သက္တမ္း ႏွစ္ေပါင္း 190 ႏွစ္ ရွိၿပီျဖစ္တဲ့ ကမာၻ႔သက္တမ္းအႀကီးဆုံး သက္ရွိလိပ္ႀကီး

သက္တမ္း ႏွစ္ေပါင္း 190 ႏွစ္ ရွိၿပီျဖစ္တဲ့ ကမာၻ႔သက္တမ္းအႀကီးဆုံး သက္ရွိလိပ္ႀကီး
သက္တမ္း ႏွစ္ေပါင္း 190 ႏွစ္ ရွိၿပီျဖစ္တဲ့ ကမာၻ႔သက္တမ္းအႀကီးဆုံး သက္ရွိလိပ္ႀကီး

သက္တမ္း ႏွစ္ေပါင္း 190 ႏွစ္ ရွိၿပီျဖစ္တဲ့ ကမာၻ႔သက္တမ္းအႀကီးဆုံး သက္ရွိလိပ္ႀကီး

ကမာၻ႔ အသက္အႀကီးဆုံးလိပ္အျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ အသိမွတ္ျပဳထားတဲ့ ဧရာမလိပ္ႀကီး Jonathan ဟာ ဒီႏွစ္ 2022 ခုႏွစ္တြင္ အသက္ 190 ျပည့္မွာပဲျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ၿပီး အသက္အႀကီးဆုံး သက္ရွိထင္ရွားတိရိစာၦန္အျဖစ္ မွတ္တိုင္သစ္စိုက္ထူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Cheloniansturtles ‌ေတြ ျဖစ္ၾကတဲ့ turtles, tortoises, နဲ႔ terrapins စတဲ့ လိပ္အမ်ိဳးအစား တြားသြား သတၱဝါေတြဟာ ပ်မ္းမွ်သက္တမ္းအားျဖင့္ ႏွစ္ 100 ရွိေၾကာင္း သိပၸံနည္းက်ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။

ဒါေပမယ့္ ေတာလိပ္ ေတြဟာ ႏွစ္ေပါင္း 150 ေက်ာ္အထိ အသက္ရွင္ႏိုင္တယ္လို႔ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ႏွစ္ တစ္ရာျပည့္ အမွတ္အသားကို ေရာက္သြားတဲ့ လိပ္ေတြအေၾကာင္းၾကားရတာက အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။

လိပ္ႀကီး Jonathan ကေတာ့ လက္ရွိမွာ ကမာၻေပၚရွိ သက္ရွိထင္ရွား အသက္ အႀကီးဆုံး ကုန္းေျမ တိရိစာၦန္ျဖစ္ၿပီး 189 ႏွစ္နဲ႔ စံခ်ိန္တစ္ခု တင္ထားခဲ့တာပါ။

ဒီလိပ္ ဟာ သန္မာေနဆဲျဖစ္ၿပီး ဒီႏွစ္ရဲ႕ အသက္ 190 ျပည့္ခ်ိန္မွာေတာ့ ကိုယ္ပိုင္ စံခ်ိန္ကို ခ်ိဳးဖ်က္ရန္ စီစဥ္ထားပါတယ္။

Jonathan ဟာ ေတာင္အတၱလႏၲိတ္ သမုဒၵရာရွိ ၿဗိတိသွ်ပင္လယ္ရပ္ျခားရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ St.Helena သို႔ မပို႔ေဆာင္ခင္ သူ႔ရဲ႕မူလေနရာဟာ Indian Ocean ရွိ Seychelles ဇာတိျဖစ္ပါတယ္။

1882 ခုႏွစ္ St.Helena သို႔ေရာက္ရွိလာတဲ့အခါ သူ႔ရဲ႕သက္တမ္းဟာ 50 ႏွစ္ ရွိၿပီျဖစ္ေၾကာင္း မွတ္တမ္းေတြအရ သိရပါတယ္။ သူ႔ရဲ႕ေမြးသကၠရာဇ္ အတိအက်ကို မည္သူမွ် မသိၾကေပမယ့္ Jonathan ကို 1832 ခုႏွစ္တြင္ ေမြးဖြားခဲ့ေၾကာင္း မွတ္တမ္းေတြက အတည္ျပဳေနပါတယ္။

1882 နဲ႔ 1886 ခုႏွစ္ၾကား ႐ိုက္ယူခဲ့တဲ့ St.Helena တြင္ က်က္စားေနတဲ့ ဓာတ္ပုံေဟာင္းတစ္ပုံက ဒါကို ထပ္မံေထာက္ခံ ေနခဲ့ပါတယ္။

ဒီ ဓာတ္ပုံထဲမွာ Jonathan က အျပည့္အဝ ႀကီးထြားေနပုံရပါတယ္။ 1930 ခုႏွစ္မ်ားတြင္ St.Helena ရဲ႕အုပ္ခ်ဳပ္ေရးမႉး Sir Spencer Davis က ဒီလိပ္ ကို Jonathan ဆိုတဲ့အမည္ကို ေပးခဲ့တာပါ။

Plantation House တြင္ Jonathan ရဲ႕ သက္တမ္း တစ္ေလွ်ာက္ အုပ္ခ်ဳပ္ေရးမႉး 32 ေယာက္ လာေရာက္ခဲ့ၿပီပဲျဖစ္ၿပီး သူကေတာ့ ပုံမွန္အတိုင္း မေျပာင္းလဲ ရွိေနဆဲပါ။

လြန္ခဲ့တဲ့ ငါးႏွစ္က Jonathan ဟာ အသက္အ႐ြယ္ႀကီးရင့္လာတာေၾကာင့္ သူ႔ရဲ႕အျမင္အာ႐ုံနဲ႔ အနံ႔ခံ အာ႐ုံကို ဆုံးရႈံးသြားခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရးမႉးက သူ႔ရဲ႕က်န္းမာေရးကို ေစာင့္ၾကည့္ရန္နဲ႔ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အစားအစာေတြ စားသုံးႏိုင္ဖို႔ ေဒသဆိုင္ရာ တိရိစာၦန္ေဆးကုဆရာဝန္ Dr.Joe Hollins ကို ေခၚဆို ခဲ့ပါတယ္။

သူ႔ရဲ႕အသက္အ႐ြယ္နဲ႔ ပတ္သက္တဲ့ ျပသနာေတြရွိေနေပမယ့္လို႔ Jonathan ဟာ အရမ္းကို က်န္းမာၿပီး အၾကားအာ႐ုံ ေကာင္းမြန္ေနဆဲ ျဖစ္ပါတယ္။

သူဟာ Eiffel Tower ထက္ အသက္ပိုႀကီးေနေပမယ့္ David, Fred, နဲ႔ Emma အမည္ရွိ အျခားေသာ လိပ္ႀကီးသုံးေကာင္နဲ႔အတူ သူ႔ရဲ႕ဥယ်ာဥ္ ပတ္ပတ္လည္တြင္ လမ္းေလွ်ာက္ျခင္းကို ႏွစ္သက္ေနဆဲျဖစ္ပါတယ္။

မူရင္းေရးသူကို ေလးစားစြာ credit ေပးပါသည္။Photo:CNN

Unicode

သက်တမ်း နှစ်ပေါင်း 190 နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့သက်တမ်းအကြီးဆုံး သက်ရှိလိပ်ကြီး

ကမ္ဘာ့ အသက်အကြီးဆုံးလိပ်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင် အသိမှတ်ပြုထားတဲ့ ဧရာမလိပ်ကြီး Jonathan ဟာ ဒီနှစ် 2022 ခုနှစ်တွင် အသက် 190 ပြည့်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ စံချိန်ဟောင်းကို ချိုးဖျက်ပြီး အသက်အကြီးဆုံး သက်ရှိထင်ရှားတိရိစ္ဆာန်အဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။

Cheloniansturtles ‌တွေ ဖြစ်ကြတဲ့ turtles, tortoises, နဲ့ terrapins စတဲ့ လိပ်အမျိုးအစား တွားသွား သတ္တဝါတွေဟာ ပျမ်းမျှသက်တမ်းအားဖြင့် နှစ် 100 ရှိကြောင်း သိပ္ပံနည်းကျလေ့လာမှုတွေက ဖော်ပြထားပါတယ်။

ဒါပေမယ့် တောလိပ် တွေဟာ နှစ်ပေါင်း 150 ကျော်အထိ အသက်ရှင်နိုင်တယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် နှစ် တစ်ရာပြည့် အမှတ်အသားကို ရောက်သွားတဲ့ လိပ်တွေအကြောင်းကြားရတာက အံ့သြစရာတော့ မဟုတ်ပါဘူး။

လိပ်ကြီး Jonathan ကတော့ လက်ရှိမှာ ကမ္ဘာပေါ်ရှိ သက်ရှိထင်ရှား အသက် အကြီးဆုံး ကုန်းမြေ တိရိစ္ဆာန်ဖြစ်ပြီး 189 နှစ်နဲ့ စံချိန်တစ်ခု တင်ထားခဲ့တာပါ။

ဒီလိပ် ဟာ သန်မာနေဆဲဖြစ်ပြီး ဒီနှစ်ရဲ့ အသက် 190 ပြည့်ချိန်မှာတော့ ကိုယ်ပိုင် စံချိန်ကို ချိုးဖျက်ရန် စီစဉ်ထားပါတယ်။

Jonathan ဟာ တောင်အတ္တလန္တိတ် သမုဒ္ဒရာရှိ ဗြိတိသျှပင်လယ်ရပ်ခြားရဲ့ အစိတ်အပိုင်းဖြစ်တဲ့ St.Helena သို့ မပို့ဆောင်ခင် သူ့ရဲ့မူလနေရာဟာ Indian Ocean ရှိ Seychelles ဇာတိဖြစ်ပါတယ်။

1882 ခုနှစ် St.Helena သို့ရောက်ရှိလာတဲ့အခါ သူ့ရဲ့သက်တမ်းဟာ 50 နှစ် ရှိပြီဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။ သူ့ရဲ့မွေးသက္ကရာဇ် အတိအကျကို မည်သူမျှ မသိကြပေမယ့် Jonathan ကို 1832 ခုနှစ်တွင် မွေးဖွားခဲ့ကြောင်း မှတ်တမ်းတွေက အတည်ပြုနေပါတယ်။

1882 နဲ့ 1886 ခုနှစ်ကြား ရိုက်ယူခဲ့တဲ့ St.Helena တွင် ကျက်စားနေတဲ့ ဓာတ်ပုံဟောင်းတစ်ပုံက ဒါကို ထပ်မံထောက်ခံ နေခဲ့ပါတယ်။

ဒီ ဓာတ်ပုံထဲမှာ Jonathan က အပြည့်အဝ ကြီးထွားနေပုံရပါတယ်။ 1930 ခုနှစ်များတွင် St.Helena ရဲ့အုပ်ချုပ်ရေးမှူး Sir Spencer Davis က ဒီလိပ် ကို Jonathan ဆိုတဲ့အမည်ကို ပေးခဲ့တာပါ။

Plantation House တွင် Jonathan ရဲ့ သက်တမ်း တစ်လျှောက် အုပ်ချုပ်ရေးမှူး 32 ယောက် လာရောက်ခဲ့ပြီပဲဖြစ်ပြီး သူကတော့ ပုံမှန်အတိုင်း မပြောင်းလဲ ရှိနေဆဲပါ။

လွန်ခဲ့တဲ့ ငါးနှစ်က Jonathan ဟာ အသက်အရွယ်ကြီးရင့်လာတာကြောင့် သူ့ရဲ့အမြင်အာရုံနဲ့ အနံ့ခံ အာရုံကို ဆုံးရှုံးသွားခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးက သူ့ရဲ့ကျန်းမာရေးကို စောင့်ကြည့်ရန်နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေ စားသုံးနိုင်ဖို့ ဒေသဆိုင်ရာ တိရိစ္ဆာန်ဆေးကုဆရာဝန် Dr.Joe Hollins ကို ခေါ်ဆို ခဲ့ပါတယ်။

သူ့ရဲ့အသက်အရွယ်နဲ့ ပတ်သက်တဲ့ ပြသနာတွေရှိနေပေမယ့်လို့ Jonathan ဟာ အရမ်းကို ကျန်းမာပြီး အကြားအာရုံ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။

သူဟာ Eiffel Tower ထက် အသက်ပိုကြီးနေပေမယ့် David, Fred, နဲ့ Emma အမည်ရှိ အခြားသော လိပ်ကြီးသုံးကောင်နဲ့အတူ သူ့ရဲ့ဥယျာဉ် ပတ်ပတ်လည်တွင် လမ်းလျှောက်ခြင်းကို နှစ်သက်နေဆဲဖြစ်ပါတယ်။

မူရင်းရေးသူကို လေးစားစွာ credit ပေးပါသည်။Photo:CNN

Be the first to comment

Leave a Reply

Your email address will not be published.


*