Unicode
ထိုင်းထီ ဘတ် (၁၂) သန်းပေါက်တဲ့ မြန်မာဇနီးမောင်နှံက ဘတ်(၁) သန်းကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်း…
ထိုင်းထီ နှစ်စောင်တွဲ ထိုင်းဘတ်ငွေ(12) သန်း ကံထူးရှင် ဇနီးမောင်နှံက ဘတ်(11)သန်းကို မြန်မာပြည် ပို့ပြီး ကျန်ငွေ( 1 ) သန်းကို နေရာစုံ လိုက်လှူသွားတဲ့စိတ်ဓာတ်ကို လေးစားလို့ ဒီပိုစ့်လေးဖြင့် ဂုဏ်ပြု လိုက်ရပါသည်။
မဟာချိုင်ဝပ်ထစ် ရွှေတိဂုံ စေတီ ပုံတူ တည်နေသော နေရာသို့ ဘိလပ်မြေအိတ်များ၊ AAC ဂေဟာတွင် ခိုလှုံနေသော အခက်အခဲရှိ မြန်မာ လုပ်သားများအား အလှူ လခမရသော AAC အမာခံအဖွဲ့သားများကို တစ်ဦးချင်း ထောက်ပံ့ငွေ ပေးခြင်း။
ခြေလက် မသန်စွမ်းသူများ အတွက် သုံးစွဲရန် လှူပေးခြင် း၊ AAC ဂေဟာရှိ ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံခြင်း၊ AAC ဂေဟာရှိ ခင်ပွန်း သေဆုံးသူ အမျိုးသမီး များအား ထောက်ပံ့ခြင်း။
သူငယ်ချင် းမိတ်ဆွေများနှင့် မြန်မာပြည်တွင်း ထောက်ပံ့ရေး အတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲ ငါးသေတ္တာဗူးများ၊ AAC ရုံးရှိ အခက်အခဲရှိ လုပ်သားများ အတွက် ထိုင်ဘတ်ငွေ (100000) ဘတ်၊ မြန်မာပြည်မှာ အမှုများ ရင်ဆိုင် ဖြေရှင်းနေသည့် AAC ဦးဆောင်သူ အမှုကိစ္စများတွင် အသုံးပြုရန် သုံးသောင်းဘတ် သီးသန့် ထောက်ပံ့ပေးခြင်း။
အိမ်ပြန်ချင်တဲ့ လုပ်သားများ လမ်းစရိတ်၊ ကားခ၊ အစားအသောက်များ ကို တာဝန်ယူပြီးလှူသွားပေးတဲ့ ထိုင်းထီ ကံထူးရှင် ဇနီးမောင်နှံရဲ့ ကုသိုလ် အားလုံးကို သာဓုခေါ်ပေးသူတိုင်း နောက်အပတ် ထိုင်းထီများ ကံထူးရှင်များ ဖြစ်နိုင် ကြပါစေ။
မူရင်းရေးသူ ကို လေးစားစွာ credit ပေးပါသည်။Photo: Google
Be the first to comment
Leave a Reply
Your email address will not be published.
*