မၾကာခဏသန႔္ရွင္းေပးသင့္တဲ့ ေန႔စဥ္အသုံးျပဳေနေသာ အရာဝတၱဳ (၆)မ်ိဳး

မၾကာခဏသန႔္ရွင္းေပးသင့္တဲ့ ေန႔စဥ္အသုံးျပဳေနေသာ အရာဝတၱဳ (၆)မ်ိဳး
မၾကာခဏသန႔္ရွင္းေပးသင့္တဲ့ ေန႔စဥ္အသုံးျပဳေနေသာ အရာဝတၱဳ (၆)မ်ိဳး

မၾကာခဏသန႔္ရွင္းေပးသင့္တဲ့ ေန႔စဥ္အသုံးျပဳေနေသာ အရာဝတၱဳ (၆)မ်ိဳး

ကြၽန္ေတာ္တို႔ဟာ ေန႔စဥ္အသုံးဝင္ေနတဲ့ ပစၥည္းေတြကို သုံးသာသုံးတယ္… သန႔္ရွင္းေရး လုပ္ဖို႔ ဘယ္ေတာ့မွ မစဥ္းစားမိၾကပါဘူး။

သူတို႔ကို သန႔္ရွင္းေရး အလုံအေလာက္မလုပ္ရင္ ကြၽန္ေတာ္တို႔ရဲ႕က်န္းမာေရးကို အမွန္တကယ္ အႏၲရာယ္ရွိေစဆိုတာ သတိမထားမိၾကပါဘူး။

ကိုယ့္ရဲ႕ အိမ္ကို ပုံမွန္သန႔္ရွင္းေရးလုပ္တာ လုံေလာက္တယ္လို႔ ထင္ေပမယ့္… ေန႔စဥ္သုံး အရာတစ္ခ်ိဳ႕ကို သန႔္ရွင္းေရးလုပ္ဖို႔ ေမ့ေလ်ာ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဒါ့ေၾကာင့္ မၾကာခဏ သန႔္ရွင္းေပးသင့္တဲ့ ေန႔စဥ္သုံး ပစၥည္းေတြကို သတိထားမိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

၁။ သြားတိုက္တံ

သြားက်န္းမာေရးကို ထိန္းသိမ္းဖို႔ တစ္ေန႔သြား ၂ႀကိမ္ တိုက္ၾကပါတယ္။ ဒါေပမယ့္ သြားတိုက္တံကို သန႔္ရွင္းဖို႔ေတာ့ သတိ မထားမိၾကပါဘူး။

သင့္ရဲ႕သြားတိုက္တံေတြမွာ တည္ေဆာက္ေနတဲ့ စားႂကြင္း စားက်န္ေတြ၊ ဘက္တီးရီးယားေတြေၾကာင့္ သြားတိုက္တံကို မၾကာခဏေ ဆးေၾကာသန႔္စင္သင့္ပါတယ္။

ေဖာ္ျပပါ အဆင့္ေတြအတိုင္း သင့္သြားတိုက္တံကို အပတ္စဥ္ေဆးေၾကာပါ…

သင့္သြားတိုက္တံကို သြားတိုက္ေဆး နည္းနည္းထည့္ထားတဲ့ ေရပူထဲမွာ ေဆးေၾကာေပးပါ။

အထူးသျဖင့္ ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြ အေပါက္ကေလးေတြ၊ မ်က္ႏွာျပင္တစ္ခုလုံး သန႔္ရွင္းဖို႔ ေရျမဳပ္တစ္ခုကို သုံးပါ။

ေရပူ သို႔မဟုတ္ ေရေႏြးျဖင့္ ေဆးပါ။ ေျခာက္ေသြ႕ေအာင္ထားၿပီး ပုံမွန္ အသုံးျပဳပါ။ ဒီထက္ပိုၿပီး သန႔္ရွင္းခ်င္ရင္ေတာ့ ေအာက္ပါအတိုင္း ျပဳလုပ္ပါ… ညဘက္သြားတိုက္ၿပီးရင္ ခံတြင္းသန႔္ေဆးရည္ နည္းနည္းကို

ခြက္ထဲထည့္ၿပီး သင့္သြားတိုက္တံကို ထည့္ထားပါ။ ဘရပ္ကို နည္းနည္းေလာက္ လႈပ္ခါလိုက္ၿပီး တစ္ညထားပါ။ မနက္ခင္းမွ ေရေအးနဲ႔ေဆးၿပီး ပုံမွန္အတိုင္းသြားတိုက္ပါ။ ညဘက္မွာ ခံတြင္းသန႔္ေဆးနဲ႔ ျပန္စိမ္ပါ။

၂။ ေမြ႕ယာ

သင့္ရဲ ႕ေမြ႕ယာကို မၾကာခဏ ပိုၿပီးသန႔္စင္သင့္ပါတယ္။ ေမြ႕ယာကို ညတိုင္း ၆နာရီ၊ ၈နာရီေလာက္ သုံးၾကေပမယ့္ လူအမ်ားစုက အိပ္ရာခင္းေတြကိုလဲေပးယုံနဲ႔ လုံေလာက္တယ္လို႔ ထင္ၾကပါတယ္။ ေမြ႕ယာကို ဘယ္ေတာ့မွ မသန႔္ရွင္းၾကပါဘူး။

ေမြ႕ယာေတြက ဖုန္၊ အညစ္အေၾကး၊ ေခြၽး၊ ဆံပင္ႏွင့္ အေရျပားဆဲလ္ေသေတြကဲ့သို႔ ေအာ္ဂဲနစ္အကြၽင္းအက်န္ေတြ ကို စုပ္ယူပါတယ္။

ဒါေတြက အေရျပား ေရာင္ရမ္းတာေတြ ၊ အလာ့ဂ်စ္ေတြကို ျဖစ္ေစတာေၾကာင့္ အနည္းဆုံး တစ္လကို တစ္ႀကိမ္ေတာ့ သင့္ေမြ႕ယာကို သန႔္ရွင္း သင့္ပါတယ္။

ေမြ႕ယာကို သန႔္စင္ဖို႔အတြက္ ေမြ႕ယာေပၚမွာ မုန႔္ဖုတ္ဆိုဒါကို ျဖန္းပါ။ ပမာဏက သင့္ေမြ႕ယာအ႐ြယ္အစားေပၚ မႈတည္ ပါလိမ့္မယ္။ေမြ႕ယာမ်က္ႏွာျပင္တစ္ခုလုံးကို ျဖဴးေပးရပါမယ္။

ေမြ႕ယာစို႐ြဲသြားေအာင္မလုပ္ဘဲ ေရအနည္းငယ္ကို ျဖန္းေပးပါ။ ဒါက မုန႔္ဖုတ္ဆိုဒါကို activate ျဖစ္ေစပါလိမ့္မယ္။ ၁၅မိနစ္ေလာက္ ထားၿပီးမွ ဆပ္ျပာ၊ ေရ၊ ဘရပ္တစ္ခုႏွင့္ ေဆးေၾကာပါ။ ေဆးေၾကာၿပီးမွ အေျခာက္ခံထားပါ။

၃။ အိပ္ရာခင္း

အိပ္ရာခင္းေတြက မၾကာခဏ သန႔္ရွင္းေရးလုပ္ေပးသင့္တဲ့ ေန႔စဥ္သုံးအရာေတြ ျဖစ္ပါတယ္။ အေကာင္းဆုံးက… တစ္ပတ္ကို ၂ႀကိမ္ သို႔မဟုတ္ အနည္းဆုံး တစ္ပတ္ တစ္ႀကိမ္ သင့္ အိပ္ရာခင္းကို လဲပါ။

ဒါက သင့္ေမြ႕ယာကို ပိုၾကာၾကာ သန႔္ရွင္းေအာင္ ထိန္းသိမ္းေပးပါတယ္။ အိပ္ရာခင္းကို ေလွ်ာ္ၿပီးေနာက္ ေခါက္ၿပီး ပလပ္စတစ္အိပ္တစ္ခုထဲထည့္ထားပါ။ ဒါမွဖုန္မတတ္မွာပါ။

၄။ ရႈးဖိနပ္မ်ား

သင့္ရႈးဖိနပ္ေတြက သင့္ရဲ႕ပထမဆုံး impression ကို ေကာင္းေအာင္ျပဳလုပ္ေပးတာေၾကာင့္ မၾကာခဏ သန႔္ရွင္းေပးသင့္တဲ့ ေန႔စဥ္သုံး ပစၥည္းတစ္ခုပါ။

အတြင္းကို သန႔္ရွင္းဖို႔ အထူးဆပ္ျပာတစ္ခုႏွင့္အတူ ေပ်ာ့ေပ်ာင္းတဲ့ အဝတ္အေျခာက္တစ္ခုကိုသုံးပါ။ ဒါက အနံ႔ဆိုးျဖစ္ေပၚေစတဲ့ ေခြၽးေတြကို သန႔္ရွင္းၿပီး ဘက္တီးရီးယားေတြ ေသေစပါတယ္။

deodorizer ျဖင့္ ျဖန္းၿပီး အေျခာက္ခံထားပါ။ အျပင္ပိုင္းကို သန႔္ရွင္းေရးလုပ္ဖို႔ ဖုန္မႈန႔္ေတြကို သန႔္စင္ဖို႔ လိုပါလိမ့္မယ္ ။ ဘာ product သုံးရမွန္း မသိရင္ ဖိနပ္ဆိုင္က တစ္ေယာက္ေယာက္ကို ေမးၾကည့္ပါ။

၅။ ဘီးေတြ

သင္ဟာ ဆံပင္ၿဖီးတဲ့ဘီးေတြကို ေန႔စဥ္အသုံးျပဳပါလိမ့္မယ္။ က်န္းမာတဲ့ ဆံေကသာကို ပိုင္ဆိုင္ဖို႔ ဘီးေတြကို အခ်ိန္မွန္မွန္ သန႔္စင္ေပးဖို႔ လိုပါတယ္။ သန႔္စင္ေပးဖို႔အတြက္ ေရ၄ခြက္(၈၀၀မီလီ)၊ ရွန္ပူ ၄ဇြန္း(၆၀မီလီ) လိုအပ္ပါတယ္။

ေရႏွင့္ ရွန္ပူကို ေရာၿပီး သင့္ဘီးထည့္လို႔ ဆန႔္မယ့္ ခြက္အႀကီး တစ္ခုထဲထည့္ပါ။ ဘီးကိုေရျမဳပ္ေအာင္ ထည့္ထားၿပီး တစ္ညထားပါ။ ေနာက္ေန႔မနက္မွာ ဘရပ္အေဟာင္းတစ္ခုႏွင့္ ပြတ္တိုက္ၿပီး ေရေဆးေပးပါ။

၆။ ဖုန္းေတြ

လူေတြဟာ ေန႔ေကာညေကာ ေရခ်ိဳးခန္းထဲမွာပါမခ်န္ ဖုန္းေတြကို အသုံးျပဳေပမယ့္ ဒီဖုန္းမွာ ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြ ခိုေအာင္းႏိုင္တာကို သတိ မျပဳမိၾကပါဘူး။

ကူးစက္ေရာဂါေတြကို ကာကြယ္ဖို႔ သင့္ဖုန္းကို ျပတင္းေပါက္ သန႔္စင္ေဆး(သို႔) screen cleaner အစက္ အနည္းငယ္ႏွင့္အတူ မိုက္ခ႐ိုဖိုင္ဘာအဝတ္စ တစ္ခုနဲ႔ ေန႔စဥ္ သန႔္ရွင္းေပးပါ။ Credit

Unicode

မကြာခဏသန့်ရှင်းပေးသင့်တဲ့ နေ့စဉ်အသုံးပြုနေသော အရာဝတ္တု (၆)မျိုး

ကျွန်တော်တို့ဟာ နေ့စဉ်အသုံးဝင်နေတဲ့ ပစ္စည်းတွေကို သုံးသာသုံးတယ်… သန့်ရှင်းရေး လုပ်ဖို့ ဘယ်တော့မှ မစဉ်းစားမိကြပါဘူး။

သူတို့ကို သန့်ရှင်းရေး အလုံအလောက်မလုပ်ရင် ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အမှန်တကယ် အန္တရာယ်ရှိစေဆိုတာ သတိမထားမိကြပါဘူး။

ကိုယ့်ရဲ့ အိမ်ကို ပုံမှန်သန့်ရှင်းရေးလုပ်တာ လုံလောက်တယ်လို့ ထင်ပေမယ့်… နေ့စဉ်သုံး အရာတစ်ချို့ကို သန့်ရှင်းရေးလုပ်ဖို့ မေ့လျော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် မကြာခဏ သန့်ရှင်းပေးသင့်တဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို သတိထားမိစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ သွားတိုက်တံ

သွားကျန်းမာရေးကို ထိန်းသိမ်းဖို့ တစ်နေ့သွား ၂ကြိမ် တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်တံကို သန့်ရှင်းဖို့တော့ သတိ မထားမိကြပါဘူး။

သင့်ရဲ့သွားတိုက်တံတွေမှာ တည်ဆောက်နေတဲ့ စားကြွင်း စားကျန်တွေ၊ ဘက်တီးရီးယားတွေကြောင့် သွားတိုက်တံကို မကြာခဏေ ဆးကြောသန့်စင်သင့်ပါတယ်။

ဖော်ပြပါ အဆင့်တွေအတိုင်း သင့်သွားတိုက်တံကို အပတ်စဉ်ဆေးကြောပါ…

သင့်သွားတိုက်တံကို သွားတိုက်ဆေး နည်းနည်းထည့်ထားတဲ့ ရေပူထဲမှာ ဆေးကြောပေးပါ။

အထူးသဖြင့် ချောင်ကြိုချောင်ကြားတွေ အပေါက်ကလေးတွေ၊ မျက်နှာပြင်တစ်ခုလုံး သန့်ရှင်းဖို့ ရေမြုပ်တစ်ခုကို သုံးပါ။

ရေပူ သို့မဟုတ် ရေနွေးဖြင့် ဆေးပါ။ ခြောက်သွေ့အောင်ထားပြီး ပုံမှန် အသုံးပြုပါ။ ဒီထက်ပိုပြီး သန့်ရှင်းချင်ရင်တော့ အောက်ပါအတိုင်း ပြုလုပ်ပါ… ညဘက်သွားတိုက်ပြီးရင် ခံတွင်းသန့်ဆေးရည် နည်းနည်းကို

ခွက်ထဲထည့်ပြီး သင့်သွားတိုက်တံကို ထည့်ထားပါ။ ဘရပ်ကို နည်းနည်းလောက် လှုပ်ခါလိုက်ပြီး တစ်ညထားပါ။ မနက်ခင်းမှ ရေအေးနဲ့ဆေးပြီး ပုံမှန်အတိုင်းသွားတိုက်ပါ။ ညဘက်မှာ ခံတွင်းသန့်ဆေးနဲ့ ပြန်စိမ်ပါ။

၂။ မွေ့ယာ

သင့်ရဲ့မွေ့ယာကို မကြာခဏ ပိုပြီးသန့်စင်သင့်ပါတယ်။ မွေ့ယာကို ညတိုင်း ၆နာရီ၊ ၈နာရီလောက် သုံးကြပေမယ့် လူအများစုက အိပ်ရာခင်းတွေကိုလဲပေးယုံနဲ့ လုံလောက်တယ်လို့ ထင်ကြပါတယ်။ မွေ့ယာကို ဘယ်တော့မှ မသန့်ရှင်းကြပါဘူး။

မွေ့ယာတွေက ဖုန်၊ အညစ်အကြေး၊ ချွေး၊ ဆံပင်နှင့် အရေပြားဆဲလ်သေတွေကဲ့သို့ အော်ဂဲနစ်အကျွင်းအကျန်တွေ ကို စုပ်ယူပါတယ်။

ဒါတွေက အရေပြား ရောင်ရမ်းတာတွေ ၊ အလာ့ဂျစ်တွေကို ဖြစ်စေတာကြောင့် အနည်းဆုံး တစ်လကို တစ်ကြိမ်တော့ သင့်မွေ့ယာကို သန့်ရှင်း သင့်ပါတယ်။

မွေ့ယာကို သန့်စင်ဖို့အတွက် မွေ့ယာပေါ်မှာ မုန့်ဖုတ်ဆိုဒါကို ဖြန်းပါ။ ပမာဏက သင့်မွေ့ယာအရွယ်အစားပေါ် မှုတည် ပါလိမ့်မယ်။မွေ့ယာမျက်နှာပြင်တစ်ခုလုံးကို ဖြူးပေးရပါမယ်။

မွေ့ယာစိုရွဲသွားအောင်မလုပ်ဘဲ ရေအနည်းငယ်ကို ဖြန်းပေးပါ။ ဒါက မုန့်ဖုတ်ဆိုဒါကို activate ဖြစ်စေပါလိမ့်မယ်။ ၁၅မိနစ်လောက် ထားပြီးမှ ဆပ်ပြာ၊ ရေ၊ ဘရပ်တစ်ခုနှင့် ဆေးကြောပါ။ ဆေးကြောပြီးမှ အခြောက်ခံထားပါ။

၃။ အိပ်ရာခင်း

အိပ်ရာခင်းတွေက မကြာခဏ သန့်ရှင်းရေးလုပ်ပေးသင့်တဲ့ နေ့စဉ်သုံးအရာတွေ ဖြစ်ပါတယ်။ အကောင်းဆုံးက… တစ်ပတ်ကို ၂ကြိမ် သို့မဟုတ် အနည်းဆုံး တစ်ပတ် တစ်ကြိမ် သင့် အိပ်ရာခင်းကို လဲပါ။

ဒါက သင့်မွေ့ယာကို ပိုကြာကြာ သန့်ရှင်းအောင် ထိန်းသိမ်းပေးပါတယ်။ အိပ်ရာခင်းကို လျှော်ပြီးနောက် ခေါက်ပြီး ပလပ်စတစ်အိပ်တစ်ခုထဲထည့်ထားပါ။ ဒါမှဖုန်မတတ်မှာပါ။

၄။ ရှုးဖိနပ်များ

သင့်ရှုးဖိနပ်တွေက သင့်ရဲ့ပထမဆုံး impression ကို ကောင်းအောင်ပြုလုပ်ပေးတာကြောင့် မကြာခဏ သန့်ရှင်းပေးသင့်တဲ့ နေ့စဉ်သုံး ပစ္စည်းတစ်ခုပါ။

အတွင်းကို သန့်ရှင်းဖို့ အထူးဆပ်ပြာတစ်ခုနှင့်အတူ ပျော့ပျောင်းတဲ့ အဝတ်အခြောက်တစ်ခုကိုသုံးပါ။ ဒါက အနံ့ဆိုးဖြစ်ပေါ်စေတဲ့ ချွေးတွေကို သန့်ရှင်းပြီး ဘက်တီးရီးယားတွေ သေစေပါတယ်။

deodorizer ဖြင့် ဖြန်းပြီး အခြောက်ခံထားပါ။ အပြင်ပိုင်းကို သန့်ရှင်းရေးလုပ်ဖို့ ဖုန်မှုန့်တွေကို သန့်စင်ဖို့ လိုပါလိမ့်မယ် ။ ဘာ product သုံးရမှန်း မသိရင် ဖိနပ်ဆိုင်က တစ်ယောက်ယောက်ကို မေးကြည့်ပါ။

၅။ ဘီးတွေ

သင်ဟာ ဆံပင်ဖြီးတဲ့ဘီးတွေကို နေ့စဉ်အသုံးပြုပါလိမ့်မယ်။ ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ ဘီးတွေကို အချိန်မှန်မှန် သန့်စင်ပေးဖို့ လိုပါတယ်။ သန့်စင်ပေးဖို့အတွက် ရေ၄ခွက်(၈၀၀မီလီ)၊ ရှန်ပူ ၄ဇွန်း(၆၀မီလီ) လိုအပ်ပါတယ်။

ရေနှင့် ရှန်ပူကို ရောပြီး သင့်ဘီးထည့်လို့ ဆန့်မယ့် ခွက်အကြီး တစ်ခုထဲထည့်ပါ။ ဘီးကိုရေမြုပ်အောင် ထည့်ထားပြီး တစ်ညထားပါ။ နောက်နေ့မနက်မှာ ဘရပ်အဟောင်းတစ်ခုနှင့် ပွတ်တိုက်ပြီး ရေဆေးပေးပါ။

၆။ ဖုန်းတွေ

လူတွေဟာ နေ့ကောညကော ရေချိုးခန်းထဲမှာပါမချန် ဖုန်းတွေကို အသုံးပြုပေမယ့် ဒီဖုန်းမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ခိုအောင်းနိုင်တာကို သတိ မပြုမိကြပါဘူး။

ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ သင့်ဖုန်းကို ပြတင်းပေါက် သန့်စင်ဆေး(သို့) screen cleaner အစက် အနည်းငယ်နှင့်အတူ မိုက်ခရိုဖိုင်ဘာအဝတ်စ တစ်ခုနဲ့ နေ့စဉ် သန့်ရှင်းပေးပါ။ Credit

Be the first to comment

Leave a Reply

Your email address will not be published.


*