နည္းပညာအကူအညီ မပါပဲ အေကာင္းဆုံးအနားယူနည္း (၄) ခု

နည္းပညာအကူအညီ မပါပဲ အေကာင္းဆုံးအနားယူနည္း ၄ ခု
နည္းပညာအကူအညီ မပါပဲ အေကာင္းဆုံးအနားယူနည္း ၄ ခု

နည္းပညာအကူအညီ မပါပဲ အေကာင္းဆုံးအနားယူနည္း (၄) ခု

နည္းပညာ ဟာ ဒီဘက္ေခတ္ လူသားတိုင္းအတြက္ အေျခခံက်တဲ့ ဘဝအစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ နည္းပညာ အေပၚအေျခခံၿပီး လူေနမႈဘဝပုံစံေတြလည္း မ်ားစြာေျပာင္းလဲ လာခဲ့ပါတယ္။

အားလပ္ခ်ိန္ ေတြမွာ အနားယူ ၾကတဲ့အခါမွာေတာင္ နည္းပညာ ကိုအေျခခံတဲ့ ဖုန္း၊ ကြန္ပ်ဴတာေတြကို အသုံးျပဳၿပီး အနားယူေလ့ ရွိၾကတာ ျဖစ္ပါတယ္။

တကယ္ေတာ့ စိတ္လြတ္ လက္လြတ္နဲ႔ ကိုယ္ေရာစိတ္ပါ ေကာင္းစြာအနားယူႏိုင္ဖို႔ဆိုရင္ နည္းပညာမပါတဲ့ အနားယူ နည္းေတြကသာ အေကာင္းဆုံး ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ အားလပ္ခ်ိန္ေတြမွာ လြတ္လြတ္လပ္လပ္ အနားယူၿပီး ဘဝရဲ႕ ေသးငယ္တဲ့ အရာေလးေတြကို အာ႐ုံစိုက္ဖို႔ နည္းပညာ မပါပဲ အေကာင္းဆုံး အနားယူ ႏိုင္မယ့္ နည္း ၄ ခု ကို မွ်ေဝေပးခ်င္ပါတယ္။

(၁) ေနဝင္ခ်ိန္ကို ၾကည့္ပါ

ညေနဆည္းဆာအခ်ိန္မွာ ေအးေအးေဆးေဆး စိတ္လြတ္လက္လြတ္ ေနဝင္ခ်ိန္အလွကို ထိုင္ၾကည့္ရတာလည္း အေကာင္းဆုံး အနားယူ နည္းတစ္မ်ိဳးပါပဲ။

စိတ္ထဲက တင္းက်ပ္မႈေတြအားလုံးကို ေျဖေလ်ာ့ၿပီး ကမာၻႀကီးရဲ႕ ေန႔ကေန ညကို ျဖတ္သန္းေနပုံကို တစိမ့္စိမ့္ ၾကည့္ရႈ႕ရင္း စိတ္ေအးခ်မ္း ေပ်ာ္႐ႊင္မႈကို ခံစားလိုက္ပါ။

(၂) ကိုယ့္အတြက္ တစ္ေန႔တာ အခ်ိန္ေပးပါ

ကြၽန္ေတာ္တို႔ အမ်ားစုဟာ အသက္ေမြးဝမ္းေၾကာင္း အလုပ္ေတြ ၊ ကိုယ္ခ်စ္ရတဲ့သူေတြအတြက္ အခ်ိန္ေတာ္ေတာ္ မ်ားေပးရင္း ေန႔ရက္တိုင္းကို ျဖတ္သန္းေနၾကေပမယ့္ ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးဖို႔ေတာ့ ေမ့ေနတက္ပါတယ္။

ဒါေၾကာင့္ ဒီတစ္ပတ္ ပိတ္ရက္မွာ တစ္ေန႔တာလုံး ကိုယ့္အတြက္ကိုယ္ အျပည့္အဝ အခ်ိန္ေပးၿပီး ျဖတ္သန္းၾကည့္ပါ။ နည္းပညာ မပါပဲ လုပ္ခ်င္တဲ့ အရာေလးေတြ ၊ ဝါသနာပါတဲ့ အရာေတြအတြက္ အခ်ိန္ေပးၿပီး ျပည့္ျပည့္ဝဝ အနားယူ လိုက္ပါ။

(၃) စာအုပ္ တစ္အုပ္ဖတ္ပါ

နည္းပညာ နဲ႔အဆက္ျဖတ္ၿပီး အနားယူ မယ္ဆိုရင္ေတာ့ စာအုပ္ေကာင္းတစ္အုပ္နဲ႔ အနားယူ တဲ့ နည္းလမ္းက အေကာင္းဆုံး ျဖစ္ပါတယ္။

စာအုပ္ဖတ္ျခင္းက စိတ္ေရာကိုယ္ပါ ၿငိမ္သက္ ေအးခ်မ္းျခင္းကို ခံစားရေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အားလပ္ခ်ိန္ေတြမွာ ဖုန္းေတြ ၊ ဆိုရွယ္မီဒီယာေတြ ဘာတစ္ခုမွ မသုံးပဲ စာအုပ္ေကာင္းတစ္အုပ္ ၊ ေကာ္ဖီတစ္ခြက္နဲ႔ ေအးေအးေဆးေဆး အနားယူလိုက္ပါ။

(၄) အႀကိဳက္ဆုံး စားစရာေတြ စားပါ

ကိုယ္အႀကိဳက္ဆုံး စားစရာေလးေတြ စားရတဲ့အခ်ိန္က စိတ္ေက်နပ္ၿပီး ေပ်ာ္႐ႊင္တဲ့ ခံစားမႈကို အျပည့္အဝ ခံစားၾကရတယ္ မဟုတ္လား။

နည္းပညာ လုံးဝမသုံးပဲ စိတ္ေပ်ာ္႐ႊင္ၿပီး လန္းဆန္းသြားေစဖို႔ အားလပ္ရက္မွာ အႀကိဳက္ဆုံး အစားအစာေတြကို ကိုယ္တိုင္ခ်က္စားတာ ျဖစ္ျဖစ္ ၊ အႀကိဳက္ဆုံး ဆိုင္မွာ သြားစားတာျဖစ္ျဖစ္ လုပ္ၾကည့္လိုက္ပါ။

က်ြန္ေတာ္တို႔ လြယ္လြယ္ကူကူ လုပ္ႏိုင္မယ့္ နည္းပညာ မပါပဲ အေကာင္းဆုံး အနားယူ နည္းေလးေတြပဲ ျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

နည်းပညာအကူအညီ မပါပဲ အကောင်းဆုံးအနားယူနည်း (၄) ခု

နည်းပညာ ဟာ ဒီဘက်ခေတ် လူသားတိုင်းအတွက် အခြေခံကျတဲ့ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နည်းပညာ အပေါ်အခြေခံပြီး လူနေမှုဘဝပုံစံတွေလည်း များစွာပြောင်းလဲ လာခဲ့ပါတယ်။

အားလပ်ချိန် တွေမှာ အနားယူ ကြတဲ့အခါမှာတောင် နည်းပညာ ကိုအခြေခံတဲ့ ဖုန်း၊ ကွန်ပျူတာတွေကို အသုံးပြုပြီး အနားယူလေ့ ရှိကြတာ ဖြစ်ပါတယ်။

တကယ်တော့ စိတ်လွတ် လက်လွတ်နဲ့ ကိုယ်ရောစိတ်ပါ ကောင်းစွာအနားယူနိုင်ဖို့ဆိုရင် နည်းပညာမပါတဲ့ အနားယူ နည်းတွေကသာ အကောင်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အားလပ်ချိန်တွေမှာ လွတ်လွတ်လပ်လပ် အနားယူပြီး ဘဝရဲ့ သေးငယ်တဲ့ အရာလေးတွေကို အာရုံစိုက်ဖို့ နည်းပညာ မပါပဲ အကောင်းဆုံး အနားယူ နိုင်မယ့် နည်း ၄ ခု ကို မျှဝေပေးချင်ပါတယ်။

(၁) နေဝင်ချိန်ကို ကြည့်ပါ

ညနေဆည်းဆာအချိန်မှာ အေးအေးဆေးဆေး စိတ်လွတ်လက်လွတ် နေဝင်ချိန်အလှကို ထိုင်ကြည့်ရတာလည်း အကောင်းဆုံး အနားယူ နည်းတစ်မျိုးပါပဲ။

စိတ်ထဲက တင်းကျပ်မှုတွေအားလုံးကို ဖြေလျော့ပြီး ကမ္ဘာကြီးရဲ့ နေ့ကနေ ညကို ဖြတ်သန်းနေပုံကို တစိမ့်စိမ့် ကြည့်ရှု့ရင်း စိတ်အေးချမ်း ပျော်ရွှင်မှုကို ခံစားလိုက်ပါ။

(၂) ကိုယ့်အတွက် တစ်နေ့တာ အချိန်ပေးပါ

ကျွန်တော်တို့ အများစုဟာ အသက်မွေးဝမ်းကြောင်း အလုပ်တွေ ၊ ကိုယ်ချစ်ရတဲ့သူတွေအတွက် အချိန်တော်တော် များပေးရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေကြပေမယ့် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့တော့ မေ့နေတက်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ် ပိတ်ရက်မှာ တစ်နေ့တာလုံး ကိုယ့်အတွက်ကိုယ် အပြည့်အဝ အချိန်ပေးပြီး ဖြတ်သန်းကြည့်ပါ။ နည်းပညာ မပါပဲ လုပ်ချင်တဲ့ အရာလေးတွေ ၊ ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပေးပြီး ပြည့်ပြည့်ဝဝ အနားယူ လိုက်ပါ။

(၃) စာအုပ် တစ်အုပ်ဖတ်ပါ

နည်းပညာ နဲ့အဆက်ဖြတ်ပြီး အနားယူ မယ်ဆိုရင်တော့ စာအုပ်ကောင်းတစ်အုပ်နဲ့ အနားယူ တဲ့ နည်းလမ်းက အကောင်းဆုံး ဖြစ်ပါတယ်။

စာအုပ်ဖတ်ခြင်းက စိတ်ရောကိုယ်ပါ ငြိမ်သက် အေးချမ်းခြင်းကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ ဖုန်းတွေ ၊ ဆိုရှယ်မီဒီယာတွေ ဘာတစ်ခုမှ မသုံးပဲ စာအုပ်ကောင်းတစ်အုပ် ၊ ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး အနားယူလိုက်ပါ။

(၄) အကြိုက်ဆုံး စားစရာတွေ စားပါ

ကိုယ်အကြိုက်ဆုံး စားစရာလေးတွေ စားရတဲ့အချိန်က စိတ်ကျေနပ်ပြီး ပျော်ရွှင်တဲ့ ခံစားမှုကို အပြည့်အဝ ခံစားကြရတယ် မဟုတ်လား။

နည်းပညာ လုံးဝမသုံးပဲ စိတ်ပျော်ရွှင်ပြီး လန်းဆန်းသွားစေဖို့ အားလပ်ရက်မှာ အကြိုက်ဆုံး အစားအစာတွေကို ကိုယ်တိုင်ချက်စားတာ ဖြစ်ဖြစ် ၊ အကြိုက်ဆုံး ဆိုင်မှာ သွားစားတာဖြစ်ဖြစ် လုပ်ကြည့်လိုက်ပါ။

ကျွန်တော်တို့ လွယ်လွယ်ကူကူ လုပ်နိုင်မယ့် နည်းပညာ မပါပဲ အကောင်းဆုံး အနားယူ နည်းလေးတွေပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*