သရက္ပင္ေတြ အသီးမတင္တာ ဘာေၾကာင့္လဲ…

သရက္ပင္ေတြ အသီးမတင္တာ ဘာေၾကာင့္လဲ...
သရက္ပင္ေတြ အသီးမတင္တာ ဘာေၾကာင့္လဲ...

သရက္ပင္ေတြ အသီးမတင္တာ ဘာေၾကာင့္လဲ…

သရက္ပင္တြင္ ပန္းခိုင္မ်ားမွ ပန္းမ်ားပြင့္လာၿပီးေနာက္ အသီးမတင္တာ၊ အခ်ိဳ႕ပန္းခိုင္မ်ားဟာ အသီးမတင္ဘဲ ေျခာက္သြားရတဲ့အေၾကာင္းအရင္း မ်ားစြာရွိပါတယ္။

ေရာဂါက်ေရာက္လို႔ျဖစ္လာရတာ၊ ဇီ၀ကမၼေဖာက္ျပန္မႈမ်ားေၾကာင့္ျဖစ္လာရတာနဲ႔ ပန္းခိုင္ထြက္စဥ္ကာလမွာျဖစ္ေပၚေနတဲ့ရာသီဥတုေၾကာင့္ ျဖစ္လာရတာေတြဆိုၿပီး ေတြ႕ရပါတယ္။

(၁) ပထမအေနနဲ႔ ( Anthracnose ) လို႔ေခၚတဲ့ ပန္းခိုင္ေျခာက္ေစတဲ့ သရက္ကိုင္းမ်ားမွာလည္း ေျခာက္ၿပီးေသေစတဲ့ ေရာဂါက်ေရာက္လို႔ျဖစ္ပါတယ္။ Collectotrichum gloeosporioides လို႔ေခၚတဲ့ မႈိေၾကာင့္ျဖစ္ရတာပါ။

ပန္းပြင့္မ်ားမွာညီညာမႈမရွိတဲ့ အနက္ေရာင္အကြက္ငယ္မ်ား ျဖစ္လာၿပီး အပြင့္မ်ားေႂကြက်သြားေစသလို အသီးမတင္ဘဲ ပန္းခိုင္မ်ားလည္း ေျခာက္ေသသြားေစႏိုင္ပါတယ္။ ပန္းခိုင္ထြက္လာၿပီး သင့္ေတာ္တဲ့ မႈိသတ္ေဆးမ်ား ပက္ဖ်န္းကာကြယ္ရန္လိုအပ္ပါတယ္။

(၂) ပန္းခိုင္မ်ားေျခာက္သြားေစႏိုင္တဲ့ ေနာက္ေရာဂါတစ္မ်ိဳးကေတာ့ Bacterial Black Blight လို႔ေခၚတဲ့ေရာဂါပါ။ Pseudomonas syringae ဘက္တီးရီးယားေၾကာင့္ျဖစ္ၿပီး ယေန႔ထိကာကြယ္ရန္မရွိေသးပါ။

ပန္းပြင့္မ်ား အေရာင္ေျပာင္းလာေစၿပီး ေျခာက္ေသသြားေစႏိုင္ပါတယ္။ ဒီေရာဂါျဖစ္ရင္ Anthracnose ေရာဂါထက္ တစ္သွ်ဴးေသမႈ ပိုျဖစ္ေစပါတယ္။

(၃) ပန္းခိုင္မွာ ဖားဥမႈိေရာဂါ ( Powdery mildew ) လို႔ေခၚတဲ့ Oidium spp. မႈိက်ေရာက္ျခင္းေၾကာင့္လည္း ပန္းခိုင္မ်ား ပုံမွန္ႀကီးထြားမလာဘဲ အသီးမတင္ႏိုင္တာျဖစ္ေစပါတယ္။

အထူးသျဖင့္ စိုထိုင္းဆမ်ားေနကာ ရာသီဥတုေအးၿပီး ေျခာက္ေသြ႕ေနပါက ဒီေရာဂါက်ေရာက္လာႏိုင္ပါတယ္။ ေရာဂါက်ေရာက္တာကို စေတြ႕တာနဲ႔ သင့္ေတာ္တဲ့ မႈိသတ္ေဆးကို ပက္ဖ်န္းကာကြယ္ႏိုင္ပါတယ္။

(၄) ပန္းခိုင္မ်ားေျခာက္ေသသြားႏိုင္တဲ့ ေနာက္အခ်က္တစ္ခုကေတာ့ ပန္းခိုင္ထြက္ခ်ိန္မွာ ရာသီဥတု ပိုမိုေအးလာခဲ့ရင္၊ ေရခဲမွတ္ေလာက္ထိမ်ား ေရာက္သြားခဲ့ရင္လည္း ပန္းခိုင္မ်ားေျခာက္ၿပီး ေသသြားတတ္ပါေသးတယ္။

ပန္းခိုင္ထြက္လာခ်ိန္မွာ အေအးဓာတ္မ်ားေနခဲ့ပါက ထြက္လာတဲ့ ပန္းခိုင္မ်ားကို ျဖတ္ေႁခြေပးလိုက္ပါ။ ရာသီျပန္ေကာင္းလာပါက ပန္းခိုင္ထပ္မံ ထြက္လာေစမွာျဖစ္ပါတယ္။

(၅) ပန္းခိုင္ထြက္ ပန္းပြင့္ၿပီး အသီးမတင္ႏိုင္တဲ့ အေျခအေနကို ျဖစ္လာေစႏိုင္တာ ေနာက္တစ္မ်ိဳးကေတာ့ ပန္းပြင့္ေနစဥ္ အပူခ်ိန္ျမင့္မားလာျခင္းေၾကာင့္ ျဖစ္ပါတယ္။

ပန္းပြင့္မ်ား ၀တ္မႈံကူးၿပီး သေႏၶေအာင္ေစကာ အသီးတင္လာေစရန္အတြက္ သရက္သီးမ်ိဳးအလိုက္ ျမင့္မားတဲ့ အပူခ်ိန္ကို ခံႏိုင္ရည္ရွိမႈ မတူၾကပါ။

အပူဒဏ္မခံႏိုင္တဲ့ သရက္မ်ိဳးေတြမွာ ပန္းပြင့္စဥ္ အပူခ်ိန္ျမင့္မားေနမႈေၾကာင့္ ၀တ္မႈန္ကူး၊ သေႏၶေအာင္မႈ မရွိႏိုင္ေတာ့တဲ့အတြက္ အသီးမတင္ရျခင္းျဖစ္ေစပါတယ္။

(၆) အပင္ရဲ႕ဇီ၀ကမၼေဖာက္ျပန္မႈေၾကာင့္လဲ သရက္ပန္းခိုင္ ပုံမွန္မျဖစ္ လာဘဲ အသီးမသီးႏိုင္တာလဲ ျဖစ္ႏိုင္ပါတယ္။ျမန္မာလို သရက္ပင္မူမမွန္ႀကီးထြား ဖြံ႕ၿဖိဳးမႈ ( Mango Malformation ) လို႔ေခၚႏိုင္မယ္ထင္ပါတယ္။

အပင္ပိုင္းအကိုင္းအ႐ြက္မ်ားမွာလည္း ျဖစ္ႏိုင္သလို ပန္းခိုင္မ်ားမွာလဲ ျဖစ္ေစႏိုင္ပါတယ္။သရက္ပန္းခိုင္ ႐ိုးတံမ်ားျဖစ္တဲ့ ပန္းခိုင္ ပထမကိုင္း၊ ဒုတိယကိုင္းနဲ႔ တစ္ပြင့္ခ်င္းရွိ အပြင့္ ႐ိုးတံမ်ားဟာ သာမာန္ထက္တိုေနၾကၿပီး တုတ္ေနတတ္ပါတယ္။

အကိုင္းျဖာမႈ မ်ားေနၿပီး ပန္းခိုင္မ်ားဟာ အစိမ္းေရာင္ ျဖစ္ေနတတ္ပါတယ္။ ပန္းခိုင္မွာ ပန္းပြင့္မ်ားစြာ ပါေနၾကပါတယ္။ အမ်ားအားျဖင့္ အဖိုပြင့္မ်ားျဖစ္ေနၾကကာ လိင္စုံပြင့္အထူးနည္းပါးေနၿပီး ပန္းပြင့္မလာႏိုင္ၾကတာမ်ားပါတယ္။

အကိုင္းတစ္ခုတည္းမွထြက္လာတဲ့ ပန္းခိုင္တစ္ခုတည္းမွာပင္ ပုံမွန္ပန္းခိုင္ေရာ၊ မူမမွန္တဲ့ပန္းခိုင္ေရာ အတူရွိေနႏိုင္တာကိုလည္း ေတြ႕ရပါတယ္။

ပန္းပြင့္မ်ားဟာ အသီးမတင္ႏိုင္ဘဲ မဲေျခာက္ေသသြားတတ္ပါတယ္။ အပင္ဇီ၀ကမၼေဖာက္ျပန္မႈေၾကာင့္ ျဖစ္လာရျခင္းကို တိတိက်က်မေဖာ္ထုတ္ႏိုင္ၾကေသးပါ။

(၇) သရက္ပင္မ်ားပန္းခိုင္ထြက္ ပန္းပြင့္ကာ အသီးမတင္ႏိုင္တဲ့ အျခားအေၾကာင္းမ်ားလည္းရွိၾကပါတယ္။

ဥပမာ- ပန္းပြင့္စဥ္ ေျမတြင္းအစိုဓာတ္မလုံေလာက္မႈ၊ အစာအာဟာရဓာတ္မ်ား ခ်ိဳ႕တဲ့ေနမႈ၊ ပန္းပြင့္ေနစဥ္ ၀တ္မႈန္ကူးေပးမည့္ ပ်ား၊ ယင္ စသည့္ အင္းဆက္ပိုးမ်ား နည္းပါးေနမႈ၊ ေလျပင္းတိုက္ခတ္မႈ စတဲ့ အခ်က္မ်ားေၾကာင့္လဲ အသီးမတင္ႏိုင္ၾကတာကို ေတြ႕ရႏိုင္ပါတယ္။

ဒီေနရာမွာ သတိထားရမွာက ပန္းခိုင္ထြက္ပန္းပြင့္ၿပီး အသီးကင္း စတင္လာၿပီးေနာက္ပိုင္း အသီးေတြေႂကြက်ကုန္လို႔ အသီးမတင္တာနဲ႔ မေရာမိေစဖို႔ လိုပါတယ္။

အသီးကင္း၀င္ၿပီးေနာက္ပိုင္း သရက္သီးမ်ား မမွည့္မီအဆင့္ထိ သရက္သီးမ်ား ေႂကြက်သြားရတဲ့ အေျခအေနေတြကိုလဲ တစ္ဆက္တည္းရွင္းျပေပးသြားပါမယ္။

သရက္ပင္မ်ား ပန္းခိုင္ထြက္လာကာ အသီးတင္လာၿပီးေနာက္ပိုင္း အသီးမ်ား ဆက္လက္ႀကီးထြားဖြံ႕ၿဖိဳးေနစဥ္ အသီးရင့္မွည့္လာသည့္ ကာလအတြင္းမွာလည္း သရက္သီးမ်ားအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေႂကြက်သြားတတ္ပါတယ္။

အမ်ားအားျဖင့္ သရက္ပန္းခိုင္တစ္ခိုင္မွာ ပါတဲ့လိင္စုံပြင့္မ်ားရဲ႕ ၀.၆ မွ ၃.၁ ရာခိုင္ႏႈန္းခန္႔သာ အသီးရင့္မွည့္ ခူးဆြတ္ႏိုင္ၾကပါတယ္။

သရက္မ်ိဳး အလိုက္ကြာျခားမႈရွိၾကေသာ္လဲ သရက္မ်ိဳးအမ်ားစုမွာသရက္သီးကင္းျဖစ္လာၿပီးေနာက္ ၈၀ ရာခိုင္ႏႈန္းခန္႔ေႂကြက်သြားေလ့ရွိၾကပါတယ္။

သရက္မ်ိဳးအမ်ားစုတြင္ ပန္းခိုင္တစ္ခိုင္မွာ ရင့္မွည့္တဲ့ အသီးတစ္သီးသာ က်န္ေနေလ့ရွိၿပီး အခ်ိဳ႕သရက္မ်ိဳးမ်ားတြင္ အသီး ႏွစ္လုံး (သို႔) ပိုၿပီးက်န္ရွိပါတယ္။

အခ်ိဳ႕သရက္မ်ိဳးမ်ားမွာမူ ၀တ္မႈန္ကူး၊ သေႏၶေအာင္ထားတဲ့ အသီးကင္း ၁၅၀ မွာ တစ္လုံးသာ ရင့္မွည့္ခ်ိန္မွာ က်န္ေနတတ္ပါတယ္။

အသီးအ႐ြယ္ မရင့္ေသးမီ အသီးႀကီးထြားမႈအဆင့္တိုင္းမွာ သရက္မ်ိဳးတိုင္း အသီးေႂကြက်ပါတယ္။ အသီးအမ်ားဆုံး ေႂကြက်မႈကိုေတာ့ ၀တ္မႈန္ကူးၿပီးေနာက္ရက္သတၱသုံးပတ္မွ ေလးပတ္သားမွာေတြ႕ရပါတယ္။

ေစာစြာ အသီးေႂကြက်မႈအမ်ားဆုံးျဖစ္ရျခင္းရဲ႕ အေၾကာင္းအရင္းမ်ားကေတာ့ ၀တ္မႈန္ကူးမႈမရွိျခင္း၊ မိမိ၀တ္မႈန္နဲ႔ သဟဇာတမျဖစ္ျခင္း ( self-incompatibility ) ၊ သေႏၶမေအာင္ျခင္း၊ အသီးငယ္မ်ား အခ်င္းခ်င္း အစာအၿပိဳင္စားသုံးၾကျခင္း ( competition among developing fruit ) ၊

ပိုးႏွင့္ ေရာဂါမ်ားက်ေရာက္ဖ်က္ဆီးျခင္း၊ အစိုဓာတ္လုံေလာက္မႈမရွိျခင္း ( ေရငတ္ျခင္း ) ေၾကာင့္ အပင္တြင္း အစာအာဟာရႏွင့္ ေဟာ္မုန္းမ်ား မညီမွ်မႈ စသည္တို႔ေၾကာင့္ ျဖစ္ပါတယ္။

ဒုတိယအႀကိမ္ အသီးေႂကြမႈမ်ားတဲ့ ကာလကေတာ့ သေႏၶေအာင္ျမင္ကာ အသီးတင္ၿပီးေနာက္ ရက္ ၆၀-၇၀၊ အသီးႀကီးထြားမႈ အလယ္ပိုင္း ကာလမွာျဖစ္ၿပီး တတိယအႀကိမ္ အသီးေႂကြမႈကိုေတာ့ အသီးမခူးဆြတ္မီကာလ ေႂကြက်မႈတို႔ျဖစ္ပါတယ္။

ဒုတိယနဲ႔ တတိယအႀကိမ္ အသီးေႂကြက်မႈ ပမာဏမ်ားမွာ ပထမအႀကိမ္ အသီးေႂကြက်မႈေလာက္ မမ်ားပါ။

အသီးေႂကြက်မႈမ်ားမွ သက္သာေစရန္…

(၁) ပိုးႏွင့္ မႈိသတ္ေဆးမ်ား ပက္ဖ်န္းကာကြယ္ျခင္း

(၂) ေရသြင္းေပးျခင္း

(၃) လိုအပ္သည့္ အစာအာဟာရမ်ားေကြၽးျခင္း

(၄) အပင္ေဟာ္မုန္းမ်ားကို အသုံးျပဳျခင္း

(၅) ၀တ္မႈန္ကူးမႈ ေကာင္းမြန္လာေစရန္ ပ်ားမ်ား၊ ယင္မ်ား ေမြးျမဴ ကူညီေပးျခင္းတို႔ ေဆာင္႐ြက္သင့္ပါတယ္။

အသီးႀကီးထြားေနစဥ္ျဖစ္ေပၚတဲ့ မိုးသီးေလျပင္းတိုက္ျခင္း၊က်ျခင္း၊ မုန္တိုင္းတိုက္ခတ္ျခင္း၊ မိုးအုံ႔မႈိင္းေနကာ ေနသာမႈနည္းပါးျခင္း စတဲ့ ရာသီဥတု အေျခအေနမ်ားေၾကာင့္လဲ အသီးမ်ားေႂကြက်ႏိုင္ပါတယ္။

အသီးေႂကြက်မႈ နည္းပါးသက္သာေစရန္အတြက္ သရက္မ်ိဳးအလိုက္၊ စိုက္ပ်ိဳးရာေဒသအလိုက္ သင့္ေတာ္ကိုက္ညီတဲ့ စိုက္ပ်ိဳးျပဳစုနည္းစနစ္မ်ားကို အသုံးျပဳေဆာင္႐ြက္ၾကရန္လိုအပ္ပါတယ္။

ေဆာင္းပါးရွင္ – ဆရာေဒါက္တာစိန္လွဗိုလ္ (သရက္အေၾကာင္းသိေကာင္းစရာမ်ား)စာအုပ္မွ ထုတ္ႏုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္။

Unicode

သရက်ပင်တွေ အသီးမတင်တာ ဘာကြောင့်လဲ…

သရက်ပင်တွင် ပန်းခိုင်များမှ ပန်းများပွင့်လာပြီးနောက် အသီးမတင်တာ၊ အချို့ပန်းခိုင်များဟာ အသီးမတင်ဘဲ ခြောက်သွားရတဲ့အကြောင်းအရင်း များစွာရှိပါတယ်။

ရောဂါကျရောက်လို့ဖြစ်လာရတာ၊ ဇီဝကမ္မဖောက်ပြန်မှုများကြောင့်ဖြစ်လာရတာနဲ့ ပန်းခိုင်ထွက်စဉ်ကာလမှာဖြစ်ပေါ်နေတဲ့ရာသီဥတုကြောင့် ဖြစ်လာရတာတွေဆိုပြီး တွေ့ရပါတယ်။

(၁) ပထမအနေနဲ့ ( Anthracnose ) လို့ခေါ်တဲ့ ပန်းခိုင်ခြောက်စေတဲ့ သရက်ကိုင်းများမှာလည်း ခြောက်ပြီးသေစေတဲ့ ရောဂါကျရောက်လို့ဖြစ်ပါတယ်။ Collectotrichum gloeosporioides လို့ခေါ်တဲ့ မှိုကြောင့်ဖြစ်ရတာပါ။

ပန်းပွင့်များမှာညီညာမှုမရှိတဲ့ အနက်ရောင်အကွက်ငယ်များ ဖြစ်လာပြီး အပွင့်များကြွေကျသွားစေသလို အသီးမတင်ဘဲ ပန်းခိုင်များလည်း ခြောက်သေသွားစေနိုင်ပါတယ်။ ပန်းခိုင်ထွက်လာပြီး သင့်တော်တဲ့ မှိုသတ်ဆေးများ ပက်ဖျန်းကာကွယ်ရန်လိုအပ်ပါတယ်။

(၂) ပန်းခိုင်များခြောက်သွားစေနိုင်တဲ့ နောက်ရောဂါတစ်မျိုးကတော့ Bacterial Black Blight လို့ခေါ်တဲ့ရောဂါပါ။ Pseudomonas syringae ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ယနေ့ထိကာကွယ်ရန်မရှိသေးပါ။

ပန်းပွင့်များ အရောင်ပြောင်းလာစေပြီး ခြောက်သေသွားစေနိုင်ပါတယ်။ ဒီရောဂါဖြစ်ရင် Anthracnose ရောဂါထက် တစ်သျှူးသေမှု ပိုဖြစ်စေပါတယ်။

(၃) ပန်းခိုင်မှာ ဖားဥမှိုရောဂါ ( Powdery mildew ) လို့ခေါ်တဲ့ Oidium spp. မှိုကျရောက်ခြင်းကြောင့်လည်း ပန်းခိုင်များ ပုံမှန်ကြီးထွားမလာဘဲ အသီးမတင်နိုင်တာဖြစ်စေပါတယ်။

အထူးသဖြင့် စိုထိုင်းဆများနေကာ ရာသီဥတုအေးပြီး ခြောက်သွေ့နေပါက ဒီရောဂါကျရောက်လာနိုင်ပါတယ်။ ရောဂါကျရောက်တာကို စတွေ့တာနဲ့ သင့်တော်တဲ့ မှိုသတ်ဆေးကို ပက်ဖျန်းကာကွယ်နိုင်ပါတယ်။

(၄) ပန်းခိုင်များခြောက်သေသွားနိုင်တဲ့ နောက်အချက်တစ်ခုကတော့ ပန်းခိုင်ထွက်ချိန်မှာ ရာသီဥတု ပိုမိုအေးလာခဲ့ရင်၊ ရေခဲမှတ်လောက်ထိများ ရောက်သွားခဲ့ရင်လည်း ပန်းခိုင်များခြောက်ပြီး သေသွားတတ်ပါသေးတယ်။

ပန်းခိုင်ထွက်လာချိန်မှာ အအေးဓာတ်များနေခဲ့ပါက ထွက်လာတဲ့ ပန်းခိုင်များကို ဖြတ်ခြွေပေးလိုက်ပါ။ ရာသီပြန်ကောင်းလာပါက ပန်းခိုင်ထပ်မံ ထွက်လာစေမှာဖြစ်ပါတယ်။

(၅) ပန်းခိုင်ထွက် ပန်းပွင့်ပြီး အသီးမတင်နိုင်တဲ့ အခြေအနေကို ဖြစ်လာစေနိုင်တာ နောက်တစ်မျိုးကတော့ ပန်းပွင့်နေစဉ် အပူချိန်မြင့်မားလာခြင်းကြောင့် ဖြစ်ပါတယ်။

ပန်းပွင့်များ ဝတ်မှုံကူးပြီး သန္ဓေအောင်စေကာ အသီးတင်လာစေရန်အတွက် သရက်သီးမျိုးအလိုက် မြင့်မားတဲ့ အပူချိန်ကို ခံနိုင်ရည်ရှိမှု မတူကြပါ။

အပူဒဏ်မခံနိုင်တဲ့ သရက်မျိုးတွေမှာ ပန်းပွင့်စဉ် အပူချိန်မြင့်မားနေမှုကြောင့် ဝတ်မှုန်ကူး၊ သန္ဓေအောင်မှု မရှိနိုင်တော့တဲ့အတွက် အသီးမတင်ရခြင်းဖြစ်စေပါတယ်။

(၆) အပင်ရဲ့ဇီဝကမ္မဖောက်ပြန်မှုကြောင့်လဲ သရက်ပန်းခိုင် ပုံမှန်မဖြစ် လာဘဲ အသီးမသီးနိုင်တာလဲ ဖြစ်နိုင်ပါတယ်။မြန်မာလို သရက်ပင်မူမမှန်ကြီးထွား ဖွံ့ဖြိုးမှု ( Mango Malformation ) လို့ခေါ်နိုင်မယ်ထင်ပါတယ်။

အပင်ပိုင်းအကိုင်းအရွက်များမှာလည်း ဖြစ်နိုင်သလို ပန်းခိုင်များမှာလဲ ဖြစ်စေနိုင်ပါတယ်။သရက်ပန်းခိုင် ရိုးတံများဖြစ်တဲ့ ပန်းခိုင် ပထမကိုင်း၊ ဒုတိယကိုင်းနဲ့ တစ်ပွင့်ချင်းရှိ အပွင့် ရိုးတံများဟာ သာမာန်ထက်တိုနေကြပြီး တုတ်နေတတ်ပါတယ်။

အကိုင်းဖြာမှု များနေပြီး ပန်းခိုင်များဟာ အစိမ်းရောင် ဖြစ်နေတတ်ပါတယ်။ ပန်းခိုင်မှာ ပန်းပွင့်များစွာ ပါနေကြပါတယ်။ အများအားဖြင့် အဖိုပွင့်များဖြစ်နေကြကာ လိင်စုံပွင့်အထူးနည်းပါးနေပြီး ပန်းပွင့်မလာနိုင်ကြတာများပါတယ်။

အကိုင်းတစ်ခုတည်းမှထွက်လာတဲ့ ပန်းခိုင်တစ်ခုတည်းမှာပင် ပုံမှန်ပန်းခိုင်ရော၊ မူမမှန်တဲ့ပန်းခိုင်ရော အတူရှိနေနိုင်တာကိုလည်း တွေ့ရပါတယ်။

ပန်းပွင့်များဟာ အသီးမတင်နိုင်ဘဲ မဲခြောက်သေသွားတတ်ပါတယ်။ အပင်ဇီဝကမ္မဖောက်ပြန်မှုကြောင့် ဖြစ်လာရခြင်းကို တိတိကျကျမဖော်ထုတ်နိုင်ကြသေးပါ။

(၇) သရက်ပင်များပန်းခိုင်ထွက် ပန်းပွင့်ကာ အသီးမတင်နိုင်တဲ့ အခြားအကြောင်းများလည်းရှိကြပါတယ်။

ဥပမာ- ပန်းပွင့်စဉ် မြေတွင်းအစိုဓာတ်မလုံလောက်မှု၊ အစာအာဟာရဓာတ်များ ချို့တဲ့နေမှု၊ ပန်းပွင့်နေစဉ် ဝတ်မှုန်ကူးပေးမည့် ပျား၊ ယင် စသည့် အင်းဆက်ပိုးများ နည်းပါးနေမှု၊ လေပြင်းတိုက်ခတ်မှု စတဲ့ အချက်များကြောင့်လဲ အသီးမတင်နိုင်ကြတာကို တွေ့ရနိုင်ပါတယ်။

ဒီနေရာမှာ သတိထားရမှာက ပန်းခိုင်ထွက်ပန်းပွင့်ပြီး အသီးကင်း စတင်လာပြီးနောက်ပိုင်း အသီးတွေကြွေကျကုန်လို့ အသီးမတင်တာနဲ့ မရောမိစေဖို့ လိုပါတယ်။

အသီးကင်းဝင်ပြီးနောက်ပိုင်း သရက်သီးများ မမှည့်မီအဆင့်ထိ သရက်သီးများ ကြွေကျသွားရတဲ့ အခြေအနေတွေကိုလဲ တစ်ဆက်တည်းရှင်းပြပေးသွားပါမယ်။

သရက်ပင်များ ပန်းခိုင်ထွက်လာကာ အသီးတင်လာပြီးနောက်ပိုင်း အသီးများ ဆက်လက်ကြီးထွားဖွံ့ဖြိုးနေစဉ် အသီးရင့်မှည့်လာသည့် ကာလအတွင်းမှာလည်း သရက်သီးများအကြောင်း အမျိုးမျိုးကြောင့် ကြွေကျသွားတတ်ပါတယ်။

အများအားဖြင့် သရက်ပန်းခိုင်တစ်ခိုင်မှာ ပါတဲ့လိင်စုံပွင့်များရဲ့ ဝ.၆ မှ ၃.၁ ရာခိုင်နှုန်းခန့်သာ အသီးရင့်မှည့် ခူးဆွတ်နိုင်ကြပါတယ်။

သရက်မျိုး အလိုက်ကွာခြားမှုရှိကြသော်လဲ သရက်မျိုးအများစုမှာသရက်သီးကင်းဖြစ်လာပြီးနောက် ၈၀ ရာခိုင်နှုန်းခန့်ကြွေကျသွားလေ့ရှိကြပါတယ်။

သရက်မျိုးအများစုတွင် ပန်းခိုင်တစ်ခိုင်မှာ ရင့်မှည့်တဲ့ အသီးတစ်သီးသာ ကျန်နေလေ့ရှိပြီး အချို့သရက်မျိုးများတွင် အသီး နှစ်လုံး (သို့) ပိုပြီးကျန်ရှိပါတယ်။

အချို့သရက်မျိုးများမှာမူ ဝတ်မှုန်ကူး၊ သန္ဓေအောင်ထားတဲ့ အသီးကင်း ၁၅၀ မှာ တစ်လုံးသာ ရင့်မှည့်ချိန်မှာ ကျန်နေတတ်ပါတယ်။

အသီးအရွယ် မရင့်သေးမီ အသီးကြီးထွားမှုအဆင့်တိုင်းမှာ သရက်မျိုးတိုင်း အသီးကြွေကျပါတယ်။ အသီးအများဆုံး ကြွေကျမှုကိုတော့ ဝတ်မှုန်ကူးပြီးနောက်ရက်သတ္တသုံးပတ်မှ လေးပတ်သားမှာတွေ့ရပါတယ်။

စောစွာ အသီးကြွေကျမှုအများဆုံးဖြစ်ရခြင်းရဲ့ အကြောင်းအရင်းများကတော့ ဝတ်မှုန်ကူးမှုမရှိခြင်း၊ မိမိဝတ်မှုန်နဲ့ သဟဇာတမဖြစ်ခြင်း ( self-incompatibility ) ၊ သန္ဓေမအောင်ခြင်း၊ အသီးငယ်များ အချင်းချင်း အစာအပြိုင်စားသုံးကြခြင်း ( competition among developing fruit ) ၊

ပိုးနှင့် ရောဂါများကျရောက်ဖျက်ဆီးခြင်း၊ အစိုဓာတ်လုံလောက်မှုမရှိခြင်း ( ရေငတ်ခြင်း ) ကြောင့် အပင်တွင်း အစာအာဟာရနှင့် ဟော်မုန်းများ မညီမျှမှု စသည်တို့ကြောင့် ဖြစ်ပါတယ်။

ဒုတိယအကြိမ် အသီးကြွေမှုများတဲ့ ကာလကတော့ သန္ဓေအောင်မြင်ကာ အသီးတင်ပြီးနောက် ရက် ၆၀-၇၀၊ အသီးကြီးထွားမှု အလယ်ပိုင်း ကာလမှာဖြစ်ပြီး တတိယအကြိမ် အသီးကြွေမှုကိုတော့ အသီးမခူးဆွတ်မီကာလ ကြွေကျမှုတို့ဖြစ်ပါတယ်။

ဒုတိယနဲ့ တတိယအကြိမ် အသီးကြွေကျမှု ပမာဏများမှာ ပထမအကြိမ် အသီးကြွေကျမှုလောက် မများပါ။

အသီးကြွေကျမှုများမှ သက်သာစေရန်…

(၁) ပိုးနှင့် မှိုသတ်ဆေးများ ပက်ဖျန်းကာကွယ်ခြင်း

(၂) ရေသွင်းပေးခြင်း

(၃) လိုအပ်သည့် အစာအာဟာရများကျွေးခြင်း

(၄) အပင်ဟော်မုန်းများကို အသုံးပြုခြင်း

(၅) ဝတ်မှုန်ကူးမှု ကောင်းမွန်လာစေရန် ပျားများ၊ ယင်များ မွေးမြူ ကူညီပေးခြင်းတို့ ဆောင်ရွက်သင့်ပါတယ်။

အသီးကြီးထွားနေစဉ်ဖြစ်ပေါ်တဲ့ မိုးသီးလေပြင်းတိုက်ခြင်း၊ကျခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးအုံ့မှိုင်းနေကာ နေသာမှုနည်းပါးခြင်း စတဲ့ ရာသီဥတု အခြေအနေများကြောင့်လဲ အသီးများကြွေကျနိုင်ပါတယ်။

အသီးကြွေကျမှု နည်းပါးသက်သာစေရန်အတွက် သရက်မျိုးအလိုက်၊ စိုက်ပျိုးရာဒေသအလိုက် သင့်တော်ကိုက်ညီတဲ့ စိုက်ပျိုးပြုစုနည်းစနစ်များကို အသုံးပြုဆောင်ရွက်ကြရန်လိုအပ်ပါတယ်။

ဆောင်းပါးရှင် – ဆရာဒေါက်တာစိန်လှဗိုလ် (သရက်အကြောင်းသိကောင်းစရာများ)စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*