထြက္သည့္ အရည္အခၽြဲကို ထုတ္ယူ ေရာင္းခ်ျခင္းျဖင့္ စီးပြားျဖစ္ေန

ထိုင္းလယ္သမားမ်ား ခ႐ုမွ ထြက္သည့္ အရည္အခၽြဲကို ထုတ္ယူ ေရာင္းခ်ျခင္းျဖင့္ စီးပြားျဖစ္ေန
ထိုင္းလယ္သမားမ်ား ခ႐ုမွ ထြက္သည့္ အရည္အခၽြဲကို ထုတ္ယူ ေရာင္းခ်ျခင္းျဖင့္ စီးပြားျဖစ္ေန

ထိုင္းလယ္သမားမ်ား ခ႐ုမွ ထြက္သည့္ အရည္အခၽြဲကို ထုတ္ယူ ေရာင္းခ်ျခင္းျဖင့္ စီးပြားျဖစ္ေန

ထိုင္းနိုင္ငံအလယ္ပိုင္းရွိ ေမြးျမဴေရးၿခံတစ္ခုတြင္ ေရႊဖ႐ုံသီးႏွင့္ သခြားသီးမ်ား လွီးထည့္ထားသည့္ ပန္းကန္ျပားမ်ားေပၚ၌ တစ္လက္မအရြယ္အစားရွိသည့္ ခ႐ုႀကီးမ်ား တေရြ႕ေရြ႕သြားေနၾကသည္။ယင္းေမြးျမဴေရးၿခံတြင္

ခ႐ုမ်ားအား အသီးအႏွံမ်ား ခ်ေကၽြးထားျခင္းသည္ ခ႐ုမွထြက္ရွိသည့္ ေကာ္လာဂ်င္ ႂကြယ္ဝေသာ အရည္အခၽြဲကို ထုတ္ယူရန္အတြက္ျဖစ္ၿပီး ထိုအရည္အခၽြဲသည္ ယခုအခ်ိန္တြင္ အလွကုန္ပစၥည္းမ်ား ထုတ္လုပ္သည့္

ကုမၸဏီအခ်ိဳ႕အတြက္ ေရႊတမၽွ အဖိုးထိုက္တန္သည့္အရာ ျဖစ္ေနၿပီျဖစ္သည္။ပါတီနီသီရိတန္ကပ္ေယာက္၏ ေမြးျမဴေရးၿခံအတြင္းရွိ ခ႐ုမ်ားသည္ တစ္ခ်ိန္တစ္ခါက စပါးႏွံမ်ားကို စားေသာက္ျခင္းေၾကာင့္ စပါးစိုက္လယ္သမားမ်ား၏ ႏွိမ္နင္းမႈကို ခံခဲ့ရေသာ ခ႐ုမ်ားျဖစ္သည္။

“အရင္ကေတာ့ လယ္သမားေတြက ခ႐ုေတြကိုေတြ႕ရင္ လမ္းမေပၚ ဒါမွမဟုတ္ ျမစ္ေခ်ာင္းေတြထဲကို ပစ္ထုတ္ၾကတာပဲ။ ဒါေပမဲ့ အခုေတာ့ ခ႐ုေတြကို သူတို႔ မလႊတ္ပစ္ၾကေတာ့ပါဘူး။ အပိုဝင္ေငြရွာခ်င္လို႔

ခ႐ုေတြကို ကၽြန္မဆီ လာေရာင္းၾကတယ္ေလ။ ခ႐ုေကာင္ တစ္ကီလိုဂရမ္ကို ၂၅ ဘတ္ကေန ဘတ္ ၃၀ (တစ္ေဒၚလာ) ခန႔္နဲ႔ ဝယ္ပါတယ္” ဟု ပါသီနီသီရိက AFP သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ပါသီနီသီရိ၏ ေမြးျမဴေရးၿခံတြင္ ခ႐ုအေကာင္ေရ ၁၀၀၀ ရွိၿပီး ယင္းခ႐ုမ်ားျဖင့္ တစ္လလၽွင္ ေဒၚလာ ၃၂၀ မွ ေဒၚလာ ၆၅၀ ထိ အပိုဝင္ေငြ ရရွိေနသည္ ဟုဆိုသည္။ ပါသီနီသီရိ၏ ေမြးျမဴေရးၿခံသည္ ၿမိဳ႕ေတာ္ ဘန္ေကာက္မွ

ခရီးႏွစ္နာရီသြားရသည့္ နာခြန္းနာေယာ့ခ္ ျပည္နယ္တြင္ရွိေသာ ခ႐ုေမြးျမဴေရးၿခံ ၈၀ ေက်ာ္ထဲမွ တစ္ခုျဖစ္သည္။ ဆနာခြန္းနာေယာ့ခ္ျပည္နယ္သည္ ခန႔္မွန္းေျခေဒၚလာ ၃၁၄ သန္း ေဈးကြက္ရွိေနေသာ ကမၻာတစ္ဝန္း ခ႐ုထြက္ အလွကုန္ေဈးကြက္တြင္ အျမတ္ထုတ္ ေငြရွာေနသည့္ ျပည္နယ္တစ္ခုျဖစ္သည္။

ခ႐ုမွထြက္သည့္ အဖိုးတန္ေသာ အရည္အခၽြဲကိုရရွိရန္ ဖန္ႁပြန္ရွည္တစ္ေခ်ာင္းကို အသုံးျပဳ၍ ခ႐ု၏ အခၽြဲထုတ္ဂလင္းမ်ားထံမွ အရည္အခၽြဲ ထြက္လာေအာင္ စိတ္ရွည္လက္ရွည္ ညႇစ္ထုတ္ရျခင္းျဖစ္သည္။

ထိုသို႔ျပဳလုပ္၍ ရရွိလာေသာ ခ႐ုအခၽြဲကုန္ၾကမ္းကို ကိုရီးယားႏွင့္ အေမရိကန္သို႔ အလွကုန္မ်ား ပင္တိုင္ျဖန႔္ျဖဴး တင္ပို႔ေပးေနသည့္ ထိုင္းအေျခစိုက္ အလွကုန္ပစၥည္း ကုမၸဏီ Aden International သို႔ ေရာင္းခ်သည္။

ထိုင္းနိုင္ငံတြင္ ခ႐ုအခၽြဲထုတ္လုပ္သည့္ ပထမဆုံး ကုမၸဏီ ျဖစ္ေသာ Aden International သည္ နာခြန္းနာေယာ့ခ္ ျပည္နယ္တြင္ ခ႐ုေမြးျမဴေရး ျဖန႔္ၾကက္လုပ္ေဆာင္ျခင္းကို စီးပြားေရး အက်ိဳးအျမတ္ ရွာရာတြင္ ေျဖရွင္းမႈတစ္ရပ္အျဖစ္ လြန္ခဲ့ေသာ ၅ ႏွစ္က

စတင္လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္ဟု ကုမၸဏီ တည္ေထာင္သူ ကစ္ပြန္ပူတာရာ သူဗန္ႏြန္က ဆိုသည္။ကစ္ပြန္၏ Aden ကုမၸဏီသည္ ခ႐ုအခၽြဲျဖင့္ ထုတ္လုပ္ထားေသာ serum အမ်ိဳးအစား အလွကုန္ကို Acha အမည္ရွိ

အမွတ္တံဆိပ္ျဖင့္ ေရာင္းခ်ေနသည့္အျပင္ ကိုရီးယားႏွင့္ အေမရိကန္ အလွကုန္ ကုမၸဏီမ်ားသို႔လည္း ခ႐ုအခၽြဲျဖင့္ ထုတ္လုပ္ထားေသာ ေပါင္ဒါမႈန႔္ကို တစ္ကီလိုဂရမ္လၽွင္ ဘတ္ ၁.၈ သန္း (ေဒၚလာ ၅၃၅၀၀) ျဖင့္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။

Aden ကုမၸဏီ၏ ခ႐ုအခၽြဲ ထုတ္လုပ္မႈသည္ သီတင္းပတ္ သုံးပတ္တိုင္း တစ္ႀကိမ္သာ ထုတ္ယူျခင္းျဖစ္သည္။ လက္ရွိအခ်ိန္တြင္ Aden ကုမၸဏီ၏ ခ႐ုအခၽြဲေဈးႏႈန္းသည္ တစ္ကီလိုဂရမ္လၽွင္ ဘတ္ ၈၀၀၀၀ (ေဒၚလာ ၂၄၀၀) ထိ ေဈးေပါက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ထုတ္လုပ္တဲ့ ခ႐ုအခၽြဲက အလြန္အရည္အေသြး ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခ႐ုေလးေတြက အသီးအႏွံေတြ၊ ႏွံစားပင္ေတြရဲ့ အေစ့အဆန္ေတြအျပင္ မွိုေတြေတာင္ စားပါတယ္။

အဲဒါေၾကာင့္ သူတို႔က အရည္အေသြးေကာင္းတဲ့ အရည္အခၽြဲေတြကို ထုတ္ေပးတာပါ။ သူတို႔ရဲ့ အခၽြဲက ေနေလာင္ဒဏ္နဲ႔ ဒဏ္ရာေတြကို ကုသဖို႔အတြက္ အသုံးျပဳနိုင္ပါတယ္” ဟု ကစ္ပြန္က ဆိုသည္။

ခ႐ုအခၽြဲကို သန႔္စင္ေပးသည့္ လုပ္ငန္းတြင္ တာဝန္ရွိေသာ ဆရာဝန္ တစ္ဦးျဖစ္သူ ဆြမ္ကာမိုမန္ခၽြန္က

ခ႐ုအခၽြဲတြင္ ေကာ္လာဂ်င္ႏွင့္ အသားအေရကို တင္းရင္းေစၿပီး အေရးအေၾကာင္း နည္းပါးေစသည့္ အီလာစတင္ ပရိုတင္းတစ္မ်ိဳး ပါဝင္ေၾကာင္း ေျပာၾကားခဲ့သည္။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။

Unicode

ထိုင်းလယ်သမားများ ခရုမှ ထွက်သည့် အရည်အချွဲကို ထုတ်ယူ ရောင်းချခြင်းဖြင့် စီးပွားဖြစ်နေ

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မွေးမြူရေးခြံတစ်ခုတွင် ရွှေဖရုံသီးနှင့် သခွားသီးများ လှီးထည့်ထားသည့် ပန်းကန်ပြားများပေါ်၌ တစ်လက်မအရွယ်အစားရှိသည့် ခရုကြီးများ တရွေ့ရွေ့သွားနေကြသည်။ယင်းမွေးမြူရေးခြံတွင်

ခရုများအား အသီးအနှံများ ချကျွေးထားခြင်းသည် ခရုမှထွက်ရှိသည့် ကော်လာဂျင် ကြွယ်ဝသော အရည်အချွဲကို ထုတ်ယူရန်အတွက်ဖြစ်ပြီး ထိုအရည်အချွဲသည် ယခုအချိန်တွင် အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့်

ကုမ္ပဏီအချို့အတွက် ရွှေတမျှ အဖိုးထိုက်တန်သည့်အရာ ဖြစ်နေပြီဖြစ်သည်။ပါတီနီသီရိတန်ကပ်ယောက်၏ မွေးမြူရေးခြံအတွင်းရှိ ခရုများသည် တစ်ချိန်တစ်ခါက စပါးနှံများကို စားသောက်ခြင်းကြောင့် စပါးစိုက်လယ်သမားများ၏ နှိမ်နင်းမှုကို ခံခဲ့ရသော ခရုများဖြစ်သည်။

“အရင်ကတော့ လယ်သမားတွေက ခရုတွေကိုတွေ့ရင် လမ်းမပေါ် ဒါမှမဟုတ် မြစ်ချောင်းတွေထဲကို ပစ်ထုတ်ကြတာပဲ။ ဒါပေမဲ့ အခုတော့ ခရုတွေကို သူတို့ မလွှတ်ပစ်ကြတော့ပါဘူး။ အပိုဝင်ငွေရှာချင်လို့

ခရုတွေကို ကျွန်မဆီ လာရောင်းကြတယ်လေ။ ခရုကောင် တစ်ကီလိုဂရမ်ကို ၂၅ ဘတ်ကနေ ဘတ် ၃၀ (တစ်ဒေါ်လာ) ခန့်နဲ့ ဝယ်ပါတယ်” ဟု ပါသီနီသီရိက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပါသီနီသီရိ၏ မွေးမြူရေးခြံတွင် ခရုအကောင်ရေ ၁၀၀၀ ရှိပြီး ယင်းခရုများဖြင့် တစ်လလျှင် ဒေါ်လာ ၃၂၀ မှ ဒေါ်လာ ၆၅၀ ထိ အပိုဝင်ငွေ ရရှိနေသည် ဟုဆိုသည်။ ပါသီနီသီရိ၏ မွေးမြူရေးခြံသည် မြို့တော် ဘန်ကောက်မှ

ခရီးနှစ်နာရီသွားရသည့် နာခွန်းနာယော့ခ် ပြည်နယ်တွင်ရှိသော ခရုမွေးမြူရေးခြံ ၈၀ ကျော်ထဲမှ တစ်ခုဖြစ်သည်။ ဆနာခွန်းနာယော့ခ်ပြည်နယ်သည် ခန့်မှန်းခြေဒေါ်လာ ၃၁၄ သန်း ဈေးကွက်ရှိနေသော ကမ္ဘာတစ်ဝန်း ခရုထွက် အလှကုန်ဈေးကွက်တွင် အမြတ်ထုတ် ငွေရှာနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။

ခရုမှထွက်သည့် အဖိုးတန်သော အရည်အချွဲကိုရရှိရန် ဖန်ပြွန်ရှည်တစ်ချောင်းကို အသုံးပြု၍ ခရု၏ အချွဲထုတ်ဂလင်းများထံမှ အရည်အချွဲ ထွက်လာအောင် စိတ်ရှည်လက်ရှည် ညှစ်ထုတ်ရခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်၍ ရရှိလာသော ခရုအချွဲကုန်ကြမ်းကို ကိုရီးယားနှင့် အမေရိကန်သို့ အလှကုန်များ ပင်တိုင်ဖြန့်ဖြူး တင်ပို့ပေးနေသည့် ထိုင်းအခြေစိုက် အလှကုန်ပစ္စည်း ကုမ္ပဏီ Aden International သို့ ရောင်းချသည်။

ထိုင်းနိုင်ငံတွင် ခရုအချွဲထုတ်လုပ်သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်သော Aden International သည် နာခွန်းနာယော့ခ် ပြည်နယ်တွင် ခရုမွေးမြူရေး ဖြန့်ကြက်လုပ်ဆောင်ခြင်းကို စီးပွားရေး အကျိုးအမြတ် ရှာရာတွင် ဖြေရှင်းမှုတစ်ရပ်အဖြစ် လွန်ခဲ့သော ၅ နှစ်က

စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ကုမ္ပဏီ တည်ထောင်သူ ကစ်ပွန်ပူတာရာ သူဗန်နွန်က ဆိုသည်။ကစ်ပွန်၏ Aden ကုမ္ပဏီသည် ခရုအချွဲဖြင့် ထုတ်လုပ်ထားသော serum အမျိုးအစား အလှကုန်ကို Acha အမည်ရှိ

အမှတ်တံဆိပ်ဖြင့် ရောင်းချနေသည့်အပြင် ကိုရီးယားနှင့် အမေရိကန် အလှကုန် ကုမ္ပဏီများသို့လည်း ခရုအချွဲဖြင့် ထုတ်လုပ်ထားသော ပေါင်ဒါမှုန့်ကို တစ်ကီလိုဂရမ်လျှင် ဘတ် ၁.၈ သန်း (ဒေါ်လာ ၅၃၅၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Aden ကုမ္ပဏီ၏ ခရုအချွဲ ထုတ်လုပ်မှုသည် သီတင်းပတ် သုံးပတ်တိုင်း တစ်ကြိမ်သာ ထုတ်ယူခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် Aden ကုမ္ပဏီ၏ ခရုအချွဲဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ဘတ် ၈၀၀၀၀ (ဒေါ်လာ ၂၄၀၀) ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ထုတ်လုပ်တဲ့ ခရုအချွဲက အလွန်အရည်အသွေး ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရုလေးတွေက အသီးအနှံတွေ၊ နှံစားပင်တွေရဲ့ အစေ့အဆန်တွေအပြင် မှိုတွေတောင် စားပါတယ်။

အဲဒါကြောင့် သူတို့က အရည်အသွေးကောင်းတဲ့ အရည်အချွဲတွေကို ထုတ်ပေးတာပါ။ သူတို့ရဲ့ အချွဲက နေလောင်ဒဏ်နဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်” ဟု ကစ်ပွန်က ဆိုသည်။

ခရုအချွဲကို သန့်စင်ပေးသည့် လုပ်ငန်းတွင် တာဝန်ရှိသော ဆရာဝန် တစ်ဦးဖြစ်သူ ဆွမ်ကာမိုမန်ချွန်က

ခရုအချွဲတွင် ကော်လာဂျင်နှင့် အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း နည်းပါးစေသည့် အီလာစတင် ပရိုတင်းတစ်မျိုး ပါဝင်ကြောင်း ပြောကြားခဲ့သည်။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*