သူ႕ကို အစာေကြၽးတဲ့သူကို ပင္လယ္ထဲကေန လက္ေဆာင္ပစၥည္းေတြ ယူလာေပးတတ္တဲ့ လင္းပိုင္ငါးေလး

သူ႕ကို အစာေကြၽးတဲ့သူကို ပင္လယ္ထဲကေန လက္ေဆာင္ပစၥည္းေတြ ယူလာေပးတတ္တဲ့ လင္းပိုင္ငါးေလး
သူ႕ကို အစာေကြၽးတဲ့သူကို ပင္လယ္ထဲကေန လက္ေဆာင္ပစၥည္းေတြ ယူလာေပးတတ္တဲ့ လင္းပိုင္ငါးေလး

သူ႕ကို အစာေကြၽးတဲ့သူကို ပင္လယ္ထဲကေန လက္ေဆာင္ပစၥည္းေတြ ယူလာေပးတတ္တဲ့ လင္းပိုင္ငါးေလး

အစာေကြၽးတဲ့ သူကို လက္ေဆာင္ ျပန္ေပးတဲ့အေနနဲ႔ ပင္လယ္ေရေအာက္ အနက္ထိ ဆင္းၿပီး ေတြ႕ကရပစၥည္းေတြကို ယူလာေပးတတ္ပါတယ္။ လင္းပိုင္မ်ားက စကားေျပာနဲ႔ မဟုတ္တဲ့

အခ်က္ျပမႈမ်ားမွ တစ္ဆင့္ လူသားမ်ားႏွင့္ ဆက္သြယ္ ေျပာဆိုႏိုင္သည့္ မယုံႏိုင္ေလာက္ေအာင္ ဉာဏ္ရည္ဉာဏ္ေသြး ရွိတဲ့ တိရိစာၦန္ေတြဆိုတာ အားလုံး အသိပါဘဲ။ ဒါ့ျပင္ ဒီလို စမတ္က်တဲ့ သတၱဝါမ်ားက တစ္ခ်ိန္တည္းမွာဘဲ ခ်စ္စရာေကာင္းႏိုင္ၾကပါတယ္။

Queensland’s Cooloola Coast ရွိ အသက္ 29 ႏွစ္အ႐ြယ္ Mystique အမည္ရွိ လင္းပိုင္တစ္ေကာင္က ပင္လယ္ေရေအာက္ အနက္မွ သူရွာေဖြေတြ႕ရွိတဲ့ ရတနာမ်ား ကို ဧည့္သည္မ်ားအား

၎ရဲ႕အစာ လက္ေဆာင္အျဖစ္ ျပန္ေပးခဲ့တဲ့ ၎ရဲ႕ခ်စ္စဖြယ္ေကာင္းမႈက ေထာင္ေပါင္းမ်ားစြာေသာ ႏွလုံးသားမ်ားကို အရည္ေပ်ာ္သြားေစ ခဲ့ပါတယ္။Barnacles Cafe & Dolphin အစာေကြၽးေရးစင္တာ (BCDF) မွ

ဝန္ထမ္းမ်ား က Queensland’s Cooloola Coast သို႔ လာေရာက္ လည္ပတ္တဲ့ အခါတိုင္း Mystique ေလးက သႏၲာေက်ာက္တုံး၊ ကမာအခြံႏွင့္ ပုလင္းမ်ားစတဲ့ ပင္လယ္ေရေအာက္အနက္မွ ရွာေဖြေတြ႕ရွိသည့္

ရတနာ တစ္စုံတစ္ခုကို သူ႔ရဲ႕ ႏႈတ္သီးေပၚတင္ၿပီး အၿမဲေပၚလာတတ္တဲ့ အတြက္ ၎တို႔ကလည္း အျပန္အလွန္အေနနဲ႔ အရသာရွိတဲ့ ငါးမ်ားကို ျပန္ေကြၽးၾကပါတယ္။

Mystique က လူသားေတြနဲ႔ ဘယ္လိုယွဥ္တြဲ ေနထိုင္ရမွာကို အျခား တိရိစာၦန္မ်ားထက္ ေကာင္းစြာ သိေနပုံပါဘဲ။ “ Mystique က ၎ရဲ႕ အစာလက္ေဆာင္အျဖစ္ ပင္လယ္ေအာက္ကို ဆင္းၿပီး ပစၥည္းတစ္စုံတစ္ခု သြားရွာေပးတယ္။

ဒါမွမဟုတ္ ငါတို႔က မႀကိဳက္ဘူးလို႔ ေျပာရင္ သူကေ ရေအာက္ထပ္ဆင္းၿပီး အျခားတစ္ခုကို ျပန္ ယူလာေပးတတ္တယ္ ” လို႔ အစာေကြၽးသူ ေစတနာ့ဝန္ထမ္း Lyn McPherson က ေျပာၾကား ခဲ့ပါတယ္။

Mystique ကို ဒီလိုလုပ္ဖို႔ မေလ့က်င့္ေပးဖူးေပမယ့္လည္း ကူးစက္ေရာဂါ ပိတ္ဆို႔ထားခ်ိန္အတြင္း လူသားမ်ားနဲ႔ ဘယ္လို ဆက္ဆံရမလဲဆိုတာ သူ႔ဘာသာသူ ေလ့လာခဲ့ပုံ ရေၾကာင္း Lyn က ဆက္ေျပာ ခဲ့ပါတယ္။

Mystique ေလးက လက္ရွိမွာ ထက္ျမက္တဲ့ ရတနာရွာေဖြသူအျပင္ လူအမ်ားရဲ႕ အာ႐ုံစိုက္မႈကို ရရွိမဲ့ နည္းလမ္းကို အၿမဲရွာေဖြေနတတ္တဲ့ စမတ္က်သည့္ လင္းပိုင္အျဖစ္လည္း လူသိ မ်ားေနပါတယ္။

BCDF မွ ေစတနာ့ ဝန္ထမ္းမ်ားရဲ႕ အဆိုအရ Mystique ကို ၁၉၉၁ ခုႏွစ္ ၎ရဲ႕ မိခင္ႏွင့္ ေမြးခ်င္း ခုနစ္ေကာင္တို႔ႏွင့္ အတူ Cooloola Coast မွ ာေရကူးေနတာကို ပထမဆုံးျမင္ေတြ႕ခဲ့ရတာပါ။

Mystique က လက္ေဆာင္မ်ား ရွာတတ္တဲ့ အေလ့အက်င့္ေၾကာင့္ အသိအမွတ္ျပဳခံရတဲ့ ၎ေမြးခ်င္းထဲမွ လင္းပိုင္ တစ္ေကာင္ပါဘဲ။ ၂၀၀၇ ခုႏွစ္က ငါးမန္းႏွင့္ တိုက္ပြဲအၿပီးမွာ Mystique ရဲ႕ေနာက္ေက်ာမွာ

ဒဏ္ရာအမာ႐ြတ္ ရွိေနတဲ့ အတြက္ေၾကာင့္ သူ႔ကို အျခား လင္းပိုင္မ်ားနဲ႔ မမွားႏိုင္ပါဘူး။ ဝန္ထမ္းမ်ားကလည္း Mystique ေလးရဲ႕ လက္ေဆာင္မ်ားကို ႏွစ္သက္ၿပီး အနာဂတ္မွာ ေနာက္ထပ္ လက္ေဆာင္မ်ား ရရွိရန္ အၿမဲတမ္း စိတ္လႈပ္ရွားေနၾကပါတယ္။

မူရင္းေရးသူကို ေလးစားစြာ credit ေပးပါသည္။Photo ; YouTube screenshot

Unicode

သူ့ကို အစာကျွေးတဲ့သူကို ပင်လယ်ထဲကနေ လက်ဆောင်ပစ္စည်းတွေ ယူလာပေးတတ်တဲ့ လင်းပိုင်ငါးလေး

အစာကျွေးတဲ့ သူကို လက်ဆောင် ပြန်ပေးတဲ့အနေနဲ့ ပင်လယ်ရေအောက် အနက်ထိ ဆင်းပြီး တွေ့ကရပစ္စည်းတွေကို ယူလာပေးတတ်ပါတယ်။ လင်းပိုင်များက စကားပြောနဲ့ မဟုတ်တဲ့

အချက်ပြမှုများမှ တစ်ဆင့် လူသားများနှင့် ဆက်သွယ် ပြောဆိုနိုင်သည့် မယုံနိုင်လောက်အောင် ဉာဏ်ရည်ဉာဏ်သွေး ရှိတဲ့ တိရိစ္ဆာန်တွေဆိုတာ အားလုံး အသိပါဘဲ။ ဒါ့ပြင် ဒီလို စမတ်ကျတဲ့ သတ္တဝါများက တစ်ချိန်တည်းမှာဘဲ ချစ်စရာကောင်းနိုင်ကြပါတယ်။

Queensland’s Cooloola Coast ရှိ အသက် 29 နှစ်အရွယ် Mystique အမည်ရှိ လင်းပိုင်တစ်ကောင်က ပင်လယ်ရေအောက် အနက်မှ သူရှာဖွေတွေ့ရှိတဲ့ ရတနာများ ကို ဧည့်သည်များအား

၎င်းရဲ့အစာ လက်ဆောင်အဖြစ် ပြန်ပေးခဲ့တဲ့ ၎င်းရဲ့ချစ်စဖွယ်ကောင်းမှုက ထောင်ပေါင်းများစွာသော နှလုံးသားများကို အရည်ပျော်သွားစေ ခဲ့ပါတယ်။Barnacles Cafe & Dolphin အစာကျွေးရေးစင်တာ (BCDF) မှ

ဝန်ထမ်းများ က Queensland’s Cooloola Coast သို့ လာရောက် လည်ပတ်တဲ့ အခါတိုင်း Mystique လေးက သန္တာကျောက်တုံး၊ ကမာအခွံနှင့် ပုလင်းများစတဲ့ ပင်လယ်ရေအောက်အနက်မှ ရှာဖွေတွေ့ရှိသည့်

ရတနာ တစ်စုံတစ်ခုကို သူ့ရဲ့ နှုတ်သီးပေါ်တင်ပြီး အမြဲပေါ်လာတတ်တဲ့ အတွက် ၎င်းတို့ကလည်း အပြန်အလှန်အနေနဲ့ အရသာရှိတဲ့ ငါးများကို ပြန်ကျွေးကြပါတယ်။

Mystique က လူသားတွေနဲ့ ဘယ်လိုယှဉ်တွဲ နေထိုင်ရမှာကို အခြား တိရိစ္ဆာန်များထက် ကောင်းစွာ သိနေပုံပါဘဲ။ “ Mystique က ၎င်းရဲ့ အစာလက်ဆောင်အဖြစ် ပင်လယ်အောက်ကို ဆင်းပြီး ပစ္စည်းတစ်စုံတစ်ခု သွားရှာပေးတယ်။

ဒါမှမဟုတ် ငါတို့က မကြိုက်ဘူးလို့ ပြောရင် သူကေ ရအောက်ထပ်ဆင်းပြီး အခြားတစ်ခုကို ပြန် ယူလာပေးတတ်တယ် ” လို့ အစာကျွေးသူ စေတနာ့ဝန်ထမ်း Lyn McPherson က ပြောကြား ခဲ့ပါတယ်။

Mystique ကို ဒီလိုလုပ်ဖို့ မလေ့ကျင့်ပေးဖူးပေမယ့်လည်း ကူးစက်ရောဂါ ပိတ်ဆို့ထားချိန်အတွင်း လူသားများနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ သူ့ဘာသာသူ လေ့လာခဲ့ပုံ ရကြောင်း Lyn က ဆက်ပြော ခဲ့ပါတယ်။

Mystique လေးက လက်ရှိမှာ ထက်မြက်တဲ့ ရတနာရှာဖွေသူအပြင် လူအများရဲ့ အာရုံစိုက်မှုကို ရရှိမဲ့ နည်းလမ်းကို အမြဲရှာဖွေနေတတ်တဲ့ စမတ်ကျသည့် လင်းပိုင်အဖြစ်လည်း လူသိ များနေပါတယ်။

BCDF မှ စေတနာ့ ဝန်ထမ်းများရဲ့ အဆိုအရ Mystique ကို ၁၉၉၁ ခုနှစ် ၎င်းရဲ့ မိခင်နှင့် မွေးချင်း ခုနစ်ကောင်တို့နှင့် အတူ Cooloola Coast မှ ာရေကူးနေတာကို ပထမဆုံးမြင်တွေ့ခဲ့ရတာပါ။

Mystique က လက်ဆောင်များ ရှာတတ်တဲ့ အလေ့အကျင့်ကြောင့် အသိအမှတ်ပြုခံရတဲ့ ၎င်းမွေးချင်းထဲမှ လင်းပိုင် တစ်ကောင်ပါဘဲ။ ၂၀၀၇ ခုနှစ်က ငါးမန်းနှင့် တိုက်ပွဲအပြီးမှာ Mystique ရဲ့နောက်ကျောမှာ

ဒဏ်ရာအမာရွတ် ရှိနေတဲ့ အတွက်ကြောင့် သူ့ကို အခြား လင်းပိုင်များနဲ့ မမှားနိုင်ပါဘူး။ ဝန်ထမ်းများကလည်း Mystique လေးရဲ့ လက်ဆောင်များကို နှစ်သက်ပြီး အနာဂတ်မှာ နောက်ထပ် လက်ဆောင်များ ရရှိရန် အမြဲတမ်း စိတ်လှုပ်ရှားနေကြပါတယ်။

မူရင်းရေးသူကို လေးစားစွာ credit ပေးပါသည်။Photo ; YouTube screenshot

Be the first to comment

Leave a Reply

Your email address will not be published.


*